Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 13, 2015

ဒေါ်အောင်ဆန်းစုကြည်နေတဲ့နိုင်ငံက လူငယ်တစ်ယောက်


ရွေးကောက်ပွဲပြီးကာလ ဒီဘက်ပိုင်းမှာ လူငယ်တချို့နဲ့ လက်ဖက်ရည်ဝိုင်း ထိုင်ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလတစ်လျှောက်သူတို့ကိုယ်တိုင်ပါဝင် ဆင်နွှဲခဲ့ကြ ပြီး လိုချင်တဲ့ရလဒ်ရလို့ ပျော်ရွှင်ခဲ့ကြသူတွေပါ။ သူတို့မျက်လုံးတွေမှာ မျှော်လင့်ချက်ရောင်ခြည်တလက်လက်နဲ့ပေါ့။ စာဖတ်သူများပီပီ နိုင်ငံ့ရေးရာကိစ္စရပ်တွေကို သူတို့အမြင်သူတို့အတွေးနဲ့ သုံးသပ်ပြပုံလေးတွေက တစ်ခါတစ်ခါအံ့သြဖွယ် ကောင်းလှပါ တယ်။ ‘‘ဦးလေး စဉ်းစားကြည့် ဒေါ်အောင်ဆန်းစုကြည်ဘက်က အမျိုးသားရင်ကြားစေ့ရေးဆိုပြီး သဘောထားကြီးကြီးနဲ့ သမ္မတ ဦးသိန်းစိန်တို့၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့တွေ့နေတာ။တကယ်တော့ သမ္မတဦးသိန်းစိန်ရော ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ပါ ၂၀၁၆ နှစ်ကုန်မှာ နိုင်ငံရေးနယ်ပယ်ထဲက ပျောက်သွားပြီဗျ။
သမ္မတက ပြည်သူမရွေးချယ်လို့ ပလ္လင်ဖယ်ပေးရမယ်။ ကာချုပ်က အသက်ပြည့်လို့ ဝန်ထမ်းဘဝက ပင်စင်ယူရမယ်။ မြန်မာ့နိုင်ငံ ရေးမှာ အရေးပါလာမှာက သူရဦးရွှေမန်းနဲ့ အခု ဒုချုပ်ဖြစ်ဖို့များ တယ်’’တဲ့။
သြော် . . . လူငယ်တွေ တိုင်းပြည်အနာဂတ်ကို သူတို့ တွက်ချက်နေကြတာ။ နိုင်ငံရေး ရာတွေကို စိတ်ဝင်စားတာကောင်းလှပေါ့။ ဒါပေမဲ့ အမှောင်တွင်းက ထွက်လာရတဲ့ သူတို့ရဲ့အနာဂတ် ကတော့ ခုထိမရေရာသေးဘူးလို့ ကျွန်တော်တွေးရင်း ရင်လေးမိပါ တယ်။ ဟုတ်တယ်လေ သူတို့ရဲ့ လူငယ်ဘဝက အမှောင်ခေတ် အတွင်းမှာ ကုန်ဆုံးခဲ့ရပြီပဲ။ ခေတ်စနစ်ကြီး တကယ်ပြောင်း လဲချိန်မှာ သူတို့တွေခေတ်စနစ်နဲ့ အံဝင်တဲ့ အရည်အသွေးတွေ ပြည့်မီမှမီပါ့မလားလို့ စဉ်းစား မိတိုင်း စိတ်မကောင်းဖြစ်ရပါ တယ်။ ခေတ်စနစ်ရဲ့သားကောင်။ အနာဂတ်ကိုရိုက်ချိုးခံခဲ့ရတဲ့လူငယ်များ၊ ပညာရှာဖို့ထက် နိုင်ငံ့ရေးရာတွေကို မနိုင်ဝန်ထမ်း နေရတဲ့လူငယ်များ။ ကျွန်တော်ကဖျတ်ခနဲ ဖေ့စ်ဘွတ်ခ်ပေါ်က ကဗျာတစ်ပုဒ်ကို သတိရမိရဲ့။ ရေးသူက ကဗျာဆရာလင်းခါး။ ၁၉၈၈ အရေးတော်ပုံကာလအပြီးကစ ဒီနှစ် ဒီနေ့အထိ လူငယ်တွေရဲ့ဘဝ၊ ခံစားမှု ပုံရိပ်တွေကို ကျွန် တော်တို့ရင်ထဲ ဒုတ်ဒုတ်ထိရောက်သွားအောင် ဖွဲ့ခဲ့တဲ့ကဗျာ။ ကဗျာခေါင်းစဉ်က သူတို့လူငယ်တွေ စကားနှင့်ဆိုလျှင် အလန်းစား။ ‘ဒေါ်အောင်ဆန်းစု ကြည်နေတဲ့ နိုင်ငံက လူငယ်တစ်ယောက်’တဲ့။
တချို့နိုင်ငံတွေမှာရတဲ့
သာမန်ပိုင်ခွင့်လေးတစ်ခုကို
နှာသီးဖျားနဲ့ မျက်လုံးအိမ် အထိ
ကြီးသောအဟုန်နဲ့တက်လာတဲ့
ဝမ်းသာမှုနဲ့ ယူရ
အဲဒီလူငယ်လေးပေါင်းများစွာဟာ
ဒေါသနဲ့ အလိုမပြည့်မှုအတွက်
ဆံပင်ရှည်ထား တက်တူးထိုး လိုက်ကြတယ်။
လင်းခါးရဲ့ကဗျာအဖွဲ့က ဒီကဗျာတစ်ပိုဒ်နဲ့တင် လူငယ်တွေ ရဲ့စိတ်ခံစားမှုကို လှစ်ပြနိုင်ပါရဲ့။ တခြားနိုင်ငံတွေက သာမန်ရပိုင် ခွင့်လေးက ကျွန်တော့်နိုင်ငံမှာ ကြီးစွာသောဆုလာဘ်ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာမဟုတ်လား။ စိတ်ခံ စားမှုတွေတော့မပြောနဲ့ ရုပ်ဝတ္ထုပစ္စည်းသာမန်ရပိုင်ခွင့်လေးတောင် လူလူသူသူမရခဲ့ကြပါဘူး။ ကျွန်တော်တို့ငယ်ငယ်က အဘိ ဓာန်စာအုပ်လေးတစ်အုပ်ရဖို့ ကုန်သွယ်ရေးက စာရေးကိရိယာ နဲ့ ပုံနှိပ်ဌာနရှေ့မှာ တန်းစီဝယ်ခဲ့ ရတာတွေကိုသတိရမိပါတယ်။ ဒါပေမဲ့လည်းမရခဲ့ပါဘူး။ နောက် ဆုံးပြင်ပဈေးကွက်မှာ ဈေးကြီး ပေးဝယ်နိုင်သူတွေပဲ အဘိဓာန် ကို ကိုင်ခွင့်ရခဲ့ကြတယ်။ ဒီလိုနဲ့ လင်းခါးတို့ လူငယ်ခေတ်ကျတော့ ရော ဒီလိုပါပဲ။ သူများနိုင်ငံတွေ မှာ အာလူးကြော်တစ်ထုပ်စာဖိုးနဲ့ ဖုန်းတစ်လုံးကိုင်နိုင်နေချိန်မှာ တောင် ကျွန်တော်တို့နိုင်ငံအတွက်တော့ လူလတ်တန်းစား တွေတောင် မော့မကြည့်နိုင်တဲ့ ဆုလာဘ် တစ်ခုဖြစ်ခဲ့တယ်မဟုတ် လား။ ပညာရေး၊ ကျန်းမာရေး စတဲ့အရာတွေမှာလည်း အသေးအဖွဲ ရပိုင် ခွင့်လေးတွေကိုတောင် မရနိုင်တဲ့တိုင်းပြည်က လူငယ်တစ်ယောက်ဟာ သူ့ရဲ့အလို မပြည့်မှုဒေါသတွေကို ဆံပင်ရှည်ထားပြီး တက်တူးထိုးကာ ဖောက်ခွဲပစ်ကြတယ်တဲ့။
ဒေါ်အောင်ဆန်းစုကြည်နေတဲ့
နိုင်ငံမှာ
ဒေါ်အောင်ဆန်းစုကြည်ရှိကြောင်း
ဖော်ထုတ်ပြသမှုဟာ
ကိုယ့်ကိုယ်ကိုယ် လူတွေကြားက
ပျောက်ကွယ်သွားဖို့ဖြစ်ခဲ့တယ်
အဲဒီလူငယ်ပေါင်းများစွာ
လူငယ်ဘဝကို လူငယ်အဖြစ်နဲ့
မခံစားတတ်ခဲ့ကြ
အချိန်တိုင်း ဖူးချစ်လို
ကြိုစင်သွားရမယ်ချည့်အောက်မေ့
အချိန်တိုင်း ချေဂွေဗားရားလို
ပြောက်ကျားတိုက်ရမယ်စဉ်းစား
အချိန်တိုင်း စိတ်ကူးတော်လှန်ရေး
လုပ်နေကြရတယ်။
ဖွံ့ဖြိုးဆဲ ဖွံ့ဖြိုးပြီးနိုင်ငံတွေ မှာ လူငယ်တွေလို ရွှေလိုသဘော ထား လူသားအရင်းအမြစ်ဆိုပြီး ဖူးဖူးမှုတ်ထားချိန်မှာ မြန်မာနိုင်ငံထဲက  လူငယ်တွေကတော့ မတရားမှုတွေကို အံကြိတ်ရင်း၊ တောက်ခေါက်ရင်း၊ လက်သီးဆုပ်ရင်းနဲ့ပဲ စစ်အာဏာရှင်ကိုတော်လှန်ဖို့ ကြံစည်နေကြရတယ်။  လူငယ်တွေဟာလူငယ်တွေရဲ့ပျော်ရွှင်မှုတွေ၊ လွတ်လပ်မှုတွေ၊ တီထွင်ဖန်တီးလိုတဲ့ စိတ်ကူးစိတ်သန်းတွေကို ခဝါချထားရပြီး မတရားမှုတွေကို တော်လှန်ခဲ့ကြတဲ့ တော်လှန်ရေးသမားတွေကို အားကျနေခဲ့ကြရတယ်။ ချက်ကို စလိုဗက်ကီးယားတော်လှန်ရေး သမား၊စာနယ်ဇင်း သမား၊ နာဇီကိုအန်တုခဲ့တဲ့ ဂျူးလီယက်ဖူးချစ်။၁၉၄၃ ခုနှစ် စက်တင်ဘာ ၈ ရက်မှာ နာဇီတို့က ဖူးချစ်ကို အဆုံးစီရင်လိုက်တယ်။ ဖူးချစ်ကတော့ မသေ။ ကမ္ဘာမြေပေါ်က မတရားသောအုပ်ချုပ်မှုကို တော်လှန်လိုသူတိုင်းက ဂျူးလီယက်ဖူးချစ်ကိုသိတယ်။ သူ့ရဲ့ကြိုးစင်ပေါ်က မှတ်တမ်းများ (Report From the Gallows) ကိုသိတယ်။
နောက်တစ်ယောက်က ချေ ဂွေဗားရား။ အာဂျင်တီးနားနိုင်ငံ သားဆရာဝန်။ ကျူးဘားနိုင်ငံကို အုပ်ချုပ်နေတဲ့ ဘာတစ္စတာ စစ်အစိုးရကို တော်လှန်ဖို့ ကျူးဘားလွတ်မြောက်ရေးထဲမှာပါဝင်ခဲ့သူ။လူငယ်တွေရဲ့ရင်ထဲက တော်လှန်ရေးသင်္ကေတ။ သည်လိုနဲ့ မြန်မာလူငယ်တွေ အမှောင်ခေတ်က စိတ်အခြေအနေကို လင်းခါးက စာတစ်ကြောင်းနဲ့ဖွဲ့ပြတယ်။ အချိန်တိုင်း စိတ်ကူးတော်လှန်ရေး လုပ်နေကြရတယ်တဲ့။
ဒေါ်အောင်ဆန်းစုကြည်နေတဲ့
နိုင်ငံကလူငယ်တစ်ယောက်
ဒေါ်အောင်ဆန်းစုကြည်ကို
မျှော်လင့်ကြ
ဒေါ်အောင်ဆန်းစုကြည်ကို
ကိုးစားကြ
ဒေါ်အောင်ဆန်းစုကြည်ကို
အားမလိုအားမရဖြစ်ကြ။
ဓမ္မနှင့်အဓမ္မပြိုင်လျှင် နောက်ဆုံးမှာတော့ ဓမ္မက အနိုင်ရသည်သာဖြစ်သည်လို့ အစဉ်အဆက်သင်ကြားခဲ့ဖူးတဲ့ ဗုဒ္ဓအဆုံးအမများကိုယုံကြည်ရင်း ဓမ္မအင်အားစုတို့အားသာမယ့်အချိန်ကို စောင့်စားရတာ ရှည်ကြာလွန်းခဲ့တယ်။ သူတို့မှာ ဒေါ်အောင်ဆန်းစုကြည် ကိုပဲ မျှော်လင့်စရာရှိတယ်။  ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အားကိုးတယ်။ ဒါပေမဲ့ တိုက်ပွဲကာလ ကြာရှည်လာတဲ့အခါ။ သင်ပုန်းချေခွင့်လွှတ်ခြင်းတွေက အလုပ်မဖြစ်တော့ဘူးလို့ ထင်တဲ့အခါ မှာတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ် အားမလိုအားမရဖြစ်ခဲ့ကြ တယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်က တော့ မဟာဗျူဟာ ကဝေဝါး၊ နည်းဗျူဟာချို့တဲ့စွာနဲ့ပဲ တချို့လည်း တော်လှန်ရေးသမားအဖြစ် ထောင်ထဲဝင်ရ၊ တချို့လည်း ကျောင်း သားဘဝနဲ့ပဲ ရိုက်နှက်ချုပ်နှောင်ခံရ။
ခုတော့လည်း ဒေါ်အောင် ဆန်းစုကြည်နေတဲ့ နိုင်ငံကလူငယ် တွေဟာ သူတို့ထမ်းပိုးရမယ့် တာဝန်တွေကို ကျေပွန်စွာထမ်း ရွက်လိုက်ပါပြီ။ ဒီမိုကရေစီကို ယုံ ယုံကြည်ကြည်နဲ့ ဒီချုပ်မဲအပြတ်အသတ်အနိုင်ရဖို့ သူတို့စွမ်းအား ကုန်ထုတ်သုံးလိုက်ကြပါပြီ။ ကဗျာဆရာလင်းခါးကတော့ လူ ငယ်တွေအပေါ် အားမလိုအားမရ ဖြစ်နေဟန်ပါပဲ။ ဒါလည်း အမှန်ပါပဲ။ သူ့ပတ်ဝန်းကျင်မှာ တောင်မြောက်ဘယ်မှာ မသိပါငြား လူငယ်တွေကို သူတွေ့ရှိကောင်း တွေ့ရှိနေမှာကိုး ဒါကြောင့်လည်း
ဒေါ်အောင်ဆန်းစုကြည်နေတဲ့
နိုင်ငံက
ဒီနေ့အချိန်ထိ အဖြူအမည်းခေတ်
က မတက်သေး
တစ်ယောက်အဖြူဆို
တစ်ယောက်အမည်း
ဗဟုဝါဒကိုနားမယဉ်သေး လို့ ဒေါသသံစွက်စွက်ရေးဖွဲ့ လိုက်ပါတယ်။ ဒါ့အပြင် လူငယ်တွေရဲ့ စွမ်းဆောင်ရည်ရှိမှုကို ဉာဏ်ပညာနဲ့ မတွဲစပ်မှာကို ကဗျာဆရာက စိုးရိမ်ဟန်ရှိပါတယ်။ ဒါကြောင့်လည်း ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံရေးရာမာယာတွေကြား လူငယ်တွေ ချောက်ချေားမှောက်မှားသွား မှာ စိုးဟန် နဲ့ သူ့ကဗျာကို အဆုံးသတ်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နေတဲ့
နိုင်ငံဟာ
သိပ်မာယာများ
တိုက်ခိုက်ဆဲရေးတာနဲ့
ဝေဖန်သုံးသပ်တာမကွဲပြား
အစိုးရနဲ့ အတိုက်အခံမကွဲပြား
သူ့လူကိုယ့်ဘက်သားမကွဲပြား  
လွတ်လပ်မှုနဲ့ရမ်းကားတာမကွဲပြား
ဘာသာနဲ့သာသနာမကွဲပြား
ဒေါ်အောင်ဆန်းစုကြည်နေတဲ့
နိုင်ငံကလူငယ်တစ်ယောက်
ဒေါ်အောင်ဆန်းစုကြည်နေတဲ့
နိုင်ငံဟာ
ဖန်ပုလင်းလား၊ သမုဒ္ဒရာလား
ကွဲပြားတဲ့အထိ
လူငယ်တစ်ယောက် ကိုယ်တိုင် အားထုတ်ရလိမ့်မယ်။
ကျွန်တော်ဟာ ကဗျာရဲ့ နောက်ဆုံးစာကြောင်းကိုဖတ်မိ ချိန်မှာ လင်းခါးရဲ့ဆန္ဒနဲ့ စေတနာ ကို ရင်မောစွာတွေ့လိုက်ရတာပါ ပဲ။ လှလိုက်တဲ့အဖွဲ့၊ ကောင်း လိုက်တဲ့စေတနာလို့ ကျွန်တော် သြချလိုက်ရပါတယ်။ ဖန်ပုလင်း လား၊ သမုဒ္ဒရာလားကွဲပြားတဲ့ အထိ ကိုယ်တိုင်အားထုတ်ရလိမ့် မယ်တဲ့။ လူငယ်တွေကိုယ့်အလုပ် ကိုယ်လုပ် ၊ ကိုယ့်တာဝန်ကိုယ်ကျေ၊ကိုယ့်အနာဂတ်ကိုယ်တည် ဆောက်ပေါ့။
လင်းခါးရဲ့ ဒီကဗျာဟာ ကဗျာရှည်ကြီးပါ။ ကဗျာအစ အဆုံး မဖော်ပြနိုင်ဘဲ ကိုယ်လိုရာ ဆွဲပြီး အဓိပ္ပာယ်ဖွင့်မိတဲ့အတွက် ကဗျာဆရာကို တောင်းပန်ပါ တယ်။ ဒီကဗျာရဲ့ထူးခြားချက်က ကဗျာခေါင်းစဉ်နဲ့ ကဗျာကိုတည် ထားတဲ့အကြောင်းအရာပါ။ ကဗျာခေါင်းစဉ်က မြန်မာပြည်က လူငယ်တစ်ယောက်မဟုတ်ပါ ဘူး။ ဒေါ်အောင်ဆန်းစုကြည်နေ တဲ့နိုင်ငံက လူငယ်တစ်ယောက် ပါ။ ဒါကိုပေါ်လွင်စေချင်လို့ ဒီ ကဗျာမှာ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့အမည်ကို ၃၁ လုံးထိ ထည့် သွင်းရေးဖွဲ့ထားပါတယ်။ ဒါဟာ လူငယ်တွေရဲ့ မျှော်လင့်ချက်ဖြစ် သည်။ တိုင်းပြည်ရဲ့မျှော်လင့်ချက် ဆိုရင်လည်း မမှားပါဘူး။ ကဲ ကျွန်တော်တို့လိုချင်တဲ့ အဖြေ ကို ကျွန်တော်တို့ရခဲ့ပါပြီ။ အမေ့ ဘက်က ကျွန်တော်တို့ကိုဘာတွေ ပေးပြီး အမေ့ကို ကျွန်တော်တို့ ဘာတွေပေးနိုင်သလဲဆိုတာက တော့ မြန်မာနိုင်ငံရဲ့ သမိုင်းဖြစ် လာမှာပါ။ လောလောဆယ်ဆယ် ဒေါ်အောင်ဆန်းစုကြည်နေတဲ့ နိုင်ငံက လူငယ်တစ်ယောက်က ဖန်ပုလင်းနဲ့ သမုဒ္ဒရာကွဲပြား အောင်အားထုတ်ဖို့လိုမယ်လို့ ကဗျာဆရာလိုပဲ ကျွန်တော်က ကိုယ်တိုင် လေးလေးနက်နက် လက်ခံနေဆဲပါ။
မှတ်ချက်။  ။ ကဗျာခေါင်းစဉ် အတိုင်း ဆောင်းပါးခေါင်းစဉ်ကို တပ်ထားပါသည်။
http://www.7daydaily.com/story/53115
............................................................

ဒေါ်အောင္ဆန်းစုကြည်နေတဲ့နိုင်ငံက လူငယ္တစ်ယောက်

Byနီဟိန်းမော်
ရြေးကောက္ပြဲပြီးကာလ ဒီဘက္ပိုင်းမွာ လူငယ္တခို့နဲ့ လက္ဖက်ရည်ဝိုင်း ထိုင်ျဖစ္ပါတယ်။ ရြေးကောက္ပြဲကာလတစ်လွော်က်သူတို့ကိုယ္တိုင္ပါဝင် ဆင်နွှဲခဲ့ကြ ပြီး လိုခ်င္တဲ့ရလဒ်ရလို့ ပော််ရွှင္ခဲ့ကြသူတြေပါ။ သူတို့မ်က္လုံးတြေမွာ မွေ်္လာင့်ခ်က်ရောင်ျခည္တလက္လက္နဲ့ပေါ့။ စာဖတ်သူမ်ားပီပီ နိုင်ငံ့ရေးရာကိစ္စရပ်တြေကို သူတို့အျမင်သူတို့အေတြးနဲ့ သုံးသပ်ျပပုံလေးတြေက တစ္ခါတစ္ခါအံ့သြဖြယ် ကောင်းလွပါ တယ်။ ‘‘ဦးလေး စဉ်းစားကြည့် ဒေါ်အောင္ဆန်းစုကြည္ဘက္က အမိုးသားရင်ကြားစေ့ရေးဆိုပြီး သေဘာထားကြီးကြီးနဲ့ သမ္မတ ဦးသိန်းစိန္တို့၊ ဗိုလ္ခ်ုပ္မွူးကြီးမင်းအောင္လှိုင္တို့နဲ့တြေ့နေတာ။တကယ်တော့ သမ္မတဦးသိန်းစိန်ရော ဗိုလ္ခ်ုပ္မွူးကြီးမင်းအောင် လှိုင္ပါ ၂၀၁၆ နွစ္ကုန္မွာ နိုင်ငံရေးနယ္ပယ္ထဲက ပော်က်ြသားပြီဗ်။
သမ္မတကျပည်သူမေရြးခ်ယ္လို့ ပလ္လင္ဖယ်ပေးရမယ်။ ကာခ်ုပ္က အသက်ျပည့်လို့ ဝန္ထမ်းဘဝက ပင္စင်ယူရမယ်။ျမန္မာ့နိုင်ငံ ရေးမွာ အေရးပါလာမွာက သူရဦးရွှေမန်းနဲ့ အခု ဒုခ်ုပ်ျဖစ္ဖို့မ်ား တယ်’’တဲ့။
သြော် . . . လူငယ်တြေ တိုင်ျးပည်အနာဂတ္ကို သူတို့ တြက္ခ်က်နေကြတာ။ နိုင်ငံရေး ရာတြေကို စိတ်ဝင္စားတာကောင်းလွေပါ့။ ဒါပေမဲ့ အေမွာင္တြင်းက ထြက္လာရတဲ့ သူတို့ရဲ့အနာဂတ် ကေတာ့ ခုထိမေရရာသေးဘူးလို့ ကျြန်တော်တြေးရင်း ရင်လေးမိပါ တယ်။ ဟုတ္တယ်လေ သူတို့ရဲ့ လူငယ္ဘဝက အေမွာင်ခေတ် အတြင်းမွာ ကုန္ဆုံးခဲ့ရပြီပဲ။ ခေတ္စနစ်ကြီး တကယ်ျေပာင်း လဲခိန္မွာ သူတို့တြေခတ္စနစ္နဲ့ အံဝင္တဲ့ အရည်ေအသြးတျြေပည့်မီမွမီပါ့မလားလို့ စဉ်းစား မိတိုင်း စိတ္မေကာင်ျးဖစ်ရပါ တယ်။ ခေတ္စနစ်ရဲ့သားကောင်။ အနာဂတ္ကိုရိုက္ခိုးခံခဲ့ရတဲ့လူငယ္မ်ား၊ ပညာရွာဖို့ထက် နိုင်ငံ့ရေးရာတြေကို မနိုင်ဝန္ထမ်း နေရတဲ့လူငယ္မ်ား။ ကျြန်တ္ကောဖ်တ္ခနဲ ဖေ့စ္ဘြတ္ခ်ပေါ်က ကဗ်ာတစ္ပုဒ္ကို သတိရမိရဲ့။ ရေးသူက ကဗ်ာဆရာလင်းခါး။ ၁၉၈၈ အေရးတ္ပောုံကာလအပြီးကစ ဒီနွစ် ဒီနေ့အထိ လူငယ်တြေရဲ့ဘဝ၊ ခံစားမှု ပုံရိပ်တြေကို ကျြန် တ္တောို့ရင္ထဲ ဒုတ္ဒုတ္ထိရောက်ြသားအောင် ဖြဲ့ခဲ့တဲ့ကဗ်ာ။ ကဗ်ာခေါင်းစဥ္က သူတို့လူငယ်တြေ စကားနွင့်ဆိုလ်ွင် အလန်းစား။ ‘ဒေါ်အောင္ဆန်းစု ကြည်နေတဲ့ နိုင်ငံက လူငယ္တစ်ယောက်’တဲ့။
တခို့နိုင်ငံတြေမွာရတဲ့
သာမန္ပိုင္ခြင့်လေးတစ္ခုကို
နွာသီးဖ်ားနဲ့ မ်က္လုံးအိမ် အထိ
ကြီးသောအဟုန္နဲ့တက္လာတဲ့
ဝမ်းသာမှုနဲ့ ယူရ
အဲဒီလူငယ်လေးပေါင်းမ်ားစြာဟာ
ဒေါသနဲ့ အလိုမျပည့်မှုအတြက်
ဆံပင်ရွည္ထား တက္တူးထိုး လိုက်ကြတယ်။
လင်းခါးရဲ့ကဗ်ာအဖြဲ့က ဒီကဗ်ာတစ္ပိုဒ္နဲ့တင် လူငယ်တြေ ရဲ့စိတ္ခံစားမှုကို လွစ်ျပနိုင္ပါရဲ့။ တျခားနိုင်ငံတြေက သာမန်ရပိုင် ခြင့်လေးက ကျြန်တော့်နိုင်ငံမွာ ကြီးစြာသောဆုလာဘ်ျဖစ္ခဲ့တာ နွစ်ပေါင်းမ်ားစြာမဟုတ္လား။ စိတ္ခံ စားမှုတြေတာ့မျေပာနဲ့ ရုပ်ဝတ္ထုပစ္စည်းသာမန်ရပိုင္ခြင့်လေးတောင် လူလူသူသူမရခဲ့ကြပါဘူး။ ကျြန်တ္တောို့ငယ်ငယ္က အဘိ ဓာန္စာအုပ်လေးတစ်အုပ်ရဖို့ ကုန်ြသယ်ရေးက စာရေးကိရိယာ နဲ့ ပုံနွိပ္ဌာနေရွ့မွာ တန်းစီဝယ္ခဲ့ ရတာတြေကိုသတိရမိပါတယ်။ ဒါပေမဲ့လည်းမရခဲ့ပါဘူး။ နောက် ဆုံျးပင္ပေစ်းကြက္မွာ စေ်းကြီး ပေးဝယ်နိုင်သူတြေပဲ အဘိဓာန် ကို ကိုင္ခြင့်ရခဲ့ကြတယ်။ ဒီလိုနဲ့ လင်းခါးတို့ လူငယ်ခေတ္က်တော့ ရော ဒီလိုပါပဲ။ သူမ်ားနိုင်ငံတြေ မွာ အာလူးကြေ္တာစ္ထုပ္စာဖိုးနဲ့ ဖုန်းတစ္လုံးကိုင်နိုင်နေခိန္မွာ တောင် ကျြန်တ္တောို့နိုင်ငံအတြက်တော့ လူလတ္တန်းစား တြေတာင် မော့မကြည့်နိုင္တဲ့ ဆုလာဘ် တစ္ချုဖစ္ခဲ့တယ္မဟုတ် လား။ ပညာရေး၊ က်န်းမာရေး စတဲ့အရာတြေမွာလည်း အေသးအဖြဲ ရပိုင် ခြင့်လေးတြေကိုတောင် မရနိုင္တဲ့တိုင်ျးပည္က လူငယ္တစ်ယောက်ဟာ သူ့ရဲ့အလို မျပည့်မှုဒေါသေတြကို ဆံပင်ရွည္ထားပြီး တက္တူးထိုးကာ ဖောက္ခြဲပစ်ကြတယ္တဲ့။
ဒေါ်အောင္ဆန်းစုကြည်နေတဲ့
နိုင်ငံမွာ
ဒေါ်အောင္ဆန်းစုကြည်ရွိကြောင်း
ဖ္ထောုတ်ျပသမှုဟာ
ကိုယ့်ကိုယ္ကိုယ် လူတြေကြားက
ပော်က္ကြယ်ြသားဖိျု့ဖစ္ခဲ့တယ်
အဲဒီလူငယ်ပေါင်းမ်ားစြာ
လူငယ္ဘဝကို လူငယ်အျဖစ္နဲ့
မခံစားတတ္ခဲ့ကြ
အခိန္တိုင်း ဖူးခ်စ္လို
ကြိုစင်ြသားရမယ္ခ်ည့်အောက်မေ့
အခိန္တိုင်း ခ်ေဂြေဗားရားလို
ျေပာက္က်ားတိုက်ရမယ္စဉ်းစား
အခိန္တိုင်း စိတ္ကူးတ္လေွာန်ရေး
လုပ်နေကြရတယ်။
ဖြံ့ဖြိုးဆဲ ဖြံ့ဖြိုးပြီးနိုင်ငံတြေ မွာ လူငယ်တြေလို ရွှေလိုသေဘာ ထား လူသားအရင်းအျမစ္ဆိုပြီး ဖူးဖူးမှုတ္ထားခိန္မျွာမန္မာနိုင်ငံထဲက  လူငယ်တြေကေတာ့ မတရားမှုတြေကို အံကြိတ်ရင်း၊ တောက်ခေါက်ရင်း၊ လက်သီးဆုပ်ရင်းနဲ့ပဲ စစ်အာဏာရွင္ကိုတ္လေွာန္ဖို့ ကြံစည်နေကြရတယ်။  လူငယ်တြေဟာလူငယ်တြေရဲ့ပော််ရွှင္မှုတြေ၊ လြတ္လပ္မှုတြေ၊ တီထြင္ဖန္တီးလိုတဲ့ စိတ္ကူးစိတ်သန်းတြေကို ခဝါခ်ထားရပြီး မတရားမှုတြေကို တ္လေွာန္ခဲ့ကြတဲ့ တ္လေွာန်ရေးသမားတြေကို အားက်နေခဲ့ကြရတယ်။ ခ်က္ကို စလိုဗက္ကီးယားတ္လေွာန်ရေး သမား၊စာနယ္ဇင်း သမား၊ နာဇီကိုအန္တုခဲ့တဲ့ ဂ်ူးလီယက္ဖူးခ်စ်။၁၉၄၃ ခုနွစ် စက္တင္ဘာ ၈ ရက္မွာ နာဇီတို့က ဖူးခ်စ္ကို အဆုံးစီရင္လိုက္တယ်။ ဖူးခ်စ္ကေတာ့ မေသ။ ကမ္ဘျာေမေပ်ါက မတရားသောအုပ္ခ်ုပ္မှုကို တ္လေွာန္လိုသူတိုင်းက ဂ်ူးလီယက္ဖူးခ်စ္ကိုသိတယ်။ သူ့ရဲ့ကြိုးစင်ပေါ်က မွတ္တမ်းမ်ား (Report From the Gallows) ကိုသိတယ်။
နောက္တစ်ယောက္က ခေ် ဂြေဗားရား။ အာဂ်င္တီးနားနိုင်ငံ သားဆရာဝန်။ က်ူးဘားနိုင်ငံကို အုပ္ခ်ုပ်နေတဲ့ ဘာတစ္စတာ စစ်အစိုးရကို တ္လေွာန္ဖို့ က်ူးဘားလြတ်ျေမာက်ရေးထဲမွာပါဝင္ခဲ့သူ။လူငယ်တြေရဲ့ရင္ထဲက တ္လေွာန်ရေးသေကင်္တ။ သည္လိုနျဲ့မန္မာလူငယ်တြေ အေမွာင်ခေတ္က စိတ်ေအျခအေနကို လင်းခါးက စာတစ်ကြောင်းနဲ့ဖြျဲ့ပတယ်။ အခိန္တိုင်း စိတ္ကူးတ္လေွာန်ရေး လုပ်နေကြရတယ္တဲ့။
ဒေါ်အောင္ဆန်းစုကြည်နေတဲ့
နိုင်ငံကလူငယ္တစ်ယောက်
ဒေါ်အောင္ဆန်းစုကြည္ကို
မွေ်္လာင့်ကြ
ဒေါ်အောင္ဆန်းစုကြည္ကို
ကိုးစားကြ
ဒေါ်အောင္ဆန်းစုကြည္ကို
အားမလိုအားမရျဖစ်ကြ။
ဓမ္မနွင့်အဓမ္မပြိုင္လ်ွင် နောက္ဆုံးမွာတော့ ဓမ္မက အနိုင်ရသည်သျာဖစ်သည္လို့ အစဉ်အဆက်သင်ကြားခဲ့ဖူးတဲ့ ဗုဒ္ဓအဆုံးအမမ်ားကိုယုံကြည်ရင်း ဓမ္မအင်အားစုတို့အားသာမယ့်အခိန္ကို စောင့်စားရတာ ရွည်ကြာလြန်းခဲ့တယ်။ သူတို့မွာ ဒေါ်အောင္ဆန်းစုကြည် ကိုပဲ မွေ်္လာင့်စရာရွိတယ်။  ဒေါ်အောင္ဆန်းစုကြည္ကိုပဲ အားကိုးတယ်။ ဒါပေမဲ့ တိုက္ပြဲကာလ ကြာရွည္လာတဲ့အခါ။ သင္ပုန်းခ်ေခြင့်လွှတ်ျခင်းတြေက အလုပ္မျဖစ်တော့ဘူးလို့ ထင္တဲ့အခါ မွာတော့ ဒေါ်အောင္ဆန်းစုကြည် အေပါ် အားမလိုအားမရျဖစ္ခဲ့ကြ တယ်။ ဒါပေမဲ့ သူတို့ကိုယ္တိုင္က တော့ မဟာဗ်ူဟာ ကေဝဝါး၊ နည်းဗ်ူဟာခို့တဲ့စြာနဲ့ပဲ တခို့လည်း တ္လေွာန်ရေးသမားအျဖစ် ထောင္ထဲဝင်ရ၊ တခို့လည်း ကော်င်း သားဘဝနဲ့ပဲ ရိုက်နွက္ခ်ုပ်နွောင္ခံရ။
ခုတော့လည်း ဒေါ်အောင် ဆန်းစုကြည်နေတဲ့ နိုင်ငံကလူငယ် တြေဟာ သူတို့ထမ်းပိုးရမယ့် တာဝန်တြေကို က်ေပြန္စြာထမ်း ရြက္လိုက္ပါပြီ။ ဒီမိုကေရစီကို ယုံ ယုံကြည်ကြည္နဲ့ ဒီခ်ုပ္မဲအျပတ်အသတ်အနိုင်ရဖို့ သူတို့စြမ်းအား ကုန္ထုတ်သုံးလိုက်ကြပါပြီ။ ကဗ်ာဆရာလင်းခါးကေတာ့ လူ ငယ်တြေအေပါ် အားမလိုအားမရျဖစ်နေဟန္ပါပဲ။ ဒါလည်း အမွန္ပါပဲ။ သူ့ပတ်ဝန်းက်င္မွာ တောင်ျေမာက္ဘယ္မွာ မသိပျါငား လူငယ်တြေကို သူတြေ့ရွိကောင်း တြေ့ရွိနေမွာကိုး ဒါကြောင့်လည်း
ဒေါ်အောင္ဆန်းစုကြည်နေတဲ့
နိုင်ငံက
ဒီနေ့အခိန္ထိ အျဖူအမည်းခေတ်
က မတက်သေး
တစ်ယောက်အျဖူဆို
တစ်ယောက်အမည်း
ဗဟုဝါဒကိုနားမယဉ်သေး လို့ ဒေါသသံစြက္စြက်ရေးဖြဲ့ လိုက္ပါတယ်။ ဒါ့အျပင် လူငယ်တြေရဲ့ စြမ်းဆောင်ရည်ရွိမှုကို ဉာဏ္ပညာနဲ့ မတြဲစပ္မွာကို ကဗ်ာဆရာက စိုးရိမ်ဟန်ရွိပါတယ်။ ဒါကြောင့်လည်း ရှုပ်ထြေးပြေလီလွတဲ့ နိုင်ငံရေးရာမာယာတြေကြား လူငယ်တြေ ခော်က်ခော်းမွောက္မွားသြား မွာ စိုးဟန် နဲ့ သူ့ကဗ်ာကို အဆုံးသတ္လိုက္ပါတယ်။
ဒေါ်အောင္ဆန်းစုကြည်နေတဲ့
နိုင်ငံဟာ
သိပ္မာယာမ်ား
တိုက္ခိုက္ဆဲရေးတာနဲ့
ဝေဖန်သုံးသပ္တာမကျြဲပား
အစိုးရနဲ့ အတိုက်အခံမကျြဲပား
သူ့လူကိုယ့်ဘက်သားမကျြဲပား  
လြတ္လပ္မှုနဲ့ရမ်းကားတာမကျြဲပား
ဘာသာနဲ့သာသနာမကျြဲပား
ဒေါ်အောင္ဆန်းစုကြည်နေတဲ့
နိုင်ငံကလူငယ္တစ်ယောက်
ဒေါ်အောင္ဆန်းစုကြည်နေတဲ့
နိုင်ငံဟာ
ဖန္ပုလင်းလား၊ သမုဒ္ဒရာလား
ကျြဲပားတဲ့အထိ
လူငယ္တစ်ယောက် ကိုယ္တိုင် အားထုတ်ရလိမ့်မယ်။
ကျြန်တော်ဟာ ကဗ်ာရဲ့ နောက္ဆုံးစာကြောင်းကိုဖတ္မိ ခိန္မွာ လင်းခါးရဲ့ဆန္ဒနဲ့ စေတနာ ကို ရင်မောစြာတြေ့လိုက်ရတာပါ ပဲ။ လွလိုက္တဲ့အဖြဲ့၊ ကောင်း လိုက္တဲ့စေတနာလို့ ကျြန်တော် သြခ်လိုက်ရပါတယ်။ ဖန္ပုလင်း လား၊ သမုဒ္ဒရာလားကျြဲပားတဲ့ အထိ ကိုယ္တိုင်အားထုတ်ရလိမ့် မယ္တဲ့။ လူငယ်တြေကိုယ့်အလုပ် ကိုယ္လုပ် ၊ ကိုယ့်တာဝန္ကိုယ်ကေ်၊ကိုယ့်အနာဂတ္ကိုယ္တည် ဆောက်ပေါ့။
လင်းခါးရဲ့ ဒီကဗ်ာဟာ ကဗ်ာရွည်ကြီးပါ။ ကဗ်ာအစ အဆုံး မေဖာ်ျပနိုင္ဘဲ ကိုယ္လိုရာ ဆြဲပြီး အဓိပ္ပာယ္ဖြင့်မိတဲ့အတြက် ကဗ်ာဆရာကို တောင်းပန္ပါ တယ်။ ဒီကဗ်ာရဲ့ထူျးခားခ်က္က ကဗ်ာခေါင်းစဥ္နဲ့ ကဗ်ာကိုတည် ထားတဲ့အေကြာင်းအရာပါ။ ကဗ်ာခေါင်းစဥ္ကျမန္မျာပည္က လူငယ္တစ်ယောက္မဟုတ္ပါ ဘူး။ ဒေါ်အောင္ဆန်းစုကြည်နေ တဲ့နိုင်ငံက လူငယ္တစ်ယောက် ပါ။ ဒါကိုပေါ်လြင်စေခ်င္လို့ ဒီ ကဗ်ာမွာ ဒေါ်အောင္ဆန်းစုကြည် ဆိုတဲ့အမည္ကို ၃၁ လုံးထိ ထည့် သြင်းရေးဖြဲ့ထားပါတယ်။ ဒါဟာ လူငယ်တြေရဲ့ မွေ်္လာင့်ခ်က်ျဖစ် သည်။ တိုင်ျးပည်ရဲ့မွေ်္လာင့်ခ်က် ဆိုရင္လည်း မမွားပါဘူး။ ကဲ ကျြန်တ္တောို့လိုခ်င္တဲ့ အျေဖ ကို ကျြန်တ္တောို့ရခဲ့ပါပြီ။ အေမ့ ဘက္က ကျြန်တ္တောို့ကိုဘာတြေ ပေးပြီး အေမ့ကို ကျြန်တ္တောို့ ဘာတြေပးနိုင်သလဲဆိုတာက တေျာ့မန္မာနိုင်ငံရဲ့ သမိုင်ျးဖစ် လာမွာပါ။ လောလောဆယ္ဆယ် ဒေါ်အောင္ဆန်းစုကြည်နေတဲ့ နိုင်ငံက လူငယ္တစ်ယောက္က ဖန္ပုလင်းနဲ့ သမုဒ္ဒရာကျြဲပား အောင်အားထုတ္ဖို့လိုမယ္လို့ ကဗ်ာဆရာလိုပဲ ကျြန်တ္ကော ကိုယ္တိုင် လေးလေးနက္နက် လက္ခံနေဆဲပါ။
မွတ္ခ်က်။  ။ ကဗ်ာခေါင်းစဉ် အတိုင်း ဆောင်းပါးခေါင်းစဥ္ကို တပ္ထားပါသည်။
http://www.7daydaily.com/story/53115

No comments:

Post a Comment