CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, December 19, 2015
ၿဗိတိန္ ေနာက္ဆံုး ေက်ာက္မီးေသြးတြင္း ပိတ္လိုက္ၿပီ
ၿဗိတိန္ႏိုင္ငံမွာ ေနာက္ဆံုးက်န္တဲ့ ေက်ာက္မီးေသြးတြင္းကို ေသာၾကာေန႔က ပိတ္ပစ္လိုက္တဲ့အတြက္ ေက်ာက္မီးေသြးတြင္းတူး လုပ္သား ၄၅၀ ေလာက္ အလုပ္လက္မဲ့ ျဖစ္သြားၿပီး ေက်ာက္မီးေသြးလုပ္ငန္း ရပ္ဆိုင္းေတာ့မယ့္ လကၡဏာေတြ ေတြ႔လာရပါသည္။
ေျမာက္ပိုင္း Yorkshire အေျခစိုက္ Kellingley Colliery မိုင္းကို ပိတ္ပစ္လိုက္တာဟာ ၿဗိတိန္ႏိုင္ငံမွာ ၂၀၂၅ ခုႏွစ္က်ရင္ ေက်ာက္မီးေသြးသံုး ဓါတ္အားေပး စက္ရံုအားလံုး ပိတ္ပစ္ဖုိ႔ တြန္းအားေပးမႈေၾကာင့္ျဖစ္ပါသည္။ တခ်ိန္က ႏိုင္ငံေတာ္ စက္မႈလုပ္ငန္းတခုျဖစ္ခဲ့တဲ့ ေက်ာက္မီးေသြးလုပ္ငန္းကို ၂၀၂၅ ခုႏွစ္မွာ အဆံုးသတ္ေစမွာ ျဖစ္ပါသည္။
၁၉၅၀ ခုႏွစ္ Wall Street စာေစာင္ရဲ့ မွတ္တမ္းအရ ၿဗိတိန္ႏိုင္ငံမွာ နက္ရႈိင္းတဲ့ ေက်ာက္မီးေသြးမိုင္း တြင္းေပါင္း ၁၃၃၀ ရွိခဲ့ၿပီး ႏုိင္ငံတြင္း စြမ္းအင္လုိအပ္ခ်က္ရဲ့ ၉၅ ရာခိုင္ႏႈံးကို ျဖည့္တင္းေပးခဲ့တယ္လို႔ ဆိုပါသည္။ စေနေန႔ကစၿပီး ႏိုင္ငံအတြင္း ေျမေအာက္ ေက်ာက္မီးေသြးမိုင္း တူးေဖၚတဲ့ လုပ္ငန္း တခုမွရွိေတာ့မွာ မဟုတ္ေပမယ့္ ေျမျပင္ေပၚ တူးေဖၚတဲ့ မိုင္းေတြကိုေတာ့ ဆက္လက္လုပ္ကိုင္ခြင့္ျပဳထားသည္။
ေက်ာက္မီးေသြးလုပ္ငန္းဟာ ညစ္ညမ္းမႈ အမ်ားဆံုး ဇီဝေလာင္စာထုတ္တဲ့ လုပ္ငန္းတခု ျဖစ္ပါသည္။ ရုရွားနဲ႔ ကိုလံဘီယာကေန ေစ်းပိုေပါတဲ့ ေက်ာက္မီးေသြး တင္သြင္းမႈေတြနဲ႔အတူ ၿဗိတိန္ႏိုင္ငံတြင္း ေက်ာက္မီးေသြးလုပ္ငန္း က်ဆင္းလာခဲ့တာ ျဖစ္ပါသည္။
အလုပ္လက္မဲ့ျပႆနာ ႀကံဳေနရတဲ့ ဒီေဒသအတြက္ေတာ့ ေက်ာက္မီးေသြးမိုင္းေတြ ပိတ္ပစ္ လိုက္တဲ့အတြက္ အလုပ္အကိုင္ပို နဲပါးသြားတာ ျဖစ္ပါသည္။ ဒါေပမယ့္လည္း ဒါဟာ သဘာဝဝန္းက်င္ ပိုမိုသန္႔စင္ေရးကို ဦးတည္ေနတာမို႔ ရလဒ္ေကာင္းျဖစ္ပါသည္။
(ေၾကးမံု)
https://www.facebook.com/TheMirrorDaily
..................
ဗြိတိန်နိုင်ငံမှာ နောက်ဆုံးကျန်တဲ့ ကျောက်မီးသွေးတွင်းကို သောကြာနေ့က ပိတ်ပစ်လိုက်တဲ့အတွက် ကျောက်မီးသွေးတွင်းတူး လုပ်သား ၄၅၀ လောက် အလုပ်လက်မဲ့ ဖြစ်သွားပြီး ကျောက်မီးသွေးလုပ်ငန်း ရပ်ဆိုင်းတော့မယ့် လက္ခဏာတွေ တွေ့လာရပါသည်။
မြောက်ပိုင်း Yorkshire အခြေစိုက် Kellingley Colliery မိုင်းကို ပိတ်ပစ်လိုက်တာဟာ ဗြိတိန်နိုင်ငံမှာ ၂၀၂၅ ခုနှစ်ကျရင် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံအားလုံး ပိတ်ပစ်ဖို့ တွန်းအားပေးမှုကြောင့်ဖြစ်ပါသည်။ တချိန်က နိုင်ငံတော် စက်မှုလုပ်ငန်းတခုဖြစ်ခဲ့တဲ့ ကျောက်မီးသွေးလုပ်ငန်းကို ၂၀၂၅ ခုနှစ်မှာ အဆုံးသတ်စေမှာ ဖြစ်ပါသည်။
၁၉၅၀ ခုနှစ် Wall Street စာစောင်ရဲ့ မှတ်တမ်းအရ ဗြိတိန်နိုင်ငံမှာ နက်ရှိုင်းတဲ့ ကျောက်မီးသွေးမိုင်း တွင်းပေါင်း ၁၃၃၀ ရှိခဲ့ပြီး နိုင်ငံတွင်း စွမ်းအင်လိုအပ်ချက်ရဲ့ ၉၅ ရာခိုင်နှုံးကို ဖြည့်တင်းပေးခဲ့တယ်လို့ ဆိုပါသည်။ စနေနေ့ကစပြီး နိုင်ငံအတွင်း မြေအောက် ကျောက်မီးသွေးမိုင်း တူးဖေါ်တဲ့ လုပ်ငန်း တခုမှရှိတော့မှာ မဟုတ်ပေမယ့် မြေပြင်ပေါ် တူးဖေါ်တဲ့ မိုင်းတွေကိုတော့ ဆက်လက်လုပ်ကိုင်ခွင့်ပြုထားသည်။
ကျောက်မီးသွေးလုပ်ငန်းဟာ ညစ်ညမ်းမှု အများဆုံး ဇီဝလောင်စာထုတ်တဲ့ လုပ်ငန်းတခု ဖြစ်ပါသည်။ ရုရှားနဲ့ ကိုလံဘီယာကနေ စျေးပိုပေါတဲ့ ကျောက်မီးသွေး တင်သွင်းမှုတွေနဲ့အတူ ဗြိတိန်နိုင်ငံတွင်း ကျောက်မီးသွေးလုပ်ငန်း ကျဆင်းလာခဲ့တာ ဖြစ်ပါသည်။
အလုပ်လက်မဲ့ပြဿနာ ကြုံနေရတဲ့ ဒီဒေသအတွက်တော့ ကျောက်မီးသွေးမိုင်းတွေ ပိတ်ပစ် လိုက်တဲ့အတွက် အလုပ်အကိုင်ပို နဲပါးသွားတာ ဖြစ်ပါသည်။ ဒါပေမယ့်လည်း ဒါဟာ သဘာဝဝန်းကျင် ပိုမိုသန့်စင်ရေးကို ဦးတည်နေတာမို့ ရလဒ်ကောင်းဖြစ်ပါသည်။
(ကြေးမုံ)
https://www.facebook.com/TheMirrorDaily
ၿဗိတိန္ ေနာက္ဆံုး ေက်ာက္မီးေသြးတြင္း ပိတ္လိုက္ၿပီ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 19, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment