Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 19, 2015


စင်ကာပူနိုင်ငံတွင်နေထိုင်သော မဇင်မာနွယ်သည် ခင်ပွန်းဖြစ်သူအမေရိကန်နိုင်ငံသားရစ်ချက်နှင့်အတူနေဓာတ်ပုံများကို ဝေဖန်ရှုံ့ ချသူများကိုအရွဲ့ တိုက်ပြီး သူမ၏လူမှုကွန်ယက်စာမျက်နှာပေါ်တင်ခဲ့ရာတွင် (မ.ဘ.သ)ဘုန်းကြီးများနှင့်ပြဿနာတက်ခဲ့ပြီး အသက်အန္တရာယ်ခြိမ်းခြောက်မှုများကြီးစွာကြုံတွေ့ နေရသဖြင့် စကာပူနိုင်ငံတရားရုံးတွင်(မ.ဘ.သ)အဖွဲ့ ကိုတရားစွဲဆိုခဲ့သည်ဟု သတင်းရရှိပါသည်။

...................
(မ.ဘ.သ)အဖွဲ ့ကြီးနှင့်စင်ကာပူနေမြန်မာအမျိုးသမီးအပြန်အလှန်တရားစွဲ

စင်ကာပူနိုင်ငံတွင်နေထိုင်သော မဇင်မာနွယ်သည် ခင်ပွန်းဖြစ်သူအမေရိကန်နိုင်ငံသားရစ်ချက်နှင့်အတူနေဓာတ်ပုံများကို ဝေဖန်ရှုံ ့ချသူများကိုအရွဲ ့တိုက်ပြီး သူမ၏လူမှုကွန်ယက်စာမျက်နှာပေါ်တင်ခဲ့ရာတွင် (မ.ဘ.သ)ဘုန်းကြီးများနှင့်ပြဿနာတက်ခဲ့ပြီး အသက်အန္တရာယ်ခြိမ်းခြောက်မှုများကြီးစွာကြံုတွေ ့နေရသဖြင့် စကာပူနိုင်ငံတရားရုံးတွင်(မ.ဘ.သ)အဖွဲ ့ကိုတရားစွဲဆိုခဲ့သည်ဟု သတင်းရရှိပါသည်။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ ့(မ.ဘ.သ)အဖွဲ ့ကြီးမှလည်း မဇင်မာနွယ်ကို မျိုးစောင့်ဥပဒေဖြင့်တရားစွဲဆိုသွားနိုင်ရန်အလျင်အမြန်ပြင်ဆင်လျက်ရှိနေသည်ဟု သတင်းရရှိပါသည်။
စင်ကာပူနိုင်ငံတွင်သူနာပြုအလုပ်ဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသော ကလေးတစ်ယောက်မိခင်အိမ်ထောင်ကွဲတစ်ခုလပ်မဇင်မာနွယ်သည် စင်ကာပူနိုင်ငံတွင်ရေရှည်ဘဝရပ်တည်ချက်အတွက်အမေရိကန်နိုင်ငံသားစတော့ရှယ်ယာသူဋ္ဌေးရစ်ချက်နှင့်လက်ထပ်ခဲ့ရသည်ဟုသိရှိရပြီး ခင်ပွန်းဟောင်းဖြစ်သူမှာမြန်မာနိုင်ငံအင်းစိန်အကျဉ်းထောင်တွင်မူးယစ်ဆေးဝါးမှုဖြင့်ထောင်ဒဏ်နှစ်ရှည်ကျခံနေရသည်ဟု သတင်းရရှိပါသည်။

စံတော်ချိန်နေ ့စဉ်သတင်းစာ

No comments:

Post a Comment