Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 23, 2015

လက္စြပ္ကစိန္ ေသးေနလို႔ လက္ထပ္ခြင့္ပယ္ခ်ခဲ့တဲ့ မိန္းကေလး


ခ်စ္သူမိန္းကေလးရဲ့ လက္ထပ္ခြင့္ျငင္းပယ္ခံခဲ့ရတဲ့ ဒီအမ်ိဳးသားဟာ က်ည္ဆံေရွာင္လိုက္နိုင္တာလို႔ တခ်ိဳ႕ကဆိုၾကပါတယ္။ တ႐ုတ္လူငယ္တစ္ဦးဟာ သူ႔ခ်စ္သူမိန္းကေလးကို လက္ထပ္ခြင့္ေတာင္းဖို႔အတြက္ လူအမ်ားအျပားေရွ႕မွာ အေကာင္အထည္ေဖာ္ခဲ့ေပမယ့္ သူေပးတဲ့လက္စြပ္က စိန္ကို သူ႔ခ်စ္သူမိန္းကေလးက ျမင္လိုက္ခ်ိန္မွာ အေျခအေနေတြ ေဇာက္ထိုးမိုးေမၽွာ္ျဖစ္ကုန္ပါတယ္။ တ႐ုတ္နိုင္ငံအေနာက္ေတာင္ဘက္က ခ်န္ဒူးၿမိဳ႕တစ္ေနရာမွာ တ႐ုတ္လူငယ္က လက္စြပ္ဘူးဖြင့္မျပခင္ ဒူးေထာက္လိုက္တဲ့အခ်ိန္မွာ မိန္းကေလး မ်က္ရည္ေတြက်လာပါတယ္။ ဒါေပမဲ့ လက္စြပ္ဘူးထဲက စိန္ကိုျမင္လိုက္ခ်ိန္မွာေတာ့ မိန္းကေလးရဲ့အေျဖက “နိုး”ဆိုၿပီးျဖစ္သြားကာ လွည့္ထြက္သြားတယ္လို႔ တ႐ုတ္ေန႔စဥ္အြန္လိုင္းဝက္ဘ္ဆိုက္က ေဖာ္ျပခဲ့ပါတယ္။ တ႐ုတ္လူငယ္က ဒူးေထာက္ၿပီး လက္ထပ္ခြင့္မေတာင္းခင္မွာ သူေခၚထားတဲ့ အကသမားေတြက ကျပေဖ်ာ္ေျဖခဲ့သလို မိန္းကေလးကို ႏွင္းဆီပန္းစည္းႀကီးတစ္စည္းလည္း ေပးခဲ့ပါေသးတယ္။ ေနာက္ပိုင္းမွာေတာ့ တ႐ုတ္မိန္းကေလးက သူဘာလို႔လက္ထပ္ခြင့္ပယ္ခ်ခဲ့လဲဆိုတာကို အြန္လိုင္းေပၚတင္ခဲ့ရာမွာ “အရင္တုန္းက ၁ ကာရက္စိန္ေပးမယ္လို႔ သေဘာတူထားတာ။ ဘာလို႔ အခုစိန္က အရမ္းေသးေနတာလဲ။ သူက အေရးမထားတာလား၊ ဂ႐ုမစိုက္တာလား”လို႔ ေရးသားခဲ့ပါတယ္။

 Ref: Metro

ညီမင္းဟန္(ဆႏၵကူး)

 ...................................................................... 

လက်စွပ်ကစိန် သေးနေလို့ လက်ထပ်ခွင့်ပယ်ချခဲ့တဲ့ မိန်းကလေး ချစ်သူမိန်းကလေးရဲ့ လက်ထပ်ခွင့်ငြင်းပယ်ခံခဲ့ရတဲ့ ဒီအမျိုးသားဟာ ကျည်ဆံရှောင်လိုက်နိုင်တာလို့ တချို့ကဆိုကြပါတယ်။ တရုတ်လူငယ်တစ်ဦးဟာ သူ့ချစ်သူမိန်းကလေးကို လက်ထပ်ခွင့်တောင်းဖို့အတွက် လူအများအပြားရှေ့မှာ အကောင်အထည်ဖော်ခဲ့ပေမယ့် သူပေးတဲ့လက်စွပ်က စိန်ကို သူ့ချစ်သူမိန်းကလေးက မြင်လိုက်ချိန်မှာ အခြေအနေတွေ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါတယ်။ တရုတ်နိုင်ငံအနောက်တောင်ဘက်က ချန်ဒူးမြို့တစ်နေရာမှာ တရုတ်လူငယ်က လက်စွပ်ဘူးဖွင့်မပြခင် ဒူးထောက်လိုက်တဲ့အချိန်မှာ မိန်းကလေး မျက်ရည်တွေကျလာပါတယ်။ ဒါပေမဲ့ လက်စွပ်ဘူးထဲက စိန်ကိုမြင်လိုက်ချိန်မှာတော့ မိန်းကလေးရဲ့အဖြေက “နိုး”ဆိုပြီးဖြစ်သွားကာ လှည့်ထွက်သွားတယ်လို့ တရုတ်နေ့စဉ်အွန်လိုင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ တရုတ်လူငယ်က ဒူးထောက်ပြီး လက်ထပ်ခွင့်မတောင်းခင်မှာ သူခေါ်ထားတဲ့ အကသမားတွေက ကပြဖျော်ဖြေခဲ့သလို မိန်းကလေးကို နှင်းဆီပန်းစည်းကြီးတစ်စည်းလည်း ပေးခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ တရုတ်မိန်းကလေးက သူဘာလို့လက်ထပ်ခွင့်ပယ်ချခဲ့လဲဆိုတာကို အွန်လိုင်းပေါ်တင်ခဲ့ရာမှာ “အရင်တုန်းက ၁ ကာရက်စိန်ပေးမယ်လို့ သဘောတူထားတာ။ ဘာလို့ အခုစိန်က အရမ်းသေးနေတာလဲ။ သူက အရေးမထားတာလား၊ ဂရုမစိုက်တာလား”လို့ ရေးသားခဲ့ပါတယ်။ Ref: Metro ညီမင်းဟန်(ဆန္ဒကူး)

No comments:

Post a Comment