Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 15, 2015

ထိုင္းပုစြန္လုပ္ငန္းက ျမန္မာေက်းကၽြန္မ်ားရဲ႕ ရင္နင့္ဖြယ္ဘ၀


ဒီဇင္ဘာ ၁၄။ ။ မနက္ ၂နာရီ ထိုးတိုင္း အခန္းတံခါး ကန္ေက်ာက္သံ နဲ႔ ျခိမ္းေျခာက္သံ ၾကားရတယ္။ ထရင္ထ၊ မထရင္ေတာ့ အရိုက္ခံရျပီသာမွတ္။ နံပါတ္ ၃၁ နဲ႔ သူ႔ဇနီး တို႔ဟာ သူတို႔ကိုအပိုင္၀ယ္ထားတဲ့ ဒီစက္ရံုထဲမွာ ေအးခဲေနတဲ့လက္ေတြနဲ႔ ေနာက္ ၁၆နာရီ တိုင္ေအာင္ မတ္တပ္ရပ္ၾကရတယ္။ သူတို႔ဟာ ျပည္ပေစ်းကြက္ေတြကိုပို႔မယ့္ ပုစြန္ေတြကို ေခါင္းနဲ႔အျမီးေတြ၊ အခြံေတြ ခၽြတ္၊ အညစ္အ ေၾကးေတြ ဖယ္ရတယ္။ အဲဒီ ပုစြန္ေတြဟာ အေမရိကန္၊ ဥေရာပနဲ႔ အာရွ တလႊားက ေစ်းဆိုင္ေတြ၊ စားသံုးကုန္ေတြဆီ ပ်ံ႔ႏွံ႔ေရာက္သြား ၾကတယ္။
Gig Peeling Factory ဆီ ေရာင္းခ်ခံခဲ့ရတဲ့ေနာက္ သူတို႔ဟာ တျခား ျမန္မာေရႊ႕ေျပာင္းလုပ္သား ၁၀၀နီးပါးနဲ႔အတူ ျပန္လမ္းမရွိပိတ္မိေနျပီး သူတို႔ရဲ႕ ထိုင္းသူေဌးေတြရဲ႕ လက္ထဲမွာ ျပဳသမွ် ႏုၾကရေတာ့တယ္။ သူတို႔နဲ႔အတူ ကေလးေတြ လည္း အလုပ္လုပ္ၾကရျပီး ကေလး တစ္ေယာက္ဆိုရင္ အေကာင္ေသးလြန္းလို႔ ပုစြန္ခြံခၽြတ္တဲ့ စားပြဲကိုမွီဖို႔ ေခြးေျခပုတစ္လံုး ခုျပီး မတ္တပ္ရပ္ အလုပ္လုပ္ရတယ္။ တခ်ိဳ႕သူ ေတြဆို လေပါင္းမ်ားစြာ၊ တခ်ိဳ႕ ႏွစ္နဲ႔ခ်ီၾကာေအာင္ အလုပ္လုပ္ၾကရေပမယ့္ လုပ္ခ မျဖစ္စေလာက္သာရၾကျပီး၊ တခ်ိဳ႕လံုး၀မရၾကဘူး။ တစ္ေယာက္ေယာက္က သူတို႔ကို အျမဲတမ္း မ်က္စိေဒါက္ေထာက္ ၾကည့္ေနတယ္။
သူတို႔ကို သူတို႔ရဲ႕ သူေဌးေတြက နာမည္ေတာင္ တပ္မေခၚဘဲ နံပါတ္ေတြကိုသာ သံုးတယ္။ တင္ညိဳ၀င္းက နံပါတ္ ၃၁ ပါ။
ေနရာတိုင္းျပန္႔ေနတဲ့ လူကုန္ကူးမႈလုပ္ငန္းက ထိုင္းႏိုင္ငံကို ကမာၻ႔အၾကီးဆံုး ပုစြန္ထုတ္လုပ္ရာႏိုင္ငံတစ္ႏိုင္ငံအျဖစ္ တစ္ဖက္ တစ္လမ္းကအသြင္ေျပာင္းလဲေပးခဲ့တယ္။ အေမရိကန္ေဒၚလာ ၇ဘီလ်ံတန္ဖိုးရွိတဲ့ ထိုင္းႏိုင္ငံရဲ႕ပင္လယ္စာအိတ္စ္ပို႔ လုပ္ငန္းကို သန္႔စင္ရွင္းလင္းပါ့မယ္လို႔ ကုမၸဏီေတြနဲ႔ အစိုးရက အထပ္ထပ္ကတိေပးထားေပမယ့္လည္း ေခတ္သစ္ေက်းကၽြန္ေတြ အခြံခၽြတ္လိုက္တဲ့ ပုစြန္ေတြဟာ အေမရိကန္၊ ဥေရာပနဲ႔ အာရွေဒသ ေတြအထိ ေျခဆန္႔ေရာက္ရွိေနတယ္ဆိုတာကို ေအပီသတင္းဌာနရဲ႕ စံုစမ္းေထာက္လွမ္းမႈတစ္ခုကထုတ္ေဖာ္ေတြ႔ရွိခဲ့တယ္။
ဒီလိုျပသနာကို ရဲတပ္ဖြဲ႔နဲ႔ အာဏာပိုင္ေတြၾကားက အက်င့္ပ်က္ျခစားမႈေတြ၊ ၾကံရာပါက်ဴးလြန္မႈေတြက မီးေလာင္ရာေလပင့္ ေပးခဲ့တယ္။ အျပစ္ရွိသူေတြကို ဖမ္းဆီးတာ၊တရားစြဲဆိုတာေတြ ရွားပါတယ္။ ၀င္ေရာက္စီးနင္းရွာေဖြတယ္ဆိုရာမွာလည္း သက္ဆိုင္ရာစာရြက္စာတမ္း ေတြမရွိတဲ့ ေရႊ႕ေျပာင္းလုပ္သားေတြကို ေထာင္သြင္းအက်ဥ္းခ်တာနဲ႔ အဆံုးသတ္သြားေလ့ရွိျပီး ပိုင္ရွင္ေတြကေတာ့ ဘာျပစ္ဒဏ္မွေပးခံရ ျခင္းမရွိပါဘူး။
ပုစြန္အခြံခၽြတ္ရံု ရာေပါင္းမ်ားစြာဟာ ဆမြတ္ဆခြန္ကလူေနရပ္ကြက္ေတြမွာ ပုန္းလွ်ိဳးကြယ္လွ်ိဳးရွိေနသလို ဘာအမွတ္အသား ဆိုင္းဘုတ္မွ မရွိတဲ့ လွ်ိဳ႕၀ွက္အခန္းေတြထဲမွာ ရွိေနၾကပါတယ္။ ဆမြတ္ဆခြန္ဆိုတာ ျမိဳ႔ေတာ္ဘန္ေကာက္ အျပင္ကို တစ္နာရီၾကာခရီးႏွင္ရင္ေရာက္တဲ့ ဆိပ္ကမ္းျမိဳ႕ေလးတစ္ျမိဳ႕ပါ။ ေအပီက အလုပ္သမားဒါဇင္ေပါင္းမ်ားစြာကို ကၽြန္အျဖစ္ ခိုင္းေစေနတဲ့ စက္ရံုတစ္ရံုကို ေတြ႔ရွိခဲ့ပါတယ္။ ထြက္ေျပးလာတဲ့ ေရႊ႔ေျပာင္းအလုပ္သမားေတြကတစ္ဆင့္ လူ႔အခြင့္အေရး လႈပ္ရွားတဲ့အဖြဲ႔ေတြဟာ Gig စက္ရံုနဲ႔ တတိယစက္ရံုတစ္ရံုကိုေရာက္သြားခဲ့တယ္။ အဲဒီ စက္ရံု၃ရံုစလံုးဟာ တစ္ရံုကို လူ ၅၀ ကေန ၁၀၀ၾကား ထိန္းသိမ္းထားၾကျပီး အမ်ားစုကို အထဲမွာ ေသာ့ခတ္ပိတ္ေလွာင္ထားတာျဖစ္တယ္။
သိပ္မၾကာခင္မွာပဲ တင္ညိဳ၀င္းဟာ သူ ဘယ္ကိုေရာက္ေနျပီဆိုတာ ရိပ္မိခဲ့ေပမယ့္ ဒီမွာ လြယ္လြယ္ကူကူလြတ္ေျမာက္မယ့္ လမ္းေတာ့ မရွိပါဘူး။ အမ်ိဳးသမီးတစ္ေယာက္ဆိုရင္ Gig စက္ရံုမွာ အလုပ္လုပ္လာတာ ၈ႏွစ္ရွိသြားပါျပီ။ ေနာက္အမ်ိဳးသား တစ္ေယာက္ကေတာ့ အလားတူရက္စက္ၾကမ္းၾကဳတ္တဲ့စက္ရံုတစ္ခုကေန လြတ္ေျမာက္လာခဲ့ေပမယ့္ ပုစြန္အခြံခၽြတ္ လုပ္ငန္းနဲ႔ပဲ ျပန္ႏွစ္ပါးသြားခဲ့ရပါတယ္။
` အဲဒီစက္ရံုမွာ ခဏေလာက္အလုပ္လုပ္ၾကည့္ရံုနဲ႔ က်ေနာ္ေတာ္ေတာ္ေလး လန္႔ျဖန္႔သြားတယ္။ ဒီမွာျပန္လမ္းမရွိဘူးလို႔လည္း က်ေနာ္ ရိပ္မိလိုက္တယ္။ ´ လို႔ သြားေတြမွာ ကြမ္းေခ်းေတြေပက်ံေနတဲ့ ကေလးမ်က္ႏွာနဲ႔ တင္ညိဳ၀င္း (၂၂ႏွစ္) က ေျပာတယ္။ သူနဲ႔ သူ႔မိန္းမဟာ တစ္ေန႔ကို ပုစြန္ ၁၇၅ ေပါင္ အခြံခၽြတ္ရျပီး ၄ေဒၚလာသာရပါတယ္။
`က်ေနာ္ မိန္းမကိုေျပာတယ္. . ေဟ့ တို႔ေတာ့ ဒုကၡလွလွေတြ႔ျပီ။ တစ္ခုခု အမွားအယြင္းျဖစ္တာနဲ႔ တို႔ ေသမွာပဲ လို႔ ´
ျပီးခဲ့တဲ့လမွာ ဂ်ာနယ္လစ္ေတြဟာ Gig စက္ရံုကေန ထိုင္းအိတ္စပို႔ကုမၸဏီၾကီးေတြဆီ လတ္လတ္ဆတ္ဆတ္ အခြံခၽြတ္ပုစြန္ေတြအျပည့္နဲ႔ သြားပို႔ေနတဲ့ ကုန္ကားၾကီးေတြေနာက္လိုက္ျပီး ရုပ္သံမွတ္တမ္းယူခဲ့ၾကတယ္။ ေနာက္ေတာ့ အေမရိကန္ရဲ႕ အေကာက္ခြန္မွတ္တမ္းေတြ နဲ႔ ထိုင္းလုပ္ငန္းေတြရဲ႕အစီရင္ခံစာေတြကို အသံုးျပဳျပီး တစ္ကမာၻလံုးအႏွံ႔ ေျခရာခံလိုက္ခဲ့တယ္။ သူတို႔တေတြဟာ အရင္ ၆လေလာက္ က ၀င္ေရာက္စီးနင္းခံထားရတဲ့ ေနာက္ထပ္စက္ရံုတစ္ရံု ကေနလည္း အလားတူ အဆက္အသြယ္ေတြ ရခဲ့ျပီး အဲဒီႏွစ္ေနရာစလံုးက အလုပ္သမား ႏွစ္ဒါဇင္ေက်ာ္ကို ေတြ႔ဆံု ေမးျမန္းခဲ့ၾကတယ္။
အေမရိကန္အေကာက္ခြန္မွတ္တမ္းမွတ္ရာေတြအရ အဆိုပါပုစြန္ေတြဟာ Wal-Mart ၊ Kroger ၊ Whole Foods ၊ Dollar General နဲ႔ Petco တို႔လို အေမရိကန္ရဲ႕ နာမည္ၾကီး စားေသာက္ကုန္ဆိုင္ၾကီးေတြနဲ႔ လက္လီအေရာင္းဆိုင္ေတြ၊ Red Lobster နဲ႔ Olive Garden တို႔လို စားေသာက္ဆိုင္ၾကီးေတြဆီ ေရာက္ရွိသြားၾကတာ ေတြ႔ရတယ္။
အေမရိက ရဲ႕ လူသိအမ်ားဆံုး ပင္လယ္စာတံဆိပ္ေတြ နဲ႔ တိရစာၧန္အစာေတြေရာင္းခ်တဲ့ Chicken of the Sea နဲ႔ Fancy Feast တို႔ဆီ လည္း ၀င္ေရာက္သြားၾကတာေတြ႔ရတယ္။ ေအပီသတင္းေထာက္ေတြဟာ အေမရိကန္ျပည္နယ္ ၅၀ စလံုးရွိ စူပါမတ္ကတ္ေတြဆီ သြားေရာက္ၾကျပီး အဓမၼခိုင္းေစခံရတဲ့လုပ္အားေတြနဲ႔ ထုတ္လုပ္ထားတဲ့ပစၥည္းေတြကို သြင္းေနတဲ့ လုပ္ငန္းေတြဆီက ပုစြန္ထြက္ကုန္ ပစၥည္းေတြကို ရွာေတြ႔ခဲ့ၾကတယ္။
ဥေရာပနဲ႔ အာရွက သြင္းကုန္ပို႔ကုန္မွတ္တမ္းေတြဟာ ေတာင္းယူၾကည့္ရႈလို႔မရေပမယ့္ ေအပီကေျခရာခံလိုက္ခဲ့တဲ့ ပုစြန္ေတြကို လက္ခံရယူတဲ့ ထိုင္းကုမၸဏီေတြအားလံုးကေတာ့ ဥေရာပနဲ႔အာရွႏိုင္ငံေတြဆီ တင္ပို႔တာလို႔ ထုတ္ေျပာ ၾကပါတယ္။
တုန္႔ျပန္ေျဖဆိုၾကတဲ့ အဲဒီကုမၸဏီေတြက ဒီလို အျပဳအမူလုပ္ရပ္ေတြကို ျပစ္တင္ရႈတ္ခ်ခဲ့ၾကတယ္။ Gig စက္ရံုလို ပုစြန္အခြံခၽြတ္ရံုေတြမွာ မိမိဆႏၵမပါဘဲ ထိန္းသိမ္းခံထားရသူေတြနဲ႔ ဆက္ႏြယ္ေနတဲ့ ပစၥည္းသြင္းတဲ့လုပ္ငန္းေတြကို စံုစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ ကုမၸဏီအေတာ္မ်ားမ်ားက ေျပာၾကတယ္။ Gig စက္ရံုဟာ ရထားသံလမ္း နဲ႔ ျမစ္တစ္ခုၾကား လူသြားလူလာရႈပ္ေထြးတဲ့ လမ္းငယ္တစ္ခုေဘး ဂိတ္တံခါး တစ္ခုရဲ႕ အေနာက္မွာ တည္ရွိေနတယ္။
ၾကီးမားတဲ့ကုန္ေလွာင္ရံုၾကီးအတြင္းဘက္မွာေတာ့ အိမ္သာေတြက အညစ္အေၾကးေတြျပည့္လွ်ံေနတယ္၊ လုပ္ငန္းခြင္ အျပင္ဘက္က အဖံုးအကာမရွိတဲ့ အညစ္အေၾကးစြန္႔ေျမာင္းတစ္ခုမွာ ပုပ္ေဟာင္ေနတဲ့ ေရဆိုးေတြ တစ္ဆို႔ေနတယ္။ အသက္ရွဴက်ပ္မတတ္ အေဆာင္ခန္းထဲမွာ ကေလးငယ္ေတြ ေျခဗလာနဲ႔ ေျပးေနၾကတယ္။ ပုစြန္ေတြေတာင္ပံုရာပံု ျပည့္ေမာက္ေနတဲ့ စတီးစားပြဲခံုတန္းရွည္ေတြမွာ မိသားစုလိုက္ ေဘးခ်င္းကပ္ အလုပ္ၾကမ္းလုပ္ေနၾကတယ္။
တင္ညိဳ၀င္း နဲ႔ သူ႔မိန္းမ မိဆန္းတို႔ကေတာ့ အခြံခၽြတ္တာ မျမန္လို႔ နင္ပဲငဆက်ိန္ဆဲခံၾကရျပီး ကၽြဲေတြႏြားေတြနဲ႔ အႏိႈင္းခံၾကရတယ္။ ထြက္မေျပးရေအာင္လို႔ သူတို႔ထဲက တစ္ေယာက္ေယာက္ အထဲမွာေနရစ္ခဲ့မွသာ မုန္႔ထြက္စားဖို႔ အျပင္ကိုထြက္ခြင့္ရတယ္။
ဒါေပမယ့္ သူတို႔အေတြးထဲမွာေတာ့ လြတ္ေျမာက္ေရးကလြဲလို႔ တျခားမရွိဘူး။
အဲဒီေနာက္ တင္ညိဳ၀င္း လြတ္ေျမာက္လာခဲ့ျပီး အလုပ္သမားအခြင့္အေရးကာကြယ္ေရးအဖြဲ႔တစ္ခုအကူအညီနဲ႔ အာဏာပိုင္ေတြကို ဖိအားေပးခဲ့တာေၾကာင့္ ႏို၀င္ဘာ ၉ မွာ တာ၀န္ရွိသူေတြနဲ႔ စစ္သား ဒါဇင္ေပါင္းမ်ားစြာဟာ အဆိုပါ စက္ရံုထဲ ၀င္ေရာက္စီးနင္းခဲ့ၾကတယ္။
ဒါေပမယ့္ အဲဒီစက္ရံုက ဘယ္သူတစ္ဦးတစ္ေယာက္မွ လူကုန္ကူးမႈနဲ႔ ဖမ္းဆီးခံရျခင္းမရွိဘဲ ကေလး ၇ဦးအပါအ၀င္ စာရြက္စာတမ္းျပည့္စံုတဲ့ ေရႊ႕ေျပာင္းလုပ္သားေတြသာ လုပ္ငန္းခြင္ျပန္ပို႔ျခင္းခံခဲ့ရတယ္။ စာရြက္စာတမ္းမရွိတဲ့ ကေလး၁၀ဦးကို မိဘေတြဆီကေနေခၚယူျပီး ေဂဟာတစ္ခုကို ပို႔ေဆာင္ခဲ့တယ္။ အျခားတရားမ၀င္လုပ္သား ၂၁ဦးကိုေတာ့ ဖမ္းဆီးထိန္းသိမ္းခဲ့တယ္။ ဒီထဲမွာ တင္ညိဳ၀င္းနဲ႔ သူ႔ဇနီး လည္း ပါ၀င္ခဲ့တယ္။ ဒါေပမယ့္ အဲဒီေနာက္ပိုင္းမွာေတာ့ သူတို႔အားလံုးဟာ လူကုန္ကူးမႈသားေကာင္ေတြအတြက္ထားတဲ့ အစိုးရရဲ႕ ခိုလံႈေရးေဂဟာေတြဆီ ေရႊ႕ေျပာင္းခံခဲ့ၾကရ ပါတယ္။
ေဒသအာဏာပိုင္ေတြဟာ ယင္းစက္ရံုကို ျပန္လည္စံုစမ္းစစ္ေဆးဖို႔ အမိန္႔ေပးျခင္းခံခဲ့ရျပီး အဲဒီစက္ရံုကိုေတာ့ အခု ပိတ္လိုက္ပါျပီ။ အဲဒီက လုပ္သားေတြကိုေတာ့ ပိုင္ရွင္အတူတူပဲျဖစ္တဲ့ တျခားအလုပ္ရံုဆီ ေရႊ႕ေျပာင္းလိုက္ျပီလို႔ ရဲကေျပာတယ္။ Gig စက္ရံုပိုင္ရွင္ကို ေအပီက ဖုန္းနဲ႔ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ မွတ္ခ်က္ေပးဖို႔ ျငင္းဆိုခဲ့ပါတယ္။
( ေအပီသတင္းဌာနက ဒီဇင္ဘာ ၁၄၊ ၂၀၁၅ ရက္စြဲနဲ႔ေရးသားတဲ့ ` Shrimp peeled by slaves in Thailand ´ သတင္းေဆာင္းပါးကို ဆီေလ်ာ္ေအာင္ ျပန္ဆိုပါတယ္။ )

ကိုမိုးထက္
Kumudra
....................
ထိုင်းပုစွန်လုပ်ငန်းက မြန်မာကျေးကျွန်များရဲ့ ရင်နင့်ဖွယ်ဘဝ

ဒီဇင်ဘာ ၁၄။ ။ မနက် ၂နာရီ ထိုးတိုင်း အခန်းတံခါး ကန်ကျောက်သံ နဲ့ ခြိမ်းခြောက်သံ ကြားရတယ်။ ထရင်ထ၊ မထရင်တော့ အရိုက်ခံရပြီသာမှတ်။ နံပါတ် ၃၁ နဲ့ သူ့ဇနီး တို့ဟာ သူတို့ကိုအပိုင်ဝယ်ထားတဲ့ ဒီစက်ရုံထဲမှာ အေးခဲနေတဲ့လက်တွေနဲ့ နောက် ၁၆နာရီ တိုင်အောင် မတ်တပ်ရပ်ကြရတယ်။ သူတို့ဟာ ပြည်ပစျေးကွက်တွေကိုပို့မယ့် ပုစွန်တွေကို ခေါင်းနဲ့အမြီးတွေ၊ အခွံတွေ ချွတ်၊ အညစ်အ ကြေးတွေ ဖယ်ရတယ်။ အဲဒီ ပုစွန်တွေဟာ အမေရိကန်၊ ဥရောပနဲ့ အာရှ တလွှားက စျေးဆိုင်တွေ၊ စားသုံးကုန်တွေဆီ ပျံ့နှံ့ရောက်သွား ကြတယ်။
Gig Peeling Factory ဆီ ရောင်းချခံခဲ့ရတဲ့နောက် သူတို့ဟာ တခြား မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀နီးပါးနဲ့အတူ ပြန်လမ်းမရှိပိတ်မိနေပြီး သူတို့ရဲ့ ထိုင်းသူဌေးတွေရဲ့ လက်ထဲမှာ ပြုသမျှ နုကြရတော့တယ်။ သူတို့နဲ့အတူ ကလေးတွေ လည်း အလုပ်လုပ်ကြရပြီး ကလေး တစ်ယောက်ဆိုရင် အကောင်သေးလွန်းလို့ ပုစွန်ခွံချွတ်တဲ့ စားပွဲကိုမှီဖို့ ခွေးခြေပုတစ်လုံး ခုပြီး မတ်တပ်ရပ် အလုပ်လုပ်ရတယ်။ တချို့သူ တွေဆို လပေါင်းများစွာ၊ တချို့ နှစ်နဲ့ချီကြာအောင် အလုပ်လုပ်ကြရပေမယ့် လုပ်ခ မဖြစ်စလောက်သာရကြပြီး၊ တချို့လုံးဝမရကြဘူး။ တစ်ယောက်ယောက်က သူတို့ကို အမြဲတမ်း မျက်စိဒေါက်ထောက် ကြည့်နေတယ်။
သူတို့ကို သူတို့ရဲ့ သူဌေးတွေက နာမည်တောင် တပ်မခေါ်ဘဲ နံပါတ်တွေကိုသာ သုံးတယ်။ တင်ညိုဝင်းက နံပါတ် ၃၁ ပါ။
နေရာတိုင်းပြန့်နေတဲ့ လူကုန်ကူးမှုလုပ်ငန်းက ထိုင်းနိုင်ငံကို ကမ္ဘာ့အကြီးဆုံး ပုစွန်ထုတ်လုပ်ရာနိုင်ငံတစ်နိုင်ငံအဖြစ် တစ်ဖက် တစ်လမ်းကအသွင်ပြောင်းလဲပေးခဲ့တယ်။ အမေရိကန်ဒေါ်လာ ရဘီလျံတန်ဖိုးရှိတဲ့ ထိုင်းနိုင်ငံရဲ့ပင်လယ်စာအိတ်စ်ပို့ လုပ်ငန်းကို သန့်စင်ရှင်းလင်းပါ့မယ်လို့ ကုမ္ပဏီတွေနဲ့ အစိုးရက အထပ်ထပ်ကတိပေးထားပေမယ့်လည်း ခေတ်သစ်ကျေးကျွန်တွေ အခွံချွတ်လိုက်တဲ့ ပုစွန်တွေဟာ အမေရိကန်၊ ဥရောပနဲ့ အာရှဒေသ တွေအထိ ခြေဆန့်ရောက်ရှိနေတယ်ဆိုတာကို အေပီသတင်းဌာနရဲ့ စုံစမ်းထောက်လှမ်းမှုတစ်ခုကထုတ်ဖော်တွေ့ရှိခဲ့တယ်။
ဒီလိုပြသနာကို ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေကြားက အကျင့်ပျက်ခြစားမှုတွေ၊ ကြံရာပါကျူးလွန်မှုတွေက မီးလောင်ရာလေပင့် ပေးခဲ့တယ်။ အပြစ်ရှိသူတွေကို ဖမ်းဆီးတာ၊တရားစွဲဆိုတာတွေ ရှားပါတယ်။ ၀င်ရောက်စီးနင်းရှာဖွေတယ်ဆိုရာမှာလည်း သက်ဆိုင်ရာစာရွက်စာတမ်း တွေမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထောင်သွင်းအကျဉ်းချတာနဲ့ အဆုံးသတ်သွားလေ့ရှိပြီး ပိုင်ရှင်တွေကတော့ ဘာပြစ်ဒဏ်မှပေးခံရ ခြင်းမရှိပါဘူး။
ပုစွန်အခွံချွတ်ရုံ ရာပေါင်းများစွာဟာ ဆမွတ်ဆခွန်ကလူနေရပ်ကွက်တွေမှာ ပုန်းလျှိုးကွယ်လျှိုးရှိနေသလို ဘာအမှတ်အသား ဆိုင်းဘုတ်မှ မရှိတဲ့ လျှို့ဝှက်အခန်းတွေထဲမှာ ရှိနေကြပါတယ်။ ဆမွတ်ဆခွန်ဆိုတာ မြို့တော်ဘန်ကောက် အပြင်ကို တစ်နာရီကြာခရီးနှင်ရင်ရောက်တဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့ပါ။ အေပီက အလုပ်သမားဒါဇင်ပေါင်းများစွာကို ကျွန်အဖြစ် ခိုင်းစေနေတဲ့ စက်ရုံတစ်ရုံကို တွေ့ရှိခဲ့ပါတယ်။ ထွက်ပြေးလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကတစ်ဆင့် လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့တွေဟာ Gig စက်ရုံနဲ့ တတိယစက်ရုံတစ်ရုံကိုရောက်သွားခဲ့တယ်။ အဲဒီ စက်ရုံ၃ရုံစလုံးဟာ တစ်ရုံကို လူ ၅၀ ကနေ ၁၀၀ကြား ထိန်းသိမ်းထားကြပြီး အများစုကို အထဲမှာ သော့ခတ်ပိတ်လှောင်ထားတာဖြစ်တယ်။
သိပ်မကြာခင်မှာပဲ တင်ညိုဝင်းဟာ သူ ဘယ်ကိုရောက်နေပြီဆိုတာ ရိပ်မိခဲ့ပေမယ့် ဒီမှာ လွယ်လွယ်ကူကူလွတ်မြောက်မယ့် လမ်းတော့ မရှိပါဘူး။ အမျိုးသမီးတစ်ယောက်ဆိုရင် Gig စက်ရုံမှာ အလုပ်လုပ်လာတာ ၈နှစ်ရှိသွားပါပြီ။ နောက်အမျိုးသား တစ်ယောက်ကတော့ အလားတူရက်စက်ကြမ်းကြုတ်တဲ့စက်ရုံတစ်ခုကနေ လွတ်မြောက်လာခဲ့ပေမယ့် ပုစွန်အခွံချွတ် လုပ်ငန်းနဲ့ပဲ ပြန်နှစ်ပါးသွားခဲ့ရပါတယ်။
` အဲဒီစက်ရုံမှာ ခဏလောက်အလုပ်လုပ်ကြည့်ရုံနဲ့ ကျနော်တော်တော်လေး လန့်ဖြန့်သွားတယ်။ ဒီမှာပြန်လမ်းမရှိဘူးလို့လည်း ကျနော် ရိပ်မိလိုက်တယ်။ ´ လို့ သွားတွေမှာ ကွမ်းချေးတွေပေကျံနေတဲ့ ကလေးမျက်နှာနဲ့ တင်ညိုဝင်း (၂၂နှစ်) က ပြောတယ်။ သူနဲ့ သူ့မိန်းမဟာ တစ်နေ့ကို ပုစွန် ၁၇၅ ပေါင် အခွံချွတ်ရပြီး ၄ဒေါ်လာသာရပါတယ်။
`ကျနော် မိန်းမကိုပြောတယ်. . ဟေ့ တို့တော့ ဒုက္ခလှလှတွေ့ပြီ။ တစ်ခုခု အမှားအယွင်းဖြစ်တာနဲ့ တို့ သေမှာပဲ လို့ ´
ပြီးခဲ့တဲ့လမှာ ဂျာနယ်လစ်တွေဟာ Gig စက်ရုံကနေ ထိုင်းအိတ်စပို့ကုမ္ပဏီကြီးတွေဆီ လတ်လတ်ဆတ်ဆတ် အခွံချွတ်ပုစွန်တွေအပြည့်နဲ့ သွားပို့နေတဲ့ ကုန်ကားကြီးတွေနောက်လိုက်ပြီး ရုပ်သံမှတ်တမ်းယူခဲ့ကြတယ်။ နောက်တော့ အမေရိကန်ရဲ့ အကောက်ခွန်မှတ်တမ်းတွေ နဲ့ ထိုင်းလုပ်ငန်းတွေရဲ့အစီရင်ခံစာတွေကို အသုံးပြုပြီး တစ်ကမ္ဘာလုံးအနှံ့ ခြေရာခံလိုက်ခဲ့တယ်။ သူတို့တတွေဟာ အရင် ၆လလောက် က ၀င်ရောက်စီးနင်းခံထားရတဲ့ နောက်ထပ်စက်ရုံတစ်ရုံ ကနေလည်း အလားတူ အဆက်အသွယ်တွေ ရခဲ့ပြီး အဲဒီနှစ်နေရာစလုံးက အလုပ်သမား နှစ်ဒါဇင်ကျော်ကို တွေ့ဆုံ မေးမြန်းခဲ့ကြတယ်။
အမေရိကန်အကောက်ခွန်မှတ်တမ်းမှတ်ရာတွေအရ အဆိုပါပုစွန်တွေဟာ Wal-Mart ၊ Kroger ၊ Whole Foods ၊ Dollar General နဲ့ Petco တို့လို အမေရိကန်ရဲ့ နာမည်ကြီး စားသောက်ကုန်ဆိုင်ကြီးတွေနဲ့ လက်လီအရောင်းဆိုင်တွေ၊ Red Lobster နဲ့ Olive Garden တို့လို စားသောက်ဆိုင်ကြီးတွေဆီ ရောက်ရှိသွားကြတာ တွေ့ရတယ်။
အမေရိက ရဲ့ လူသိအများဆုံး ပင်လယ်စာတံဆိပ်တွေ နဲ့ တိရစ္ဆာန်အစာတွေရောင်းချတဲ့ Chicken of the Sea နဲ့ Fancy Feast တို့ဆီ လည်း ၀င်ရောက်သွားကြတာတွေ့ရတယ်။ အေပီသတင်းထောက်တွေဟာ အမေရိကန်ပြည်နယ် ၅၀ စလုံးရှိ စူပါမတ်ကတ်တွေဆီ သွားရောက်ကြပြီး အဓမ္မခိုင်းစေခံရတဲ့လုပ်အားတွေနဲ့ ထုတ်လုပ်ထားတဲ့ပစ္စည်းတွေကို သွင်းနေတဲ့ လုပ်ငန်းတွေဆီက ပုစွန်ထွက်ကုန် ပစ္စည်းတွေကို ရှာတွေ့ခဲ့ကြတယ်။
ဥရောပနဲ့ အာရှက သွင်းကုန်ပို့ကုန်မှတ်တမ်းတွေဟာ တောင်းယူကြည့်ရှုလို့မရပေမယ့် အေပီကခြေရာခံလိုက်ခဲ့တဲ့ ပုစွန်တွေကို လက်ခံရယူတဲ့ ထိုင်းကုမ္ပဏီတွေအားလုံးကတော့ ဥရောပနဲ့အာရှနိုင်ငံတွေဆီ တင်ပို့တာလို့ ထုတ်ပြော ကြပါတယ်။
တုန့်ပြန်ဖြေဆိုကြတဲ့ အဲဒီကုမ္ပဏီတွေက ဒီလို အပြုအမူလုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချခဲ့ကြတယ်။ Gig စက်ရုံလို ပုစွန်အခွံချွတ်ရုံတွေမှာ မိမိဆန္ဒမပါဘဲ ထိန်းသိမ်းခံထားရသူတွေနဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းသွင်းတဲ့လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ကုမ္ပဏီအတော်များများက ပြောကြတယ်။ Gig စက်ရုံဟာ ရထားသံလမ်း နဲ့ မြစ်တစ်ခုကြား လူသွားလူလာရှုပ်ထွေးတဲ့ လမ်းငယ်တစ်ခုဘေး ဂိတ်တံခါး တစ်ခုရဲ့ အနောက်မှာ တည်ရှိနေတယ်။
ကြီးမားတဲ့ကုန်လှောင်ရုံကြီးအတွင်းဘက်မှာတော့ အိမ်သာတွေက အညစ်အကြေးတွေပြည့်လျှံနေတယ်၊ လုပ်ငန်းခွင် အပြင်ဘက်က အဖုံးအကာမရှိတဲ့ အညစ်အကြေးစွန့်မြောင်းတစ်ခုမှာ ပုပ်ဟောင်နေတဲ့ ရေဆိုးတွေ တစ်ဆို့နေတယ်။ အသက်ရှူကျပ်မတတ် အဆောင်ခန်းထဲမှာ ကလေးငယ်တွေ ခြေဗလာနဲ့ ပြေးနေကြတယ်။ ပုစွန်တွေတောင်ပုံရာပုံ ပြည့်မောက်နေတဲ့ စတီးစားပွဲခုံတန်းရှည်တွေမှာ မိသားစုလိုက် ဘေးချင်းကပ် အလုပ်ကြမ်းလုပ်နေကြတယ်။
တင်ညိုဝင်း နဲ့ သူ့မိန်းမ မိဆန်းတို့ကတော့ အခွံချွတ်တာ မမြန်လို့ နင်ပဲငဆကျိန်ဆဲခံကြရပြီး ကျွဲတွေနွားတွေနဲ့ အနှိုင်းခံကြရတယ်။ ထွက်မပြေးရအောင်လို့ သူတို့ထဲက တစ်ယောက်ယောက် အထဲမှာနေရစ်ခဲ့မှသာ မုန့်ထွက်စားဖို့ အပြင်ကိုထွက်ခွင့်ရတယ်။
ဒါပေမယ့် သူတို့အတွေးထဲမှာတော့ လွတ်မြောက်ရေးကလွဲလို့ တခြားမရှိဘူး။
အဲဒီနောက် တင်ညိုဝင်း လွတ်မြောက်လာခဲ့ပြီး အလုပ်သမားအခွင့်အရေးကာကွယ်ရေးအဖွဲ့တစ်ခုအကူအညီနဲ့ အာဏာပိုင်တွေကို ဖိအားပေးခဲ့တာကြောင့် နိုဝင်ဘာ ၉ မှာ တာဝန်ရှိသူတွေနဲ့ စစ်သား ဒါဇင်ပေါင်းများစွာဟာ အဆိုပါ စက်ရုံထဲ ၀င်ရောက်စီးနင်းခဲ့ကြတယ်။
ဒါပေမယ့် အဲဒီစက်ရုံက ဘယ်သူတစ်ဦးတစ်ယောက်မှ လူကုန်ကူးမှုနဲ့ ဖမ်းဆီးခံရခြင်းမရှိဘဲ ကလေး ရဦးအပါအဝင် စာရွက်စာတမ်းပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေသာ လုပ်ငန်းခွင်ပြန်ပို့ခြင်းခံခဲ့ရတယ်။ စာရွက်စာတမ်းမရှိတဲ့ ကလေး၁၀ဦးကို မိဘတွေဆီကနေခေါ်ယူပြီး ဂေဟာတစ်ခုကို ပို့ဆောင်ခဲ့တယ်။ အခြားတရားမဝင်လုပ်သား ၂၁ဦးကိုတော့ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ ဒီထဲမှာ တင်ညိုဝင်းနဲ့ သူ့ဇနီး လည်း ပါ၀င်ခဲ့တယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာတော့ သူတို့အားလုံးဟာ လူကုန်ကူးမှုသားကောင်တွေအတွက်ထားတဲ့ အစိုးရရဲ့ ခိုလှုံရေးဂေဟာတွေဆီ ရွှေ့ပြောင်းခံခဲ့ကြရ ပါတယ်။
ဒေသအာဏာပိုင်တွေဟာ ယင်းစက်ရုံကို ပြန်လည်စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခြင်းခံခဲ့ရပြီး အဲဒီစက်ရုံကိုတော့ အခု ပိတ်လိုက်ပါပြီ။ အဲဒီက လုပ်သားတွေကိုတော့ ပိုင်ရှင်အတူတူပဲဖြစ်တဲ့ တခြားအလုပ်ရုံဆီ ရွှေ့ပြောင်းလိုက်ပြီလို့ ရဲကပြောတယ်။ Gig စက်ရုံပိုင်ရှင်ကို အေပီက ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
( အေပီသတင်းဌာနက ဒီဇင်ဘာ ၁၄၊ ၂၀၁၅ ရက်စွဲနဲ့ရေးသားတဲ့ ` Shrimp peeled by slaves in Thailand ´ သတင်းဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါတယ်။ )

ကိုမိုးထက်
Kumudra

No comments:

Post a Comment