Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 24, 2015

ထိုင္းသံ႐ုံးေရွ႕ လံုျခံဳေရး ဆက္လက္တိုးျမွင့္ထား


ျမန္မာနိုင္ငံဆိုင္ရာ ထိုင္းသံ႐ုံးေရွ႕တြင္ လံုျခံဳေရးဆက္လက္တိုးျမွင့္ထားျပီး ယခုအခ်ိန္တြင္ သံဆူးၾကိဳးတပ္ ဘယ္ရီဂိတ္မ်ား ခ်ထားေၾကာင္း သိရသည္။ ေန႔လယ္ ၂ နာရီခြဲအခ်ိန္ခန္႔တြင္ ဆႏၵျပမည္ဆိုေသာ ေကာလဟလမ်ားလည္း ထြက္ေပၚေနသည္။

ကနဦးက သံဃာေတာ္အခ်ဳိ႕ ေရာက္ရွိလာျပီး ျပန္လည္ထြက္ခြာသြားျပီျဖစ္ေၾကာင္း သတင္းေပးပို႔သည္။ လက္ရွိတြင္ ထိုင္းသံ႐ုံးေရွ႕၌ လံုျခံဳေရးရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ သတင္းေထာက္မ်ားက အေျခအေနကို ေစာင့္ၾကည့္လ်က္ရွိသည္။

လိပ္ကြ်န္းလူသတ္မႈႏွင့္ပတ္သက္၍ စြပ္စြဲခံျမန္မာ ၂ ဦးကို ယေန႔ ေသဒဏ္ခ်မွတ္လုိက္ျပီးေနာက္ လူမႈကြန္ရက္ေပၚတြင္ အျပင္းအထန္ ေ၀ဖန္မႈမ်ားျဖင့္ ေသာေသာညံေနျပီး မနက္ျဖန္ ဒီဇင္ဘာ ၂၅ ရက္တြင္ ထိုင္းသံ႐ုံးေရွ႕၌ ဆႏၵျပရန္ စုစည္းလႈံေဆာ္မႈမ်ားလည္း ရွိေနသည္။










(News Watch)

https://www.facebook.com/NewsWatchJournal
..............


မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့တွင် လုံခြုံရေးဆက်လက်တိုးမြှင့်ထားပြီး ယခုအချိန်တွင် သံဆူးကြိုးတပ် ဘယ်ရီဂိတ်များ ချထားကြောင်း သိရသည်။ နေ့လယ် ၂ နာရီခွဲအချိန်ခန့်တွင် ဆန္ဒပြမည်ဆိုသော ကောလဟလများလည်း ထွက်ပေါ်နေသည်။

ကနဦးက သံဃာတော်အချို့ ရောက်ရှိလာပြီး ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းပေးပို့သည်။ လက်ရှိတွင် ထိုင်းသံရုံးရှေ့၌ လုံခြံုရေးရဲတပ်ဖွဲ့ဝင်များနှင့် သတင်းထောက်များက အခြေအနေကို စောင့်ကြည့်လျက်ရှိသည်။

လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ စွပ်စွဲခံမြန်မာ ၂ ဦးကို ယနေ့ သေဒဏ်ချမှတ်လိုက်ပြီးနောက် လူမှုကွန်ရက်ပေါ်တွင် အပြင်းအထန် ဝေဖန်မှုများဖြင့် သောသောညံနေပြီး မနက်ဖြန် ဒီဇင်ဘာ ၂၅ ရက်တွင် ထိုင်းသံရုံးရှေ့၌ ဆန္ဒပြရန် စုစည်းလှုံဆော်မှုများလည်း ရှိနေသည်။






(News Watch)

https://www.facebook.com/NewsWatchJournal

No comments:

Post a Comment