ဇူးဇူး| December 9, 2015 |
လူ႔အခြင့္အေရး, ကခ်င္, တပ္မေတာ္
ေဒါင္းလြဏ္းႏွင့္ ဆြမ္လြတ္ရြယ္ဂ်ာ (ဓာတ္ပံု Credit – ေဒါင္းလြဏ္း)
ကခ်င္အမ်ိဳးသမီး ဆြမ္လြတ္ရြယ္ဂ်ာ ေပ်ာက္ဆံုးတာ ၄ ႏွစ္ေက်ာ္ၾကာတဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕ေပ်ာက္ဆံုးမႈကို စံုစမ္း ေဖာ္ထုတ္ မွတ္တမ္းတင္ ႐ုိက္ကူးထားတဲ့ “ရြယ္ဂ်ာေပ်ာက္ဆံုးမႈ” (The Disappearance of Roi Ja) ဆုိတဲ့ မွတ္တမ္း ႐ုပ္ရွင္တခု ထြက္ေပၚလာပါတယ္။
ဒီမွတ္တမ္း႐ုပ္ရွင္ကို ကေနဒါ ဂ်ာနယ္လစ္တဦးျဖစ္တဲ့ ကီဗင္ မက္ခ္လုုဒ္ (Mr. Kevin McLeod) က ႐ုိက္ကူးထားတာ ျဖစ္ၿပီး ရြယ္ဂ်ာ ဖမ္းဆီးခံရဖုိ႔ ဦးတည္ေစခဲ့တဲ့ အျဖစ္အပ်က္ေတြကို ျပန္လည္ ေဖာ္ထုတ္ထား႐ံုသာမက ဖမ္းဆီးခံရၿပီးေနာက္ ရာသက္ပန္ ေပ်ာက္ဆံုးသြားမႈ ေနာက္ကြယ္မွ အေၾကာင္းအရာ မ်ားကိုလည္း မွတ္တမ္း႐ုပ္ရွင္မွာ တင္ျပထားတာ ေတြ႔ရပါတယ္။
ရြယ္ဂ်ာေပ်ာက္ဆံုးမႈ မွတ္တမ္း႐ုပ္ရွင္ကို ႐ုိက္ရတဲ့ အဓိက ရည္ရြယ္ခ်က္ကေတာ့ ဒီလို မတရားမႈေတြ ျပဳလုပ္တဲ့ သူေတြဟာ အရင္ကလုိ လြတ္လြတ္လပ္လပ္ လုပ္လုိ႔မရေတာ့ဘူး ေစာင့္ၾကည့္မယ့္ သတင္းမီဒီယာေတြ ျပည္တြင္းျပည္ပ အဖြဲ႔အစည္းေတြ ရွိေနပါလားဆုိတာသိၿပီး မတရားမႈေတြ ေလ်ာ့က်လာႏုိင္ေစဖို႔လုိ႔ မွတ္တမ္း႐ုိက္ကူးသူ ကီဗင္ မက္ခ္လုုဒ္က ေျပာပါတယ္။
လြယ္ဂ်ာေပ်ာက္ဆံံုးမႈနဲ႔ ဆက္ႏြယ္တဲ့ သက္ေသေတြကို ကီဗင္ မက္ခ္လုုဒ္က ၂ ႏွစ္ခန္႔ အခ်ိန္ယူ ေတြ႔ဆံုေမးျမန္းခဲ့ၿပီး အဲဒီသက္ေသေတြထဲမွာ ရြယ္ဂ်ာအား ဖမ္းဆီးစဥ္ ပါ၀င္ခဲ့တဲ့ ျမန္မာစစ္သည္ တဦးလည္းပါဝင္ေၾကာင္း၊ အဲဒီစစ္သည္ဟာ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA) က သုံ႔ပန္း အျဖစ္ ဖမ္းဆီးထားသူ ျဖစ္ေၾကာင္း သိရပါတယ္။
ရြယ္ဂ်ာေပ်ာက္ဆံုးမႈ ကိစၥနဲ႔ ပတ္သက္တဲ့ အစုိးရ သို႔မဟုတ္ ျမန္မာ့တပ္မေတာ္ဘက္မွ တုံ႔ျပန္ရွင္းလင္းခ်က္ ရဖို႔ကုိေတာ့ DVB သတင္းဌာနက အကူအညီေပးခဲ့တယ္လုိ႔ DVB သတင္းဌာန ဒုတိယ ဦးေဆာင္ညႊန္ၾကားေရးမွဴး ဦးခင္ေမာင္၀င္းက ေျပာပါတယ္။
ကာကြယ္ေရး၀န္ႀကီဌာန သို႔မဟုတ္ ျပန္ၾကားေရး၀န္ႀကီးဌာနမွ ေျပာခြင့္ရွိသူတဦးကိုကို အင္တာဗ်ဴးရဖို႔ DVB သတင္း ဌာနက ပန္ၾကားခဲ့တာကို ျငင္းပယ္ခဲ့ေပမယ့္ ကာကြယ္ေရး၀န္ႀကီးဌာနရဲ႕ စာနဲ႔တုန္႔ျပန္ခ်က္ကိုေတာ့ ျပန္ၾကားေရး ၀န္ႀကီးဌာနကတဆင့္ ဧၿပီလ ၂၀ ရက္၊ ၂၀၁၅ ခုႏွစ္ ရက္စြဲနဲ႔ ျပန္လည္ ေပးပုိ႔လာခဲ့ပါတယ္လုိ႔ သိရပါတယ္။
DVB သတင္းဌာနအေနနဲ႔လည္း ယခုမွတ္တမ္း ႐ုပ္ရွင္အပါအ၀င္ မတရားခံရမႈမ်ား၊ အၾကမ္းဖက္ခံရမႈမ်ား၊ လူကုန္ကူးမႈ စတာေတြနဲ႔ပတ္သက္တဲ့ Investigative Documentary ေတြကို စီးရီးလုိက္ ထုတ္လုပ္သြားဖုိ႔ ရွိတယ္လုိ႔ ဦးခင္ေမာင္၀င္းက ရွင္းျပပါတယ္။
ရြယ္ဂ်ာဟာ ၂၀၁၁ ခုႏွစ္၊ ေအာက္တုိဘာ ၂၈ ရက္က ကခ်င္ျပည္နယ္ အေရွ႕ပုိင္းတေနရာ ယာေတာအတြင္း စုိက္ပ်ိဳးေရး လုပ္ေနစဥ္ ျမန္မာ့တပ္မေတာ္က ဖမ္းဆီးခဲ့ရတယ္လုိ႔ မိသားစုေတြက ယေန႔ထိတုိင္ ယံုၾကည္ထားၾကတာ ျဖစ္ပါတယ္။
“က်မ သမီးေလးကိုေတာ့ ဗမာစစ္သားေတြ ရက္ရက္စက္စက္ အဓမၼျပဳၿပီး သတ္ပစ္လုိက္ၾကၿပီလားလုိ႔ သြားေတြးမိတာေပါ့ကြယ္” လုိ႔ ရြယ္ဂ်ာ့မိခင္ ထန္ေမ်ာ္က ေျပာပါတယ္။
ရြယ္ဂ်ာ ေပ်ာက္ဆုံုးသြားခ်ိန္က က်န္ခဲ့တဲ့ ႏုိ႔စုိ႔အရြယ္ သမီးကေလးဟာ အခုအခ်ိန္မွာ ၄ ႏွစ္ေက်ာ္အရြယ္ ေရာက္ေနၿပီျဖစ္ပါတယ္။
ရြယ္ဂ်ာရဲ႕ခင္ပြန္းျဖစ္သူ ေဒါင္းလြဏ္းက “အရမ္းကုိ ခက္ေနတာ။ အၿမဲတမ္း သူ႔အေမကိုပဲ ေခၚေနေတာ့တာ။ က်ေနာ္ လိမ္ေနရတာ။ အေမ မုန္႔သြားယူတယ္လုိ႔ လိမ္ေျပာထားတာ။ အေမ မုန္႔သြားယူတာ အခုထိ ေရာက္မလာဘူးလားတဲ့။ အဲလုိျဖစ္ေနတာ” လုိ႔ ၄ ႏွစ္ေက်ာ္အရြယ္ သမီးေလးရဲ႕ အေျခအေနကို ေျပာျပပါတယ္။
၂၀၁၂ ခုႏွစ္မွာ ေဒါင္းလြဏ္းက ရြယ္ဂ်ာေပ်ာက္ဆံုးမႈနဲ႔ ပတ္သက္ၿပီး “ေရွ႕ေတာ္သြင္း စာခၽြန္ေတာ္အမိန္႔” ရလုိေၾကာင္း ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္ကို ေလွ်ာက္ထားတုိင္ၾကားခဲ့ေပမယ့္လည္း ပလပ္ခံခဲ့တယ္လုိ႔ သိရပါတယ္။
အခုအခ်ိန္မွာေတာ့ ရြယ္ဂ်ာ ထာ၀ရ ျပန္မလာေတာ့ဘူး ဆုိတာကို သူတုိ႔မိသားစုေတြအားလံုး လက္ခံလုိက္ၾကပါၿပီ။
“သူေနမေကာင္းလုိ႔ ေသသြားတယ္ဆုိလည္း သူ႔အေလာင္းကို လူေတြေတြ႔ၾကမွာပဲ။ အနည္းဆံုးေတာ့ ႐ုပ္ၾကြင္းေတြေပါ့။ ဒါေပမယ့္ ဘာမွမေတြ႔ဘူးေလ။ ေသသြားၿပီဆုိတဲ့ သတင္းကိုလည္း သူ႔ကိုဖမ္းသြားတဲ့ စစ္တပ္က မေျပာဘူး။ ဒါဆုိ သူ႔ကို မဟုတ္တာ လုပ္ေနလုိ႔ေပါ့။ အဲဒါမ်ိဳးျဖစ္ရပ္ေတြဟာ ႏွစ္ ၆၀ ျပည္တြင္းစစ္မွာ ေတြ႔ေနက်” လုိ႔ ကခ်င္ၿငိမ္း ခ်မ္းေရးကြန္ရက္ရဲ႕ ေျပာေရးဆုိခြင့္ရွိသူ ေဒၚခြန္ဂ်ာက မွတ္ခ်က္ျပဳပါတယ္။
The Disappearance of Roi Ja (ရြယ္ဂ်ာေပ်ာက္ဆံုးမႈ) အေၾကာင္း မွတ္တမ္း႐ုပ္ရွင္ (Investigative Documentary) ကို ဒီဇင္ဘာ ၁၁ ရက္၊ ေသာၾကာေန႔၊ ညေန ၆း၃၀ နာရီမွာ DVB ႐ုပ္သံကေန ထုတ္လႊင့္ျပသမွာ ျဖစ္ပါတယ္။
Irrawaddy
.....................
“ရွယ်ဂျာပျောက်ဆုံးမှု” စုုံစမ်းဖော်ထုတ်ထားသည့် ရုပ်သံ ထုုတ်လွှင့်မည်
ဇူးဇူး| December 9, 2015 |
လူ့အခွင့်အရေး, ကချင်, တပ်မတော်
ဒေါင်းလွဏ်းနှင့် ဆွမ်လွတ်ရွယ်ဂျာ (ဓာတ်ပုံ Credit – ဒေါင်းလွဏ်း)
ကချင်အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျာ ပျောက်ဆုံးတာ ၄ နှစ်ကျော်ကြာတဲ့အချိန်မှာတော့ သူ့ရဲ့ပျောက်ဆုံးမှုကို စုံစမ်း ဖော်ထုတ် မှတ်တမ်းတင် ရိုက်ကူးထားတဲ့ “ရွယ်ဂျာပျောက်ဆုံးမှု” (The Disappearance of Roi Ja) ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်တခု ထွက်ပေါ်လာပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်ကို ကနေဒါ ဂျာနယ်လစ်တဦးဖြစ်တဲ့ ကီဗင် မက်ခ်လုုဒ် (Mr. Kevin McLeod) က ရိုက်ကူးထားတာ ဖြစ်ပြီး ရွယ်ဂျာ ဖမ်းဆီးခံရဖို့ ဦးတည်စေခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်လည် ဖော်ထုတ်ထားရုံသာမက ဖမ်းဆီးခံရပြီးနောက် ရာသက်ပန် ပျောက်ဆုံးသွားမှု နောက်ကွယ်မှ အကြောင်းအရာ များကိုလည်း မှတ်တမ်းရုပ်ရှင်မှာ တင်ပြထားတာ တွေ့ရပါတယ်။
ရွယ်ဂျာပျောက်ဆုံးမှု မှတ်တမ်းရုပ်ရှင်ကို ရိုက်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီလို မတရားမှုတွေ ပြုလုပ်တဲ့ သူတွေဟာ အရင်ကလို လွတ်လွတ်လပ်လပ် လုပ်လို့မရတော့ဘူး စောင့်ကြည့်မယ့် သတင်းမီဒီယာတွေ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ရှိနေပါလားဆိုတာသိပြီး မတရားမှုတွေ လျော့ကျလာနိုင်စေဖို့လို့ မှတ်တမ်းရိုက်ကူးသူ ကီဗင် မက်ခ်လုုဒ်က ပြောပါတယ်။
လွယ်ဂျာပျောက်ဆုံံးမှုနဲ့ ဆက်နွယ်တဲ့ သက်သေတွေကို ကီဗင် မက်ခ်လုုဒ်က ၂ နှစ်ခန့် အချိန်ယူ တွေ့ဆုံမေးမြန်းခဲ့ပြီး အဲဒီသက်သေတွေထဲမှာ ရွယ်ဂျာအား ဖမ်းဆီးစဉ် ပါ၀င်ခဲ့တဲ့ မြန်မာစစ်သည် တဦးလည်းပါဝင်ကြောင်း၊ အဲဒီစစ်သည်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သုံ့ပန်း အဖြစ် ဖမ်းဆီးထားသူ ဖြစ်ကြောင်း သိရပါတယ်။
ရွယ်ဂျာပျောက်ဆုံးမှု ကိစ္စနဲ့ ပတ်သက်တဲ့ အစိုးရ သို့မဟုတ် မြန်မာ့တပ်မတော်ဘက်မှ တုံ့ပြန်ရှင်းလင်းချက် ရဖို့ကိုတော့ DVB သတင်းဌာနက အကူအညီပေးခဲ့တယ်လို့ DVB သတင်းဌာန ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီဌာန သို့မဟုတ် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရှိသူတဦးကိုကို အင်တာဗျူးရဖို့ DVB သတင်း ဌာနက ပန်ကြားခဲ့တာကို ငြင်းပယ်ခဲ့ပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စာနဲ့တုန့်ပြန်ချက်ကိုတော့ ပြန်ကြားရေး ၀န်ကြီးဌာနကတဆင့် ဧပြီလ ၂၀ ရက်၊ ၂၀၁၅ ခုနှစ် ရက်စွဲနဲ့ ပြန်လည် ပေးပို့လာခဲ့ပါတယ်လို့ သိရပါတယ်။
DVB သတင်းဌာနအနေနဲ့လည်း ယခုမှတ်တမ်း ရုပ်ရှင်အပါအဝင် မတရားခံရမှုများ၊ အကြမ်းဖက်ခံရမှုများ၊ လူကုန်ကူးမှု စတာတွေနဲ့ပတ်သက်တဲ့ Investigative Documentary တွေကို စီးရီးလိုက် ထုတ်လုပ်သွားဖို့ ရှိတယ်လို့ ဦးခင်မောင်ဝင်းက ရှင်းပြပါတယ်။
ရွယ်ဂျာဟာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်က ကချင်ပြည်နယ် အရှေ့ပိုင်းတနေရာ ယာတောအတွင်း စိုက်ပျိုးရေး လုပ်နေစဉ် မြန်မာ့တပ်မတော်က ဖမ်းဆီးခဲ့ရတယ်လို့ မိသားစုတွေက ယနေ့ထိတိုင် ယုံကြည်ထားကြတာ ဖြစ်ပါတယ်။
“ကျမ သမီးလေးကိုတော့ ဗမာစစ်သားတွေ ရက်ရက်စက်စက် အဓမ္မပြုပြီး သတ်ပစ်လိုက်ကြပြီလားလို့ သွားတွေးမိတာပေါ့ကွယ်” လို့ ရွယ်ဂျာ့မိခင် ထန်မျော်က ပြောပါတယ်။
ရွယ်ဂျာ ပျောက်ဆုံုးသွားချိန်က ကျန်ခဲ့တဲ့ နို့စို့အရွယ် သမီးကလေးဟာ အခုအချိန်မှာ ၄ နှစ်ကျော်အရွယ် ရောက်နေပြီဖြစ်ပါတယ်။
ရွယ်ဂျာရဲ့ခင်ပွန်းဖြစ်သူ ဒေါင်းလွဏ်းက “အရမ်းကို ခက်နေတာ။ အမြဲတမ်း သူ့အမေကိုပဲ ခေါ်နေတော့တာ။ ကျနော် လိမ်နေရတာ။ အမေ မုန့်သွားယူတယ်လို့ လိမ်ပြောထားတာ။ အမေ မုန့်သွားယူတာ အခုထိ ရောက်မလာဘူးလားတဲ့။ အဲလိုဖြစ်နေတာ” လို့ ၄ နှစ်ကျော်အရွယ် သမီးလေးရဲ့ အခြေအနေကို ပြောပြပါတယ်။
၂၀၁၂ ခုနှစ်မှာ ဒေါင်းလွဏ်းက ရွယ်ဂျာပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး “ရှေ့တော်သွင်း စာချွန်တော်အမိန့်” ရလိုကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို လျှောက်ထားတိုင်ကြားခဲ့ပေမယ့်လည်း ပလပ်ခံခဲ့တယ်လို့ သိရပါတယ်။
အခုအချိန်မှာတော့ ရွယ်ဂျာ ထာဝရ ပြန်မလာတော့ဘူး ဆိုတာကို သူတို့မိသားစုတွေအားလုံး လက်ခံလိုက်ကြပါပြီ။
“သူနေမကောင်းလို့ သေသွားတယ်ဆိုလည်း သူ့အလောင်းကို လူတွေတွေ့ကြမှာပဲ။ အနည်းဆုံးတော့ ရုပ်ကြွင်းတွေပေါ့။ ဒါပေမယ့် ဘာမှမတွေ့ဘူးလေ။ သေသွားပြီဆိုတဲ့ သတင်းကိုလည်း သူ့ကိုဖမ်းသွားတဲ့ စစ်တပ်က မပြောဘူး။ ဒါဆို သူ့ကို မဟုတ်တာ လုပ်နေလို့ပေါ့။ အဲဒါမျိုးဖြစ်ရပ်တွေဟာ နှစ် ၆၀ ပြည်တွင်းစစ်မှာ တွေ့နေကျ” လို့ ကချင်ငြိမ်း ချမ်းရေးကွန်ရက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခွန်ဂျာက မှတ်ချက်ပြုပါတယ်။
The Disappearance of Roi Ja (ရွယ်ဂျာပျောက်ဆုံးမှု) အကြောင်း မှတ်တမ်းရုပ်ရှင် (Investigative Documentary) ကို ဒီဇင်ဘာ ၁၁ ရက်၊ သောကြာနေ့၊ ညနေ ၆း၃၀ နာရီမှာ DVB ရုပ်သံကနေ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။
Irraawaddy
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, December 9, 2015
ရြယ္ဂ်ာေပ်ာက္ဆံုးမႈ စံုုစမ္းေဖာ္ထုတ္ထားသည့္ ႐ုပ္သံ ထုုတ္လႊင့္မည္
ရြယ္ဂ်ာေပ်ာက္ဆံုးမႈ စံုုစမ္းေဖာ္ထုတ္ထားသည့္ ႐ုပ္သံ ထုုတ္လႊင့္မည္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 09, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment