Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 19, 2015

ကေနဒါမွ ေလသန္႔ဘူးဝယ္႐ွဴေနရသည့္ ေပက်င္းတြင္ ေလထုညစ္ညမ္းမႈေၾကာင့္ ဒုတိယအႀကိမ္ အနီေရာင္အဆင့္ သတိေပးခ်က္ထုတ္ျပန္



ကေနဒါႏုိင္ငံ ေတာင္တန္းေဒသ မ်ားမွ ထြက္ရွိသည့္ ေလသန္႔ဘူးမ်ားကို ဝယ္ယူ႐ွဴ ေန ရေသာ ေပက်င္းၿမိဳ႕တြင္ ေလထု ညစ္ညမ္းမႈ ထပ္မံျမင့္တက္လ ာျခင္းေၾကာင့္ ဒီဇင္ဘာ ၁၈ ရက္ နံနက္တြင္ ဒုတိယအႀကိမ္ အနီေရာင္အဆင့္ သတိေပးခ်က္ကို တာဝန္ရွိသူ မ်ားက ထုတ္ျပန္ ခဲ့ေၾကာင္း Xinhua သတင္းတစ္ရပ္ အရ သိရသည္။

ပထမအႀကိမ္ သတိေပးခ်က္ကို ၿပီးခဲ့သည့္ ရက္သတၱပတ္ က ထုတ္ျပန္ခဲ့ျခင္း ျဖစ္ၿပီး ေလးရက္ ၾကာျမင့္မည့္ ယခု ဒုတိယအႀကိမ္ သတိေပးခ်က္ သည္ ဒီဇင္ဘာ ၁၉ ရက္ နံနက္မွစတင္ အသက္ဝင္မည္ ျဖစ္သည္။

ေပက်င္းၿမိဳ႕တြင္ လက္ရွိျဖစ္ေပၚ ေနသည့္ ေလထု ညစ္ညမ္းမႈ အေျခအေနမ်ား အရ တစ္ႏွစ္လွ်င္ အနည္းဆံုး ႏွစ္ႀကိမ္ သို႔မဟုတ္ သံုးႀကိမ္ခန္႔ အနီေရာင္အဆင့္ သတိေပးခ်က္ ထုတ္ျပန္ သင့္ေၾကာင္း ေပက်င္းၿမိဳ႕ေတာ္သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္း ကာကြယ္ေရး ဗ်ဴ႐ိုမွ အင္ဂ်င္နီယာခ်ဳပ္ ယုက်န္ဟြာ က ေျပာၾကား ထားသည္။

ေပက်င္းၿမိဳ႕တြင္ ေလထု ညစ္ညမ္းမႈ သတိေပးခ်က္ႏွင့္ ပတ္သက္၍ အေရာင္ ေလးေရာင္ ခဲြျခားသတ္မွတ္မႈ ကို ၂ဝ၁၃ ခုႏွစ္၌စတင္ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ၿပီး ပထမဆံုး အႀကိမ္ အနီေရာင္အဆင့္ သတိေပးမႈကို ဒီဇင္ဘာ ၇ ရက္တြင္ ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ ေလထု ညစ္ညမ္းမႈမ်ား ျမင့္တက္ လာျခင္းေၾကာင့္ ကေနဒါႏုိင္ငံမွ စြန္႔ဦးတီထြင္ ကုမၸဏီ တစ္ခုသည္ ေတာင္တန္းေဒသ မ်ားမွ သန္႔ရွင္း လတ္ဆတ္ေသာ ေလမ်ားကို ဘူးအတြင္း ထည့္သြင္းကာ တ႐ုတ္ႏုိင္ငံသို႔ ေရာင္းခ်မႈအား ၿပီးခဲ့သည့္ ႏွစ္လခန္႔က စတင္ခဲ့ျခင္း ျဖစ္သည္။

ယင္း ကေနဒါ ကုမၸဏီသည္ ၇ ဒသမ ၇ လီတာပါရွိ ေလသန္႔ဘူး တစ္ဘူးလွ်င္ ယြမ္ ၁ဝဝ ႏႈန္းျဖင့္ ေရာင္းခ်ေနျခင္း ျဖစ္ၿပီး တ႐ုတ္ႏုိင္ငံမွ ျဖန္႔ခ်ိ ေရာင္းခ်သည့္ သတၱဳဆား သို႔မဟုတ္ ဓာတ္ေငြ႕ ေပ်ာ္ဝင္ေနသည့္ စမ္းေရဘူးမ်ား၏ ေစ်းႏႈန္းထက္ အဆ ၅ဝ ပိုမို ေစ်းႀကီးေၾကာင္း သိရသည္။


(Pyi Chit Thar)

http://www.pyichitthar.com/
....................



ကနေဒါနိုင်ငံ တောင်တန်းဒေသ များမှ ထွက်ရှိသည့် လေသန့်ဘူးများကို ဝယ်ယူရှူ နေ ရသော ပေကျင်းမြို့တွင် လေထု ညစ်ညမ်းမှု ထပ်မံမြင့်တက်လ ာခြင်းကြောင့် ဒီဇင်ဘာ ၁၈ ရက် နံနက်တွင် ဒုတိယအကြိမ် အနီရောင်အဆင့် သတိပေးချက်ကို တာဝန်ရှိသူ များက ထုတ်ပြန် ခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။

ပထမအကြိမ် သတိပေးချက်ကို ပြီးခဲ့သည့် ရက်သတ္တပတ် က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး လေးရက် ကြာမြင့်မည့် ယခု ဒုတိယအကြိမ် သတိပေးချက် သည် ဒီဇင်ဘာ ၁၉ ရက် နံနက်မှစတင် အသက်ဝင်မည် ဖြစ်သည်။

ပေကျင်းမြို့တွင် လက်ရှိဖြစ်ပေါ် နေသည့် လေထု ညစ်ညမ်းမှု အခြေအနေများ အရ တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ခန့် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန် သင့်ကြောင်း ပေကျင်းမြို့တော်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး ဗျူရိုမှ အင်ဂျင်နီယာချုပ် ယုကျန်ဟွာ က ပြောကြား ထားသည်။

ပေကျင်းမြို့တွင် လေထု ညစ်ညမ်းမှု သတိပေးချက်နှင့် ပတ်သက်၍ အရောင် လေးရောင် ခွဲခြားသတ်မှတ်မှု ကို ၂ဝ၁၃ ခုနှစ်၌စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ပထမဆုံး အကြိမ် အနီရောင်အဆင့် သတိပေးမှုကို ဒီဇင်ဘာ ရ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လေထု ညစ်ညမ်းမှုများ မြင့်တက် လာခြင်းကြောင့် ကနေဒါနိုင်ငံမှ စွန့်ဦးတီထွင် ကုမ္ပဏီ တစ်ခုသည် တောင်တန်းဒေသ များမှ သန့်ရှင်း လတ်ဆတ်သော လေများကို ဘူးအတွင်း ထည့်သွင်းကာ တရုတ်နိုင်ငံသို့ ရောင်းချမှုအား ပြီးခဲ့သည့် နှစ်လခန့်က စတင်ခဲ့ခြင်း ဖြစ်သည်။

ယင်း ကနေဒါ ကုမ္ပဏီသည် ရ ဒသမ ရ လီတာပါရှိ လေသန့်ဘူး တစ်ဘူးလျှင် ယွမ် ၁ဝဝ နှုန်းဖြင့် ရောင်းချနေခြင်း ဖြစ်ပြီး တရုတ်နိုင်ငံမှ ဖြန့်ချိ ရောင်းချသည့် သတ္တုဆား သို့မဟုတ် ဓာတ်ငွေ့ ပျော်ဝင်နေသည့် စမ်းရေဘူးများ၏ စျေးနှုန်းထက် အဆ ၅ဝ ပိုမို စျေးကြီးကြောင်း သိရသည်။


(Pyi Chit Thar)

http://www.pyichitthar.com/

No comments:

Post a Comment