Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 23, 2015

အက်ဥ္းေထာင္နဲ႔ ေက်ာင္းသား အ၀င္အထြက္

တကသေက်ာင္းသားေတြကို ဒီဇင္ဘာလ ၂၂ ရက္ေန႔က ပန္းဘဲတန္းၿမိဳ႕နယ္ တရားရံုးမွာ ရံုးထုတ္လာစဥ္
Photo: Aung Thain Kha/RFA

အမ်ဳိးသားပညာေရးဥပေဒကို ကန္႔ကြက္ဆႏၵျပခဲ့တဲ့ ရတနာပံုေက်ာင္းသားမ်ားသမဂၢ အဖြဲ႕ဝင္ေတြ ျဖစ္ၾကတဲ့ ကိုေအာင္ဆန္းဦး၊ ကိုဂ်စ္တူးနဲ႔ ကိုဥာဏ္လင္းထက္တို႔ ဒီကေန႔ မႏၱေလးၿမိဳ႕ အိုးဘို အက်ဥ္းေထာင္ကေန ျပန္လည္ လြတ္ေျမာက္လာၾကပါတယ္။

အိုးဘိုေထာင္ထဲမွာ ၅ လ ေက်ာ္ၾကာေနထိုင္ခဲ့ရေၾကာင္း ရတနာပံု တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ဒု-ဥကၠဌ ကိုေအာင္ဆန္းဦး က ေျပာပါ တယ္။

"ေထာင္ထဲမွာ က်ေနာ္တို႔ အေရးႀကီးတဲ့ေန႔ေတြမွာ သတင္းေတြ အျဖတ္ခံရတယ္၊ ဥပမာ ေရြးေကာက္ပြဲ ေၾကညာ တဲ့ေန႔ေတြမွာ ရလဒ္ေတြကို သတင္းျဖတ္ခံရတယ္၊ NCA လက္မွတ္ထိုးတဲ့အခ်ိန္မွာ ေထာင္ထဲမွာ သတင္းစာေတြ သြင္းလို႔မရဘူး၊ ေနာက္တစ္ခုက အက်ဥ္းေထာင္ လက္စြဲဥပေဒကို က်ေနာ္တို႔ဖတ္ခြင့္မရဘူး၊ က်ေနာ္တို႔က ဘာလို႔ဖတ္ခြင့္မရဘူးလဲေမးေတာ့ ေထာင္ထဲမွာ မင္းတို႔အက်ဥ္းသားျဖစ္သြားရင္ လူ႔အခြင့္အေရးဆိုတာ မရွိေတာ့ဘူးလို႔ အေျပာခံရတယ္"

ၿပီးခဲ့တ့ဲ ဇြန္လ ၂၆ရက္ေန႔က ကိုေအာင္ဆန္းဦး၊ ကိုဂ်စ္တူး၊ ကိုဥာဏ္လင္းထက္နဲ႔ ကိုႏိုင္ရဲေဝတို႔ဟာ ရတနာပံုတကၠသိုလ္ မုခ္ဦးေရွ႕မွာ အမ်ဳိးသားပညာေရးဥပေဒကို ကန္႔ကြက္ေၾကာင္း ဆႏၵျပခဲ့ၾကၿပီး "စစ္တစ္ပိုုင္းအစိုးရ က်ဆံုးပါေစ" ဆုိတဲ့ စာသားကို ေဆးမႈတ္ၿပီး ေရးသားခဲ့ၾကလို႔ ဖမ္းဆီးခံခဲ့ရတာ ျဖစ္ပါတယ္။

ဒီေန႔ ကိုေအာင္ဆန္းဦး၊ ကိုဂ်စ္တူးနဲ႔ ကိုဥာဏ္လင္းထက္တို႔ ၃ ဦး ျပန္လည္လြတ္ေျမာက္လာတာ ျဖစ္ၿပီး ကိုႏိုင္ရဲေ၀ ကေတာ့ ပုဒ္မ ၁၈ နဲ႔ ေထာင္ဒဏ္ ၃ လ ျပစ္ဒဏ္က်န္ေနေသးတာေၾကာင့္ မလြတ္ေျမာက္ေသးဘူးလို႔ သိရပါတယ္။

အခုလို ေက်ာင္းသား၃ ဦး ျပန္လြတ္လာေပမဲ့၊ ေနာက္ထပ္ ေက်ာင္းသား ၃ ေယာက္ တရားစြဲခံခဲ့ရပါတယ္။

၂၀၁၄ ခုႏွစ္အတြင္း အမ်ိဳးသားပညာေရး ဥပေဒ ကန္႔ကြက္ ဆႏၵျပပြဲေတြကို ဦးေဆာင္ခဲ့တဲ့ တကသအဖြဲ႔ဝင္ ကိုစည္သူေမာင္၊ ကိုနန္းလင္းနဲ႔ ကိုမင္းသုခတို႔ ၃ ေယာက္ကို ပုဒ္မ ၁၈ နဲ႔ တရားစြဲဆိုလိုက္ပါတယ္။ ဒီဇင္ဘာလ ၁၅ ရက္ေန႔က အုဒ္မ ၅၀၅ (ခ) နဲ႕ ဖမ္းဆီးခံခဲ့ရတဲ့ တကသ ေခါင္းေဆာင္ ကိုနန္းလင္းကို ရံုးထုတ္စဥ္မွာ ဒဂံုအေရွ႕ပိုင္းၿမိဳ႕နယ္ရဲမွဴးက လာေရာက္ အေၾကာင္းၾကားသြားတာျဖစ္တယ္လို႔ တရားစြဲခံရတဲ့ ကိုစည္သူေမာင္ က ေျပာပါတယ္။

"ဒဂံုအေရွ႕ပိုင္းၿမိဳ႕နယ္ ရဲမွဴးကေနၿပီးေတာ့ ပန္းဘဲတန္း တရားရံုးကိုလာၿပီးေတာ့ ဒဂုံတကၠသိုလ္ ပါေမာကၡခ်ဳပ္ ဦးလွေဌးရဲ႕ ခြင့္ျပဳခ်က္နဲ႔ ပုဒ္မ ၁၈ ဒီဆႏၵျပပြဲကို ဦးေဆာင္ခဲ့တဲ့ က်ေနာ္ရယ္၊ ကိုနန္းလင္းနဲ႔ ကိုမင္းသုခရယ္ ၃ ေယာက္ကို တရားစြဲရတဲ့အေၾကာင္း လာေျပာတယ္၊ သူတို႔တရားရံုးတင္ၿပီးသြားရင္ ရံုးေရွ႕ကိုဆင့္ေခၚစာ သူတို႔ပို႔မယ္၊ က်ေနာ္တို႔အေနနဲ႔ ဒဂံုၿမိဳ႕သစ္အေရွ႕ပိုင္းကို လာၿပီးဆင့္ေခၚမယ္ဆိုရင္ေတာ့ သြားဖို႔မရွိဘူး၊ ပုဒ္မ ၁၈ နဲ႔ ပတ္သက္ၿပီး အရင္ကတည္းက ဒါဟာ ဒီမိုကေရစီနစ္နဲ႔ မကိုက္ညီတဲ့ ပုဒ္မတစ္ခုျဖစ္တယ္ဆိုတာ ကန္႔ကြက္ထားၿပီးျဖစ္တယ္"

ႏိုင္ငံသားတိုင္း ၿငိမ္းခ်မ္းစြာစုေဝးခြင့္၊ စီတန္းလွည့္လည္ခြင့္ရွိေၾကာင္း ျပဌာန္းထားတဲ့အတြက္ သြားေရာက္ တရားရင္ဆိုင္မွာ မဟုတ္ေၾကာင္း ကိုစည္သူေမာင္ကေျပာပါတယ္။

ျပန္လည္လြတ္ေျမာက္လာတဲ့ ရတနာပံုေက်ာင္းသားမ်ားသမဂၢ ဒုဥကၠဌ ကိုေအာင္ဆန္းဦးကို RFA သတင္းေထာက္ မမိုးကလ်ာဦးက ဆက္သြယ္ေမးျမန္းထားပါတယ္။

RFA Burmese
http://www.rfa.org/burmese
......................
 တကသကျောင်းသားတွေကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ်
Photo: Aung Thain Kha/RFA

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ရတနာပုံကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနဲ့ ကိုဉာဏ်လင်းထက်တို့ ဒီကနေ့ မန္တလေးမြို့ အိုးဘို အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာကြပါတယ်။

အိုးဘိုထောင်ထဲမှာ ၅ လ ကျော်ကြာနေထိုင်ခဲ့ရကြောင်း ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒု-ဥက္ကဌ ကိုအောင်ဆန်းဦး က ပြောပါ တယ်။

"ထောင်ထဲမှာ ကျနော်တို့ အရေးကြီးတဲ့နေ့တွေမှာ သတင်းတွေ အဖြတ်ခံရတယ်၊ ဥပမာ ရွေးကောက်ပွဲ ကြေညာ တဲ့နေ့တွေမှာ ရလဒ်တွေကို သတင်းဖြတ်ခံရတယ်၊ NCA လက်မှတ်ထိုးတဲ့အချိန်မှာ ထောင်ထဲမှာ သတင်းစာတွေ သွင်းလို့မရဘူး၊ နောက်တစ်ခုက အကျဉ်းထောင် လက်စွဲဥပဒေကို ကျနော်တို့ဖတ်ခွင့်မရဘူး၊ ကျနော်တို့က ဘာလို့ဖတ်ခွင့်မရဘူးလဲမေးတော့ ထောင်ထဲမှာ မင်းတို့အကျဉ်းသားဖြစ်သွားရင် လူ့အခွင့်အရေးဆိုတာ မရှိတော့ဘူးလို့ အပြောခံရတယ်"

ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်နေ့က ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူး၊ ကိုဉာဏ်လင်းထက်နဲ့ ကိုနိုင်ရဲဝေတို့ဟာ ရတနာပုံတက္ကသိုလ် မုခ်ဦးရှေ့မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပြီး "စစ်တစ်ပိုုင်းအစိုးရ ကျဆုံးပါစေ" ဆိုတဲ့ စာသားကို ဆေးမှုတ်ပြီး ရေးသားခဲ့ကြလို့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနဲ့ ကိုဉာဏ်လင်းထက်တို့ ၃ ဦး ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပြီး ကိုနိုင်ရဲဝေ ကတော့ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ပြစ်ဒဏ်ကျန်နေသေးတာကြောင့် မလွတ်မြောက်သေးဘူးလို့ သိရပါတယ်။

အခုလို ကျောင်းသား၃ ဦး ပြန်လွတ်လာပေမဲ့၊ နောက်ထပ် ကျောင်းသား ၃ ယောက် တရားစွဲခံခဲ့ရပါတယ်။

၂၀၁၄ ခုနှစ်အတွင်း အမျိုးသားပညာရေး ဥပဒေ ကန့်ကွက် ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ တကသအဖွဲ့ဝင် ကိုစည်သူမောင်၊ ကိုနန်းလင်းနဲ့ ကိုမင်းသုခတို့ ၃ ယောက်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့က အုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ တကသ ခေါင်းဆောင် ကိုနန်းလင်းကို ရုံးထုတ်စဉ်မှာ ဒဂုံအရှေ့ပိုင်းမြို့နယ်ရဲမှူးက လာရောက် အကြောင်းကြားသွားတာဖြစ်တယ်လို့ တရားစွဲခံရတဲ့ ကိုစည်သူမောင် က ပြောပါတယ်။

"ဒဂုံအရှေ့ပိုင်းမြို့နယ် ရဲမှူးကနေပြီးတော့ ပန်းဘဲတန်း တရားရုံးကိုလာပြီးတော့ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဦးလှဌေးရဲ့ ခွင့်ပြုချက်နဲ့ ပုဒ်မ ၁၈ ဒီဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကျနော်ရယ်၊ ကိုနန်းလင်းနဲ့ ကိုမင်းသုခရယ် ၃ ယောက်ကို တရားစွဲရတဲ့အကြောင်း လာပြောတယ်၊ သူတို့တရားရုံးတင်ပြီးသွားရင် ရုံးရှေ့ကိုဆင့်ခေါ်စာ သူတို့ပို့မယ်၊ ကျနော်တို့အနေနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းကို လာပြီးဆင့်ခေါ်မယ်ဆိုရင်တော့ သွားဖို့မရှိဘူး၊ ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီး အရင်ကတည်းက ဒါဟာ ဒီမိုကရေစီနစ်နဲ့ မကိုက်ညီတဲ့ ပုဒ်မတစ်ခုဖြစ်တယ်ဆိုတာ ကန့်ကွက်ထားပြီးဖြစ်တယ်"

နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ရှိကြောင်း ပြဌာန်းထားတဲ့အတွက် သွားရောက် တရားရင်ဆိုင်မှာ မဟုတ်ကြောင်း ကိုစည်သူမောင်ကပြောပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ရတနာပုံကျောင်းသားများသမဂ္ဂ ဒုဥက္ကဌ ကိုအောင်ဆန်းဦးကို RFA သတင်းထောက် မမိုးကလျာဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment