CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, December 20, 2015
၂၀၁၅ မယ္စၾက၀ဠာ ဆန္ခါတင္ေရြးခ်ယ္ပဲြ ယေန႔က်င္းပမည္
၂ဝ၁၅ မယ္စၾကဝဠာၿပိဳင္ပြဲႀကီးကို ေနာက္ဆံုးဆန္ခါတင္အျဖစ္ အေမရိကန္ႏိုင္ငံ လာ့စ္ဗီးဂတ္စ္ၿမိဳ႕ရွိ Planet Hollywood Resort & Casion ၌ ဒီဇင္ဘာ ၂ဝ ရက္ (ယေန႔)တြင္ က်င္းပေတာ့မည္ျဖစ္ သည္။
အဆိုပါၿပိဳင္ပြဲႀကီးတြင္ ျမန္မာႏိုင္ငံကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္လ်က္ ရွိေသာ ေမဘရဏီေသာ္သည္The Great Pageant Community အဖြဲ႕အစည္းမွ ေရြးခ်ယ္ေသာ အေကာင္းဆံုးညေနခင္းဝတ္စံု ၁ဝ ခုစာရင္း တြင္ နံပါတ္(၁)ခ်ိတ္ခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံမွ တတိယအႀကိမ္ေျမာက္ ႏိုင္ငံကိုယ္စားျပဳသြားေရာက္ ယွဥ္ၿပိဳင္ေသာ အလွမယ္ ေမဘရဏီေသာ္သည္ ဒီဇင္ဘာ ၁၆ ရက္က အေမရိကန္ႏိုင္ငံ လာ့စ္ဗီးဂတ္စ္ၿမိဳ႕ ၌ ၂ဝ၁၅ ခုႏွစ္ မယ္စၾကဝဠာၿပိဳင္ပြဲ၏ ပြဲႀကိဳအျဖစ္ ႀကိဳတင္က်င္းပေသာပြဲတြင္ အေမရိကန္ႏိုင္ငံ၏ အဖြဲ႕အစည္းတစ္ခုျဖစ္ေသာ www.thegeratpageant community.com က အလွပဆုံးဝတ္စုံပိုင္ရွင္အျဖစ္ သတ္မွတ္ဂုဏ္ျပဳခ်ီးက်ဴး ခဲ့ေၾကာင္း သိရသည္။
ၿပိဳင္ပြဲတြင္ ႏိုင္ငံေပါင္း ၈ဝ ေက်ာ္မွ ကမၻာ့အလွမယ္မ်ားၾကားတြင္ ျမန္မာ အလွမယ္ ေမဘရဏီေသာ္၏ ညေနခင္းဝတ္စုံသည္ ႐ိုး႐ိုးယဥ္ယဥ္ျဖင့္ ထင္ဟပ္ ေပၚလြင္ေစၿပီး ပရိသတ္မ်ား၏ စိတ္ဝင္စားမႈခံခဲ့ရေၾကာင္း အဆိုပါဝက္ဆိုက္ က ေဖာ္ညႊန္းဂုဏ္ျပဳခ်ီးက်ဴးထားသည္။
''ျမန္မာအလွမယ္ ေမဘရဏီေသာ္အေနနဲ႔ ပြဲႀကိဳအျဖစ္ႀကိဳတင္အစမ္း ေလ့က်င့္တဲ့ေန႔ စင္ေပၚမွာ လမ္းေလွ်ာက္ရင္း အနည္းငယ္ယိမ္းယိုင္သြား ေပမယ့္ ပရိသတ္ရဲ႕အားေပးမႈကို ေတာ္ေတာ္ေလး ရလိုက္ပါတယ္။ အထူး သျဖင့္ သူ႔ရဲ႕ညေနခင္းဝတ္စုံကို ေတာ္ေတာ္ေလးပရိသတ္မ်ားက စိတ္ဝင္ တစားရွိ ၾကတယ္လို႔သိရတယ္။ ခုလည္း အဲဒီကနာမည္ႀကီး ဝက္ဆိုက္တစ္ခု က ခ်ီးက်ဴးဂုဏ္ျပဳထားပါတယ္။ သူတို႔ဝက္ဆိုက္မွာလည္း ေမဘရဏီေသာ္ရဲ႕ ဝတ္စုံနဲ႔ပတ္သက္လို႔ တင္ထားပါတယ္။ ဒါက Miss Universe အဖြဲ႕က ေပးတာမဟုတ္ပါဘူး။ တခ်ိဳ႕က အဲဒီလိုထင္ၾကတာပါ။ ၿပိဳင္ပြဲႀကီးက ဒီဇင္ဘာ ၂ဝ ရက္ညမွ စမွာျဖစ္ပါတယ္''ဟု Miss Universe Myanmar Organiza-tion မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ယခုျမန္မာႏိုင္ငံကိုယ္စားျပဳ သြားေရာက္ယွဥ္ၿပိဳင္သည့္ အလွမယ္ ေမဘရဏီေသာ္သည္ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၃ ရက္တြင္Miss Universe Myanmar Organiza-tion က ႀကီးမွဴးက်င္းပေသာ Miss Universe Myanmar 2015 ၿပိဳင္ပြဲ၏ ေနာက္ဆုံးေရြးခ်ယ္မႈတြင္ winner ဆုကို ရရွိခဲ့ၿပီး ယခုကဲ့သို႔ ႏိုင္ငံကိုယ္စားျပဳအေနျဖင့္ တတိယအႀကိမ္ေျမာက္ သြားေရာက္ ယွဥ္ၿပိဳင္ျခင္းျဖစ္သည္။ သူသည္ အသက္ ၂၅ ႏွစ္ရွိၿပီး ဝိဇၨာ(သမိုင္း)ႏွင့္ ဘြဲ႕ရထားကာ LCCI Level I, II (U.K) တက္ေရာက္ေအာင္ျမင္ထားၿပီး အဂၤလိပ္၊ ဂ်ပန္ဘာသာစကားမ်ားကိုလည္း တတ္ကြၽမ္းထားသူျဖစ္သည္။
ယေန႔ယွဥ္ၿပိဳင္မည့္ ၂ဝ၁၅ ခုႏွစ္ မယ္စၾကဝဠာၿပိဳင္ပြဲႀကီးအတြက္ ႀကိဳတင္ ျပင္ဆင္မႈမ်ားအေနျဖင့္ ႏိုဝင္ဘာလတြင္းက ထိုင္းႏိုင္ငံ ဗန္ေကာက္ၿမိဳ႕တြင္ ၿပိဳင္ပြဲအတြက္ မိတ္ကပ္ျပင္ဆင္မႈကအစ လိုအပ္သည္မ်ားကို သြားေရာက္ သင္ၾကားခဲ့ၿပီး သူသြားေရာက္ယွဥ္ၿပိဳင္ရန္အတြက္ National Costume ႏွင့္ ယခုနာမည္ႀကီးခ်ီးက်ဴးခံရေသာ ညေနခင္းဝတ္စုံမ်ားကို ဒီဇိုင္နာ မင္းသက္စံ၊ ျမန္မာဝတ္စုံမ်ားကို ဒီဇိုင္နာ ၿငိမ္းကိုႏွင့္ Casual Wear မ်ားကို ရႊန္းလတ္ပိုင္ တို႔က ကူညီခ်ဳပ္လုပ္ေပးခဲ့ ေၾကာင္း သိရသည္။
(ျမန္မာ့အလင္း)
https://www.facebook.com/MYANMAALINNNEWS
.................
၂ဝ၁၅ မယ်စကြဝဠာပြိုင်ပွဲကြီးကို နောက်ဆုံးဆန်ခါတင်အဖြစ် အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့ရှိ Planet Hollywood Resort & Casion ၌ ဒီဇင်ဘာ ၂ဝ ရက် (ယနေ့)တွင် ကျင်းပတော့မည်ဖြစ် သည်။
အဆိုပါပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသော မေဘရဏီသော်သည်The Great Pageant Community အဖွဲ့အစည်းမှ ရွေးချယ်သော အကောင်းဆုံးညနေခင်းဝတ်စုံ ၁ဝ ခုစာရင်း တွင် နံပါတ်(၁)ချိတ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ တတိယအကြိမ်မြောက် နိုင်ငံကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်သော အလှမယ် မေဘရဏီသော်သည် ဒီဇင်ဘာ ၁၆ ရက်က အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့ ၌ ၂ဝ၁၅ ခုနှစ် မယ်စကြဝဠာပြိုင်ပွဲ၏ ပွဲကြိုအဖြစ် ကြိုတင်ကျင်းပသောပွဲတွင် အမေရိကန်နိုင်ငံ၏ အဖွဲ့အစည်းတစ်ခုဖြစ်သော www.thegeratpageant community.com က အလှပဆုံးဝတ်စုံပိုင်ရှင်အဖြစ် သတ်မှတ်ဂုဏ်ပြုချီးကျူး ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၈ဝ ကျော်မှ ကမ္ဘာ့အလှမယ်များကြားတွင် မြန်မာ အလှမယ် မေဘရဏီသော်၏ ညနေခင်းဝတ်စုံသည် ရိုးရိုးယဉ်ယဉ်ဖြင့် ထင်ဟပ် ပေါ်လွင်စေပြီး ပရိသတ်များ၏ စိတ်ဝင်စားမှုခံခဲ့ရကြောင်း အဆိုပါဝက်ဆိုက် က ဖော်ညွှန်းဂုဏ်ပြုချီးကျူးထားသည်။
''မြန်မာအလှမယ် မေဘရဏီသော်အနေနဲ့ ပွဲကြိုအဖြစ်ကြိုတင်အစမ်း လေ့ကျင့်တဲ့နေ့ စင်ပေါ်မှာ လမ်းလျှောက်ရင်း အနည်းငယ်ယိမ်းယိုင်သွား ပေမယ့် ပရိသတ်ရဲ့အားပေးမှုကို တော်တော်လေး ရလိုက်ပါတယ်။ အထူး သဖြင့် သူ့ရဲ့ညနေခင်းဝတ်စုံကို တော်တော်လေးပရိသတ်များက စိတ်ဝင် တစားရှိ ကြတယ်လို့သိရတယ်။ ခုလည်း အဲဒီကနာမည်ကြီး ဝက်ဆိုက်တစ်ခု က ချီးကျူးဂုဏ်ပြုထားပါတယ်။ သူတို့ဝက်ဆိုက်မှာလည်း မေဘရဏီသော်ရဲ့ ဝတ်စုံနဲ့ပတ်သက်လို့ တင်ထားပါတယ်။ ဒါက Miss Universe အဖွဲ့က ပေးတာမဟုတ်ပါဘူး။ တချို့က အဲဒီလိုထင်ကြတာပါ။ ပြိုင်ပွဲကြီးက ဒီဇင်ဘာ ၂ဝ ရက်ညမှ စမှာဖြစ်ပါတယ်''ဟု Miss Universe Myanmar Organiza-tion မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုမြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်သည့် အလှမယ် မေဘရဏီသော်သည် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်တွင်Miss Universe Myanmar Organiza-tion က ကြီးမှူးကျင်းပသော Miss Universe Myanmar 2015 ပြိုင်ပွဲ၏ နောက်ဆုံးရွေးချယ်မှုတွင် winner ဆုကို ရရှိခဲ့ပြီး ယခုကဲ့သို့ နိုင်ငံကိုယ်စားပြုအနေဖြင့် တတိယအကြိမ်မြောက် သွားရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ သူသည် အသက် ၂၅ နှစ်ရှိပြီး ဝိဇ္ဇာ(သမိုင်း)နှင့် ဘွဲ့ရထားကာ LCCI Level I, II (U.K) တက်ရောက်အောင်မြင်ထားပြီး အင်္ဂလိပ်၊ ဂျပန်ဘာသာစကားများကိုလည်း တတ်ကျွမ်းထားသူဖြစ်သည်။
ယနေ့ယှဉ်ပြိုင်မည့် ၂ဝ၁၅ ခုနှစ် မယ်စကြဝဠာပြိုင်ပွဲကြီးအတွက် ကြိုတင် ပြင်ဆင်မှုများအနေဖြင့် နိုဝင်ဘာလတွင်းက ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ပြိုင်ပွဲအတွက် မိတ်ကပ်ပြင်ဆင်မှုကအစ လိုအပ်သည်များကို သွားရောက် သင်ကြားခဲ့ပြီး သူသွားရောက်ယှဉ်ပြိုင်ရန်အတွက် National Costume နှင့် ယခုနာမည်ကြီးချီးကျူးခံရသော ညနေခင်းဝတ်စုံများကို ဒီဇိုင်နာ မင်းသက်စံ၊ မြန်မာဝတ်စုံများကို ဒီဇိုင်နာ ငြိမ်းကိုနှင့် Casual Wear များကို ရွှန်းလတ်ပိုင် တို့က ကူညီချုပ်လုပ်ပေးခဲ့ ကြောင်း သိရသည်။
(မြန်မာ့အလင်း)
https://www.facebook.com/MYANMAALINNNEWS
၂၀၁၅ မယ္စၾက၀ဠာ ဆန္ခါတင္ေရြးခ်ယ္ပဲြ ယေန႔က်င္းပမည္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 20, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment