CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, December 16, 2015
၂၀၁၅ ႏိုင္ငံေရး ေအာင္ျမင္မႈေတြမွာ ျမန္မာပါ၀င္
ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ ဘန္ကီမြန္းဟာ ၂၀၁၅ ခုႏွစ္အတြက္ သတင္းစာရွင္းလင္းပြဲကို မေန႔က ျပဳလုပ္ခဲ့ရာမွာ ႏုိင္ငံတကာေရးရာနဲ႔ ပတ္သက္လို႔ အကဲစမ္းမႈေတြ၊ စုိးရိမ္မႈေတြ၊ ေအာင္ျမင္မႈေတြကို မီးေမာင္းထိုးျပခဲ့ရာမွာ ျမန္မာႏုိင္ငံမွာလည္း အစိုးရ၊ စစ္တပ္နဲ႔ ႏို၀င္ဘာ ေရြးေကာက္ပြဲမွာ အျပတ္အသတ္ အႏုိင္ရခဲ့တဲ့ NLD ေခါင္းေဆာ္င ေဒၚေအာင္ဆန္းစုၾကည္တုိ႔ၾကား တည္ၿငိမ္တဲ့ အာဏာလႊဲေျပာင္းေရးအတြက္ ေဆြးေႏြးမႈကို စတင္ေနတဲ့အေၾကာင္းအျပင္ ခြဲျခားဆက္ဆံခံေနရတဲ့ လူနည္းစုေတြအေရးလည္း ေဆာင္ရြက္ေပးဖို႔ တုိက္တြန္းေျပာၾကားသြားပါတယ္။ အေသးစိတ္ကို ေဒၚလွလွသန္းက တင္ျပထားပါတယ္။
၂၀၀၇ ခုကစလို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရာထူးကို စတင္ထမ္းေဆာင္ခဲ့တဲ့ မစၥတာ ဘန္ကီမြန္းက ကုလသမဂၢရဲ႕ ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္ကို ဆင္ႏႊဲခဲ့တဲ့ ၂၀၁၅ ႏွစ္ခ်ဳပ္အျဖစ္ ဗုဒၶဟူးေန႔က က်င္းပခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဒီႏွစ္အတြင္း ကုလသမဂၢအေနနဲ႔ ေအာင္ျမင္မႈေတြနဲ႔ အကဲစမ္းမႈေတြကို ရင္ဆုိင္ခဲ့ရတယ္လို႔ အခုလို ေျပာခဲ့ပါတယ္။
“ဒီႏွစ္ ၂၀၁၅ ခုႏွစ္ဟာ ေအာင္ျမင္မႈေတြလည္း ရွိခဲ့သလို ထိတ္လန္႔ တုန္လႈပ္စရာေတြနဲ႔လည္း ရင္ဆိုင္ရတဲ့ ႏွစ္ျဖစ္ပါတယ္။ ကုလသမဂၢအေနနဲ႔ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မယ့္ က်ယ္ျပန္႔တဲ့ ေလ့လာဆန္းစစ္မႈေတြ၊ ၿငိမ္းခ်မ္းေရးထိန္း လုပ္ငန္းစဥ္ေတြနဲ႔ အနာဂတ္မွာ ပါဝင္မယ့္ အခန္းက႑ေတြ အပါအဝင္ အဖြဲ႔စည္းႀကီးကို အားျဖည့္ဖုိ႔ ဆက္လက္ ေဆာင္ရြက္ေနပါတယ္။”
ႏုိင္ငံတကာမွာ ေအာင္ျမင္မႈေတြကို မီးေမာင္းထုိးျပခဲ့ရာမွာေတာ့ တိုးတက္မႈရရွိခဲ့တဲ့ ျမန္မာႏုိင္ငံ အေျခအေနကို အတြင္းေရးမႉးခ်ဳပ္က ေထာက္ျပခဲ့ပါတယ္။
“ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းစြာ အာဏာလႊဲေျပာင္းႏုိင္ေရးအတြက္ အစိုးရနဲ႔ စစ္တပ္တို႔ဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ပူးေပါင္းေဆာင္ရြက္ေနပါတယ္။ တခ်ိန္တည္းမွာပဲ ခြဲျခား ဆက္ဆံခံေနရတဲ့ တိုင္းရင္းသား အုပ္စုေတြကို အခုလို အသြင္ကူးေျပာင္းေရး ေဖာ္ေဆာင္မႈမွာ ပါဝင္လာေစဖုိ႔နဲ႔ အုပ္စုအားလံုး ပါဝင္တဲ့ အေခ်အတင္ ေဆြးေႏြးမႈ စတင္ႏိုင္ဖုိ႔ ဆက္လက္ ႀကိဳးပမ္းသြားဖို႔ လိုပါတယ္။ ဒီေဖာ္ေဆာင္မႈကို ကုလသမဂၢအျပင္ က်ေနာ္ကိုယ္တိုင္ကလည္း ႏွစ္ေပါင္းမ်ားစြာပဲ ေထာက္ခံ အားေပးလာခဲ့တာ ျဖစ္ပါတယ္။ က်ေနာ္တို႔ ဆက္လက္ၿပီးေတာ့လည္း အကူညီေတြ ပ့ံပိုးသြားမွာ ျဖစ္ပါတယ္။”
မစၥတာ ဘန္ကီမြန္းအေနနဲ႔ သူ႔ရဲ႕အတြင္းေရးမႉးခ်ဳပ္ သက္တမ္းအတြင္း ျမန္မာႏုိင္ငံကို နာဂစ္တိုက္ခိုက္စဥ္ ၂၀၀၈ ခုႏွစ္က တခါ သြားေရာက္ခဲ့ၿပီး ၂၀၁၂ ခုႏွစ္မွာ တခါ သြားေရာက္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ျမန္မာႏုိင္ငံအေရးနဲ႔ ပတ္သက္လို႔ ကူညီေဆာင္ရြက္ဖုိ႔ အထူးအႀကံေပးပုဂၢိဳလ္ မစၥတာ ဗြီေဂ် နမ္ဘီးယားကို ၂၀၁၀ က ခန္႔အပ္ခဲ့ၿပီး ျမန္မာႏုိင္ငံ အပစ္အခတ္ရပ္စဲေရးနဲ႔ ပတ္သက္လို႔ ေဆြးေႏြးပြဲေတြကို ေလ့လာသူအျဖစ္ တက္ေရာက္ေစခဲ့သလို၊ ရခိုင္ျပည္နယ္ရွိ ႐ိုဟင္ဂ်ာေတြအေရးနဲ႔ ကခ်င္ျပည္နယ္ ဒုကၡသည္အေရး စသည္တုိ႔မွာလည္း ပါ၀င္ ေဆာင္ရြက္ခဲ့ဖုိ႔ ျမန္မာႏုိင္ငံကို မၾကာခဏ ေစလႊတ္ခဲ့တာလည္း ျဖစ္ပါတယ္။
တခ်ိန္တည္းမွာပဲ ကုလသမဂၢအေနနဲ႔ ျမန္မာႏုိင္ငံဆုိင္ရာ လူ႔အခြင့္အေရးအေျခအေနနဲ႔ ပတ္သက္လို႔ လက္ရွိ အေထြေထြ ညီလာခံႀကီးရဲ႕ တတိယေကာ္မတီက ကန္႔ကြက္မဲမရွိဘဲ ႏုိ၀င္ဘာလ ၁၈ ရက္ေန႔က အဆိုျပဳခ်က္မူၾကမ္းကို အတည္ျပဳေပးခဲ့တာလည္း ျဖစ္ပါတယ္။ အဲဒီ အတည္ျပဳခဲ့တဲ့ မူၾကမ္းမွာ ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာ အျပတ္အသတ္ အႏုိင္ရရွိခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ၂၀၁၆ မွာ အစိုးရသစ္အျဖစ္ တက္လာေရးအတြက္ လက္ရွိ သမၼတ ဦးသိန္းစိန္အစိုးရအေနနဲ႔ ေခ်ာေမြ႔စြာ အာဏာလႊဲေျပာင္းေပးဖို႔အျပင္ လူ႔အခြင့္အေရးနဲ႔ အေျခခံ လြတ္လပ္ခြင့္ေတြအျပင္ တရားဥပေဒစိုးမိုးေရးကိုလည္း ေလးစားလုိက္နာဖုိ႔ တုိက္တြန္းထားတာ ေတြ႔ရပါတယ္။
ဒါ့အျပင္ ရခိုင္ျပည္နယ္ရွိ ႐ိုဟင္ဂ်ာေတြအေရးနဲ႔ တျခားကိုးကြယ္တဲ့ ဘာသာ၀င္ေတြအျပင္ တုိင္းရင္းသားလူနည္းစုေတြ ခြဲျခားဆက္ဆံ ခံေနရမႈအေပၚမွာလည္း အလြန္ စိုးရိမ္မကင္း ျဖစ္တဲ့အေၾကာင္း အဆိုျပဳခ်က္ မူၾကမ္းမွာ ေဖာ္ျပထားတာ ေတြ႔ရပါတယ္။ တခ်ိန္တည္းမွာပဲ တိုင္းရင္းသားလက္နက္ကိုင္ ၈ ဖြဲ႔နဲ႔ ျမန္မာအစိုးရၾကား အပစ္ရပ္ သေဘာတူညီမႈ ခ်ဳပ္ဆိုႏုိင္ခဲ့တာကုိ ႀကိဳဆုိလုိက္ေပမဲ့ အဲဒီကတဆင့္ တျခား လက္မွတ္ေရးထုိးထားျခင္း မရွိတဲ့ အဖြဲ႔ေတြနဲ႔လည္း ဆက္လက္ ေဆြးေႏြးသြားဖို႔ တိုက္တြန္းထားပါတယ္။ ျမန္မာႏုိင္ငံမွာ လူ႔အခြင့္အေရးဆုိင္ရာ မဟာမင္းႀကီး႐ံုး ဖြင့္ခြင့္ကိုလည္း အဆုိျပဳခ်က္မွာ တိုက္တြန္းထားသလို၊ ကုလသမဂၢအေနနဲ႔ ျမန္မာႏုိင္ငံမွာ ၂၀၁၆ အတြက္ ဆက္လက္ ကူညီေဆာင္ရြက္ရာမွာ ေဒၚလာ ၁ သန္းေက်ာ္ လ်ာထားဖို႔ကိုလည္း ေဖာ္ျပထားတာ ေတြ႔ရပါတယ္။ ဒီအဆိုျပဳခ်က္ကိုလည္း အခုလအတြင္း အေထြေထြ ညီလာခံႀကီးက အတည္ျပဳေပးရမွာ ျဖစ္ပါတယ္။
၂၀၀၇ ခုကစလို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရာထူးကို စတင္ ထမ္းေဆာင္ခဲ့သူ မစၥတာ ဘန္ကီမြန္းအေနနဲ႔ ဒီႏွစ္အတြင္း ကုလသမဂၢ က ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြကို ေထာက္ျပခဲ့ရာမွာ အေရးႀကီးဆံုးကေတာ့ ရာသီဥတုေျပာင္းလဲမႈနဲ႔ ပတ္သက္လုိ႔ ပဲရစ္မွာရရွိခဲ့တဲ့ ႏုိင္ငံတကာ သေဘာတူညီမႈပဲ ျဖစ္ပါတယ္။ ဒီႏွစ္အတြက္ ကမၻာႀကီးအေနနဲ႔ အဆိုးရြားဆံုး ရင္ဆုိင္ခဲ့ရတဲ့ အခ်က္ေတြအနက္ တခုကေတာ့ ဆီးရီးယားပဋိပကၡေၾကာင့္ ဒုကၡသည္ေတြ ဒီႏွစ္အတြင္း တုိးလာတဲ့ အေျခအေနေတြနဲ႔ IS, ဘိုကိုဟာရမ္း၊ အယ္ရွာဘတ္ အစရွိတဲ့ အၾကမ္းဖက္အုပ္စုေတြရဲ႕ ၿခိမ္းေျခာက္မႈေတြပင္ ျဖစ္ပါတယ္။
မစၥတာ ဘန္ကီမြန္းအေနနဲ႔ ၂၀၁၆ ႏွစ္ကုန္ပိုင္းမွာ ရာထူးသက္တမ္း ကုန္ဆံုးမွာ ျဖစ္တဲ့အတြက္ေၾကာင့္လည္း ၂၀၁၇ ခုႏွစ္က်ရင္ သူ႔ရဲ႕ေနရာမွာ အစားထုိး ခန္႔အပ္ႏုိင္ဖုိ႔အတြက္လည္း ကုလသမဂၢအေနနဲ႔ အရည္အခ်င္း ျပည့္မီသူေတြကို အဂၤါေန႔ကပဲ ေလွ်ာက္လႊာ စတင္ေခၚယူေနၿပီ ျဖစ္ပါတယ္။
ေဒၚလွလွသန္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.............
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ၂၀၁၅ ခုနှစ်အတွက် သတင်းစာရှင်းလင်းပွဲကို မနေ့က ပြုလုပ်ခဲ့ရာမှာ နိုင်ငံတကာရေးရာနဲ့ ပတ်သက်လို့ အကဲစမ်းမှုတွေ၊ စိုးရိမ်မှုတွေ၊ အောင်မြင်မှုတွေကို မီးမောင်းထိုးပြခဲ့ရာမှာ မြန်မာနိုင်ငံမှာလည်း အစိုးရ၊ စစ်တပ်နဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ခေါင်းဆော်င ဒေါ်အောင်ဆန်းစုကြည်တို့ကြား တည်ငြိမ်တဲ့ အာဏာလွှဲပြောင်းရေးအတွက် ဆွေးနွေးမှုကို စတင်နေတဲ့အကြောင်းအပြင် ခွဲခြားဆက်ဆံခံနေရတဲ့ လူနည်းစုတွေအရေးလည်း ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားသွားပါတယ်။ အသေးစိတ်ကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
၂၀၀၇ ခုကစလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရာထူးကို စတင်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ဘန်ကီမွန်းက ကုလသမဂ္ဂရဲ့ နှစ် ရ၀ ပြည့် အထိမ်းအမှတ်ကို ဆင်နွှဲခဲ့တဲ့ ၂၀၁၅ နှစ်ချုပ်အဖြစ် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီနှစ်အတွင်း ကုလသမဂ္ဂအနေနဲ့ အောင်မြင်မှုတွေနဲ့ အကဲစမ်းမှုတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ အခုလို ပြောခဲ့ပါတယ်။
“ဒီနှစ် ၂၀၁၅ ခုနှစ်ဟာ အောင်မြင်မှုတွေလည်း ရှိခဲ့သလို ထိတ်လန့် တုန်လှုပ်စရာတွေနဲ့လည်း ရင်ဆိုင်ရတဲ့ နှစ်ဖြစ်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မယ့် ကျယ်ပြန့်တဲ့ လေ့လာဆန်းစစ်မှုတွေ၊ ငြိမ်းချမ်းရေးထိန်း လုပ်ငန်းစဉ်တွေနဲ့ အနာဂတ်မှာ ပါဝင်မယ့် အခန်းကဏ္ဍတွေ အပါအဝင် အဖွဲ့စည်းကြီးကို အားဖြည့်ဖို့ ဆက်လက် ဆောင်ရွက်နေပါတယ်။”
နိုင်ငံတကာမှာ အောင်မြင်မှုတွေကို မီးမောင်းထိုးပြခဲ့ရာမှာတော့ တိုးတက်မှုရရှိခဲ့တဲ့ မြန်မာနိုင်ငံ အခြေအနေကို အတွင်းရေးမှူးချုပ်က ထောက်ပြခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ရေးအတွက် အစိုးရနဲ့ စစ်တပ်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ တချိန်တည်းမှာပဲ ခွဲခြား ဆက်ဆံခံနေရတဲ့ တိုင်းရင်းသား အုပ်စုတွေကို အခုလို အသွင်ကူးပြောင်းရေး ဖော်ဆောင်မှုမှာ ပါဝင်လာစေဖို့နဲ့ အုပ်စုအားလုံး ပါဝင်တဲ့ အချေအတင် ဆွေးနွေးမှု စတင်နိုင်ဖို့ ဆက်လက် ကြိုးပမ်းသွားဖို့ လိုပါတယ်။ ဒီဖော်ဆောင်မှုကို ကုလသမဂ္ဂအပြင် ကျနော်ကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာပဲ ထောက်ခံ အားပေးလာခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ ဆက်လက်ပြီးတော့လည်း အကူညီတွေ ပ့ံပိုးသွားမှာ ဖြစ်ပါတယ်။”
မစ္စတာ ဘန်ကီမွန်းအနေနဲ့ သူ့ရဲ့အတွင်းရေးမှူးချုပ် သက်တမ်းအတွင်း မြန်မာနိုင်ငံကို နာဂစ်တိုက်ခိုက်စဉ် ၂၀၀၈ ခုနှစ်က တခါ သွားရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ တခါ သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ကူညီဆောင်ရွက်ဖို့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗွီဂျေ နမ်ဘီးယားကို ၂၀၁၀ က ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတွေကို လေ့လာသူအဖြစ် တက်ရောက်စေခဲ့သလို၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေအရေးနဲ့ ကချင်ပြည်နယ် ဒုက္ခသည်အရေး စသည်တို့မှာလည်း ပါ၀င် ဆောင်ရွက်ခဲ့ဖို့ မြန်မာနိုင်ငံကို မကြာခဏ စေလွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ လက်ရှိ အထွေထွေ ညီလာခံကြီးရဲ့ တတိယကော်မတီက ကန့်ကွက်မဲမရှိဘဲ နို၀င်ဘာလ ၁၈ ရက်နေ့က အဆိုပြုချက်မူကြမ်းကို အတည်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီ အတည်ပြုခဲ့တဲ့ မူကြမ်းမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၆ မှာ အစိုးရသစ်အဖြစ် တက်လာရေးအတွက် လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့ ချောမွေ့စွာ အာဏာလွှဲပြောင်းပေးဖို့အပြင် လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေအပြင် တရားဥပဒေစိုးမိုးရေးကိုလည်း လေးစားလိုက်နာဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေအရေးနဲ့ တခြားကိုးကွယ်တဲ့ ဘာသာဝင်တွေအပြင် တိုင်းရင်းသားလူနည်းစုတွေ ခွဲခြားဆက်ဆံ ခံနေရမှုအပေါ်မှာလည်း အလွန် စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း အဆိုပြုချက် မူကြမ်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ မြန်မာအစိုးရကြား အပစ်ရပ် သဘောတူညီမှု ချုပ်ဆိုနိုင်ခဲ့တာကို ကြိုဆိုလိုက်ပေမဲ့ အဲဒီကတဆင့် တခြား လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ အဖွဲ့တွေနဲ့လည်း ဆက်လက် ဆွေးနွေးသွားဖို့ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ဖွင့်ခွင့်ကိုလည်း အဆိုပြုချက်မှာ တိုက်တွန်းထားသလို၊ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၁၆ အတွက် ဆက်လက် ကူညီဆောင်ရွက်ရာမှာ ဒေါ်လာ ၁ သန်းကျော် လျာထားဖို့ကိုလည်း ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီအဆိုပြုချက်ကိုလည်း အခုလအတွင်း အထွေထွေ ညီလာခံကြီးက အတည်ပြုပေးရမှာ ဖြစ်ပါတယ်။
၂၀၀၇ ခုကစလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရာထူးကို စတင် ထမ်းဆောင်ခဲ့သူ မစ္စတာ ဘန်ကီမွန်းအနေနဲ့ ဒီနှစ်အတွင်း ကုလသမဂ္ဂ က ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ထောက်ပြခဲ့ရာမှာ အရေးကြီးဆုံးကတော့ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်လို့ ပဲရစ်မှာရရှိခဲ့တဲ့ နိုင်ငံတကာ သဘောတူညီမှုပဲ ဖြစ်ပါတယ်။ ဒီနှစ်အတွက် ကမ္ဘာကြီးအနေနဲ့ အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရတဲ့ အချက်တွေအနက် တခုကတော့ ဆီးရီးယားပဋိပက္ခကြောင့် ဒုက္ခသည်တွေ ဒီနှစ်အတွင်း တိုးလာတဲ့ အခြေအနေတွေနဲ့ IS, ဘိုကိုဟာရမ်း၊ အယ်ရှာဘတ် အစရှိတဲ့ အကြမ်းဖက်အုပ်စုတွေရဲ့ ခြိမ်းခြောက်မှုတွေပင် ဖြစ်ပါတယ်။
မစ္စတာ ဘန်ကီမွန်းအနေနဲ့ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ ရာထူးသက်တမ်း ကုန်ဆုံးမှာ ဖြစ်တဲ့အတွက်ကြောင့်လည်း ၂၀၁၇ ခုနှစ်ကျရင် သူ့ရဲ့နေရာမှာ အစားထိုး ခန့်အပ်နိုင်ဖို့အတွက်လည်း ကုလသမဂ္ဂအနေနဲ့ အရည်အချင်း ပြည့်မီသူတွေကို အင်္ဂါနေ့ကပဲ လျှောက်လွှာ စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။
ဒေါ်လှလှသန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
၂၀၁၅ ႏိုင္ငံေရး ေအာင္ျမင္မႈေတြမွာ ျမန္မာပါ၀င္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 16, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment