Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 9, 2015

မြတ္စလင္မ်ားကို ႏိုင္ငံတြင္းသို႔ အ၀င္မခံရန္ ေျပာဆိုခဲ့မႈျဖင့္ ေဒၚနယ္ထရန္႔ ေ၀ဖန္ခံေနရ

ကမၻာ့သတင္း
ေအအက္ဖ္ပီ
၀ါရွင္တန္၊ ဒီဇင္ဘာ ၉ ။          ။ မြတ္ဆလင္မ်ားကို ႏိုင္ငံတြင္းသို႔ ၀င္ေရာက္ခြင့္ ပိတ္ပင္ရန္ ေျပာၾကားခ့ဲမႈေၾကာင့္ အေမရိကန္သမၼတေရြးေကာက္ပြဲ၀င္ ေဒၚနယ္ထရန္႔အေပၚ ေ၀ဖန္မႈမ်ား ျမင့္တက္ လာခဲ့သည္ဟု သတင္းမ်ားက ေဖာ္ျပသည္။ ထရန္႔သည္ ၄င္း၏ အေပါင္းပါ ရီပတ္ကလင္မ်ားအေပၚတြင္ပါ ဦးေဆာင္သြားရန္ သင့္ေတာ္မႈမရွိသူတစ္ဦးအျဖစ္ အိမ္ျဖဴေတာ္က ေျပာၾကားခဲ့သည္။

ႏိုင္ငံတြင္ ၿပီးခဲ့သည့္သီတင္းပတ္က မြတ္ဆလင္စံုတြဲတစ္တြဲ၏ ပစ္ခတ္မႈေၾကာင့္ လူ၁၄ ဦး ေသဆံုးခဲ့ရသည့္ ျဖစ္စဥ္ေနာက္ပိုင္း ရီပတ္ကလင္ သမၼတေလာင္းစာရင္းတြင္ ဦးေဆာင္ေနေသာ ထရန္႔က ေနာက္ဆံုးျပဳလုပ္ထားေသာ စည္းရံုးေရး ေျပာဆိုမႈမ်ားအတြင္း လူအမ်ားအမ်က္ထြက္စရာ မွတ္ခ်က္စကားမ်ားကို ေျပာၾကားခဲ႔သူျဖစ္သည္။

အဆိုပါပစ္ခတ္မႈသည္ အၾကမ္းဖက္မႈ လုပ္ရပ္တစ္ခုျဖစ္သည္ဟု သမၼတ ဘားရတ္အိုးမားက ဒီဇင္ဘာ ၆ ရက္တြင္ ဘဲဥပံုရံုးခန္းမွတဆင့္ ေျပာၾကားခဲ့ၿပီး ယင္းသည္ "အေမရိက ႏွင့္ အစၥလမ္အၾကား စစ္ပြဲတစ္ပြဲ" ေတာ့ မဟုတ္ဟု အေလးေပးေျပာၾကားခဲ့သည္။

ယင္းေနာက္ တစ္ရက္အၾကာတြင္ ေဒၚနယ္ထရန္႔က "လက္ရွိဘာေတြျဖစ္ေနလဲဆုိတာကို ကၽြန္ေတာ္တို႔ႏိုင္ငံက အေျဖမထုတ္ႏိုင္သေရြ႕ မြတ္စလင္ေတြကုိ ႏိုင္ငံတြင္းသို႔ ၀င္ေရာက္ျခင္းမွ လံု႔၀ ပိတ္ပင္ထားရန္" ဟု တုိက္တြန္းလိုက္ျခင္းလည္းျဖစ္သည္။ အဆုိပါ ေျပာၾကားမႈမ်ားအေပၚ ေ၀ဖန္သူမ်ားက အျပင္းအထန္ အျပစ္ဖို႔ခဲ့ၿပီး ၄င္းအားလည္း သမၼတေရြးေကာက္ပြဲယွဥ္ၿပိဳင္ေနျခင္းမွ ပိတ္ပင္တားဆီးရန္လည္းေတာင္းဆိုမႈမ်ား ရွိလာသည္။

ထရန္႔၏ ေျပာစကားမ်ားႏွင့္ ပတ္သက္၍ အိမ္ျဖဴေတာ္ အပါအ၀င္ လန္ဒန္၊ ကုိင္ရုိတို႔ကပါ ေ၀ဖန္ျပစ္တင္ခ့ဲၾကၿပီး အီဂ်စ္၏ ဘာသာေရး အဖြဲ႕အစည္းတစ္ခုကလည္း ယင္းမွတ္ခ်က္မ်ားသည္ အစြန္းေရာက္ေနသည္ဟု ျပစ္တင္ခဲ့သည္။ သို႔ေသာ္ အသက္ ၆၉ ႏွစ္ရွိၿပီျုဖစ္ေသာ အိမ္ၿခံေျမလုပ္ငန္းရွင္ ဘီလ်ံနာ ထရန္႔အတြက္မူ ယင္းေျပာၾကားမႈမ်ားအတြက္ ေနာင္တရဟန္မရွိေသးေပ။

ထရန္႔၏ ေတာင္းဆိုမႈမ်ားသည္ ဖြဲ႕စည္းပံုဥပေဒႏွင့္ ကိုက္ညီျခင္းမရွိေၾကာင္းႏွင့္ ယင္းအတြက္ ထရန္႔၏ အေပါင္းပါ ရီပတ္ကလင္မ်ား၏ ျပစ္တင္ရံႈ႕ခ်ခံရရန္ လုပ္ေဆာင္လုိက္သကဲ့သို႔ ျဖစ္ေၾကာင္း အိမ္ျဖဴေတာ္ ေျပာေရးဆုိခြင့္ရွိသူ ဂ်ဳိ႕စ္ အားနက္စ္ က ေျပာၾကားလုိိက္သည္။

- See more at: http://mizzimaburmese.com/article/8340#sthash.EjUDsD2K.2ryFfl0A.dpuf
.........................
မွတ်စလင်များကို နိုင်ငံတွင်းသို့ အဝင်မခံရန် ပြောဆိုခဲ့မှုဖြင့် ဒေါ်နယ်ထရန့် ဝေဖန်ခံနေရ
ကမ္ဘာ့သတင်း
အေအက်ဖ်ပီ
၀ါရှင်တန်၊ ဒီဇင်ဘာ ၉ ။          ။ မွတ်ဆလင်များကို နိုင်ငံတွင်းသို့ ၀င်ရောက်ခွင့် ပိတ်ပင်ရန် ပြောကြားခဲ့မှုကြောင့် အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ဒေါ်နယ်ထရန့်အပေါ် ဝေဖန်မှုများ မြင့်တက် လာခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ ထရန့်သည် ၄င်း၏ အပေါင်းပါ ရီပတ်ကလင်များအပေါ်တွင်ပါ ဦးဆောင်သွားရန် သင့်တော်မှုမရှိသူတစ်ဦးအဖြစ် အိမ်ဖြူတော်က ပြောကြားခဲ့သည်။

နိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်က မွတ်ဆလင်စုံတွဲတစ်တွဲ၏ ပစ်ခတ်မှုကြောင့် လူ၁၄ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်နောက်ပိုင်း ရီပတ်ကလင် သမ္မတလောင်းစာရင်းတွင် ဦးဆောင်နေသော ထရန့်က နောက်ဆုံးပြုလုပ်ထားသော စည်းရုံးရေး ပြောဆိုမှုများအတွင်း လူအများအမျက်ထွက်စရာ မှတ်ချက်စကားများကို ပြောကြားခဲ့သူဖြစ်သည်။

အဆိုပါပစ်ခတ်မှုသည် အကြမ်းဖက်မှု လုပ်ရပ်တစ်ခုဖြစ်သည်ဟု သမ္မတ ဘားရတ်အိုးမားက ဒီဇင်ဘာ ၆ ရက်တွင် ဘဲဥပုံရုံးခန်းမှတဆင့် ပြောကြားခဲ့ပြီး ယင်းသည် "အမေရိက နှင့် အစ္စလမ်အကြား စစ်ပွဲတစ်ပွဲ" တော့ မဟုတ်ဟု အလေးပေးပြောကြားခဲ့သည်။

ယင်းနောက် တစ်ရက်အကြာတွင် ဒေါ်နယ်ထရန့်က "လက်ရှိဘာတွေဖြစ်နေလဲဆိုတာကို ကျွန်တော်တို့နိုင်ငံက အဖြေမထုတ်နိုင်သရွေ့ မွတ်စလင်တွေကို နိုင်ငံတွင်းသို့ ၀င်ရောက်ခြင်းမှ လုံ့ဝ ပိတ်ပင်ထားရန်" ဟု တိုက်တွန်းလိုက်ခြင်းလည်းဖြစ်သည်။ အဆိုပါ ပြောကြားမှုများအပေါ် ဝေဖန်သူများက အပြင်းအထန် အပြစ်ဖို့ခဲ့ပြီး ၄င်းအားလည်း သမ္မတရွေးကောက်ပွဲယှဉ်ပြိုင်နေခြင်းမှ ပိတ်ပင်တားဆီးရန်လည်းတောင်းဆိုမှုများ ရှိလာသည်။

ထရန့်၏ ပြောစကားများနှင့် ပတ်သက်၍ အိမ်ဖြူတော် အပါအဝင် လန်ဒန်၊ ကိုင်ရိုတို့ကပါ ဝေဖန်ပြစ်တင်ခဲ့ကြပြီး အီဂျစ်၏ ဘာသာရေး အဖွဲ့အစည်းတစ်ခုကလည်း ယင်းမှတ်ချက်များသည် အစွန်းရောက်နေသည်ဟု ပြစ်တင်ခဲ့သည်။ သို့သော် အသက် ၆၉ နှစ်ရှိပြီြုဖစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာ ထရန့်အတွက်မူ ယင်းပြောကြားမှုများအတွက် နောင်တရဟန်မရှိသေးပေ။

ထရန့်၏ တောင်းဆိုမှုများသည် ဖွဲ့စည်းပုံဥပဒေနှင့် ကိုက်ညီခြင်းမရှိကြောင်းနှင့် ယင်းအတွက် ထရန့်၏ အပေါင်းပါ ရီပတ်ကလင်များ၏ ပြစ်တင်ရှုံ့ချခံရရန် လုပ်ဆောင်လိုက်သကဲ့သို့ ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျို့စ် အားနက်စ် က ပြောကြားလိုိက်သည်။

- See more at: http://mizzimaburmese.com/article/8340#sthash.EjUDsD2K.2ryFfl0A.dpuf

No comments:

Post a Comment