Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 31, 2015

ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၁၆ )

ကြ်န္မအား ေထာက္လွမ္းေရး ေအးဂ်င့္အျဖစ္ လက္ခံၿပီးသည့္ အခ်ိန္ႏွင့္ ေလယာဥ္ဗံုးခြဲသည့္ အခ်ိန္ ၾကားကာလတြင္ ကြ်န္မ တာဝန္ ၂ ခု ထမ္းေဆာင္ခဲ့ရသည္။ ထိုတာဝန္မွာ ေထာက္လွမ္းေရး ေအးဂ်င့္အျဖစ္ ကမာၻအႏွံ လႈပ္ရွားႏိုင္ရန္ ေလ့က်င့္ေပးျခင္း ျဖစ္သည္။ ထိုအခ်ိန္တြင္ ကြ်န္မသည္ လက္နက္မဲ့ႏွင့္ လက္နက္ျဖင့္ တိုက္ခိုက္ေရးတြင္ ကြ်မ္းက်င္သူ ျဖစ္ေနသည္။

၁၉၈၄ ခု ဇူလိုင္လ တနဂၤေႏြတစ္ေန႔ နံနက္ပိုင္းတြင္ အားလပ္ရက္ျဖစ္သျဖင့္ စာၾကည့္တိုက္ထဲတြင္ ကင္အီဆြန္း၏ လက္ေရြးစင္ စာစု အတြဲ ၂၆ ကို ဖတ္ရႈေနသည္။ ေအးဂ်င့္ေခ်ာင္သည္ စီးေနက် မာစီးဒီးကားျဖင့္ ေရာက္လာသည္။

ထမင္းခ်က္အမ်ဴ ိးသမီးက သူ႔အား ကြ်န္မထံ ေခၚလာသည္။ သူ႔အား မေမွ်ာ္လင့္ဘဲ ေတြ႕လိုက္ရသည့္အတြက္ ကြ်န္မထိုင္ရာမွ ထခုန္လိုက္မိသည္။ သူက "မင္းကို ေတြ႕ရတာ ဝမ္းသာတယ္ကြာ" ေျပာရင္း လက္ဆြဲႏႈတ္ဆက္လိုက္သည္။ ကြ်န္မက လက္ဆြဲႏႈတ္ဆက္လ်က္ "ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္"

"မင္းအဝတ္အစားေတြကို ထုပ္ပိုးဖို႔ အခ်ိန္ ၅ မိနစ္ ရမယ္။ နည္းနည္းပါးပါးပဲ ယူလာခဲ့။ ငါအျပင္မွာ ေစာင့္ေနမယ္။ ၿပီးရင္ ထြက္လာခဲ့"

"ဟုတ္ကဲ့ပါ"

သိခ်င္စိတ္ျပင္းျပလွေသာ္လည္း ကြ်န္မက
မ်ဴ ိသိပ္ထားရသည္။

ခဏအၾကာ ကြ်န္မလိုက္ပါလာေသာ မာစီးဒီးကားသည္ ေတာင္ေပၚလမ္းတေလ်ွာက္ အရွိန္ျပင္းစြာ ေမာင္းႏွင္လာသည္။ ေအးဂ်င့္ေခ်ာင္က ကြ်န္မ၏ သင္တန္းအေျခအေနႏွင့္ ပတ္သတ္၍ ေမးျမန္းသည္။ ကြ်န္မအား မည္သည့္အတြက္ေၾကာင့္ ေခၚလာသည္ မည္သည့္ေနရာသြားေနသည္ကိုလဲ မေျပာ။

ကြ်န္မအား စခန္းမွ ဆြဲထုတ္ၿပီး အက်ဥ္းစခန္းသို႔ ပို႔ေတာ့မည္ေလာ။ ပါတီမွ အရာရွိတစ္ေယာက္ မေျပာ မဆို ရုတ္တရတ္ လာေရာက္ေခၚငင္သည့္အခါ ေျမာက္ကိုရီးယား ႏိုင္ငံသားတိုင္း ယင္းသို႔ စိုးရိမ္စိတ္ဝင္မိၾကသည္။ သို႔ေသာ္ သူ၏ သက္ေတာင့္သက္သာ အမူအရာအရ ကြ်န္မအား ဖမ္းဆီး ေခၚေဆာင္လာျခင္းေတာ့ မဟုတ္တန္ရာ။

ေထာက္လွမ္းေရးဌာနခ်ဴ ပ္သို႔ ကြ်န္မတို႔ ေရာက္လာၾကသည္။ ကြ်န္မတို႔အား ေထာက္လွမ္းေရးဌာနခ်ဴ ပ္ ကြမ္၏ အခန္းတြင္းသို႔ ေခၚသြားသည္။ သူသည္ အရပ္ရွည္ၿပီး သက္လတ္ပိုင္း တစ္ေယာက္ ျဖစ္ေသာ္လည္း ထိပ္ေျပာင္စျပဳေနသည္။ အခန္းတြင္၌ ရွိေနေစကာမႈ သူက ေနကာမ်က္မွန္ကို တပ္ထားသည္။ အခန္းထဲတြင္ရွိေနေသာ ေနာက္တစ္ေယာက္မွာ အရပ္ျပတ္ျပတ္ ဆံပင္ရွည္ရွည္ ႏွင့္ သက္ႀကီးပိုင္း ျဖစ္သည္။ ဆံပင္ျဖဴ ၿပီး မ်က္ႏွာတြင္ အေရးအေၾကာင္း အတြန္႔အေခါက္မ်ားျဖင့္ ျပည့္ေနသည္။ ကြ်န္မတို႔ ဝင္ေသာအခါ ႏွစ္ေယာက္စလံုး မတ္တပ္ရပ္ကာ ခရီးဦးႀကိဳ ျပဳသည္။ သက္ႀကီးပိုင္းသည္ အေတာ္ပင္ ခက္ခက္ခဲခဲ မတ္တက္ထရသည္။

သူ႔အမည္မွာ ကင္ဆံုအီ ျဖစ္သည္။ ေျမာက္ကိုရီးယား ေထာက္လွမ္းေရး၏ ဒ႑ာရီ သူရဲေကာင္းဟု ဆိုႏိုင္ေအာင္ ေအာင္ျမင္မႈ မ်ားစြာရခဲ့သူဟု ဆိုသည္။ ေထာက္လွမ္းေရးမွဴ းခ်ဴ ပ္ကြမ္က "အုတ္ဟြာ မင္းသူ႔ကို မင္းရဲ႕ အဘိုးလို႔သာ မွတ္ယူထားေပေတာ့။ မင္း သူနဲ႔အတူ အခ်ိန္အေတာ္ၾကာ အလုပ္လုပ္ရလိမ့္မယ္"

ကြမ္ကပင္ ဆက္၍

"မင္းတို႔ ၂ ေယာက္ ေနာက္လဆိုရင္ ႏိုင္ငံျခားခရီး ထြက္ရမယ္။ မင္းကို ႏိုင္ငံျခား အေတြ႕အႀကံဳရေစဖို႔ ရည္ရြယ္တဲ့ ခရီးေပါ့။ ဥေရာပတိုက္နဲ႔ အာရွတိုက္ ၿမိဳ႕အေတာ္မ်ားမ်ားကို ခရီးသြားရမယ္။ ႏိုင္ငံျခား တိုင္းျပည္ေတြမွာ ဘယ္လိုလွ်ဴ ိ႕ဝွက္ လႈပ္ရွားရတယ္ဆိုတာ မင္းကို သိေစခ်င္တယ္။ အေတြ႕အႀကံဳရေစခ်င္တယ္။ တျခားႏိုင္ငံေတြရဲ႕ ယဥ္ေက်းမႈ ဓေလ့ထံုးစံေတြ မွတ္သားရမယ္။ လာမယ့္ႏွစ္ေတြမွာ မင္းဟာ ငါတို႔ရဲ႕ ယံုၾကည္စိတ္ခ်ဆံုး ေအးဂ်င့္ျဖစ္လာမယ္ဆိုတာကို မင္း ဒီခရီးစဥ္မွာ သက္ေသျပေပေတာ့"

"မင္းတို႔ ၂ ေယာက္ ဂ်ပန္သားအဖအျဖစ္ ခရီးသြားၾကရမယ္။ ဥေရာပတိုက္တစ္ခြင္မွာ ဂ်ပန္ကမာၻလွည့္ ခရီးသည္အျဖစ္ သြားရမယ္။ ၂ ေယာက္စလံုးဟာ ဂ်ပန္ဘာသာက္ုိ မိခင္ဘာသာလို တတ္ကြ်မ္းထားေတာ့ ဂ်ပန္အျဖစ္ ဟန္ေဆာင္ရတာ အခက္အခဲရွိမွာ မဟုတ္ဘူး။ ေမာ္စကို ဘူတာပတ္စ္ ဗီယာနာ ကိုပင္ေဟဂင္ ဖရန္႔ဖတ္ ဇူးရစ္ ဂ်နီဖာ ပါရီ မကာအို ကြမ္က်ဴ ိး ေပက်င္းၿမိဳ႕ေတြကို ေရာက္မယ္"

"ကြန္ျမဴ နစ္ႏိုင္ငံေတြမွာ ေျမာက္က္ုိရီးယား သံတမန္ ပတ္စ္ပို႔ကို သံုးရမယ္။ အေနာက္ႏိုင္ငံေတြမွာ ဂ်ပန္ႏိုင္ငံကူး လတ္မွတ္အတုကို သံုးရမယ္။ အဘရဲ႕နာမည္က ရွင္နီခ်ီ မင္းနာမည္က မီယူမီ ဟာခ်ီယာ ျဖစ္တယ္။ ရွင္နီခ်ီက အိုဟြိဳင္း ပို႔ေဆာင္ေရး ကုမၸဏီရဲ႕ ဒုတိယ ဥကၠ႒ မင္းကေတာ့ ယာအိုယာမား အမ်ဴ ိးသမီးေကာလိ္ပ္က အိမ္တြင္းမႈ သိပၸံဘြဲ႕ရထားသူ အျဖစ္ ဟန္ေဆာင္ရမယ္။ ဒါက မင္းတို႔မွတ္ထားရမယ့္ အေရးႀကီးတဲ့ အခ်က္ေတြပဲ။ က်န္တဲ အေသးစိတ္ကိုေတာ့ မင္းတို႔ကို သတ္သတ္ေပးလိမ့္မယ္"

"အဲ့ ခရီးရွည္ရဲ႕ ေနာက္ဆံုးအပိုင္းမွာ မင္းဘာသာ ခရီးဆက္ရမယ္။ မင္းက ဥေရာပကေန တရုတ္ျပည္ကို ထြက္လာတဲ့အခါ အဘက ေနာက္ခ်န္ေနခဲ့လိမ့္မယ္။ ေနာက္တေန႔႔မွာ ဆိုးလ္ကို အဘက ဆက္ထြက္ၿပီး ေပးထားတဲ့ တာဝန္ကို ဆက္လုပ္လိမ့္မယ္။ မင္းတို႔ ႏွစ္ေယာက္စလံုးကို ေစာင့္ၾကည့္ေနတာ ရွိခဲ့မယ္ဆိုရင္ မင္းေပက်င္းကို ဆက္ထြက္သြားတာဟာ အာရံုလႊဲမႈပဲ။ ေနာက္တခုကလည္း မင္းတစ္ေယာက္တည္း ႏိုင္ငံရပ္ျခားမွာ ဘယ္လိုလႈပ္ရွားလဲဆိုတာ ငါတို႔ သ္ိခ်င္တယ္"

ေထာက္လွမ္းေရးမွဴ းခ်ဴ ပ္္၏ စကားမ်ားေၾကာင့္ ကြ်န္မ အားတက္သြားသည္။ အတိုင္းမသိ ဝမ္းလည္းသာသည္။ မည္သည့္အခါမ်ွ ၿပီးဆံုးေတာ့မည္ မဟုတ္ဟု ထင္ရသည့္ ေလ့က်င့္မႈမ်ား အဆံုးသတ္သြားၿပီးဟု နားလည္လိုက္ရသည္။ ေနာက္ဆံုးတြင္ လက္ေတြ႕ဘဝသို႔ ကြင္းဆင္းရေတာ့မည္။ ကြင္းဆင္းရရန္ သင္တန္းေက်ာင္းတြင္ ၁၀ႏွစ္ ၁၅ႏွစ္မ်ွ ေစာင့္ဆိုင္းေနရသည့္ ေထာက္လွမ္းေရးသမားမ်ား ရွိသည္။

ကြ်န္မ ေပ်ာ္ရႊင္အားတက္မိသည့္ တစ္ခ်ိန္တည္းတြင္ ကြ်န္မအား ေပးအပ္လိုက္သည့္ တာဝန္ကို ေက်ပြန္ပါ့မလားဆိုသည့္ စိုးရိမ္စိတ္က ဝင္လာသည္။ ကြ်န္မသည္ ငယ္စဥ္က က်ဴ းဘားကို ေရာက္ဖူးသည္ကလြဲ၍ တျခားႏိုင္ငံမ်ားသို႔ မေရာက္ဖူး။ ေျမာက္ကိုရီးယား အမ်ာစုသည္ ႏိုု္င္ငံျခားသ္ုိ႔ မေရာက္ဖူးၾက။

ခရီးစဥ္အတြက္ အေသးစိတ္ျပင္ဆင္ ေလ့လာရသည္။ ေလဆိပ္ ဟိုတယ္ ေငြလဲလွဲေရးစသည့္ အေသးစ္ိတ္မ်ားကို ေလ့လာရသည္။ ေနာက္ဆံုးထုတ္ ဂ်ပန္ ဖက္ရွင္မဂၢဇင္းမ်ားကို ေလ့လာသည္။ ဂ်ပန္ရုပ္ရွင္မ်ားကို ၾကည့္ရႈၿပီး အဝတ္အစား မိတ္ကပ္ အျပဳအမူတို႔ကို အေသးစိတ္မွတ္သားရသည္။

အျပည္ျပည္ဆိုင္ရာ ခရီးသြားလမ္းၫႊန္ စာအုပ္မ်ားကိုလည္း ဖတ္ရသည္။ ယင္းသို႔ ေလ့လာျခင္းျဖင့္ ကြ်န္မကိုယ္ ကြ်န္မ ယံုၾကည္အားကိုးစိတ္ တိုးတက္လာသည္။ ေလ့လာၾကည့္ရႈခဲ့ရသည့္ ရုပ္ရွင္မ်ားထဲမွ KGB ႏွင့္ ေျမာက္ကိုရီးယား မဟာစပိုင္ျဖစ္လာေတာ့မည္ဟု ကိုယ့္ကို ကိုယ္ ထင္ျမင္လာသည္။ ကြ်န္မႏွင့္ သက္တူရြယ္တူ ေျမာက္ကိုရီးယား မိန္းကေလးမ်ားသည္ အိမ္ေထာင္သားေမြးျပဳရန္ ျပင္ဆင္ ေမွ်ာ္လင့္ေနၾကသည္။ ကြ်န္မကမူ ကမာၻအနွံ႔ ေျခဆန္႔ရန္ စိတ္ေစာေနသည္။

ဆက္ရန္
Swam Htet‎မွတ္စုၾကမ္း
December 31, 2015
.....................
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း

အပိုင်း ၁၆

ကျွန်မအား ထောက်လှမ်းရေး အေးဂျင့်အဖြစ် လက်ခံပြီးသည့် အချိန်နှင့် လေယာဉ်ဗုံးခွဲသည့် အချိန် ကြားကာလတွင် ကျွန်မ တာဝန် ၂ ခု ထမ်းဆောင်ခဲ့ရသည်။ ထိုတာဝန်မှာ ထောက်လှမ်းရေး အေးဂျင့်အဖြစ် ကမ္ဘာအနှံ လှုပ်ရှားနိုင်ရန် လေ့ကျင့်ပေးခြင်း ဖြစ်သည်။ ထိုအချိန်တွင် ကျွန်မသည် လက်နက်မဲ့နှင့် လက်နက်ဖြင့် တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သူ ဖြစ်နေသည်။

၁၉၈၄ ခု ဇူလိုင်လ တနင်္ဂနွေတစ်နေ့ နံနက်ပိုင်းတွင် အားလပ်ရက်ဖြစ်သဖြင့် စာကြည့်တိုက်ထဲတွင် ကင်အီဆွန်း၏ လက်ရွေးစင် စာစု အတွဲ ၂၆ ကို ဖတ်ရှုနေသည်။ အေးဂျင့်ချောင်သည် စီးနေကျ မာစီးဒီးကားဖြင့် ရောက်လာသည်။

ထမင်းချက်အမျူ ိးသမီးက သူ့အား ကျွန်မထံ ခေါ်လာသည်။ သူ့အား မမျှော်လင့်ဘဲ တွေ့လိုက်ရသည့်အတွက် ကျွန်မထိုင်ရာမှ ထခုန်လိုက်မိသည်။ သူက "မင်းကို တွေ့ရတာ ဝမ်းသာတယ်ကွာ" ပြောရင်း လက်ဆွဲနှုတ်ဆက်လိုက်သည်။ ကျွန်မက လက်ဆွဲနှုတ်ဆက်လျက် "ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

"မင်းအဝတ်အစားတွေကို ထုပ်ပိုးဖို့ အချိန် ၅ မိနစ် ရမယ်။ နည်းနည်းပါးပါးပဲ ယူလာခဲ့။ ငါအပြင်မှာ စောင့်နေမယ်။ ပြီးရင် ထွက်လာခဲ့"

"ဟုတ်ကဲ့ပါ"

သိချင်စိတ်ပြင်းပြလှသော်လည်း ကျွန်မက
မျူ ိသိပ်ထားရသည်။

ခဏအကြာ ကျွန်မလိုက်ပါလာသော မာစီးဒီးကားသည် တောင်ပေါ်လမ်းတလျှောက် အရှိန်ပြင်းစွာ မောင်းနှင်လာသည်။ အေးဂျင့်ချောင်က ကျွန်မ၏ သင်တန်းအခြေအနေနှင့် ပတ်သတ်၍ မေးမြန်းသည်။ ကျွန်မအား မည်သည့်အတွက်ကြောင့် ခေါ်လာသည် မည်သည့်နေရာသွားနေသည်ကိုလဲ မပြော။

ကျွန်မအား စခန်းမှ ဆွဲထုတ်ပြီး အကျဉ်းစခန်းသို့ ပို့တော့မည်လော။ ပါတီမှ အရာရှိတစ်ယောက် မပြော မဆို ရုတ်တရတ် လာရောက်ခေါ်ငင်သည့်အခါ မြောက်ကိုရီးယား နိုင်ငံသားတိုင်း ယင်းသို့ စိုးရိမ်စိတ်ဝင်မိကြသည်။ သို့သော် သူ၏ သက်တောင့်သက်သာ အမူအရာအရ ကျွန်မအား ဖမ်းဆီး ခေါ်ဆောင်လာခြင်းတော့ မဟုတ်တန်ရာ။

ထောက်လှမ်းရေးဌာနချူ ပ်သို့ ကျွန်မတို့ ရောက်လာကြသည်။ ကျွန်မတို့အား ထောက်လှမ်းရေးဌာနချူ ပ် ကွမ်၏ အခန်းတွင်းသို့ ခေါ်သွားသည်။ သူသည် အရပ်ရှည်ပြီး သက်လတ်ပိုင်း တစ်ယောက် ဖြစ်သော်လည်း ထိပ်ပြောင်စပြုနေသည်။ အခန်းတွင်၌ ရှိနေစေကာမှု သူက နေကာမျက်မှန်ကို တပ်ထားသည်။ အခန်းထဲတွင်ရှိနေသော နောက်တစ်ယောက်မှာ အရပ်ပြတ်ပြတ် ဆံပင်ရှည်ရှည် နှင့် သက်ကြီးပိုင်း ဖြစ်သည်။ ဆံပင်ဖြူ ပြီး မျက်နှာတွင် အရေးအကြောင်း အတွန့်အခေါက်များဖြင့် ပြည့်နေသည်။ ကျွန်မတို့ ဝင်သောအခါ နှစ်ယောက်စလုံး မတ်တပ်ရပ်ကာ ခရီးဦးကြို ပြုသည်။ သက်ကြီးပိုင်းသည် အတော်ပင် ခက်ခက်ခဲခဲ မတ်တက်ထရသည်။

သူ့အမည်မှာ ကင်ဆုံအီ ဖြစ်သည်။ မြောက်ကိုရီးယား ထောက်လှမ်းရေး၏ ဒဏ္ဍာရီ သူရဲကောင်းဟု ဆိုနိုင်အောင် အောင်မြင်မှု များစွာရခဲ့သူဟု ဆိုသည်။ ထောက်လှမ်းရေးမှူ းချူ ပ်ကွမ်က "အုတ်ဟွာ မင်းသူ့ကို မင်းရဲ့ အဘိုးလို့သာ မှတ်ယူထားပေတော့။ မင်း သူနဲ့အတူ အချိန်အတော်ကြာ အလုပ်လုပ်ရလိမ့်မယ်"

ကွမ်ကပင် ဆက်၍

"မင်းတို့ ၂ ယောက် နောက်လဆိုရင် နိုင်ငံခြားခရီး ထွက်ရမယ်။ မင်းကို နိုင်ငံခြား အတွေ့အကြုံရစေဖို့ ရည်ရွယ်တဲ့ ခရီးပေါ့။ ဥရောပတိုက်နဲ့ အာရှတိုက် မြို့အတော်များများကို ခရီးသွားရမယ်။ နိုင်ငံခြား တိုင်းပြည်တွေမှာ ဘယ်လိုလျှူ ိ့ဝှက် လှုပ်ရှားရတယ်ဆိုတာ မင်းကို သိစေချင်တယ်။ အတွေ့အကြံုရစေချင်တယ်။ တခြားနိုင်ငံတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ မှတ်သားရမယ်။ လာမယ့်နှစ်တွေမှာ မင်းဟာ ငါတို့ရဲ့ ယုံကြည်စိတ်ချဆုံး အေးဂျင့်ဖြစ်လာမယ်ဆိုတာကို မင်း ဒီခရီးစဉ်မှာ သက်သေပြပေတော့"

"မင်းတို့ ၂ ယောက် ဂျပန်သားအဖအဖြစ် ခရီးသွားကြရမယ်။ ဥရောပတိုက်တစ်ခွင်မှာ ဂျပန်ကမ္ဘာလှည့် ခရီးသည်အဖြစ် သွားရမယ်။ ၂ ယောက်စလုံးဟာ ဂျပန်ဘာသာက်ုိ မိခင်ဘာသာလို တတ်ကျွမ်းထားတော့ ဂျပန်အဖြစ် ဟန်ဆောင်ရတာ အခက်အခဲရှိမှာ မဟုတ်ဘူး။ မော်စကို ဘူတာပတ်စ် ဗီယာနာ ကိုပင်ဟေဂင် ဖရန့်ဖတ် ဇူးရစ် ဂျနီဖာ ပါရီ မကာအို ကွမ်ကျူ ိး ပေကျင်းမြို့တွေကို ရောက်မယ်"

"ကွန်မြူ နစ်နိုင်ငံတွေမှာ မြောက်က်ုိရီးယား သံတမန် ပတ်စ်ပို့ကို သုံးရမယ်။ အနောက်နိုင်ငံတွေမှာ ဂျပန်နိုင်ငံကူး လတ်မှတ်အတုကို သုံးရမယ်။ အဘရဲ့နာမည်က ရှင်နီချီ မင်းနာမည်က မီယူမီ ဟာချီယာ ဖြစ်တယ်။ ရှင်နီချီက အိုဟွိုင်း ပို့ဆောင်ရေး ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဋ္ဌ မင်းကတော့ ယာအိုယာမား အမျူ ိးသမီးကောလိ်ပ်က အိမ်တွင်းမှု သိပ္ပံဘွဲ့ရထားသူ အဖြစ် ဟန်ဆောင်ရမယ်။ ဒါက မင်းတို့မှတ်ထားရမယ့် အရေးကြီးတဲ့ အချက်တွေပဲ။ ကျန်တဲ အသေးစိတ်ကိုတော့ မင်းတို့ကို သတ်သတ်ပေးလိမ့်မယ်"

"အဲ့ ခရီးရှည်ရဲ့ နောက်ဆုံးအပိုင်းမှာ မင်းဘာသာ ခရီးဆက်ရမယ်။ မင်းက ဥရောပကနေ တရုတ်ပြည်ကို ထွက်လာတဲ့အခါ အဘက နောက်ချန်နေခဲ့လိမ့်မယ်။ နောက်တနေ့့မှာ ဆိုးလ်ကို အဘက ဆက်ထွက်ပြီး ပေးထားတဲ့ တာဝန်ကို ဆက်လုပ်လိမ့်မယ်။ မင်းတို့ နှစ်ယောက်စလုံးကို စောင့်ကြည့်နေတာ ရှိခဲ့မယ်ဆိုရင် မင်းပေကျင်းကို ဆက်ထွက်သွားတာဟာ အာရုံလွှဲမှုပဲ။ နောက်တခုကလည်း မင်းတစ်ယောက်တည်း နိုင်ငံရပ်ခြားမှာ ဘယ်လိုလှုပ်ရှားလဲဆိုတာ ငါတို့ သ်ိချင်တယ်"

ထောက်လှမ်းရေးမှူ းချူ ပ််၏ စကားများကြောင့် ကျွန်မ အားတက်သွားသည်။ အတိုင်းမသိ ဝမ်းလည်းသာသည်။ မည်သည့်အခါမျှ ပြီးဆုံးတော့မည် မဟုတ်ဟု ထင်ရသည့် လေ့ကျင့်မှုများ အဆုံးသတ်သွားပြီးဟု နားလည်လိုက်ရသည်။ နောက်ဆုံးတွင် လက်တွေ့ဘဝသို့ ကွင်းဆင်းရတော့မည်။ ကွင်းဆင်းရရန် သင်တန်းကျောင်းတွင် ၁၀နှစ် ၁၅နှစ်မျှ စောင့်ဆိုင်းနေရသည့် ထောက်လှမ်းရေးသမားများ ရှိသည်။

ကျွန်မ ပျော်ရွှင်အားတက်မိသည့် တစ်ချိန်တည်းတွင် ကျွန်မအား ပေးအပ်လိုက်သည့် တာဝန်ကို ကျေပွန်ပါ့မလားဆိုသည့် စိုးရိမ်စိတ်က ဝင်လာသည်။ ကျွန်မသည် ငယ်စဉ်က ကျူ းဘားကို ရောက်ဖူးသည်ကလွဲ၍ တခြားနိုင်ငံများသို့ မရောက်ဖူး။ မြောက်ကိုရီးယား အမျာစုသည် နိုု်င်ငံခြားသ်ုိ့ မရောက်ဖူးကြ။

ခရီးစဉ်အတွက် အသေးစိတ်ပြင်ဆင် လေ့လာရသည်။ လေဆိပ် ဟိုတယ် ငွေလဲလှဲရေးစသည့် အသေးစ်ိတ်များကို လေ့လာရသည်။ နောက်ဆုံးထုတ် ဂျပန် ဖက်ရှင်မဂ္ဂဇင်းများကို လေ့လာသည်။ ဂျပန်ရုပ်ရှင်များကို ကြည့်ရှုပြီး အဝတ်အစား မိတ်ကပ် အပြုအမူတို့ကို အသေးစိတ်မှတ်သားရသည်။

အပြည်ပြည်ဆိုင်ရာ ခရီးသွားလမ်းညွှန် စာအုပ်များကိုလည်း ဖတ်ရသည်။ ယင်းသို့ လေ့လာခြင်းဖြင့် ကျွန်မကိုယ် ကျွန်မ ယုံကြည်အားကိုးစိတ် တိုးတက်လာသည်။ လေ့လာကြည့်ရှုခဲ့ရသည့် ရုပ်ရှင်များထဲမှ KGB နှင့် မြောက်ကိုရီးယား မဟာစပိုင်ဖြစ်လာတော့မည်ဟု ကိုယ့်ကို ကိုယ် ထင်မြင်လာသည်။ ကျွန်မနှင့် သက်တူရွယ်တူ မြောက်ကိုရီးယား မိန်းကလေးများသည် အိမ်ထောင်သားမွေးပြုရန် ပြင်ဆင် မျှော်လင့်နေကြသည်။ ကျွန်မကမူ ကမ္ဘာအနှံ့ ခြေဆန့်ရန် စိတ်စောနေသည်။

ဆက်ရန်
Swam Htet‎မှတ်စုကြမ်း
December 31, 2015 ·




No comments:

Post a Comment