Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 16, 2015

မေတာ္တဆလဲက်ရာမွ လိင္ဆက္ဆံမိလွ်က္သားျဖစ္ရသည္ဟူေသာ ေလွ်ာက္လဲခ်က္ျဖင့္ ေဆာ္ဒီသန္းၾကြယ္သူေဌး မုဒိမ္းမႈစြဲခ်က္မွ လြတ္ေျမာက္

စထရိတ္တိုင္းမ္
လန္ဒန္၊ ဒီဇင္ဘာ-၁၆ ။           ။ ထူးဆန္း အံၾသဖြယ္ရာပါပဲ။ ေဆာ္ဒီသန္းၾကြယ္သူေဌးတစ္ေယာက္ဟာ ေခ်ာ္လဲရာက ၁၈ႏွစ္အရြယ္ ေကာင္မေလးတစ္ေယာက္ကို မေတာ္တဆ လိင္ဆက္ဆံ မိလွ်က္သား (penetrated)ျဖစ္သြားတယ္လို႔ ရံုးေတာ္မွာ ေလွ်ာက္လဲလိုက္ေတာ့ ဆယ္ေက်ာ္သက္မုဒိမ္းမႈ စြဲခ်က္ကေန လြတ္ေျမာက္သြားခဲ့ပါသတဲ့။

အိမ္ၿခံေျမလုပ္ငန္းရွင္ အာဆန္ အဗၺဒူလာဇစ္ (၄၆ႏွစ္)ကို ၂၀၁၄ခုႏွစ္ ၾသဂုတ္လက လန္ဒန္အေနာက္ပိုင္း မိုင္ဒါ ေဘးက သူ႔တိုက္ခန္းထဲက ဆိုဖာေပၚ အိပ္ေပ်ာ္ေနတဲ့ ဆယ္ေက်ာ္သက္ ေကာင္မေလးကို အင္အားသံုးခဲ့တယ္လို႔ တရားစြဲခဲ့တာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဗၺဒူလာဇစ္ရဲ႕ ေလွ်ာက္လဲခ်က္က သင္းပါတယ္။ အဂၤါေန႔ထုတ္ MailOnlineမွာ ေဖာ္ျပထားခ်က္အရ အဗၺဒူလာဇစ္ဟာ ေကာင္မေလးအေပၚ လဲက်သြားစဥ္မွာ သူ႔ရဲ႕ ေယာက်ာ္းျဖစ္မႈဟာ ထိုးထြက္ေနခဲ့တယ္လို႔ ဆိုပါတယ္။

Sothwark Crownရံုးေတာ္ကလည္း အမႈကို ၾကားနာစစ္ေဆးအၿပီးမွာ အဗၺဒူလာဇစ္ကို မုဒိမ္းမႈ စြဲခ်က္ကေန ကြင္းလံုးခြၽတ္လြတ္ေပးလိုက္ေတာ့ တရားဥပေဒဆိုတာလည္း စဥ္းစားစရာျဖစ္ခဲ့ရပါတယ္။

ဆယ္ေက်ာ္သက္ေကာင္မေလးဟာ ယမန္ႏွစ္ ၾသဂုတ္လ ၇ရက္ေန႔က West End က ေစ်းႀကီးႏိုက္ကလပ္တစ္ခုမွာ သူေဌးႀကီး အဗၺဒူလာဇစ္နဲ႔ ေတြ႕ခဲ့ၾကတာျဖစ္ၿပီး ထိုစဥ္က သူမဟာ အဗၺဒူလာဇစ္နဲ႔ သိကြၽမ္းတဲ့ သူငယ္ခ်င္းတစ္ေယာက္နဲ႔ အတူရွိေနခဲ့တယ္လို႔ ဆိုပါတယ္။

ေနာက္ပိုင္းမွာ သူေဌးႀကီးက သူတုိ႔ကို သူ႔ရဲ႕ ေအာ္စတင္ မာတင္ကားနဲ႔ အိမ္ကိုလိုက္ခဲ့ဖို႔ ကမ္းလွမ္းလို႔ သံုးဦးသားဟာ သူေဌးႀကီးရဲ႕ တုိက္ခန္းကို သြားခဲ့ၾကပါတယ္။ အဲဒီမွာ သူေဌးႀကီးက သူငယ္ခ်င္းျဖစ္ သူကုိ လိင္ေပ်ာ္ပါးဖို႔ အခန္းထဲကို ေခၚမသြားမီမွာ ေဗာ့ဒကာအရက္နဲ႔ ဧည့္ခံခဲ့ေသးတယ္လို႔ ဆိုပါတယ္။

၁၈ႏွစ္အရြယ္ေကာင္မေလးကေတာ့ နံနက္ေစာေစာ သူမ ႏိုးလာတဲ့အခါမွာ အဗၺဒူလာအဇစ္ကို သူမကိုယ္ေပၚမွာ ထပ္လွ်က္သား ကိစၥတန္းလန္းနဲ႔ ေတြ႕ရတယ္လို႔ ေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ သူေဌးႀကီးကေတာ့ သူမကို အိပ္ယာ၀င္ တီရွပ္၀တ္ေစခ်င္ရုံ၊ အိပ္အျပန္ တကၠဆီခ ေပးခ်င္ရံုသက္သက္ပဲ သေဘာထားရွိခဲ့တယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္လည္း ေကာင္မေလးကိုယ္၌က သူ႔ကို ကိုယ္ေပၚ အတင္းဆြဲတင္၊ သူ႔လက္ေတြကိုလည္း ေျခေထာက္ၾကားထဲ အတင္းဆြဲထည့္ေနတာေၾကာင့္ သူလဲက်သြားခဲ့ရတယ္လို႔ ေလွ်ာက္လဲခဲ့ေၾကာင္း MailOnline မွာ ေဖာ္ျပထားခဲ့ပါတယ္။

‘က်ေနာက ေပ်ာ့တယ္။ လဲက်သြားခဲ့ေပမယ့္လည္း ဘာမွမျဖစ္ခဲ့ပါဘူး။ ဒီမိန္းခေလးနဲ႔ က်ေနာ္ၾကားမွာ ဘာဆိုဘာမွ မျဖစ္ခဲ့ပါဘူး’ဟု ရံုးေတာ္ကို ေလွ်ာက္လဲရာတြင္ သူမတြင္ေတြ႕ရသည့္ သူ႔မ်ိဳးဗီဇမွာမူ သူလဲက်သြားခဲ့၍သာ ျဖစ္တယ္လို႔ ဆိုပါတယ္။

သူ႔လက္တြင္ ေပက်ံေနသည့္ မ်ိဳးဥမ်ားမွာလည္း ဆယ္ေက်ာ္သက္ေကာင္မေလး၏ သူငယ္ခ်င္းျဖစ္သူႏွင့္ ေပ်ာ္ပါးစဥ္က သူ႔လက္ကို စြန္းထင္းသြားျခင္းျဖစ္ႏုိင္တယ္လို႔လည္း သူေဌးႀကီးက ေျပာတယ္လို႔ ဆိုပါတယ္။

- See more at: http://mizzimaburmese.com/article/8634#sthash.xxTRIxiS.dpuf
.....................
မတော်တဆလဲကျရာမှ လိင်ဆက်ဆံမိလျှက်သားဖြစ်ရသည်ဟူသော လျှောက်လဲချက်ဖြင့် ဆော်ဒီသန်းကြွယ်သူဌေး မုဒိမ်းမှုစွဲချက်မှ လွတ်မြောက်
ကမ္ဘာ့သတင်း
စထရိတ်တိုင်းမ်
လန်ဒန်၊ ဒီဇင်ဘာ-၁၆ ။           ။ ထူးဆန်း အံသြဖွယ်ရာပါပဲ။ ဆော်ဒီသန်းကြွယ်သူဌေးတစ်ယောက်ဟာ ချော်လဲရာက ၁၈နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို မတော်တဆ လိင်ဆက်ဆံ မိလျှက်သား (penetrated)ဖြစ်သွားတယ်လို့ ရုံးတော်မှာ လျှောက်လဲလိုက်တော့ ဆယ်ကျော်သက်မုဒိမ်းမှု စွဲချက်ကနေ လွတ်မြောက်သွားခဲ့ပါသတဲ့။

အိမ်ခြံမြေလုပ်ငန်းရှင် အာဆန် အဗ္ဗဒူလာဇစ် (၄၆နှစ်)ကို ၂၀၁၄ခုနှစ် သြဂုတ်လက လန်ဒန်အနောက်ပိုင်း မိုင်ဒါ ဘေးက သူ့တိုက်ခန်းထဲက ဆိုဖာပေါ် အိပ်ပျော်နေတဲ့ ဆယ်ကျော်သက် ကောင်မလေးကို အင်အားသုံးခဲ့တယ်လို့ တရားစွဲခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဗ္ဗဒူလာဇစ်ရဲ့ လျှောက်လဲချက်က သင်းပါတယ်။ အင်္ဂါနေ့ထုတ် MailOnlineမှာ ဖော်ပြထားချက်အရ အဗ္ဗဒူလာဇစ်ဟာ ကောင်မလေးအပေါ် လဲကျသွားစဉ်မှာ သူ့ရဲ့ ယောကျာ်းဖြစ်မှုဟာ ထိုးထွက်နေခဲ့တယ်လို့ ဆိုပါတယ်။

Sothwark Crownရုံးတော်ကလည်း အမှုကို ကြားနာစစ်ဆေးအပြီးမှာ အဗ္ဗဒူလာဇစ်ကို မုဒိမ်းမှု စွဲချက်ကနေ ကွင်းလုံးချွတ်လွတ်ပေးလိုက်တော့ တရားဥပဒေဆိုတာလည်း စဉ်းစားစရာဖြစ်ခဲ့ရပါတယ်။

ဆယ်ကျော်သက်ကောင်မလေးဟာ ယမန်နှစ် သြဂုတ်လ ရရက်နေ့က West End က စျေးကြီးနိုက်ကလပ်တစ်ခုမှာ သူဌေးကြီး အဗ္ဗဒူလာဇစ်နဲ့ တွေ့ခဲ့ကြတာဖြစ်ပြီး ထိုစဉ်က သူမဟာ အဗ္ဗဒူလာဇစ်နဲ့ သိကျွမ်းတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အတူရှိနေခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ သူဌေးကြီးက သူတို့ကို သူ့ရဲ့ အော်စတင် မာတင်ကားနဲ့ အိမ်ကိုလိုက်ခဲ့ဖို့ ကမ်းလှမ်းလို့ သုံးဦးသားဟာ သူဌေးကြီးရဲ့ တိုက်ခန်းကို သွားခဲ့ကြပါတယ်။ အဲဒီမှာ သူဌေးကြီးက သူငယ်ချင်းဖြစ် သူကို လိင်ပျော်ပါးဖို့ အခန်းထဲကို ခေါ်မသွားမီမှာ ဗော့ဒကာအရက်နဲ့ ဧည့်ခံခဲ့သေးတယ်လို့ ဆိုပါတယ်။

၁၈နှစ်အရွယ်ကောင်မလေးကတော့ နံနက်စောစော သူမ နိုးလာတဲ့အခါမှာ အဗ္ဗဒူလာအဇစ်ကို သူမကိုယ်ပေါ်မှာ ထပ်လျှက်သား ကိစ္စတန်းလန်းနဲ့ တွေ့ရတယ်လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူဌေးကြီးကတော့ သူမကို အိပ်ယာဝင် တီရှပ်ဝတ်စေချင်ရုံ၊ အိပ်အပြန် တက္ကဆီခ ပေးချင်ရုံသက်သက်ပဲ သဘောထားရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ကောင်မလေးကိုယ်၌က သူ့ကို ကိုယ်ပေါ် အတင်းဆွဲတင်၊ သူ့လက်တွေကိုလည်း ခြေထောက်ကြားထဲ အတင်းဆွဲထည့်နေတာကြောင့် သူလဲကျသွားခဲ့ရတယ်လို့ လျှောက်လဲခဲ့ကြောင်း MailOnline မှာ ဖော်ပြထားခဲ့ပါတယ်။

‘ကျနောက ပျော့တယ်။ လဲကျသွားခဲ့ပေမယ့်လည်း ဘာမှမဖြစ်ခဲ့ပါဘူး။ ဒီမိန်းခလေးနဲ့ ကျနော်ကြားမှာ ဘာဆိုဘာမှ မဖြစ်ခဲ့ပါဘူး’ဟု ရုံးတော်ကို လျှောက်လဲရာတွင် သူမတွင်တွေ့ရသည့် သူ့မျိုးဗီဇမှာမူ သူလဲကျသွားခဲ့၍သာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့လက်တွင် ပေကျံနေသည့် မျိုးဥများမှာလည်း ဆယ်ကျော်သက်ကောင်မလေး၏ သူငယ်ချင်းဖြစ်သူနှင့် ပျော်ပါးစဉ်က သူ့လက်ကို စွန်းထင်းသွားခြင်းဖြစ်နိုင်တယ်လို့လည်း သူဌေးကြီးက ပြောတယ်လို့ ဆိုပါတယ်။

- See more at: http://mizzimaburmese.com/article/8634#sthash.xxTRIxiS.dpuf

No comments:

Post a Comment