Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 16, 2015

အမျိုးသမီး အခွင့်အရေးတောင်းဆိုသူတွေ ဆီသို့ ကိုယ်လုံးတီးနဲ့ ပြေးဝင်သွားခဲ့တဲ့ အရက်မူးသမား


အရက်မူးသမား တစ်ယောက်ဟာ ၈ နာရီကြာ အရက်ထိုင်သောက်ပြီးတဲ့နောက်မှာ အမျိုးသမီး အခွင့်အရေးတောင်းဆို ဆန္ဒပြသူ အမျိုးသမီးတွေ ဆီသို့ ကိုယ်လုံးတီးနဲ့ ပြေးဝင်သွားခဲ့တဲ့အမှု ကို တရားရုံးမှာ ကြားနာခဲ့ပါတယ်။

ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူဟောင်းတစ်ယောက်ဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် Peter Barker ဆိုသူဟာ Nottingham မြို့ရဲ့ ဈေးဟောင်း ပန်းခြံနားမှာ အ၀တ်အစားတွေချွတ်ပြီး ပန်းခြံထဲမှာ လူစုဝေးနေတဲ့ ဆန္ဒထုတ်ဖော်သူအမျိုးသမီးတွေ ဆီကို ပြေးမသွားခင်တုန်းကလည်း မင်္ဂလာဆောင်ထားတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ လူပျိုည (Bachelor Night) ပါတီပွဲမှာ အရက် ၉ ခွက်လောက်သောက်ခဲ့တယ်လို့ သိရပါတယ်။

ထို ဆန္ဒထုတ်ဖော်နေသူအမျိုးသမီးတွေက Reclaim The Night rally ဆိုတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး သတိပေး ဆန္ဒထုတ်ဖော်မှုအတွက် ထိုပန်းခြံအတွင်းမှာ စုဝေးနေကြတယ်ဆိုတာကို Peter Barker တစ်ယောက် သိပုံမပေါ်ပါဘူး။ ထို အဖြစ်အပျက်ဟာ အောက်တိုဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုပန်းခြံထဲမှာတော့ အမျိုးသမီးနဲ့ ကလေးငယ် အယောက် ၁၀၀ လောက်ရှိနေခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေး ကင်မရာထဲမှာတော့ Beeston မြို့သား Barker ဟာ ပန်းခြံနားမှာ အ၀တ်အစားတွေချွတ်ကာ သူ့သူငယ်ချင်းလက်ထဲကို ထည့်ပေးပြီး ကိုယ်လုံးတီးနဲ့ ဆန္ဒထုတ်ဖော်သူတွေဆီကို ပြေးသွားတာတွေ့ရပါတယ်။ သူကတော့ ပြီးခဲ့တဲ့တစ်ခေါက် တရားရုံးမှာ ကြားနာစဉ်က ပြည်သူလူထုကို စိတ်အနှောင့်အယှက်ဖြစ်စေမှုကို ကျူးလွန်ခဲ့တယ်လို့ ၀န်ခံထားပါတယ်။

တရားရုံးကို အမှုကြားနာဖို့ လာရောက်ခဲ့တဲ့ Peter Barker ဟာ သူ့ရဲ့ မျက်နှာကို ဖော်ပြခဲ့ခြင်းမရှိပဲ ဖုံးအုပ်ထားတာကိုတွေ့ရပါတယ်။ တရားရုံးက သူ့ကို လုပ်အားခမရတဲ့ နာရီ ၈၀ စာ အလုပ်ချိန်တစ်ခု ၊ ရာဇ၀တ်မှု ဆိုင်ရာ ကြားနာစစ်ဆေးမှုအတွက် စတာလင်ပေါင် ၁၈၀ ၊ တရားလို နစ်နာကြေး စတာလင်ပေါင် ၆၀ နဲ့ ၈၅ ပေါင်တို့ကို အသီးသီး ပေးလျော်စေခဲ့တယ်လို့ သိရပါတယ်။


( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

.......................................................

အမိုးသမီး အခြင့်အေရးတောင်းဆိုသူတြေ ဆီသို့ ကိုယ္လုံးတီးနဲ့ျေပးဝင်ြသားခဲ့တဲ့ အရက္မူးသမား

အရက္မူးသမား တစ္ခုဟာ ၈ နာရီကြာ အရက္ထိုင်သောက်ပြီးတဲ့နောက္မွာ အမိုးသမီး အခြင့်အေရးတောင်းဆို ဆန္ဒျပသူ အမိုးသမီးတြေ ဆီသို့ ကိုယ္လုံးတီးနဲ့ျေပးဝင်ြသားခဲ့တဲ့အမှု ကို တရားရုံးမွာ ကြားနာခဲ့ပါတယ်။

ဝန်ဆောင္မှု လုပ်ငန်း လုပ္ကိုင်သူဟောင်းတစ်ယောက်ျဖစ္တဲ့ အသက် ၄၅ နွစ်အရြယ် Peter Barker ဆိုသူဟာ Nottingham မြို့ရဲ့ စေ်းဟောင်း ပန်းခြံနားမွာ အ၀တ်အစားတြေချတ်ြပြီး ပန်းခြံထဲမွာ လူစုဝေးနေတဲ့ ဆန္ဒထုတ်ဖော်သူအမိုးသမီးတြေ ဆီကိုျေပးမသြားခင္တုန်းကလည်း မဂင်္လာဆောင္ထားတဲ့ သူငယ္ခ်င်းတစ်ယောက်ရဲ့ လူပိုည (Bachelor Night) ပါတီပြဲမွာ အရက် ၉ ခြက်လောက်သောက္ခဲ့တယ္လို့ သိရပါတယ်။

ထို ဆန္ဒထုတ်ဖော်နေသူအမိုးသမီးတြေက Reclaim The Night rally ဆိုတဲ့ အမိုးသမီးတြေအေပါ် အကြမ်းဖက္မှုနဲ့ ပတ်သက်ပြီး သတိပေး ဆန္ဒထုတ်ဖ္မေှာုအတြက် ထိုပန်းခြံအတြင်းမွာ စုဝေးနေကြတယ္ဆိုတာကို Peter Barker တစ်ယောက် သိပုံမေပ်ါပါဘူး။ ထို အျဖစ်အပ်က်ဟာ အောက္တိုဘာ ၂၄ ရက်နေ့ကျဖစ္ပြားခဲ့တျာဖစ်ပြီး ထိုပန်းခြံထဲမွာတော့ အမိုးသမီးနဲ့ ကေလးငယ် အေယာက် ၁၀၀ လောက်ရွိနေခဲ့တယ္လို့ သိရပါတယ်။

လုံခြုံရေး ကင္မရာထဲမွာတော့ Beeston မြို့သား Barker ဟာ ပန်းခြံနားမွာ အ၀တ်အစားတြေချတ္ကြာ သူ့သူငယ္ခ်င်းလက္ထဲကို ထည့်ပေးပြီး ကိုယ္လုံးတီးနဲ့ ဆန္ဒထုတ်ဖော်သူတြေဆီကိုျေပးသြားတာတြေ့ရပါတယ်။ သူကေတာ့ ပြီးခဲ့တဲ့တစ်ခေါက် တရားရုံးမွာ ကြားနာစဥ္ကျပည်သူလူထုကို စိတ်ေအနွာင့်အယွက်ျဖစ်စေမှုကို က်ူးလြန္ခဲ့တယ္လို့ ၀န္ခံထားပါတယ်။

တရားရုံးကို အမှုကြားနာဖို့ လာရောက္ခဲ့တဲ့ Peter Barker ဟာ သူ့ရဲ့ မ်က်နွာကို ဖော်ျပချဲ့ခင်းမရွိပဲ ဖုံးအုပ္ထားတာကိုတြေ့ရပါတယ်။ တရားရုံးက သူ့ကို လုပ်အားခမရတဲ့ နာရီ ၈၀ စာ အလုပ္ခိန္တစ္ခု ၊ ရာဇ၀တ္မှု ဆိုင်ရာ ကြားနာစစ်ဆေးမှုအတြက် စတာလင်ပေါင် ၁၈၀ ၊ တရားလို နစ္နာကြေး စတာလင်ပေါင် ၆၀ နဲ့ ၈၅ ပေါင္တို့ကို အသီးသီး ပေးလော််စေခဲ့တယ္လို့ သိရပါတယ်။


( Mario )

#သစ္ထူးလြင်(ဗဟုသုတနွင့်ထူးဆန်းထြေလာ)
#knowledge.thithtoolwin.com

Ref : Mirror

No comments:

Post a Comment