အစာအငတ္ခံဆႏၵျပၿပီး ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ ေရာက္ေနတဲ့ ဗကသ အဖဲြ႔ဝင္ ကိုေအာင္မႈိင္းဆန္းကို ႏိုဝင္ဘာလ ၁၅ ရက္ေန႔က ေတြ႔ရစဥ္ ဓါတ္ပံု - ေအာင္သိခၤ/RFA |
အခုလိုေငြလွဴဒါန္းရတာဟာ ပညာေရးဥပေဒကိုျပင္ဆင္တဲ့ေက်ာင္းသားေတြကို ေထာက္ခံအားေပးတာေၾကာင့္ ျဖစ္တယ္လို႔ ဆရာေတာ္ ဦးေခမာနႏၵက RFA ကို မိန္႔ပါတယ္။
"ပညာတက္မွသာလွ်င္ တိုင္းျပည္ကအစစ ဖက္စံုဖြံ႔ၿဖိဳးတိုးတက္မယ္၊ ပညာမဲ့ေတြ အုပ္ခ်ဳပ္ေနရင္ တိုင္းျပည္ကအဖက္ဖက္က ယိုယြင္းေနမယ္၊ ခေလးေတြ ပညာေရး ေျပာင္းလဲေရးလုပ္တာကို ဦးဇင္းတို႔ကေထာက္ခံတယ္"
ေက်ာင္းသားေတြဟာ သာယာဝတီအက်ဥ္းေထာင္ထဲမွာ အစာငတ္ခံဆႏၵျပၾကသူေတြနဲ႔ က်န္းမာေရး မေကာင္းတဲ့သူေတြ ရန္ကုန္ေဆးရံုႀကီးမွာ ေဆးကုသ ခံယူေနရတာပါ။
ဆရာေတာ္ဟာ ဗမာႏိုင္ငံလံုးဆိုင္ရာေက်ာင္းသားသမဂၢမ်ားအဖြဲ႔ခ်ဳပ္က ကိုမင္းေသြးသစ္ အပါအဝင္ ေဆးကုသမႈခံယူေနတဲ့ ဖမ္းဆီးခံပညာေရး သပိတ္ စစ္ေၾကာင္းက ပါ၀င္ခဲ့သူေတြကို တစ္ဦးကို ေငြက်ပ္ ၂ သိန္းစီ လွဴဒါန္းခဲ့တာျဖစ္ပါတယ္။
အမ်ိဳးသားပညာေရးဥပေဒျပင္ဆင္ေရးေၾကာင့္ ဖမ္းဆီးခံထားရတဲ့ ေက်ာင္းသားေတြနဲ႔ ၀န္းရံျပည္သူ ေတြကို ေတာင္ႀကီးၿမိဳ႕ ရွစ္ေလးလံုးရဟန္းပ်ိဳမ်ား သမဂၢက ေထာက္ခံ အားေပးတဲ့အတြက္ ၀မ္းသာမိတယ္လို႔ ေက်ာင္းသား ေခါင္းေဆာင္ ကိုမင္းေသြးသစ္ က ေျပာပါတယ္။
ဆရာေတာ္ ဦးေခမာနႏၵဟာ အက်ဥ္းေထာင္ေတြထဲမွာ ဖမ္းဆီးခံထားရတဲ့ ေက်ာင္းသား ေတြနဲ႔ ၀န္းရံသူေတြကိုလည္း ေငြေၾကးေထာက္ပံဖို႔ေတြ ဆက္လက္ေဆာင္ရြက္သြားမယ္လို႔လည္း သိရပါတယ္။
RFA Burmese
http://www.rfa.org/burmese
...................
အစာအငတ်ခံဆန္ဒပြပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ရောက်နေတဲ့ ဗကသ အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်းကို နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - အောင်သိင်္ခ/RFA
ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက် ကျောင်းသားတွေကို ရှမ်းပြည်နယ် တောင်ကြီး မြို့ရှစ်လေးလုံး ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ ဆရာတော်ဦးခေမာနန္ဒ က ဒီကနေ့ သွားရောက် ငွေလှူဒါန်း လိုက်ပါတယ်။
အခုလိုငွေလှူဒါန်းရတာဟာ ပညာရေးဥပဒေကိုပြင်ဆင်တဲ့ကျောင်းသားတွေကို ထောက်ခံအားပေးတာကြောင့် ဖြစ်တယ်လို့ ဆရာတော် ဦးခေမာနန္ဒက RFA ကို မိန့်ပါတယ်။
"ပညာတက်မှသာလျှင် တိုင်းပြည်ကအစစ ဖက်စုံဖွံ့ဖြိုးတိုးတက်မယ်၊ ပညာမဲ့တွေ အုပ်ချုပ်နေရင် တိုင်းပြည်ကအဖက်ဖက်က ယိုယွင်းနေမယ်၊ ခလေးတွေ ပညာရေး ပြောင်းလဲရေးလုပ်တာကို ဦးဇင်းတို့ကထောက်ခံတယ်"
ကျောင်းသားတွေဟာ သာယာဝတီအကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြကြသူတွေနဲ့ ကျန်းမာရေး မကောင်းတဲ့သူတွေ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသ ခံယူနေရတာပါ။
ဆရာတော်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုမင်းသွေးသစ် အပါအဝင် ဆေးကုသမှုခံယူနေတဲ့ ဖမ်းဆီးခံပညာရေး သပိတ် စစ်ကြောင်းက ပါ၀င်ခဲ့သူတွေကို တစ်ဦးကို ငွေကျပ် ၂ သိန်းစီ လှူဒါန်းခဲ့တာဖြစ်ပါတယ်။
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူ တွေကို တောင်ကြီးမြို့ ရှစ်လေးလုံးရဟန်းပျိုများ သမဂ္ဂက ထောက်ခံ အားပေးတဲ့အတွက် ၀မ်းသာမိတယ်လို့ ကျောင်းသား ခေါင်းဆောင် ကိုမင်းသွေးသစ် က ပြောပါတယ်။
ဆရာတော် ဦးခေမာနန္ဒဟာ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား တွေနဲ့ ၀န်းရံသူတွေကိုလည်း ငွေကြေးထောက်ပံဖို့တွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment