ရြာကေလးတြင္ ႏွစ္ေပါင္းမ်ာစြာ မျပဳျပင္ဘဲ ထားသျဖင့္ ၿပိဳလဲလု တဲေလးမ်ား စုေဝးေနသည္။ ညစ္ေပေနေသာ ကေလးမ်ားသည္ အဝတ္အစားမပါပဲ ေျပးေဆာ့ေနၾကသည္။ ထိုျမင္ကြင္းေၾကာင့္ ေျမာက္ကိုရီးယားကို ဆရာမ အထင္ေသးသြားမည္ စိုးသျဖင့္ ျပန္ၾကရန္ ဆရာမအား အတင္းဆြဲေခၚေသာ္လည္း မရ။ ကေလးမ်ားကို ဆရာမ မ်က္ရည္လည္ၿပီး စိုက္ၾကည့္ေနသည္။ ကေလးမ်ားသည္ ဆရာမ၏ မိခင္စိတ္ကို လံႈေဆာ္ေပးလိုက္သည္။ ဆရာက ရြံရွာမုန္းတီးစြာ ကြ်န္မအား ၾကည့္လ်က္ "မင္းတို႔ တိုင္းျပည္ဆိုတာ ဒီလိုလား။ သနားဖုိ႔ေကာင္းလိုက္တာ"
ေက်ာင္းတြင္ ကြ်န္မရင္းႏွီးသည့္ ေနာက္တေယာက္မွာ ထမင္းခ်က္ ဝူခ်ီ ျဖစ္သည္။ သူမဆယ္ေက်ာ္သက္ အရြယ္တြင္ တြင္ခံု အလုပ္သမားေလးႏွင့္ ခ်စ္ကြ်မ္းဝင္သည္။ သို႔ေသာ္ မိဘမ်ားက သူမအား ေက်ာက္မီးေသြးတြင္း အလုပ္သမားတေယာက္ႏွင့္ အတင္းအက်ပ္ လက္ထပ္ေပးသည္။လက္ထပ္ၿပီး ဆမ္ဂြ်န္ရြာတြင္ ေနထိုင္ရသည္။ ခင္ပြန္းျဖစ္သူသည္ လြန္စြာမွ ေပြရႈပ္သူျဖစ္သည္္။ ဆင္းရဲဒုကၡမ်ားစြာႏွင့္ အတူ သူမေနခဲ့ရသည္။ တေန႔တြင္ ခင္ပြန္းသည္ ေက်ာက္မီးေသြးတင္ လက္တြန္းလွည္းတိုက္မိကာ ေသဆံုးသြားသည္။
ခင္ပြန္းသည္ စ်ာပနာတြင္ သူမ၏ခ်စ္သူေဟာင္းႏွင့္ ျပန္ဆံုမိသည္။ သူက သူမကို ခ်စ္ေနဆဲ ျဖစ္ေသာ္လည္း သူ႔တြင္ တအိုးတအိမ္ရွိေနၿပီး သားသမီးမ်ားလည္း ထြန္းကားေနၿပီ ျဖစ္သည္။
ဝူခ်ီသည္ ေက်ာင္းမ်ားတြင္ အခ်က္အျပဳတ္ဆရာမ လုပ္ေနရာမွ စပိုင္သင္တန္းေက်ာင္းသုိ႔ ေရာက္လာျခင္း ျဖစ္သည္။ ကြ်န္မတို႔ေက်ာင္းသည္ ကြန္ဗင့္ေက်ာင္းကဲ့သို႔ သီးသန္႔ရွိေနမႈကို သူမက သေဘာက်သည္။ သူမသည္ ထမင္းခ်က္သာမက ကြ်န္မတို႔အား အုပ္ထိန္းသူလည္း ျဖစ္သည္။ အနီးအနားသို႔ ကြ်န္မတို႔ သြားလိုလွ်င္ သူ႔ထံတြင္ ခြင့္ေတာင္းရသည္။ သူမသည္ ၾကင္နာသနားတတ္သူ ့ျဖစ္သည္။ မၾကာခဏဆိုသလို ကြ်န္မတို႔ ေနခ်င္သလို ေနခြင့္ေပးသည္။
သင္တန္းကာလတေလွ်ာက္ ကြ်န္မအား မၾကာခဏ အိမ္ျပန္ခြင့္ေပးသည္။ အိိမ္ျပန္တိုင္း ဝမ္းနည္းေၾကကြဲရသည္။ မိသားစုက ကြ်န္မအား သင္တန္းေက်ာင္းသို႔ ျပန္မသြားေစခ်င္ၾက။ ယင္းသို႔ ကြ်န္မအား တြယ္တာလြမ္းဆြတ္ေနၾကျခင္းကို ကင္အီဆြန္း သေဘာတရားေရး မိႈင္းမိခံေနရသည့္ ကြ်န္မက အနည္းငယ္ ရွက္မိသည္။ အရာရာသည္ ေခါင္းေဆာင္ႀကီး ကင္အီဆြန္းအတြက္ ျဖစ္ရမည္။ မိသားစု သံေယာဇဥ္အတြက္ ေနရာမရွိ။
ေမာင္ငယ္ ဘန္ဆူး ရုတ္တရက္ အျပင္းဖ်ားသည္။ ထို႔ေနာက္ အေရျပားကင္ဆာဟု သိရသည္။ ၾကာၾကာ မေနရေတာ့ဟု ဆရာဝန္က ဆိုသည္။ မိသားစုဝင္ အားလံုး ေဆာက္တည္ရာမရ ျဖစ္ကုန္သည္။ ကြ်န္မေရာက္သြားတိုင္း ကြ်န္မကို ျပန္မသြားေစခ်င္ေၾကာင္း ယခုအလုပ္ကို မလုပ္ေစခ်င္ေၾကာင္း အတိအလင္း အေမက ေျပာလာသည္။ အေဖကမူ ဘာမွ်မေျပာ။ သို႔ေသာ္ သူ၏ ခံစားမႈသည္လည္း အေမႏွင့္ ထပ္တူထပ္မွ် ျဖစ္ေပလိမ့္မည္။ ကေလးဘဝ တေလွ်ာက္လံုး အေဖသည္ ကြ်န္မအား အထူးအေလးထားၾကင္နာသူ ျဖစ္သည္။ သူက ကြ်န္မကို ေရြမင္းသမီးေလးဟု ခ်စ္စႏိုး ေခၚတတ္သည္။
အေဖက အသိရခက္သည္။ အခြင့္ထူးခံ ပါတီဝင္တဦးျဖစ္ေသာ အေဖသည္ ကြ်န္မအတြက္ ဂုဏ္ယူေပလိမ့္မည္။ သို႔ေသာ္ မိသားစု ရင္ခြင္မွ ဆြဲထုတ္သြားေသာ အစိုးရကို ေက်နပ္လိမ့္မည္ မဟုတ္။ မိဘ၏ ခ်စ္ျခင္းေမတၱာသည္ ေခါင္းေဆာင္ႀကီး ကင္ဂ်ဴ ံအီလ္၏ စီမံကိန္းတြင္ မပါဝင္ေပ။
သင္တန္း ၃ ႏွစ္တက္ၿပီး သင္တန္းဆင္း စာေမးပြဲ ေျဖရသည္။ ကြ်န္မ ေလ့လာသင္ယူခဲ့သမွ်ကို ျပန္လည္ဆန္းစစ္ေသာ စာေမးပြဲ ေျဖရသည္။ စိတ္ပန္းလူပန္း အျဖစ္ရဆံုး ဆန္းစစ္မႈျဖစ္သည္။ စာေမးပြဲ ၂ ႀကိမ္က်ရံႈးလွ်င္ ပါတီမွ ထုတ္ပစ္ခံရမည္။ တသက္လံုး လူလံုးမလွ ျဖစ္ရသည္။
စာေမးပြဲကို တပတ္လံုး စစ္ေဆးၿပီး အဓိက အပိုင္း ၃ ပိုင္း ပါဝင္သည္။ ကာယႀကံခိုင္မႈ ေရးေျဖႏွင့္ လက္ေတြ႕ကြင္းဆင္းစစ္ေဆးျခင္းတို႔ ျဖစ္သည္။ အပိုင္း တပိုင္း အမွတ္တစ္ရာ ေပးထားသည္။ အပိုင္း ၁ ပိုင္းစီအတြက္ အနည္းဆံုး အမွတ္ ၉၀ ရရန္ လိုအပ္သည္။ စာေမးပြဲမစမီ လ အတန္ငယ္ကတည္းက ကြ်န္မႏွင့္တကြ စာေမးပြဲဝင္မည့္လူမ်ား ေသာကေရာက္ေနရသည္။ ေအာင္မွ ေအာင္ပါ့မလာဆိုသည့္ အေတြးက လႊမ္းမိုး ႏွိပ္စက္သည္ကို ခံေနရသည္။ စာေမးပြဲ ေျဖဆိုသူမ်ား အနက္ ၃ ပံု ၁ ပံုသာ ေအာင္ျမင္သည္ဟု ဆိုသည္။ ပါတီသည္ ေအာင္ျမင္သူမ်ားကိုသာ ပါတီဝင္အျဖစ္ ဆက္လက္ လက္ခံသည္။
စက္တင္ဘာလ ျဖစ္သည့္အတိုင္း စာေမးပြဲ စတင္စစ္ေဆးေသာေန႔သည္ မႈန္မိႈင္းေနသည္။ ေျမျပင္ေပၚတြင္ ေအးခဲေနသည့္ အတံုးအခဲေလးမ်ားက္ုိ ျမင္ေနရသည္။ ေဆာင္းဦးေပါက္၏ သေကၤတပင္။ နံနက္ ၆နာရီ အိပ္ရာမွ ထသည္။ အားကစားဝတ္စံုကိုဝတ္သည္။ နံနက္စာစားသည္။ လက္မ်ား တုန္ယင္ေနသျဖင့္ အစာကို ပါးစပ္ေပါက္သို႔ ခက္ခက္ခဲခဲ ယူရသည္။ လည္ေခ်ာင္းကလည္း ေတာင့္တင္း မာေခါက္ေနသျဖင့္ အစာကို ခက္ခဲစြာ မ်ဴ ိခ်ရသည္။
အခန္းေဖာ္ ဆြတ္ေဟးသည္လည္း ကြ်န္မႏွင့္အတူ စာေမးပြဲဝင္ရသည္။ စိုးရိမ္ေၾကာက္ရြံမႈကို ေျဖေဖ်ာက္ေသာအားျဖင့္ နံနက္စာစားေနစဥ္ သူႏွင့္ စကားအနည္းငယ္ ေျပာျဖစ္သည္။ ေက်ာင္းသင္ခန္းစာမ်ားကို ခပ္တိုးတိုး ေရရြတ္ၿပီး စိတ္အာရံုစုစည္းရန္ ႀကိဳးစားေသာ္လည္း အခ်ည္းႏွီးသာ။
နံနက္ ၆ နာရီခြဲတြင္ ခေရမႈတ္သံၾကားရသည္။ ကြ်န္မတို႔ သင္တန္းသား စုစုေပါင္း ၁၅ ဦးသည္ တန္းစီၾကသည္။ ငါးဦးမွာ အမ်ဴ ိးသမီးမ်ား ျဖစ္ၾကသည္။ ေျပာက္ၾကားဝတ္စံု ဝတ္ထားေသာ သင္တန္းဆရာ တဦးႏွင့္ သင္တန္းဆရာမ တဦးက သင္တန္းသားမ်ား ေရွ႕တြင္ ေနရာယူသည္။ သင္တန္းဆရာက "ရဲေဘာ္တို႔ စာေမးပြဲရဲ႕ ပထမအဆင့္ကို မင္းတို႔ ေျဖၾကရေတာ့မယ္။ မင္းတို႔ ၁၅ ကီလိုမီတာ (၁၀မိုင္ခန္႕)ခရီးရွည္ကို ေျပးရမယ္။ ေျပးလမ္းတေလွ်ာက္မွာ အလံ အဝါေရာင္ေလးေတြ ခ်ိတ္ထားေပးတယ္။ ငါနဲ႔ဆရာမ ေျမာင္ မင္းတို႔နဲ႔အတူ လိုက္ေျပးၾကမယ္"
သင္တန္းဆရာမဘက္ကို ၫႊန္ျပလ်က္ ေျပာသည္။
"က်န္တ့ဲ သင္တန္းဆရာေတြက ပန္းဝင္တဲ့ စခန္း တဖက္မွာ ေစာင့္ေနၾကတယ္။ သူတို႔က မင္းတို႔ ပန္းဝင္တဲ့ စံခ်ိန္ကို မွတ္သားေပးလိမ့္မယ္။ အခ်ိန္တိုတိုနဲ႔ ပန္းဝင္ရင္ အမွတ္ပိုရမယ္။ ခရီးဆံုးေအာင္ မေျပးႏိုင္ရင္ သုညပဲရမယ္။ ေနာက္စာေမးပြဲေတြလဲ ဆက္မေျဖရေတာ့ဘူး။ ေျပာတာ ရွင္းတယ္ေနာ္"
"ဟုတ္ကဲ့ ရွင္းပါတယ္" သင္တန္းသားမ်ား၏ အသံ။
"အားလံုး အသင့္ျပင္ၾက"
အားလံုး ေျပးမယ့္ လမ္းေၾကာင္းဘက္သို႔ လွည့္လိုက္ၾကသည္။ သင္တန္းဆရာသည္ ခရာမႈတ္လိုက္ၿပီး ေရွ႕ဆံုးမွ ေျပးသည္။ ကြ်န္မတို႔က သူ႔ေနာက္မွ လိုက္ၾကသည္။ သူ၏ ေျခလွမ္းက်ဲကို ကြ်န္မတို႔ မွီရန္မလြယ္။ သူ႔ကို မွီရန္မႀကိဳးစားပဲ ကုိယ့္ေျခလွမ္းျဖင့္ ကိုယ္ေျပးရန္ ကြ်န္မဆံုးျဖတ္လိုက္သည္။ တခ်ဳဴ ိ႕ကလည္း သူ႔အလွမ္းအတိုင္း မီွရန္ ႀကိဳးစားေျပးၾကသည္။ ထိုေျခလွမ္းမ်ဴ ိးျဖင့္ ေ႐ရွည္ေျပးရန္ မျဖစ္ႏိုင္။ ကြ်န္မက ပံုမွန္ေျပးေနၾကတိုင္း ေျပးသည္။ တခ်ဴ ိ႕က ကြ်န္မကို ေက်ာ္တက္သြားၾကသည္။ ခရီးဆံုးေအာင္ ေျပးမည္ဟု ကြ်န္မ သႏၵိ႒ာန္ခ်ထားသည္။
ပထမ တစ္ကီလိုမီတာတြင္ ကြ်န္မေမာလာသည္။ အေတြးေတြကလည္း ပ်ံလြင့္လ်က္ ဆက္မေျပးဘဲ ထိုင္ခ်ခ်င္စိတ္ ေပါက္လာသည္။ လက္ေလ်ွာ့မည့္ အေတြးကို မေတြးပဲ အျခားအေၾကာင္းအရာမ်ားကို ဇြတ္ေတြးယူသည္။ ယမန္႔ေန႔ညက ဆြတ္ေဟးႏွင့္ ေျပာခဲ့ေသာ စကားမ်ားကို လည္ေကာင္း မၾကာေသးမီက ဖတ္ရႈခဲ့ေသာ အေၾကာင္းအရာမ်ားကို လည္ေကာင္း ျပန္စဥ္းစားသည္။ ပထမ တစ္ကီလိုမီတာ ေက်ာ္လြန္ၿပီးေနာက္ အေမာသက္သာလာသည္။ ေျပးလမ္းသည္ ေတာင္ေပၚသို႔ ေကြ႕ပတ္တက္သြားသည္။ ေတာင္ေပၚ အတက္လမ္းတြင္ ေျပးရာ၌ အေတာ္ပင္ အားစိုက္ရသည္။ ေအာက္တြင္ ျမင္ေနရေသာ ေတာင္ၾကားသည္ ေဆာင္းဦးေပါက္၏ အေရာင္စံုတို႔ျဖင့္ စိုျပည္ေနသည္။ အေတာ္ပင္ သာယာလွပေသာ ျမင္ကြင္းျဖစ္သည္။ ေတာင္ေၾကာေပၚတြင္ ေအးေဆးတည္ၿငိမ္ေနၿပီး တခါတရံ ငွက္ကေလးမ်ား၏ ေတးသီသံကို ၾကားရသည္။
ေနျမင့္လာသည္ႏွင့္ အပူခ်ိန္ကလည္း တက္လာသည္။ ေခြ်းထြက္လာသည္။ တခ်ဴ ိ႕က ေနာက္မွာ က်န္ခဲ့ၿပီး တခ်ဴ ိ႕မွာ အေတာ္ေဝးသည့္ ေနရာသို႔ ေရာက္ေနၾကသည္။ ကြ်န္မႏွင့္ဆြတ္ေဟး မွာ အတူတူ ေျပးေနၾကသည္။
ေျခာက္ကီလိုမီတာခန္႔ ေျပးၿပီးေသာအခါ ေတာင္ေပၚမွ အဆင္းလမ္းသို႔ ေရာက္သည္။ ေျပးရသည္မွာ လြယ္ကူလာေသာ္လည္း ကြ်န္မေျခေထာက္မ်ား စတက္ ကိုက္ခဲလာသည္။ ေျခေထာက္နာေနေသာ္လည္း အသက္ရႈႏႈန္းကို ပံုမွန္ျဖစ္ေစရန္ ထိန္းထားရသည္မွာ ခက္ခဲသည္။ ေျခလွမ္း ၄ လွမ္းတြင္ တႀကိမ္ အသက္ရႈသြင္းသည္။ ထိုအသက္ရႈႏႈန္း ပ်က္သြားသည္ႏွင့္ ကြ်န္မပန္းဝင္ႏိုင္ေတာ့မည္ မဟုတ္။
ခရီးတဝက္က်ဴ ိးေသာအခါ အက်အရံႈးေလးမ်ား ရွိလာသည္။ အမ်ဴ ိးသားတစ္ဦးႏွင့္အမ်ဴ ိးသမီးတစ္ဦး လမ္းတြင္ အလဲလဲအကြဲကြဲျဖစ္ကာ ေနာက္ဆံုး ပန္းဝင္ခါနီးတြင္ လမ္းေဘးတြင္ ထိုင္ငိုေနၾကသည္ကို ေတြ႕ရသည္။ သူတို႔အတြက္ ကြ်န္မစိတ္မေကာင္းျဖစ္မိေသာ္လည္း သူတို႔အတြက္ ဘာမွမလုပ္ေပးႏိုင္။ ေနာက္တႀကိမ္တြင္ သူတို႔ ေအာင္ျမင္ပါေစေၾကာင္း ကြ်န္မဆုေတာင္းေပးမိသည္။
ဆက္ရန္
Swam Htetမွတ္စုၾကမ္း
December 25, 2015 ·
.............
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း
အပိုင်း ၁၁
ကျွန်မတို့ နေထိုင်ရာ အိမ်မှာ တမိုင် နှစ်မိုင်ခန့်ဝေးသည့် နေရာတွင် ရွာသိမ်လေး တစ်ရွာရှိသည်။ စည်းကမ်းအရဆိုလျှင် ကျွန်မတို့သည် ထိုရွာသို့ သွားခွင့်မရှိ။ ဆရာမက နားပူနားဆာလုပ်လွန်းသဖြင့် တခုသော တနင်္ဂနွေညနေက ကျွန်မတို့ ၂ ယောက်သား ထိုရွာသို့ သွားကြသည်။ ဆရာမသည် ကိုရီးယား သာမန် ကျေးလက်ရွာသူ ရွာသားများကို မတွေ့ဖူး။
ရွာကလေးတွင် နှစ်ပေါင်းမျာစွာ မပြုပြင်ဘဲ ထားသဖြင့် ပြိုလဲလု တဲလေးများ စုဝေးနေသည်။ ညစ်ပေနေသော ကလေးများသည် အဝတ်အစားမပါပဲ ပြေးဆော့နေကြသည်။ ထိုမြင်ကွင်းကြောင့် မြောက်ကိုရီးယားကို ဆရာမ အထင်သေးသွားမည် စိုးသဖြင့် ပြန်ကြရန် ဆရာမအား အတင်းဆွဲခေါ်သော်လည်း မရ။ ကလေးများကို ဆရာမ မျက်ရည်လည်ပြီး စိုက်ကြည့်နေသည်။ ကလေးများသည် ဆရာမ၏ မိခင်စိတ်ကို လှုံဆော်ပေးလိုက်သည်။ ဆရာက ရွံရှာမုန်းတီးစွာ ကျွန်မအား ကြည့်လျက် "မင်းတို့ တိုင်းပြည်ဆိုတာ ဒီလိုလား။ သနားဖို့ကောင်းလိုက်တာ"
ကျောင်းတွင် ကျွန်မရင်းနှီးသည့် နောက်တယောက်မှာ ထမင်းချက် ဝူချီ ဖြစ်သည်။ သူမဆယ်ကျော်သက် အရွယ်တွင် တွင်ခုံ အလုပ်သမားလေးနှင့် ချစ်ကျွမ်းဝင်သည်။ သို့သော် မိဘများက သူမအား ကျောက်မီးသွေးတွင်း အလုပ်သမားတယောက်နှင့် အတင်းအကျပ် လက်ထပ်ပေးသည်။လက်ထပ်ပြီး ဆမ်ဂျွန်ရွာတွင် နေထိုင်ရသည်။ ခင်ပွန်းဖြစ်သူသည် လွန်စွာမှ ပွေရှုပ်သူဖြစ်သည််။ ဆင်းရဲဒုက္ခများစွာနှင့် အတူ သူမနေခဲ့ရသည်။ တနေ့တွင် ခင်ပွန်းသည် ကျောက်မီးသွေးတင် လက်တွန်းလှည်းတိုက်မိကာ သေဆုံးသွားသည်။
ခင်ပွန်းသည် စျာပနာတွင် သူမ၏ချစ်သူဟောင်းနှင့် ပြန်ဆုံမိသည်။ သူက သူမကို ချစ်နေဆဲ ဖြစ်သော်လည်း သူ့တွင် တအိုးတအိမ်ရှိနေပြီး သားသမီးများလည်း ထွန်းကားနေပြီ ဖြစ်သည်။
ဝူချီသည် ကျောင်းများတွင် အချက်အပြုတ်ဆရာမ လုပ်နေရာမှ စပိုင်သင်တန်းကျောင်းသို့ ရောက်လာခြင်း ဖြစ်သည်။ ကျွန်မတို့ကျောင်းသည် ကွန်ဗင့်ကျောင်းကဲ့သို့ သီးသန့်ရှိနေမှုကို သူမက သဘောကျသည်။ သူမသည် ထမင်းချက်သာမက ကျွန်မတို့အား အုပ်ထိန်းသူလည်း ဖြစ်သည်။ အနီးအနားသို့ ကျွန်မတို့ သွားလိုလျှင် သူ့ထံတွင် ခွင့်တောင်းရသည်။ သူမသည် ကြင်နာသနားတတ်သူ ့ဖြစ်သည်။ မကြာခဏဆိုသလို ကျွန်မတို့ နေချင်သလို နေခွင့်ပေးသည်။
သင်တန်းကာလတလျှောက် ကျွန်မအား မကြာခဏ အိမ်ပြန်ခွင့်ပေးသည်။ အိိမ်ပြန်တိုင်း ဝမ်းနည်းကြေကွဲရသည်။ မိသားစုက ကျွန်မအား သင်တန်းကျောင်းသို့ ပြန်မသွားစေချင်ကြ။ ယင်းသို့ ကျွန်မအား တွယ်တာလွမ်းဆွတ်နေကြခြင်းကို ကင်အီဆွန်း သဘောတရားရေး မှိုင်းမိခံနေရသည့် ကျွန်မက အနည်းငယ် ရှက်မိသည်။ အရာရာသည် ခေါင်းဆောင်ကြီး ကင်အီဆွန်းအတွက် ဖြစ်ရမည်။ မိသားစု သံယောဇဉ်အတွက် နေရာမရှိ။
မောင်ငယ် ဘန်ဆူး ရုတ်တရက် အပြင်းဖျားသည်။ ထို့နောက် အရေပြားကင်ဆာဟု သိရသည်။ ကြာကြာ မနေရတော့ဟု ဆရာဝန်က ဆိုသည်။ မိသားစုဝင် အားလုံး ဆောက်တည်ရာမရ ဖြစ်ကုန်သည်။ ကျွန်မရောက်သွားတိုင်း ကျွန်မကို ပြန်မသွားစေချင်ကြောင်း ယခုအလုပ်ကို မလုပ်စေချင်ကြောင်း အတိအလင်း အမေက ပြောလာသည်။ အဖေကမူ ဘာမျှမပြော။ သို့သော် သူ၏ ခံစားမှုသည်လည်း အမေနှင့် ထပ်တူထပ်မျှ ဖြစ်ပေလိမ့်မည်။ ကလေးဘဝ တလျှောက်လုံး အဖေသည် ကျွန်မအား အထူးအလေးထားကြင်နာသူ ဖြစ်သည်။ သူက ကျွန်မကို ရွေမင်းသမီးလေးဟု ချစ်စနိုး ခေါ်တတ်သည်။
အဖေက အသိရခက်သည်။ အခွင့်ထူးခံ ပါတီဝင်တဦးဖြစ်သော အဖေသည် ကျွန်မအတွက် ဂုဏ်ယူပေလိမ့်မည်။ သို့သော် မိသားစု ရင်ခွင်မှ ဆွဲထုတ်သွားသော အစိုးရကို ကျေနပ်လိမ့်မည် မဟုတ်။ မိဘ၏ ချစ်ခြင်းမေတ္တာသည် ခေါင်းဆောင်ကြီး ကင်ဂျူ ံအီလ်၏ စီမံကိန်းတွင် မပါဝင်ပေ။
သင်တန်း ၃ နှစ်တက်ပြီး သင်တန်းဆင်း စာမေးပွဲ ဖြေရသည်။ ကျွန်မ လေ့လာသင်ယူခဲ့သမျှကို ပြန်လည်ဆန်းစစ်သော စာမေးပွဲ ဖြေရသည်။ စိတ်ပန်းလူပန်း အဖြစ်ရဆုံး ဆန်းစစ်မှုဖြစ်သည်။ စာမေးပွဲ ၂ ကြိမ်ကျရှုံးလျှင် ပါတီမှ ထုတ်ပစ်ခံရမည်။ တသက်လုံး လူလုံးမလှ ဖြစ်ရသည်။
စာမေးပွဲကို တပတ်လုံး စစ်ဆေးပြီး အဓိက အပိုင်း ၃ ပိုင်း ပါဝင်သည်။ ကာယကြံခိုင်မှု ရေးဖြေနှင့် လက်တွေ့ကွင်းဆင်းစစ်ဆေးခြင်းတို့ ဖြစ်သည်။ အပိုင်း တပိုင်း အမှတ်တစ်ရာ ပေးထားသည်။ အပိုင်း ၁ ပိုင်းစီအတွက် အနည်းဆုံး အမှတ် ၉၀ ရရန် လိုအပ်သည်။ စာမေးပွဲမစမီ လ အတန်ငယ်ကတည်းက ကျွန်မနှင့်တကွ စာမေးပွဲဝင်မည့်လူများ သောကရောက်နေရသည်။ အောင်မှ အောင်ပါ့မလာဆိုသည့် အတွေးက လွှမ်းမိုး နှိပ်စက်သည်ကို ခံနေရသည်။ စာမေးပွဲ ဖြေဆိုသူများ အနက် ၃ ပုံ ၁ ပုံသာ အောင်မြင်သည်ဟု ဆိုသည်။ ပါတီသည် အောင်မြင်သူများကိုသာ ပါတီဝင်အဖြစ် ဆက်လက် လက်ခံသည်။
စက်တင်ဘာလ ဖြစ်သည့်အတိုင်း စာမေးပွဲ စတင်စစ်ဆေးသောနေ့သည် မှုန်မှိုင်းနေသည်။ မြေပြင်ပေါ်တွင် အေးခဲနေသည့် အတုံးအခဲလေးများက်ုိ မြင်နေရသည်။ ဆောင်းဦးပေါက်၏ သင်္ကေတပင်။ နံနက် ၆နာရီ အိပ်ရာမှ ထသည်။ အားကစားဝတ်စုံကိုဝတ်သည်။ နံနက်စာစားသည်။ လက်များ တုန်ယင်နေသဖြင့် အစာကို ပါးစပ်ပေါက်သို့ ခက်ခက်ခဲခဲ ယူရသည်။ လည်ချောင်းကလည်း တောင့်တင်း မာခေါက်နေသဖြင့် အစာကို ခက်ခဲစွာ မျူ ိချရသည်။
အခန်းဖော် ဆွတ်ဟေးသည်လည်း ကျွန်မနှင့်အတူ စာမေးပွဲဝင်ရသည်။ စိုးရိမ်ကြောက်ရွံမှုကို ဖြေဖျောက်သောအားဖြင့် နံနက်စာစားနေစဉ် သူနှင့် စကားအနည်းငယ် ပြောဖြစ်သည်။ ကျောင်းသင်ခန်းစာများကို ခပ်တိုးတိုး ရေရွတ်ပြီး စိတ်အာရုံစုစည်းရန် ကြိုးစားသော်လည်း အချည်းနှီးသာ။
နံနက် ၆ နာရီခွဲတွင် ခရေမှုတ်သံကြားရသည်။ ကျွန်မတို့ သင်တန်းသား စုစုပေါင်း ၁၅ ဦးသည် တန်းစီကြသည်။ ငါးဦးမှာ အမျူ ိးသမီးများ ဖြစ်ကြသည်။ ပြောက်ကြားဝတ်စုံ ဝတ်ထားသော သင်တန်းဆရာ တဦးနှင့် သင်တန်းဆရာမ တဦးက သင်တန်းသားများ ရှေ့တွင် နေရာယူသည်။ သင်တန်းဆရာက "ရဲဘော်တို့ စာမေးပွဲရဲ့ ပထမအဆင့်ကို မင်းတို့ ဖြေကြရတော့မယ်။ မင်းတို့ ၁၅ ကီလိုမီတာ (၁၀မိုင်ခန့်)ခရီးရှည်ကို ပြေးရမယ်။ ပြေးလမ်းတလျှောက်မှာ အလံ အဝါရောင်လေးတွေ ချိတ်ထားပေးတယ်။ ငါနဲ့ဆရာမ မြောင် မင်းတို့နဲ့အတူ လိုက်ပြေးကြမယ်"
သင်တန်းဆရာမဘက်ကို ညွှန်ပြလျက် ပြောသည်။
"ကျန်တဲ့ သင်တန်းဆရာတွေက ပန်းဝင်တဲ့ စခန်း တဖက်မှာ စောင့်နေကြတယ်။ သူတို့က မင်းတို့ ပန်းဝင်တဲ့ စံချိန်ကို မှတ်သားပေးလိမ့်မယ်။ အချိန်တိုတိုနဲ့ ပန်းဝင်ရင် အမှတ်ပိုရမယ်။ ခရီးဆုံးအောင် မပြေးနိုင်ရင် သုညပဲရမယ်။ နောက်စာမေးပွဲတွေလဲ ဆက်မဖြေရတော့ဘူး။ ပြောတာ ရှင်းတယ်နော်"
"ဟုတ်ကဲ့ ရှင်းပါတယ်" သင်တန်းသားများ၏ အသံ။
"အားလုံး အသင့်ပြင်ကြ"
အားလုံး ပြေးမယ့် လမ်းကြောင်းဘက်သို့ လှည့်လိုက်ကြသည်။ သင်တန်းဆရာသည် ခရာမှုတ်လိုက်ပြီး ရှေ့ဆုံးမှ ပြေးသည်။ ကျွန်မတို့က သူ့နောက်မှ လိုက်ကြသည်။ သူ၏ ခြေလှမ်းကျဲကို ကျွန်မတို့ မှီရန်မလွယ်။ သူ့ကို မှီရန်မကြိုးစားပဲ ကိုယ့်ခြေလှမ်းဖြင့် ကိုယ်ပြေးရန် ကျွန်မဆုံးဖြတ်လိုက်သည်။ တချုူ ိ့ကလည်း သူ့အလှမ်းအတိုင်း မှီရန် ကြိုးစားပြေးကြသည်။ ထိုခြေလှမ်းမျူ ိးဖြင့် ရေရှည်ပြေးရန် မဖြစ်နိုင်။ ကျွန်မက ပုံမှန်ပြေးနေကြတိုင်း ပြေးသည်။ တချူ ိ့က ကျွန်မကို ကျော်တက်သွားကြသည်။ ခရီးဆုံးအောင် ပြေးမည်ဟု ကျွန်မ သန္ဒိဋ္ဌာန်ချထားသည်။
ပထမ တစ်ကီလိုမီတာတွင် ကျွန်မမောလာသည်။ အတွေးတွေကလည်း ပျံလွင့်လျက် ဆက်မပြေးဘဲ ထိုင်ချချင်စိတ် ပေါက်လာသည်။ လက်လျှော့မည့် အတွေးကို မတွေးပဲ အခြားအကြောင်းအရာများကို ဇွတ်တွေးယူသည်။ ယမန့်နေ့ညက ဆွတ်ဟေးနှင့် ပြောခဲ့သော စကားများကို လည်ကောင်း မကြာသေးမီက ဖတ်ရှုခဲ့သော အကြောင်းအရာများကို လည်ကောင်း ပြန်စဉ်းစားသည်။ ပထမ တစ်ကီလိုမီတာ ကျော်လွန်ပြီးနောက် အမောသက်သာလာသည်။ ပြေးလမ်းသည် တောင်ပေါ်သို့ ကွေ့ပတ်တက်သွားသည်။ တောင်ပေါ် အတက်လမ်းတွင် ပြေးရာ၌ အတော်ပင် အားစိုက်ရသည်။ အောက်တွင် မြင်နေရသော တောင်ကြားသည် ဆောင်းဦးပေါက်၏ အရောင်စုံတို့ဖြင့် စိုပြည်နေသည်။ အတော်ပင် သာယာလှပသော မြင်ကွင်းဖြစ်သည်။ တောင်ကြောပေါ်တွင် အေးဆေးတည်ငြိမ်နေပြီး တခါတရံ ငှက်ကလေးများ၏ တေးသီသံကို ကြားရသည်။
နေမြင့်လာသည်နှင့် အပူချိန်ကလည်း တက်လာသည်။ ချွေးထွက်လာသည်။ တချူ ိ့က နောက်မှာ ကျန်ခဲ့ပြီး တချူ ိ့မှာ အတော်ဝေးသည့် နေရာသို့ ရောက်နေကြသည်။ ကျွန်မနှင့်ဆွတ်ဟေး မှာ အတူတူ ပြေးနေကြသည်။
ခြောက်ကီလိုမီတာခန့် ပြေးပြီးသောအခါ တောင်ပေါ်မှ အဆင်းလမ်းသို့ ရောက်သည်။ ပြေးရသည်မှာ လွယ်ကူလာသော်လည်း ကျွန်မခြေထောက်များ စတက် ကိုက်ခဲလာသည်။ ခြေထောက်နာနေသော်လည်း အသက်ရှုနှုန်းကို ပုံမှန်ဖြစ်စေရန် ထိန်းထားရသည်မှာ ခက်ခဲသည်။ ခြေလှမ်း ၄ လှမ်းတွင် တကြိမ် အသက်ရှုသွင်းသည်။ ထိုအသက်ရှုနှုန်း ပျက်သွားသည်နှင့် ကျွန်မပန်းဝင်နိုင်တော့မည် မဟုတ်။
ခရီးတဝက်ကျူ ိးသောအခါ အကျအရှုံးလေးများ ရှိလာသည်။ အမျူ ိးသားတစ်ဦးနှင့်အမျူ ိးသမီးတစ်ဦး လမ်းတွင် အလဲလဲအကွဲကွဲဖြစ်ကာ နောက်ဆုံး ပန်းဝင်ခါနီးတွင် လမ်းဘေးတွင် ထိုင်ငိုနေကြသည်ကို တွေ့ရသည်။ သူတို့အတွက် ကျွန်မစိတ်မကောင်းဖြစ်မိသော်လည်း သူတို့အတွက် ဘာမှမလုပ်ပေးနိုင်။ နောက်တကြိမ်တွင် သူတို့ အောင်မြင်ပါစေကြောင်း ကျွန်မဆုတောင်းပေးမိသည်။
ဆက်ရန်
Swam Htetမှတ်စုကြမ်း
December 25, 2015 ·
No comments:
Post a Comment