ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီ ခန့်တွင် လွှတ်တော်အစည်းအဝေးအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း တို့ စည်ပင်ဧည့်ရိပ်သာခန်းမတွင် တွေ့ဆုံ ခဲ့ပြီး ''ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါ တာပဲ လိုချင်တယ်ဆိုတာကို လုံးဝမလို ချင်ဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်မှ ''မလို လားအပ်တဲ့ ၀န်ကြီးဌာနတွေပေါင်းဖြစ် မယ်။ အခိျု့ဝန်ကြီးဌာနတွေမှာ ၀န်ထမ်း တွေ ဖောင်းပွနေတယ်။ ၀န်ထမ်းတွေကို စတင်ခန့်အပ်ကတည်းက သေသေချာချာ စစ်ဆေးရမယ်။ အရည်အချင်းတွေမြှင့်တင် ပေးရမယ်။ အောက်က၀န်ထမ်းတွေက လည်း အထက်လူကြီးရဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ရဘူး။ ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ်ဆိုတာ ကို လုံးဝမလိုချင်ဘူး။ အခွင့်အရေးနဲ့ တာဝန်ဟာ ခေါင်းနဲ့ပန်းလိုပဲ အခွင့်အရေး ယူရင် တာဝန်ယူရမယ်။ တပ်မတော်ထဲ ကလာလာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးကလာလာ ၀န်ထမ်းက ၀န်ထမ်းပဲ။ ကျောသားရင်သား ခွဲခြားမှာမဟုတ်ဘူး။ အတိတ်တွေကို ထားပစ်ခဲ့မယ်။ အတိတ်တွေကို မထားခဲ့ နိုင်ရင် အတိတ်ရဲ့အကျဉ်းသားတွေပဲဖြစ် မယ်။ ပြည်သူကို ယုံကြည်လို့ နိုင်ငံရေး လုပ်တာ ပြည်သူတွေကို မယုံကြည်ဘဲနဲ့ နိုင်ငံရေးမလုပ်ဘူး။ ပြည်သူပြည်သားတွေ လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်အောင် လုပ်ရမယ်။ ၀န်ထမ်းတွေ စိတ်မပူပါနဲ့။ ၀န်ထမ်းတွေက ကျွန်မတို့ကို ကြောက်ဖို့ မလိုဘူး။ နိုင်ငံကို တိုးတက်အောင်လုပ်နေ တဲ့အချိန်မှာ ပြည်သူတွေအတွက်လုပ်တာ လို့ စိတ်ထဲမှာထားရမယ်''ဟု ပြောကြားခဲ့ သည်။
ယင်းအပြင် ''အများပြည်သူဆင်းရဲ နေချိန်မှာ ကိုယ်ချမ်းသာနေတာ ဂုဏ်ယူ စရာမဟုတ်ဘူး။ အစိုးရကိုပဲ အားကိုးနေ ခြင်းသည် ဒီမိုကရေစီစိတ်ဓာတ်မဟုတ် ဘူး။ ၀န်ထမ်းများ စိတ်အေးလက်အေးနဲ့ နေပါ။ ဖြုတ်ထုတ်သတ်တာ ကျွန်မတို့ မူဝါဒထဲမှာ မပါဘူး။ ကျွမ်းကျင်မှုမရှိသေး တောင် ကျွမ်းကျင်မှုရှိအောင် လုပ်ဆောင် ပေးမယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေကို လည်း ကြောက်စရာမလိုဘူး''ဟု ပြော ကြားခဲ့သည်။
ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, December 17, 2015
'ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတာကို လုံးဝမလိုချင်ဘူး'ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
'ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတာကို လုံးဝမလိုချင်ဘူး'ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 17, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment