Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 11, 2015

စစ္တပ္ကုိယ္စားလွယ္မ်ား၏ ေထာက္ခံမႈျဖင့္ ပုဒ္မ ၅၉(စ) ကုိ ယာယီဆုိင္းငံ႔ ထားႏုိင္ရန္ ျပည္ေထာင္စုလႊတ္ေတာ္သစ္တြင္ အဆုိတင္သြင္းရမည္ဟုဆို

ေဒၚေအာင္ဆန္းစုၾကည္အား သမၼတျဖစ္ခြင့္ ပိတ္ပင္ထားသည့္ အေျခခံ ဥပေဒပုဒ္မ ၅၉(စ) ကုိ ဆုိင္းငံ့ထားရန္ လာမည့္လႊတ္ေတာ္၌ အဆုိ တင္သြင္းေရး အႀကံျပဳခ်က္တစ္ခုကုိ တရားစီရင္ေရး ဥပေဒေရးရာႏွင့္ တုိင္ၾကားစာမ်ား၊ အသနားခံစာမ်ား စိစစ္ ေဆာင္ရြက္ေရး ေကာ္မတီ၏ ဥကၠ႒ ႀကံ႕ခုိင္ေရးပါတီ အမတ္တစ္ဦးျဖစ္သူ သူရဦးေအာင္ကုိက ေထာက္ခံ လုိက္သည္။

“လာမယ့္ လႊတ္ေတာ္မွာ အဆုိ တင္သြင္းရပါမယ္။ ၿပီးရင္ လႊတ္ေတာ္က ကုိယ္စားလွယ္ ထက္၀က္ေက်ာ္ရဲ႕ ေထာက္ခံမႈရရင္ အတည္ျပဳႏုိင္ပါတယ္။ ဒါဆုိ သူ႕ ေဒၚေအာင္ဆန္းစုၾကည္ ကုိ သမၼတအျဖစ္ ေရြးခ်ယ္တင္ေျမာက္လုိ႔ ရပါတယ္” ဟု သူရဦးေအာင္ကုိက ေျပာၾကားခဲ့သည္။

ႏုိ၀င္ဘာ ၈ ေရြးေကာက္ပြဲတြင္ ေရြးခ်ယ္ခံ အမတ္ေနရာ ၈၀ ရာခုိင္ႏႈန္းခန္႔ အႏုိင္ရခဲ့သည့္ NLD ပါတီမွ အမတ္ေနရာ အမ်ားစု လႊမ္းမုိးထားမည့္ လႊတ္ေတာ္သစ္အား ဇန္န၀ါရီတြင္ စတင္မည္ျဖစ္သည္။ ထုိသုိ႔စတင္ခ်ိန္တြင္ အဆုိပါ အထူးအဆုိကုိ ျပည္ေထာင္စု လႊတ္ေတာ္သုိ႔ တင္သြင္းရမည္ ျဖစ္သည္။

၂၀၀၈ အေျခခံဥပေဒသည္ ၁၉၇၄ အေျခခံဥပေဒကဲ့သုိ႔ ပုဒ္မမ်ား ဆုိင္းငံ့ရန္ ခြင့္ျပဳထားျခင္း မရွိသျဖင့္ ပုဒ္မ ၅၉(စ)ကုိ ေက်ာ္လႊားရန္ အတားအဆီး ျဖစ္လ်က္ ရွိသည္။ သုိ႔ေသာ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ စစ္အာဏာရွင္ေဟာင္း ဦးသန္းေရႊတုိ႔ ဒီဇင္ဘာ ၄ တြင္ ေတြ႕ဆံုခဲ့ၿပီးေနာက္ ထုိပုဒ္မအား ဆုိင္းငံ့ထားေရးကုိ
စစ္တပ္အတြင္းမွ စိတ္၀င္စားမႈ ရွိလာသည္ဟု ဆုိသည္။

ပုဒ္မ ၅၉(စ) အား ယာယီဆုိင္းငံ့ထားေရးမွ လႊတ္ေတာ္အမတ္ အမ်ားစု ေထာက္ခံပါက သီအုိရီအရ ျဖစ္ႏုိင္ဖြယ္ရွိသည္။ အေရးအႀကီး အခ်က္ မွာ ေဒၚေအာင္ဆန္းစုၾကည္ က တုိင္းျပည္ ေကာင္းက်ဳိးအတြက္ သမၼတတာ၀န္ ထမ္းေဆာင္သည္ကုိ စစ္တပ္က သေဘာတူရန္ ျဖစ္ရန္၊ သေဘာတူပါက မျဖစ္ႏုိင္စရာ မရွိဟု ဥပေဒေရးရာ ကၽြမ္းက်င္သူမ်ားက ဆုိသည္။

စစ္တပ္အေနျဖင့္ ပုဒ္မ ၅၉(စ)ကုိ လံုး၀ ဖ်က္သိမ္းျခင္းအစား ယာယီ ဆုိင္းငံ့ထားရန္ကုိသာ သေဘာတူရန္ ဆႏၵရွိသည္ဟု ေလ့လာသူ အခ်ဳိ႕က ဆုိသည္။ လႊတ္ေတာ္အတြင္းမွ စစ္တပ္ကုိယ္စားလွယ္မ်ား ကုိ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ႈပ္မႈးႀကီး မင္းေအာင္လႈိင္က ေရြးခ်ယ္ခံအပ္ျခင္းျဖစ္ၿပီး ၄င္းတုိ႔သည္ တစုတတည္းတသံတည္း မဲေပးရမည္ ျဖစ္သည္။

၁၉၅၈ တြင္ ဦးႏုက ၁၉၄၇ အေျခခံဥပေဒပါ အခန္းအခ်ိဳ ႔ ကုိ ေခတၱ ယာယီရပ္ဆုိင္းၿပီးေနာက္ ထုိအခ်ိန္က ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ ေန၀င္း ဦးေဆာင္သည့္ အိမ္ေစာင့္အစုိးရထံ အာဏာ လဲႊအပ္ ခဲ့သည္။ အေၾကာင္းရင္းမွာ ၁၉၄၇ အေျခခံဥပေဒအရ လြတ္လပ္ေရး ရရွိၿပီး ၁၀ ႏွစ္ျပည့္သည့္အခ်ိန္တြင္ ရွမ္းႏွင့္ ကရင္နီတုိ႔က ဦးႏု အစုိးရ အေပၚ ေက်နပ္မႈ မရွိသျဖင့္ ျပည္ေထာင္စုမွ ခဲြထြက္ရန္ ႀကိဳ းပမ္း ခဲ့ျခင္းေၾကာင့္ ျဖစ္သည္။ လက္ရွိ ၂၀၀၈ အေျခခံဥပေဒတြင္ ယာယီဆုိင္းငံ႔ျခင္းႏွင့္ ပတ္သက္၍ ေဖာ္ျပ ထားျခင္း မရွိေပ။

(The Ladies News)

https://www.facebook.com/News.TheLadies/
..........
ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် အခြေခံ ဥပဒေပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့ထားရန် လာမည့်လွှတ်တော်၌ အဆို တင်သွင်းရေး အကြံပြုချက်တစ်ခုကို တရားစီရင်ရေး ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ် ဆောင်ရွက်ရေး ကော်မတီ၏ ဥက္ကဋ္ဌ ကြံ့ခိုင်ရေးပါတီ အမတ်တစ်ဦးဖြစ်သူ သူရဦးအောင်ကိုက ထောက်ခံ လိုက်သည်။

“လာမယ့် လွှတ်တော်မှာ အဆို တင်သွင်းရပါမယ်။ ပြီးရင် လွှတ်တော်က ကိုယ်စားလှယ် ထက်ဝက်ကျော်ရဲ့ ထောက်ခံမှုရရင် အတည်ပြုနိုင်ပါတယ်။ ဒါဆို သူ့ ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတအဖြစ် ရွေးချယ်တင်မြောက်လို့ ရပါတယ်” ဟု သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

နို၀င်ဘာ ၈ ရွေးကောက်ပွဲတွင် ရွေးချယ်ခံ အမတ်နေရာ ၈၀ ရာခိုင်နှုန်းခန့် အနိုင်ရခဲ့သည့် NLD ပါတီမှ အမတ်နေရာ အများစု လွှမ်းမိုးထားမည့် လွှတ်တော်သစ်အား ဇန်နဝါရီတွင် စတင်မည်ဖြစ်သည်။ ထိုသို့စတင်ချိန်တွင် အဆိုပါ အထူးအဆိုကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရမည် ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေသည် ၁၉၇၄ အခြေခံဥပဒေကဲ့သို့ ပုဒ်မများ ဆိုင်းငံ့ရန် ခွင့်ပြုထားခြင်း မရှိသဖြင့် ပုဒ်မ ၅၉(စ)ကို ကျော်လွှားရန် အတားအဆီး ဖြစ်လျက် ရှိသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေတို့ ဒီဇင်ဘာ ၄ တွင် တွေ့ဆုံခဲ့ပြီးနောက် ထိုပုဒ်မအား ဆိုင်းငံ့ထားရေးကို စစ်တပ်အတွင်းမှ စိတ်ဝင်စားမှု ရှိလာသည်ဟု ဆိုသည်။

ပုဒ်မ ၅၉(စ) အား ယာယီဆိုင်းငံ့ထားရေးမှ လွှတ်တော်အမတ် အများစု ထောက်ခံပါက သီအိုရီအရ ဖြစ်နိုင်ဖွယ်ရှိသည်။ အရေးအကြီး အချက် မှာ ဒေါ်အောင်ဆန်းစုကြည် က တိုင်းပြည် ကောင်းကျိုးအတွက် သမ္မတတာဝန် ထမ်းဆောင်သည်ကို စစ်တပ်က သဘောတူရန် ဖြစ်ရန်၊ သဘောတူပါက မဖြစ်နိုင်စရာ မရှိဟု ဥပဒေရေးရာ ကျွမ်းကျင်သူများက ဆိုသည်။

စစ်တပ်အနေဖြင့် ပုဒ်မ ၅၉(စ)ကို လုံးဝ ဖျက်သိမ်းခြင်းအစား ယာယီ ဆိုင်းငံ့ထားရန်ကိုသာ သဘောတူရန် ဆန္ဒရှိသည်ဟု လေ့လာသူ အချို့က ဆိုသည်။ လွှတ်တော်အတွင်းမှ စစ်တပ်ကိုယ်စားလှယ်များ ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချှုပ်မှုးကြီး မင်းအောင်လှိုင်က ရွေးချယ်ခံအပ်ခြင်းဖြစ်ပြီး ၄င်းတို့သည် တစုတတည်းတသံတည်း မဲပေးရမည် ဖြစ်သည်။

၁၉၅၈ တွင် ဦးနုက ၁၉၄၇ အခြေခံဥပဒေပါ အခန်းအချို ့ ကို ခေတ္တ ယာယီရပ်ဆိုင်းပြီးနောက် ထိုအချိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် နေဝင်း ဦးဆောင်သည့် အိမ်စောင့်အစိုးရထံ အာဏာ လွှဲအပ် ခဲ့သည်။ အကြောင်းရင်းမှာ ၁၉၄၇ အခြေခံဥပဒေအရ လွတ်လပ်ရေး ရရှိပြီး ၁၀ နှစ်ပြည့်သည့်အချိန်တွင် ရှမ်းနှင့် ကရင်နီတို့က ဦးနု အစိုးရ အပေါ် ကျေနပ်မှု မရှိသဖြင့် ပြည်ထောင်စုမှ ခွဲထွက်ရန် ကြို းပမ်း ခဲ့ခြင်းကြောင့် ဖြစ်သည်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေတွင် ယာယီဆိုင်းငံ့ခြင်းနှင့် ပတ်သက်၍ ဖော်ပြ ထားခြင်း မရှိပေ။

(The Ladies News)

https://www.facebook.com/News.TheLadies/ေ

No comments:

Post a Comment