Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 9, 2015

ေမာ္လၿမိဳင္ၿမိဳ႕မွ သံုးႏွစ္ ရွစ္လအရြယ္ မိန္းကေလးငယ္ကို အဓမၼျပဳက်င့္သည္ဟုဆုိကာ တရားစြဲဆုိထားသူအား အာမခံေပးျခင္းမွာ မတရားေၾကာင္း ကေလးငယ္၏ မိသားစု၀င္မ်ားက ရန္ကုန္ၿမိဳ႕တြင္ လာေရာက္ရွင္းလင္း

Published on Wed, 12/09/2015 - 20:25
ဒီဇင္ဘာ ၉ ရက္က ျမန္မာဂ်ာနယ္လစ္ကြန္ရက္႐ုံးခန္း၌ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲအား ေတြ႕ရစဥ္
ေမာ္လၿမိဳင္ၿမိဳ႕မွ သုံးႏွစ္အရြယ္ မိန္းကေလးငယ္ကုိ အဓမၼျပဳက်င့္သည္ဟုဆိုသည့္ တရားစြဲဆိုထားသူအား အာမခံေပးထားမႈမွာ မတရားေၾကာင္း မိသားစု၀င္မ်ားက ရန္ကုန္ၿမိဳ႕ ျမန္မာဂ်ာနယ္လစ္ကြန္ရက္႐ုံးခန္း၌ ဒီဇင္ဘာ ၉ ရက္ နံနက္ပိုင္းက အဆိုပါကိစၥႏွင့္ ပတ္သက္၍ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

ထုိသုိ႔ လာေရာက္ရွင္းလင္းရာတြင္ က်ဴးလြန္ခံရသူ သုံးႏွစ္ ရွစ္လအရြယ္ မ.......၊ မိခင္ျဖစ္သူ မယဥ္ယဥ္ၿငိမ္း၊ အဘုိးျဖစ္သူ ဦးေငြေဘာ္၊ အဘြားျဖစ္သူ ေဒၚျမျမေအးႏွင့္ ကေလးငယ္ဘက္မွ လုိက္ပါေဆာင္ရြက္ေပးသည့္ မြန္ျပည္နယ္လုံးဆုိင္ရာ အမ်ိဴးသမီးမ်ားႏွင့္ ကေလးသူငယ္မ်ားစြမ္းရည္ျမႇင္႔တင္ေရး ေရွ႕ေဆာင္အသင္းဥကၠ႒ ေဒၚခင္သန္းေထြးတုိ႔ ပါ၀င္ခဲ့ၿပီး မီဒီယာမ်ား၏ ေမးျမန္းမႈမ်ားအား ေျဖၾကားေပးခဲ႔ေၾကာင္း သိရသည္။

“ကြၽန္မတုိ႔ တကယ္အားကုိးရမွာက တရားေရးမ႑ိဳင္ပါ။ အမႈကုိ အမွန္အတုိင္း ေပၚေစခ်င္တယ္။ ေငြနဲ႔ေပါက္ၿပီး ကေလးသူငယ္ေတြကုိ လုိက္ဖ်က္ဆီးေနတဲ့သူမ်ဳိးေတြကုိ ထိထိေရာက္ေရာက္ လုပ္ရမွာပါ။
အမႈမွန္ေပၚဖို႔ကုိ ကူညီႏုိင္တဲ့အဖြဲ႕အစည္းေတြကုိ သိေစခ်င္ပါတယ္။ ကေလးမေလးရဲ႕ မိသားစုကုိလည္း က်ဴးလြန္သြားတဲ့သူက စြပ္စြဲတာ အစုံပါပဲ။ တကယ္ေတာ့ ကေလးမေလးေတြရဲ႕ မိသားစုက ေကာင္းေရာင္းေကာင္း၀ယ္ လုပ္စားေနတာပါ။ တစ္ရပ္ကြက္လုံး သိပါတယ္။ တရားဥပေဒကုိ လက္တစ္လုံးျခားလုပ္ၿပီး က်ဴးလြန္ထားတဲ႔သူက လြတ္လြတ္ကင္းကင္း ျဖစ္ေနတာ မျဖစ္သင့္ပါဘူး။
လုိက္ပါေဆာင္ရြက္ေပးေနတဲ႔ သူေတြကုိလည္း အသက္အႏၲရာယ္ ၿခိမ္းေျခာက္တာေတြ ရိွလာပါတယ္” ဟုကေလးငယ္ဘက္မွ လုိက္ပါေဆာင္ရြက္ေပးသည့္  မြန္ျပည္နယ္လုံးဆုိင္ရာ အမ်ဳိးသမီးမ်ားႏွင့္ ကေလးသူငယ္မ်ား စြမ္းရည္ျမႇင္႔တင္ေရးေရွ႕ေဆာင္အသင္းမွ ေဒၚခင္သန္းေထြး က ေျပာၾကားသည္။

၎က ဆက္လက္ၿပီး “ကြၽန္မ စၿပီး တုိင္ၾကားတုန္းက ပုဒ္မ ၃၇၆ နဲ႔ တုိင္တာပါ။ ဒါကုိ အမႈတုိင္ၾကားတဲ့ေန႔မွာပဲ စခန္းက ပုဒ္မ ၅၁၁ ကုိ ထပ္ထည့္ေတာ့ ဒီအမႈက ၾကံစည္မႈသေဘာလုိမ်ဳိး ျဖစ္ေနတယ္။ ဒီအမႈမွာ တရားသူႀကီးပဲ အားကုိးစရာရိွတာပါ။ အခုက တရားသူႀကီးကုိ အားမကုိးရဘူးဆုိေတာ့ ဘယ္သူ႔ကုိ အားကုိးရမွာလဲ။ ပုဒ္မ ၅၁၁ ကုိ စခန္းမွဴး က ၾကံစည္မႈပဲဆုိၿပီး ထည့္လုိက္တာပါ”ဟု ေျပာၾကားသည္။

ျဖစ္စဥ္မွာ ကာယကံရွင္ သံုးႏွစ္ ရွစ္လအရြယ္ မ.......သည္ ေမာ္လၿမိဳင္ၿမိဳ႕ အမွတ္ (၂ ) နယ္ေျမ ...လမ္းၾကား ... ရက္ကြက္တြင္ ေနထိုင္ၿပီး ယခုျဖစ္စဥ္ႏွင့္ ပတ္သက္၍ တရားစြဲဆိုထားေသာ ဦးမ်ဳိးျမင့္ အသက္ (၇၀ ႏွစ္) မွာ ႏွစ္အိမ္ေက်ာ္တြင္ ေနထိုင္ေၾကာင္း သိရသည္။ ဧၿပီလအတြင္း မြန္းလြဲပိုင္းအခ်ိန္တြင္ အဘြားျဖစ္သူက မနက္တြင္ ပဲျပဳတ္ေရာင္းရမည္ျဖစ္သျဖင့္ ေဘးအိမ္ရွိ ဦးမ်ိဳးျမင့္အိမ္သို႔ ကေလးငယ္အား အပ္ႏွံထားခဲ့ေၾကာင္း ေျမးျဖစ္သူမွာ မြန္းလြဲ ၂ နာရီတြင္ အိမ္ျပန္လာၿပီး မိန္းမကိုယ္မွ စပ္တယ္ဟုေျပာသျဖင့္ ကေလးငယ္၏ မိန္းမကိုယ္အား ေရးေဆးေပးခဲ့ရာ နာတယ္ဟု ေျပာေသာေၾကာင့္ ေသခ်ာၾကည့္ခဲ့ရာ ကေလးမိန္းမကိုယ္မွာ နီရဲေရာင္ကိုင္း ပြန္းပဲ့ရာမ်ားေတြရသျဖင့္ ကေလးအား ေမးျမန္းခဲ့ေၾကာင္း၊ ကေလးငယ္မွ ၎အား ဦးမ်ိဳးျမင့္ အသက္ (၇၀ ႏွစ္) မွ ေနအိမ္အတြင္း “နင့္ကို တုတ္နဲ႔ထိုးမယ္၊ မငိုနဲ႔ မုန္႔ေကြၽးမယ္။ သူမ်ားၾကားသြားရင္ မစားရဘူးဟုဆိုကာ ကေလးငယ္၏ မိန္းမကိုယ္အား လက္ျဖင့္ထိုးခဲ့ေၾကာင္း၊ လက္သည္းျဖင့္ ျခစ္မိေသာေၾကာင့္  ကေလးက နာသျဖင့္ေအာ္ရာ အေနာက္ဘက္ စအိုထဲသို႔ လက္ျဖင့္ ထပ္မံထိုးခဲ့ေၾကာင္း၊ ကေလးက မခံမရပ္ႏိုင္ျဖစ္ကာ ဦးမ်ိဳးျမင့္အား အနီးရွိ တုတ္ပိုင္းႏွင့္႐ုိက္ခဲ့ၿပီး အိမ္သုိ႔ေျပးလာခဲ့ေၾကာင္း သိရသည္။

ကေလးငယ္၏ အေဖႏွင့္ အေမသည္ ျမ၀တီၿမိဳ႕အနီးရွိ ဖလူးေက်းရြာတြင္ အလုပ္ၾကမ္းလုပ္ကိုင္ေနေသာ ျခံသမားမ်ားျဖစ္ေၾကာင္း၊ အဘိုးျဖစ္သူမွာလည္း ထိုင္းနယ္စပ္တြင္ သြားေရာက္လုပ္ကိုင္ေနေၾကာင္း အဘြားျဖစ္သူမွာ အဆိုပါကိစၥႏွင့္ မလုပ္တတ္မကိုင္တတ္ေၾကာင္း ပတ္၀န္းက်င္အား ရွက္၍ တိုင္ၾကားျခင္းမျပဳခဲ့ေၾကာင္း၊ ျမ၀တီၿမိဳ႕နယ္ရွိ ကေလးငယ္၏ အေမျဖစ္သူအား ကေလးငယ္အား လာေခၚရန္ အေၾကာင္းၾကားခဲ့ေၾကာင္း၊ ေမ ၅ ရက္တြင္ အဘိုးမွာလည္း ထိုင္းနယ္စပ္မွ ျပန္လာေၾကာင္း၊ ကေလးငယ္၏ အေမကလည္း ဇြန္ ၅ ရက္တြင္ ေမာ္လၿမိဳင္သို႔ ျပန္လာခဲ့ေၾကာင္း၊ ေနာက္တစ္ေန႔တြင္ ကေလးငယ္အား မိခင္ျဖစ္သူမွ ေရေဆးရာ နာတယ္ဟုေျပာရာ အဘိုးျဖစ္သူက ဘာျဖစ္တာလဲဟုေမးရာ ေနအိမ္ေဘးမွ ဦးမ်ိဳးျမင့္ဆိုသူက ျပဳလုပ္သည့္ျဖစ္စဥ္အား ေျပာျပခဲ့ေၾကာင္း၊ ျဖစ္စဥ္ႏွင့္ပတ္သတ္ၿပီး မြန္ျပည္နယ္လံုးဆိုင္ရာ အမ်ဳိးသမီးမ်ားႏွင့္ ကေလးသူငယ္မ်ား စြမ္းရည္ျမႇင့္တင္ေရး ေရွ႕ေဆာင္အသင္း ႏွင့္ မုပြန္နယ္ေျမရဲစခန္းသို႔ ဇြန္ ၈ ရက္တြင္ အမႈဖြင့္တိုင္ၾကားခဲ့ေၾကာင္း ကေလးငယ္၏ မိသားစု၀င္မ်ား၏ ေျပာျပခ်က္အရ သိရသည္။

တရားစြဲဆုိခံရသူ ဦးမ်ဳိးျမင့္အား ေမာ္လၿမိဳင္တရား႐ုံးတြင္ ဇူလုိင္ ၁၆ ရက္က စတင္႐ုံးထုတ္ခဲ့ၿပီး စစ္ေဆးမႈမရိွခဲ့ဘဲ ဇူလုိင္ ၂၇ သုိ႔ ျပန္လည္ခ်ိန္းဆုိရာတြင္လည္း စစ္ေဆးမႈမရိွခဲ႔ေၾကာင္း၊  ဇူလုိင္ ၂၉ ရက္၌ ႐ုံးထုတ္စစ္ေဆးရာတြင္ တရားလုိဘက္မွ ေရွ႕ေနမပါဘဲ တရားခံအား တစ္ဖက္သတ္ ၾကားနာစစ္ေဆးၿပီး ေထာင္ဆရာ၀န္ဘက္မွ ယူလာသည့္ေဆးစာျဖင ့္တရားသူႀကီးက အာမခံေပးခဲ႔ေၾကာင္း သိရသည္။

ထုိအခိ်န္မွစၿပီး ဒီဇင္ဘာ ၃ ရက္အထိ ႐ုံးခ်ိန္းမွာ (၁၅) ၾကိမ္ရိွၿပီျဖစ္ေသာ္လည္း ယခုအခ်ိန္ထိ အာမခံျဖင္႔ လႊတ္ထားေသာ  ဦးမ်ဳိးျမင့္အား စြဲခ်က္တင္သင့္ မတင္သင့္မွာ အျငင္းပြားလ်က္ရိွေၾကာင္း သိရသည္။

တရားစြဲဆုိခံရသူ ဦးမ်ဳိးျမင့္အား အာမခံေပးရျခင္းမွာ ေထာင္ေဆးစာ ပူးတြဲပါရိွၿပီး ႐ုံးေရွ႕သုိ႔ ရဲႏွစ္ဦးမွတြဲ၍ တင္ပုိ႔ေနရျခင္း၊ ေျခေထာက္ ေဖာေရာင္ေနျခင္းတုိ႔ေၾကာင့္  ျပင္ပတြင္ လြတ္လပ္စြာ ေဆးကုသမႈခံယူႏုိင္ေရးအတြက္ ျပစ္မႈက်င္႔သုံးပုဒ္မ ၄၉၇(၁) အရ ေငြက်ပ္သိန္း ၅၀ တန္ ခံ၀န္သူႏွစ္ဦးႏွင့္ အက်ဥ္းေထာင္ေဆး႐ုံ၏ ေထာက္ခံခ်က္အရ အာမခံေပးခဲ့ျခင္းျဖစ္ေၾကာင္း ၿမိဳ႕နယ္တရားသူၾကီး ဦးသန္းေအာင္၏ ေျဖၾကားခ်က္အရ သိရသည္။

ယခုအမႈ၏ ေနာက္တစ္ႀကိမ္ ႐ုံးခ်ိန္းမွာ ဒီဇင္ဘာ ၁၅ ရက္ျဖစ္ေၾကာင္း သိရသည္။

Writer:
ေအာင္ထက္ခုိင္၊ သီဟေအာင္
EMG
.................................
မော်လမြိုင်မြို့မှ သုံးနှစ် ရှစ်လအရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သည်ဟုဆိုကာ တရားစွဲဆိုထားသူအား အာမခံပေးခြင်းမှာ မတရားကြောင်း ကလေးငယ်၏ မိသားစုဝင်များက ရန်ကုန်မြို့တွင် လာရောက်ရှင်းလင်း

 Published on Wed, 12/09/2015 - 20:25

ဒီဇင်ဘာ ၉ ရက်က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်
မော်လမြိုင်မြို့မှ သုံးနှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သည်ဟုဆိုသည့် တရားစွဲဆိုထားသူအား အာမခံပေးထားမှုမှာ မတရားကြောင်း မိသားစုဝင်များက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထိုသို့ လာရောက်ရှင်းလင်းရာတွင် ကျူးလွန်ခံရသူ သုံးနှစ် ရှစ်လအရွယ် မ.......၊ မိခင်ဖြစ်သူ မယဉ်ယဉ်ငြိမ်း၊ အဘိုးဖြစ်သူ ဦးငွေဘော်၊ အဘွားဖြစ်သူ ဒေါ်မြမြအေးနှင့် ကလေးငယ်ဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် မွန်ပြည်နယ်လုံးဆိုင်ရာ အမျိူးသမီးများနှင့် ကလေးသူငယ်များစွမ်းရည်မြှင့်တင်ရေး ရှေ့ဆောင်အသင်းဥက္ကဋ္ဌ ဒေါ်ခင်သန်းထွေးတို့ ပါ၀င်ခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများအား ဖြေကြားပေးခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ တကယ်အားကိုးရမှာက တရားရေးမဏ္ဍိုင်ပါ။ အမှုကို အမှန်အတိုင်း ပေါ်စေချင်တယ်။ ငွေနဲ့ပေါက်ပြီး ကလေးသူငယ်တွေကို လိုက်ဖျက်ဆီးနေတဲ့သူမျိုးတွေကို ထိထိရောက်ရောက် လုပ်ရမှာပါ။
အမှုမှန်ပေါ်ဖို့ကို ကူညီနိုင်တဲ့အဖွဲ့အစည်းတွေကို သိစေချင်ပါတယ်။ ကလေးမလေးရဲ့ မိသားစုကိုလည်း ကျူးလွန်သွားတဲ့သူက စွပ်စွဲတာ အစုံပါပဲ။ တကယ်တော့ ကလေးမလေးတွေရဲ့ မိသားစုက ကောင်းရောင်းကောင်းဝယ် လုပ်စားနေတာပါ။ တစ်ရပ်ကွက်လုံး သိပါတယ်။ တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ကျူးလွန်ထားတဲ့သူက လွတ်လွတ်ကင်းကင်း ဖြစ်နေတာ မဖြစ်သင့်ပါဘူး။
လိုက်ပါဆောင်ရွက်ပေးနေတဲ့ သူတွေကိုလည်း အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ ရှိလာပါတယ်” ဟုကလေးငယ်ဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့်  မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းရည်မြှင့်တင်ရေးရှေ့ဆောင်အသင်းမှ ဒေါ်ခင်သန်းထွေး က ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ကျွန်မ စပြီး တိုင်ကြားတုန်းက ပုဒ်မ ၃၇၆ နဲ့ တိုင်တာပါ။ ဒါကို အမှုတိုင်ကြားတဲ့နေ့မှာပဲ စခန်းက ပုဒ်မ ၅၁၁ ကို ထပ်ထည့်တော့ ဒီအမှုက ကြံစည်မှုသဘောလိုမျိုး ဖြစ်နေတယ်။ ဒီအမှုမှာ တရားသူကြီးပဲ အားကိုးစရာရှိတာပါ။ အခုက တရားသူကြီးကို အားမကိုးရဘူးဆိုတော့ ဘယ်သူ့ကို အားကိုးရမှာလဲ။ ပုဒ်မ ၅၁၁ ကို စခန်းမှူး က ကြံစည်မှုပဲဆိုပြီး ထည့်လိုက်တာပါ”ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ ကာယကံရှင် သုံးနှစ် ရှစ်လအရွယ် မ.......သည် မော်လမြိုင်မြို့ အမှတ် (၂ ) နယ်မြေ ...လမ်းကြား ... ရက်ကွက်တွင် နေထိုင်ပြီး ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တရားစွဲဆိုထားသော ဦးမျိုးမြင့် အသက် (၇၀ နှစ်) မှာ နှစ်အိမ်ကျော်တွင် နေထိုင်ကြောင်း သိရသည်။ ဧပြီလအတွင်း မွန်းလွဲပိုင်းအချိန်တွင် အဘွားဖြစ်သူက မနက်တွင် ပဲပြုတ်ရောင်းရမည်ဖြစ်သဖြင့် ဘေးအိမ်ရှိ ဦးမျိုးမြင့်အိမ်သို့ ကလေးငယ်အား အပ်နှံထားခဲ့ကြောင်း မြေးဖြစ်သူမှာ မွန်းလွဲ ၂ နာရီတွင် အိမ်ပြန်လာပြီး မိန်းမကိုယ်မှ စပ်တယ်ဟုပြောသဖြင့် ကလေးငယ်၏ မိန်းမကိုယ်အား ရေးဆေးပေးခဲ့ရာ နာတယ်ဟု ပြောသောကြောင့် သေချာကြည့်ခဲ့ရာ ကလေးမိန်းမကိုယ်မှာ နီရဲရောင်ကိုင်း ပွန်းပဲ့ရာများတွေရသဖြင့် ကလေးအား မေးမြန်းခဲ့ကြောင်း၊ ကလေးငယ်မှ ၎င်းအား ဦးမျိုးမြင့် အသက် (၇၀ နှစ်) မှ နေအိမ်အတွင်း “နင့်ကို တုတ်နဲ့ထိုးမယ်၊ မငိုနဲ့ မုန့်ကျွေးမယ်။ သူများကြားသွားရင် မစားရဘူးဟုဆိုကာ ကလေးငယ်၏ မိန်းမကိုယ်အား လက်ဖြင့်ထိုးခဲ့ကြောင်း၊ လက်သည်းဖြင့် ခြစ်မိသောကြောင့်  ကလေးက နာသဖြင့်အော်ရာ အနောက်ဘက် စအိုထဲသို့ လက်ဖြင့် ထပ်မံထိုးခဲ့ကြောင်း၊ ကလေးက မခံမရပ်နိုင်ဖြစ်ကာ ဦးမျိုးမြင့်အား အနီးရှိ တုတ်ပိုင်းနှင့်ရိုက်ခဲ့ပြီး အိမ်သို့ပြေးလာခဲ့ကြောင်း သိရသည်။

ကလေးငယ်၏ အဖေနှင့် အမေသည် မြဝတီမြို့အနီးရှိ ဖလူးကျေးရွာတွင် အလုပ်ကြမ်းလုပ်ကိုင်နေသော ခြံသမားများဖြစ်ကြောင်း၊ အဘိုးဖြစ်သူမှာလည်း ထိုင်းနယ်စပ်တွင် သွားရောက်လုပ်ကိုင်နေကြောင်း အဘွားဖြစ်သူမှာ အဆိုပါကိစ္စနှင့် မလုပ်တတ်မကိုင်တတ်ကြောင်း ပတ်ဝန်းကျင်အား ရှက်၍ တိုင်ကြားခြင်းမပြုခဲ့ကြောင်း၊ မြဝတီမြို့နယ်ရှိ ကလေးငယ်၏ အမေဖြစ်သူအား ကလေးငယ်အား လာခေါ်ရန် အကြောင်းကြားခဲ့ကြောင်း၊ မေ ၅ ရက်တွင် အဘိုးမှာလည်း ထိုင်းနယ်စပ်မှ ပြန်လာကြောင်း၊ ကလေးငယ်၏ အမေကလည်း ဇွန် ၅ ရက်တွင် မော်လမြိုင်သို့ ပြန်လာခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ကလေးငယ်အား မိခင်ဖြစ်သူမှ ရေဆေးရာ နာတယ်ဟုပြောရာ အဘိုးဖြစ်သူက ဘာဖြစ်တာလဲဟုမေးရာ နေအိမ်ဘေးမှ ဦးမျိုးမြင့်ဆိုသူက ပြုလုပ်သည့်ဖြစ်စဉ်အား ပြောပြခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သတ်ပြီး မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းရည်မြှင့်တင်ရေး ရှေ့ဆောင်အသင်း နှင့် မုပွန်နယ်မြေရဲစခန်းသို့ ဇွန် ၈ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ကလေးငယ်၏ မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

တရားစွဲဆိုခံရသူ ဦးမျိုးမြင့်အား မော်လမြိုင်တရားရုံးတွင် ဇူလိုင် ၁၆ ရက်က စတင်ရုံးထုတ်ခဲ့ပြီး စစ်ဆေးမှုမရှိခဲ့ဘဲ ဇူလိုင် ၂၇ သို့ ပြန်လည်ချိန်းဆိုရာတွင်လည်း စစ်ဆေးမှုမရှိခဲ့ကြောင်း၊  ဇူလိုင် ၂၉ ရက်၌ ရုံးထုတ်စစ်ဆေးရာတွင် တရားလိုဘက်မှ ရှေ့နေမပါဘဲ တရားခံအား တစ်ဖက်သတ် ကြားနာစစ်ဆေးပြီး ထောင်ဆရာဝန်ဘက်မှ ယူလာသည့်ဆေးစာဖြင ့်တရားသူကြီးက အာမခံပေးခဲ့ကြောင်း သိရသည်။

ထိုအချိန်မှစပြီး ဒီဇင်ဘာ ၃ ရက်အထိ ရုံးချိန်းမှာ (၁၅) ကြိမ်ရှိပြီဖြစ်သော်လည်း ယခုအချိန်ထိ အာမခံဖြင့် လွှတ်ထားသော  ဦးမျိုးမြင့်အား စွဲချက်တင်သင့် မတင်သင့်မှာ အငြင်းပွားလျက်ရှိကြောင်း သိရသည်။

တရားစွဲဆိုခံရသူ ဦးမျိုးမြင့်အား အာမခံပေးရခြင်းမှာ ထောင်ဆေးစာ ပူးတွဲပါရှိပြီး ရုံးရှေ့သို့ ရဲနှစ်ဦးမှတွဲ၍ တင်ပို့နေရခြင်း၊ ခြေထောက် ဖောရောင်နေခြင်းတို့ကြောင့်  ပြင်ပတွင် လွတ်လပ်စွာ ဆေးကုသမှုခံယူနိုင်ရေးအတွက် ပြစ်မှုကျင့်သုံးပုဒ်မ ၄၉၇(၁) အရ ငွေကျပ်သိန်း ၅၀ တန် ခံဝန်သူနှစ်ဦးနှင့် အကျဉ်းထောင်ဆေးရုံ၏ ထောက်ခံချက်အရ အာမခံပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်တရားသူကြီး ဦးသန်းအောင်၏ ဖြေကြားချက်အရ သိရသည်။

ယခုအမှု၏ နောက်တစ်ကြိမ် ရုံးချိန်းမှာ ဒီဇင်ဘာ ၁၅ ရက်ဖြစ်ကြောင်း သိရသည်။

Writer:
အောင်ထက်ခိုင်၊ သီဟအောင်
EMG

No comments:

Post a Comment