Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 17, 2015

ဒီခ်ဳပ္ကို ခ်ဥ္းကပ္ရသည္မွာ တပ္မေတာ္ ကဲ့သုိ႔ပင္ ဆက္သြယ္ရ ခက္ခဲေနဟု ဦးေဇာ္သက္ေထြး ေျပာ

အနာဂတ္ အစိုးရအား ပံုေဖာ္ ရန္အတြက္ သဲလြန္စ ရရွိရန္ အမ်ိဳး သား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္အား ခ်ဥ္းကပ္ ရသည္မွာ တပ္မေတာ္ အား ခ်ဥ္းကပ္ ရသကဲ့သို႔ ခက္ခဲေန သည္ဟု စတုတၳ အႀကိမ္ေျမာက္ မီဒီယာ ဖြံ႕ၿဖိဳးတိုးတက္ေရး ညီလာခံ တြင္ ျမန္မာ သတင္းစာဆရာ သမဂၢ အမႈေဆာင္ အဖြဲ႕ဝင္ ဦးေဇာ္သက္ ေထြးက ေျပာသည္။
ဒီဇင္ဘာ ၁ဝရက္ႏွင့္ ၁၁ရက္ အထိ ႏွစ္ရက္တာ ျပဳလုပ္ခဲ့သည့္ ညီလာခံ ဒုတိယေျမာက္ေန႔ ‘သတင္း အခ်က္အလက္ ရယူ သိရွိပိုင္ခြင့္ ပိုမိုေကာင္းမြန္ေသာ လူမႈအသိုက္ အဝန္းဆီသို႔’ ေခါင္းစဥ္ျဖင့္ ေဆြးေႏြး ရာတြင္ ဦးေဇာ္သက္ေထြး က ယင္းသို႔ ေျပာၾကား ခဲ့ျခင္း ျဖစ္ သည္။
”အဲဒီေတာ့ ကြၽန္ေတာ္တို႔ အေနနဲ႔ တခ်ိဳ႕ သဲလြန္စေတြကို ဘယ္က ယူရလဲဆိုရင္ ဝါရွင္တန္ ပ႔ိုစ္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ လုပ္ တဲ့ အင္တာဗ်ဴး ဒါမွမဟုတ္ RFA မွာ ေဒၚေအာင္ဆန္းစုၾကည္ ေျပာတဲ့ အင္တာဗ်ဴးထဲ ကေန လုပ္ရပါ တယ္။ ေဒၚေအာင္ဆန္းစုၾကည္ ဟာ အင္မတန္ အလုပ္မ်ားတဲ့ ေခါင္းေဆာင္ျဖစ္တဲ့ အတြက္ သူ႔ကို ေမးျမန္းဖို႔ ခက္ခဲတယ္ ဆိုတာ နားလည္ပါတယ္။ ဒါေပမဲ့ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ပါတီ ရဲ႕ ျပန္ ၾကားေရးဌာန က အလုပ္လုပ္ကိုင္ ေဆာင္ရြက္မယ္ လို႔ ယူဆပါတယ္။ ဒါေပမဲ့ျပန္ၾကားေရး ဌာနက လူေတြ ကို ဆက္တိုင္း မွာလည္း ဝန္ႀကီး ဌာန ေခါင္းေဆာင္ေတြန႔ဲ တပ္မေတာ္ က ဗိုလ္ခ်ဳပ္ေတြလိုပါပဲ။ သူတို႔ လည္း ေဝေဝဝါးဝါး အေျဖေတြ ပဲ ရေနပါေသးတယ္” ဟု ထည့္သြင္း ေဆြးေႏြးခဲ့သည္။
ယင္း အေျခအေန တစ္ရပ္ကို အျပစ္တင္ျခင္း မဟုတ္ဘဲ ျပဳျပင္ ေျပာင္းလဲ ေက်ာ္လႊား သြားရန္ လို အပ္ေၾကာင္း၊ အထူးသျဖင့္ လက္ရွိ စာရင္းမ်ား အရ အႏိုင္ရအမ်ိဳး သား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္တြင္ အမ်ိဳးသား လႊတ္ေတာ္ႏွင့္ ျပည္သူ႔ လႊတ္ေတာ္ ၌ အႏိုင္ရသူ ၃၉ဝ ခန္႔ ရွိၿပီး ယေန႔အခ်ိန္ အထိ အင္တာဗ်ဴးခြင့္ ပိတ္ထားသည့္ အတြက္ ၄င္းတို႔၏ ႏုိင္ငံေရး ယုံၾကည္ခ်က္ ႏွင့္ အနာဂတ္ အေတြး အေခၚ ေျမာ္ျမင္ႏုိင္ စြမ္း ကို မီဒီယာ အေန ျဖင့္ ဆုပ္ကိုင္ ဖမ္းယူ၍ မရေသး ေၾကာင္း ၄င္းက ေျပာသည္။
”ဒါက အမ်ိဳးသား ရင္ၾကားေစ့ ေရးအတြက္ ဆိုရင္ေတာ့ ကြၽန္ေတာ္ တို႔ သည္းခံႏိုင္တဲ့ အခ်ိန္ကာလ တစ္ရပ္ပဲ သည္းခံပါမယ္။ အဲ့ဒီ ကာလေက်ာ္ သြားရင္ေတာ့ မီဒီယာ သမား ဆိုတာေတာ့ မီဒီယာ သမား အတိုင္းပဲ ကြၽန္ေတာ္တို႔ အေနနဲ႔ နည္းမ်ိဳးစံု နဲ႔ သတင္းေတြကို ရရွိဖို႔နဲ႔ ကြၽန္ေတာ္တို႔ အစိုးရသစ္ရဲ႕ အား သာခ်က္ အားနည္းခ်က္ေတြကို ေဝဖန္ဖို႔ အတြက္ ဆက္လက္ ေဆာင္ရြက္ သြားရ မွာ ျဖစ္ပါ တယ္” ဟု ၄င္းက ေဆြးေႏြးခဲ့သည္။
ယင္းေဆြးေႏြးခ်က္ႏွင့္ ပတ္သက္၍ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ ဗဟိုေကာ္မတီႏွင့္ ဗဟိုျပန္ ၾကားေရး အဖြဲ႔ဝင္ ဦးေအာင္ရွင္က ”လက္ရွိ ကေတာ့ မွန္တယ္။ ကြၽန္ ေတာ္တို႔ ပါတီထဲမွာလည္း ခက္ခဲ တာေတြရွိတယ္။ ကိုေဇာ္သက္ေထြး ေျပာသြားတာေတြ အမွန္ေတြ ခ်ည္းပဲ။ မွန္တယ္။ သို႔ေသာ္လည္း ကြၽန္ေတာ္တို႔ သင္ခန္းစာ ယူၿပီး ေတာ့ ျပင္ရပါမယ္။ ေနာက္တစ္ခု က လက္ရွိမွာ ကြၽန္ေတာ္တို႔က ခက္ခဲတယ္ ဆိုတဲ့ဟာက အပိုင္း ႏွစ္ပိုင္းရွိတယ္။ အစပိုင္းကေတာ့ NLD က ႏိုင္ငံေရး ပါတီ ျဖစ္တဲ့ အတြက္ေၾကာင့္ လူ တိုင္းေမး ၿပီး ေတာ့ လူတိုင္းေျပာလို႔လည္း မရဘူး။ ေျပာေရးဆိုခြင့္ရွိသူ ဆိုၿပီး သတ္မွတ္ထားတဲ့ အခါက်ေတာ့ ေျပာေရးဆိုခြင့္ရွိ သူနဲ႔ ေမးတဲ့အခါ မွ ပဲရမယ္။ တျခား ေျပာေရးဆိုခြင့္ ရွိသူမဟုတ္ဘဲနဲ႔ ေမးတယ္ ဆိုတဲ့ အခါမွာ တကယ္တမ္း ေျပာရရင္ ဒီဟာ အတြက္ တာဝန္ ယူမႈက သိပ္ၿပီးေတာ့ မေသခ်ာဘူး။ အဲ့ဒါ ေၾကာင့္ ေမးျမန္းရတာ ခက္ခဲတယ္၊ သတင္း အခ်က္အလက္ ယူရတာ ခက္ခဲတယ္ ဆိုၿပီး အဲ့ဒီဟာျဖစ္ ပါလိမ့္မယ္” ဟု ၄င္းကဆိုသည္။
လက္ရွိတြင္ သတင္းအခ်က္ အလက္ ရယူရာတြင္ လြယ္ကူမႈ ရွိေစရန္ ျပန္ၾကားေရးဌာန အျပင္ ပရင့္မီဒီယာႏွင့္ အြန္လိုင္း မီဒီယာ ဟူ၍ ထားရွိေပးထားၿပီး ထိုထက္ မကေသာ သတင္း အခ်က္အလက္ မ်ား ေပးႏိုင္ရန္ လုပ္ေဆာင္ေနကာ လတ္တေလာတြင္ အေကာင္ အထည္ မေဖာ္ႏိုင္ေသးျခင္းသာျဖစ္ေၾကာင္း၊ ျပည္သူ လူထုႏွင့္ မီဒီယာအား လက္ရွိ အေျခအေန ထက္ ပို၍ သတင္းအခ်က္ အလက္ မ်ားေပး ႏိုင္ရန္ လုပ္ေဆာင္ေနေၾကာင္း ၄င္းက ေျပာသည္။
အိမ္စည္၊ ေဝၿဖိဳး
Popular News Journal
.......................
ဒီချုပ်ကို ချဉ်းကပ်ရသည်မှာ တပ်မတော် ကဲ့သို့ပင် ဆက်သွယ်ရ ခက်ခဲနေဟု ဦးဇော်သက်ထွေး ပြော

အနာဂတ် အစိုးရအား ပုံဖော် ရန်အတွက် သဲလွန်စ ရရှိရန် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်အား ချဉ်းကပ် ရသည်မှာ တပ်မတော် အား ချဉ်းကပ် ရသကဲ့သို့ ခက်ခဲနေ သည်ဟု စတုတ္ထ အကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ တွင် မြန်မာ သတင်းစာဆရာ သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဦးဇော်သက် ထွေးက ပြောသည်။
ဒီဇင်ဘာ ၁ဝရက်နှင့် ၁၁ရက် အထိ နှစ်ရက်တာ ပြုလုပ်ခဲ့သည့် ညီလာခံ ဒုတိယမြောက်နေ့ ‘သတင်း အချက်အလက် ရယူ သိရှိပိုင်ခွင့် ပိုမိုကောင်းမွန်သော လူမှုအသိုက် အဝန်းဆီသို့’ ခေါင်းစဉ်ဖြင့် ဆွေးနွေး ရာတွင် ဦးဇော်သက်ထွေး က ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ် သည်။
”အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ တချို့ သဲလွန်စတွေကို ဘယ်က ယူရလဲဆိုရင် ဝါရှင်တန် ပိ့ုစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် လုပ် တဲ့ အင်တာဗျူး ဒါမှမဟုတ် RFA မှာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အင်တာဗျူးထဲ ကနေ လုပ်ရပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အင်မတန် အလုပ်များတဲ့ ခေါင်းဆောင်ဖြစ်တဲ့ အတွက် သူ့ကို မေးမြန်းဖို့ ခက်ခဲတယ် ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ရဲ့ ပြန် ကြားရေးဌာန က အလုပ်လုပ်ကိုင် ဆောင်ရွက်မယ် လို့ ယူဆပါတယ်။ ဒါပေမဲ့ပြန်ကြားရေး ဌာနက လူတွေ ကို ဆက်တိုင်း မှာလည်း ဝန်ကြီး ဌာန ခေါင်းဆောင်တွေနဲ့ တပ်မတော် က ဗိုလ်ချုပ်တွေလိုပါပဲ။ သူတို့ လည်း ဝေဝေဝါးဝါး အဖြေတွေ ပဲ ရနေပါသေးတယ်” ဟု ထည့်သွင်း ဆွေးနွေးခဲ့သည်။
ယင်း အခြေအနေ တစ်ရပ်ကို အပြစ်တင်ခြင်း မဟုတ်ဘဲ ပြုပြင် ပြောင်းလဲ ကျော်လွှား သွားရန် လို အပ်ကြောင်း၊ အထူးသဖြင့် လက်ရှိ စာရင်းများ အရ အနိုင်ရအမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော် ၌ အနိုင်ရသူ ၃၉ဝ ခန့် ရှိပြီး ယနေ့အချိန် အထိ အင်တာဗျူးခွင့် ပိတ်ထားသည့် အတွက် ၄င်းတို့၏ နိုင်ငံရေး ယုံကြည်ချက် နှင့် အနာဂတ် အတွေး အခေါ် မြော်မြင်နိုင် စွမ်း ကို မီဒီယာ အနေ ဖြင့် ဆုပ်ကိုင် ဖမ်းယူ၍ မရသေး ကြောင်း ၄င်းက ပြောသည်။
”ဒါက အမျိုးသား ရင်ကြားစေ့ ရေးအတွက် ဆိုရင်တော့ ကျွန်တော် တို့ သည်းခံနိုင်တဲ့ အချိန်ကာလ တစ်ရပ်ပဲ သည်းခံပါမယ်။ အဲ့ဒီ ကာလကျော် သွားရင်တော့ မီဒီယာ သမား ဆိုတာတော့ မီဒီယာ သမား အတိုင်းပဲ ကျွန်တော်တို့ အနေနဲ့ နည်းမျိုးစုံ နဲ့ သတင်းတွေကို ရရှိဖို့နဲ့ ကျွန်တော်တို့ အစိုးရသစ်ရဲ့ အား သာချက် အားနည်းချက်တွေကို ဝေဖန်ဖို့ အတွက် ဆက်လက် ဆောင်ရွက် သွားရ မှာ ဖြစ်ပါ တယ်” ဟု ၄င်းက ဆွေးနွေးခဲ့သည်။
ယင်းဆွေးနွေးချက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုကော်မတီနှင့် ဗဟိုပြန် ကြားရေး အဖွဲ့ဝင် ဦးအောင်ရှင်က ”လက်ရှိ ကတော့ မှန်တယ်။ ကျွန် တော်တို့ ပါတီထဲမှာလည်း ခက်ခဲ တာတွေရှိတယ်။ ကိုဇော်သက်ထွေး ပြောသွားတာတွေ အမှန်တွေ ချည်းပဲ။ မှန်တယ်။ သို့သော်လည်း ကျွန်တော်တို့ သင်ခန်းစာ ယူပြီး တော့ ပြင်ရပါမယ်။ နောက်တစ်ခု က လက်ရှိမှာ ကျွန်တော်တို့က ခက်ခဲတယ် ဆိုတဲ့ဟာက အပိုင်း နှစ်ပိုင်းရှိတယ်။ အစပိုင်းကတော့ NLD က နိုင်ငံရေး ပါတီ ဖြစ်တဲ့ အတွက်ကြောင့် လူ တိုင်းမေး ပြီး တော့ လူတိုင်းပြောလို့လည်း မရဘူး။ ပြောရေးဆိုခွင့်ရှိသူ ဆိုပြီး သတ်မှတ်ထားတဲ့ အခါကျတော့ ပြောရေးဆိုခွင့်ရှိ သူနဲ့ မေးတဲ့အခါ မှ ပဲရမယ်။ တခြား ပြောရေးဆိုခွင့် ရှိသူမဟုတ်ဘဲနဲ့ မေးတယ် ဆိုတဲ့ အခါမှာ တကယ်တမ်း ပြောရရင် ဒီဟာ အတွက် တာဝန် ယူမှုက သိပ်ပြီးတော့ မသေချာဘူး။ အဲ့ဒါ ကြောင့် မေးမြန်းရတာ ခက်ခဲတယ်၊ သတင်း အချက်အလက် ယူရတာ ခက်ခဲတယ် ဆိုပြီး အဲ့ဒီဟာဖြစ် ပါလိမ့်မယ်” ဟု ၄င်းကဆိုသည်။
လက်ရှိတွင် သတင်းအချက် အလက် ရယူရာတွင် လွယ်ကူမှု ရှိစေရန် ပြန်ကြားရေးဌာန အပြင် ပရင့်မီဒီယာနှင့် အွန်လိုင်း မီဒီယာ ဟူ၍ ထားရှိပေးထားပြီး ထိုထက် မကသော သတင်း အချက်အလက် များ ပေးနိုင်ရန် လုပ်ဆောင်နေကာ လတ်တလောတွင် အကောင် အထည် မဖော်နိုင်သေးခြင်းသာဖြစ်ကြောင်း၊ ပြည်သူ လူထုနှင့် မီဒီယာအား လက်ရှိ အခြေအနေ ထက် ပို၍ သတင်းအချက် အလက် များပေး နိုင်ရန် လုပ်ဆောင်နေကြောင်း ၄င်းက ပြောသည်။
အိမ်စည်၊ ဝေဖြိုး
Popular News Journal

No comments:

Post a Comment