Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 16, 2015

ရီပက္ဘလီကန္ သမၼတေလာင္းေတြ စကားစစ္ထိုးပြဲ

 IS အဖြဲ႕ကို ဘယ္လို တားဆီးမလဲ ဆိုတဲ့ ကိစၥအေပၚ ျပင္းျပင္းထန္ထန္ ျငင္းခုန္ခဲ့။

အေမရိကန္ ျပည္ေထာင္စု၊ လက္စ္ ေဗးဂက္စ္မွာ ျပဳလုပ္တဲ့ ရီပက္ဘလီကန္ ပါတီရဲ့ သမၼတေလာင္းေတြ စကားစစ္ထိုးပြဲမွာ IS အစၥလာမၼစ္ နိုင္ငံအဖြဲ႕ကို ဘယ္လို တားဆီးမလဲ ဆိုတဲ့ ကိစၥနဲ႔ ပက္သက္ၿပီး အခ်င္းခ်င္း ထိုးႏွက္ ေျပာဆို ခဲ့ၾကပါတယ္။

အဲဒီ ရီပက္ဘလီကန္ သမၼတေလာင္းေတြ စကား စစ္ထိုးပြဲဟာ ပဲရစ္ၿမိဳ႕ တိုက္ခိုက္မွုနဲ႔ ကာလီဖိုးနီးယား ျပည္နယ္က ပစ္ခတ္မွုေတြ ျဖစ္ပြားၿပီး ေနာက္ပိုင္း ပထမဆုံး အႀကိမ္ ျပဳလုပ္တဲ့ပြဲ ျဖစ္ပါတယ္။

လုံျခဳံေရးအရ ေစာင့္ၾကည့္မွုနဲ႔ လူဝင္မွု ေပၚလစီေတြအေၾကာင္း အမ်ိဳးသား လုံျခဳံေရး ဆိုင္ရာ ကိစၥေတြနဲ႔ ပတ္သက္ၿပီး ဆီးနိတ္ အမတ္ Ted Cruz နဲ႔ Marco Rubio တို႔အၾကား ျပင္းျပင္း ထန္ထန္ ျငင္းခုန္ ခဲ့ၾကပါတယ္။

သမၼတေလာင္း တစ္ဦး ျဖစ္တဲ့ Jeb Bush ကလည္း တစ္ေျပးေနတဲ့ Donald Trump ကို တိုက္ခိုက္ ေျပာဆိုၿပီး မဲဆြယ္မွုေတြ နာလံထူ နိုင္ေအာင္ ႀကိဳးစားခဲ့ပါတယ္။

မစၥတာ Trump ကေတာ့ မြတ္ဆလင္ေတြကို အေမရိကန္ထဲ ဝင္ခြင့္ ပိတ္သင့္တယ္လို႔ အေစာပိုင္းက ေျပာခဲ့တဲ့ သူ႔စကားကို ခုခံ ေခ်ပရာမွာ သူက "လုံျခဳံေရး ကိစၥကို ကၽြန္ေတာ္တို႔ ေျပာေနတာ ျဖစ္ၿပီး ဘာသာေရးနဲ႔ မဆိုင္ဘူး" လို႔ ေျပာပါတယ္။

စကား စစ္ထိုးပြဲမွာ နိုင္ငံျခားေရး ေပၚလစီနဲ႔ အမ်ိဳးသား လုံျခဳံေရး ကိစၥေတြ အထိ က်ယ္က်ယ္ျပန္႔ျပန္႔ ေျပာဆို ခဲ့ၾကပါတယ္။

BBC Burmese
http://www.bbc.com
........................
  IS အဖွဲ့ကို ဘယ်လို တားဆီးမလဲ ဆိုတဲ့ ကိစ္စအပေါ် ပြင်းပြင်းထန်ထန် ငြင်းခုန်ခဲ့။

အမေရိကန် ပြည်ထောင်စု၊ လက်စ် ဗေးဂက်စ်မှာ ပြုလုပ်တဲ့ ရီပက်ဘလီကန် ပါတီရဲ့ သမ္မတလောင်းတွေ စကားစစ်ထိုးပွဲမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကို ဘယ်လို တားဆီးမလဲ ဆိုတဲ့ ကိစ္စနဲ့ ပက်သက်ပြီး အချင်းချင်း ထိုးနှက် ပြောဆို ခဲ့ကြပါတယ်။

အဲဒီ ရီပက်ဘလီကန် သမ္မတလောင်းတွေ စကား စစ်ထိုးပွဲဟာ ပဲရစ်မြို့ တိုက်ခိုက်မှုနဲ့ ကာလီဖိုးနီးယား ပြည်နယ်က ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ပြုလုပ်တဲ့ပွဲ ဖြစ်ပါတယ်။

လုံခြုံရေးအရ စောင့်ကြည့်မှုနဲ့ လူဝင်မှု ပေါ်လစီတွေအကြောင်း အမျိုးသား လုံခြုံရေး ဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆီးနိတ် အမတ် Ted Cruz နဲ့ Marco Rubio တို့အကြား ပြင်းပြင်း ထန်ထန် ငြင်းခုန် ခဲ့ကြပါတယ်။

သမ္မတလောင်း တစ်ဦး ဖြစ်တဲ့ Jeb Bush ကလည်း တစ်ပြေးနေတဲ့ Donald Trump ကို တိုက်ခိုက် ပြောဆိုပြီး မဲဆွယ်မှုတွေ နာလံထူ နိုင်အောင် ကြိုးစားခဲ့ပါတယ်။

မစ္စတာ Trump ကတော့ မွတ်ဆလင်တွေကို အမေရိကန်ထဲ ဝင်ခွင့် ပိတ်သင့်တယ်လို့ အစောပိုင်းက ပြောခဲ့တဲ့ သူ့စကားကို ခုခံ ချေပရာမှာ သူက "လုံခြုံရေး ကိစ္စကို ကျွန်တော်တို့ ပြောနေတာ ဖြစ်ပြီး ဘာသာရေးနဲ့ မဆိုင်ဘူး" လို့ ပြောပါတယ်။

စကား စစ်ထိုးပွဲမှာ နိုင်ငံခြားရေး ပေါ်လစီနဲ့ အမျိုးသား လုံခြုံရေး ကိစ္စတွေ အထိ ကျယ်ကျယ်ပြန့်ပြန့် ပြောဆို ခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com

No comments:

Post a Comment