CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, December 15, 2015
သက္တမ္းကုန္ လႊတ္ေတာ္အမတ္ေတြကို ခ်ီးျမႇင့္ေငြ ေပးဖို႔စီစဥ္
လက္ရွိ လႊတ္ေတာ္သက္တမ္း ကုန္ဆံုးတဲ့အခါမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ႏိုင္ငံေရးပင္စင္ကဲ့သို႔ တလံုးတခဲတည္း ခ်ီးျမႇင့္ေငြေပးဖို႔ ျပည္ေထာင္စုလႊတ္ေတာ္က စီစဥ္ေနတယ္လို႔ လႊတ္ေတာ္က္ုိယ္စားလွယ္ေတြက ေျပာပါတယ္။
အခုလို ႏိုင္ငံေရးပင္စင္ေပးတာဟာ ဥပေဒအရ လုပ္တာျဖစ္ေပမဲ့လို႔ တိုင္းျပည္ဘ႑ာ အခက္အခဲ ႀကံဳေတြ႔ႏိုင္တာေၾကာင့္ အခုလိုမ်ိဳး ခ်ီးျမႇင့္ေငြ မေပးသင့္ဘူးလို႔ ႏိုင္ငံေရး ေလ့လာသံုးသပ္သူေတြက ေထာက္ျပ ေျပာဆိုၾကပါတယ္။ အျပည့္အစံုကိုေတာ့ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုထက္ေအာင္က သတင္းေပးပို႔ထားပါတယ္။
ဇန္န၀ါရီလ ၃၀ ရက္ေန႔မွာ ကုန္ဆံုးမယ့္ လႊတ္ေတာ္သက္တမ္းမွာ တာ၀န္ထမ္းေဆာင္ခဲ့တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို အၿငိမ္းစားလစာအျဖစ္ ႏိုင္ငံေရးပင္စင္သေဘာမ်ိဳး ခ်ီးျမႇင့္ေငြေပးဖို႔ ျပည္ေထာင္စုလႊတ္ေတာ္က စီစဥ္ေနပါတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ လက္ရွိရေနတဲ့ တစ္လစာပမာဏကို တစ္ႏွစ္အတြက္ အၿငိမ္းစားေငြအျဖစ္ သတ္မွတ္ၿပီး တာ၀န္ထမ္းေဆာင္ခဲ့တ့ဲ ႏွစ္ကာလအလိုက္္ တလံုးတခဲတည္း ေပးဖို႔ စီစဥ္ေနတာျဖစ္တယ္လို႔ ျပည္သူလႊတ္ေတာ္ ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီ ဒုဥကၠဌ ဦးသူရိန္ေဇာ္က ေျပာဆိုထားတာကို အဂၤါေန႔ထုတ္ 7 days သတင္းစာမွာ ေဖာ္ျပထားပါတယ္။ အခုလို ႏႈန္းထားအရဆိုရင္ လႊတ္ေတာ္သက္တမ္း ၅ ႏွစ္ တာ၀န္ထမ္းေဆာင္ခဲ့တဲ့သူေတြက ေငြက်ပ္ သိန္း ၅၀ ရမွာ ျဖစ္ၿပီးေတာ့ ၾကားျဖတ္ ေရႊးေကာက္ပဲြက်မွ ၀င္ေရာက္လာတဲ့ ကိုယ္စားလွယ္ေတြကေတာ့ က်ပ္သိန္း ၃၀ ခန္႔ ရရွိမွာလည္း ျဖစ္ပါတယ္။
ဒီကိစၥနဲ႔ပတ္သတ္လို႔ အေသးစိတ္ အခ်က္အလက္ သိရေအာင္ ဗီြအိုေအျမန္မာပိုင္းက ဖုန္းနဲ႔ ဆက္သြယ္ခဲ့ေပမဲ့လည္း ဒီေကာ္မတီတာ၀န္ရွိသူေတြက လက္ခံေျဖၾကားခဲ့ျခင္း မရွိခဲ့ပါဘူး။ အခုလို လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ႏိုင္ငံေရးပင္စင္သေဘာမ်ိဳး ခ်ီးျမႇင့္ေငြေပးဖို႔ စီစဥ္ေနတဲ့အေပၚမွာ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္တဦးျဖစ္တဲ့ ဦးခိုင္ေမာင္ရည္က အခုလို သံုးသပ္ပါတယ္။
“လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ႏို္င္ငံေရးခံစားခြင့္ကေတာ့ ဥပေဒပါ ျပဌာန္းခ်က္အတိုင္း ခံစားသင့္ပါတယ္။ ခံစားထုိက္ပါတယ္။ ဒါေပမဲ့ ႏုိင္ငံ့ရဲ႕ စီးပြားေရးအေျခအေနအရ တဘက္က ျပန္ၾကည့္မယ္ဆုိရင္ေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက မိမိရတဲ့ ေငြေၾကးနဲ႔ တ၀က္ေသာ္လည္းေကာင္း ယူရင္ေတာ့ ဒါ သင့္တယ္လို႔ ျမင္ရတာေပ့ါေနာ္။”
ဒီလို တလံုးတခဲတည္း ခ်ီးျမႇင့္ေငြေပးတာဟာ ေနာက္လႊတ္ေတာ္သက္တမ္းမွာ မပါတဲ့သူေတြအတြက္သာ ရည္ရြယ္ၿပီးေတာ့ ေနာက္လႊတ္ေတာ္သက္တမ္းမွာ ဆက္လက္ ထမ္းေဆာင္မယ္ ကိုယ္စားလွယ္ေတြကေတာ့ ေနာက္လႊတ္ေတာ္သက္တမ္းမွာ ေနာက္ဆံုးရရွိခဲ့တဲ့ လစာနဲ႔ ေျမႇာက္ၿပီး ရရွိမွာျဖစ္တယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါတယ္။ ဒါေပမဲ့ လက္ရွိ ႏိုင္ငံေရးပင္စင္ သေဘာအျဖစ္နဲ႔ အၿငိမ္းစားယူမယ့္သူေတြဟာ ၾကားျဖတ္ေရြးေကာက္ပဲြေတြမွာ ေနာက္ေရြးေကာက္ပဲြေတြမွာ ကိုယ္စားလွယ္ေလာင္းအျဖစ္ ေရြးခ်ယ္ခံခ်င္ရင္ ၀င္ေရာက္ အေရြးခ်ယ္ခံႏိုင္ပါတယ္။ အဲဒါနဲ႔ ပတ္သက္လို႔ ဦးခို္င္ေမာင္ရည္ရဲ႕အျမင္က -
“ေနာက္တႀကိမ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဆက္မလုပ္ရ ဆိုတာမ်ိဳးက သတ္မွတ္ထားတာ မရွိတဲ့အတြက္ ဒုတိယအႀကိမ္ လႊတ္ေတာ္မွာ ပထမဆံုး ၀န္ႀကီးေတြခန္႔တဲ့အခါမွာ လုပ္တဲ့ ၾကားျဖတ္ေရြးေကာက္ပြဲက သိပ္မၾကာဘဲနဲ႔ ဥပေဒ အခု ျပင္လိုက္တာျဖစ္တဲ့အတြက္ ဥပေဒျပင္ရင္ ဥပေဒက ၃ လအတြင္းမွာ လစ္လပ္တဲ့ေနရာကို ျပန္က်င္းပရမယ္ဆုိရင္ လႊတ္ေတာ္ စစခ်င္းမွာပဲ လစ္လပ္တဲ့ေနရာေတြ ေပၚလာရင္ စၿပီး မၾကာခင္မွာပဲ ေရြးေကာက္ပြဲ ျပန္က်င္းပတဲ့အခါမွာဆုိရင္ သူက တစ္ႏွစ္မျပည့္ေသးခင္မွာပဲ ႏုိင္ငံေရးပင္စင္ ရၿပီးသား တစ္ႏွစ္မျပည့္ေသးခင္မွာပဲ လႊတ္ေတာ္ ကိုယ္စားလွယ္ျဖစ္သြားရင္ သူက ျပန္ၿပီးေတာ့မွ လႊတ္ေတာ္ ႏုိင္ငံေရး လစာေငြ၊ လႊတ္ေတာ္ ကိုယ္စားလွယ္ လစာေငြ ျပန္ရမွာဆိုေတာ့ သူက အဲဒါက်ေတာ့ ႏွစ္သီးစားလို ပံုစံ ျဖစ္သြားတယ္ေပါ့ေနာ္။ အဲဒါမ်ိဳးလည္း ျဖစ္သြားႏုိင္တဲ့အတြက္ ႏုိင္ငံေရးပင္စင္ယူတယ္ဆုိရင္ ေနာင္တႀကိမ္ ႏုိင္ငံေရးလႊတ္ေတာ္ကိုယ္စားလွယ္ မလုပ္ဖူးဆုိရင္ေတာ့ ဒါ သင့္တယ္လို႔ ေျပာရမွာေပါ့။”
အခုလိုမ်ိဳး လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ႏိုင္ငံေရး ပင္စင္သေဘာမ်ိဳးေပးဖို႔ စီစဥ္တာဟာ တိုင္းျပည္အတြက္ ေငြေၾကးေဖာင္းပြမႈေတြ ျဖစ္သြားႏိုင္တယ္လို႔ ႏိုင္ငံေရး သံုးသပ္သူေတြက စိုးရိမ္ၾကပါတယ္။ ဒါနဲ႔ ပတ္သက္လို႔ ဦးစည္သူေအာင္ျမင့္က ေျပာတာက -
“အဲဒါက မေကာင္းဘူး။ ဘာလို႔မေကာင္းဘူးလဲဆုိေတာ့ ကိုယ့္အတြက္ အခြင့္အေရးကို ကိုယ့္ဘာသာကိုယ္ ျပဌာန္းၿပီးေတာ့ ယူတဲ့ဟာ မေကာင္းဘူး။ အဲေတာ့ ေငြကို တြက္ၾကည့္လုိက္ေတာ့လည္း သူတို႔ယူမယ့္ေငြက အားလံုးေပါင္းလိုက္ရင္ ျပည္ေထာင္စုလႊတ္ေတာ္နဲ႔ တုိင္းနဲ႔ျပည္နယ္လႊတ္ေတာ္နဲ႔ ေပါင္းလိုက္ရင္ က်ပ္ေငြ ၄ ဘီလီယံေလာက္ရွိတယ္။ တကယ္လို႔သာ တပ္မေတာ္သားေတြကိုပါ ေပးမယ္ဆိုရင္ ၅ ဘီလီယံေလာက္ သြားရွိလိမ့္မယ္။ ဆိုေတာ့ အမ်ားႀကီးျဖစ္ေနတယ္။ ဆိုေတာ့ ဒီဥစၥာက ေပးလည္း မေပးသင့္ဘူးေပါ့။ သူတို႔က အဲ့လိုမ်ိဳး ၅ မ်ိဳးေလာက္ လုပ္႐ံုနဲ႔ ဒီလိုမ်ိဳး တလံုးတခဲတည္း ခ်ီးျမႇင့္ေငြေတြ ေပးတဲ့ အေလ့အထ ျဖစ္သြားမယ္ဆုိရင္ မေကာင္းဘူးေပါ့ ဒါက။”
ဒီကိစၥအတြက္ သတ္မွတ္ထားတဲ႔ ပံုစံျဖည့္ေပးဖို႔ ေတာင္းခံလာတာေၾကာင့္ ျဖည့္စြက္ထားေပမယ့္လို႔ ဘယ္လိုပံုစံနဲ႔ ေငြေၾကးပမာဏ ဘယ္ေလာက္ေပးမယ္ဆိုတာကို မသိရွိရေသးဘူးလို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ဆိုပါတယ္။ အခုလိုမ်ိဳး နုိ္င္ငံေရးပင္စင္ ခ်ီးျမႇင့္ေငြေၾကာင့္ ေနာက္အစိုးရသက္တမ္းမွာ ဘ႑ေငြအခက္အခဲနဲ႔ ႀကံဳေတြ႔ႏို္င္တယ္လို႔ ဦးခိုင္ေမာင္ရည္က ေျပာပါတယ္။
“လႊတ္ေတာ္ကိုယ္စားလွယ္ တလံုးတည္းတခဲတည္း ေပးရမယ္ဆုိတဲ့ မူအရ ၿပီးေတာ့ ေနာက္အစိုးရမတက္ခင္ေလးမွာ ေပးမယ့္သေဘာမ်ိဳး ဒီလႊတ္ေတာ္ကိုယ္စားလွယ္ေတြ တာ၀န္ကုန္ဆံုးတာနဲ႔ ခ်က္ျခင္းေပးမယ့္ သေဘာမ်ိဳးျဖစ္တဲ့အတြက္ ထင္ပါတယ္ ဇန္န၀ါရီလကုန္နဲ႔ ေဖေဖာ္၀ါရီလဆန္းကို ေပးလိမ့္မယ္လို႔ ထင္ပါတယ္။ အဲဒီအတြက္ အဲဒီေနာက္မွာ တခါတည္း ေငြေၾကးက တၿပိဳင္နက္တည္းနဲ႔ ထုတ္သံုးစြဲသလို ျဖစ္လိမ့္မယ္။ ေနာက္အစိုးရ တက္တဲ့အခ်ိန္မွာ ႏုိင္ငံေတာ္ဆီမွာ ဘ႑ာ ဗဟိုဘဏ္မွာေပါ့ေနာ္ ေငြေၾကးအရ လိုေငြေတြ ျပေနတယ္ဆုိေတာ့ ပိုက္ဆံနည္းသြားႏုိင္တယ္လို႔ေတာ့ က်ေနာ္က အဲ့လို ေတြးမိပါတယ္ခင္ဗ်။”
လက္ရွိ ျပည္ေထာင္စုလႊတ္ေတာ္မွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္းစားလွယ္ေတြ မပါ၀င္ဘဲ အရပ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ၄၀၀ နီးပါးဟာ ဒီႏိုင္ငံေရးပင္စင္ ခံစားခြင့္ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေနာက္လႊတ္ေတာ္သက္တမ္းမွာ တာ၀န္မထမ္းေဆာင္ေတာ့မယ့္ တိုင္းေဒသႀကီး ကိုယ္စားလွယ္ေတြလည္း ဒီခံစားခြင့္ကို ရရွိမွာ ျဖစ္ပါတယ္ခင္ဗ်ာ။
ထက္ေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..................
လက်ရှိ လွှတ်တော်သက်တမ်း ကုန်ဆုံးတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံရေးပင်စင်ကဲ့သို့ တလုံးတခဲတည်း ချီးမြှင့်ငွေပေးဖို့ ပြည်ထောင်စုလွှတ်တော်က စီစဉ်နေတယ်လို့ လွှတ်တော်က်ုိယ်စားလှယ်တွေက ပြောပါတယ်။
အခုလို နိုင်ငံရေးပင်စင်ပေးတာဟာ ဥပဒေအရ လုပ်တာဖြစ်ပေမဲ့လို့ တိုင်းပြည်ဘဏ္ဍာ အခက်အခဲ ကြုံတွေ့နိုင်တာကြောင့် အခုလိုမျိုး ချီးမြှင့်ငွေ မပေးသင့်ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြ ပြောဆိုကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က သတင်းပေးပို့ထားပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ကုန်ဆုံးမယ့် လွှတ်တော်သက်တမ်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အငြိမ်းစားလစာအဖြစ် နိုင်ငံရေးပင်စင်သဘောမျိုး ချီးမြှင့်ငွေပေးဖို့ ပြည်ထောင်စုလွှတ်တော်က စီစဉ်နေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ လက်ရှိရနေတဲ့ တစ်လစာပမာဏကို တစ်နှစ်အတွက် အငြိမ်းစားငွေအဖြစ် သတ်မှတ်ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်ကာလအလိုက်် တလုံးတခဲတည်း ပေးဖို့ စီစဉ်နေတာဖြစ်တယ်လို့ ပြည်သူလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုဥက္ကဌ ဦးသူရိန်ဇော်က ပြောဆိုထားတာကို အင်္ဂါနေ့ထုတ် 7 days သတင်းစာမှာ ဖော်ပြထားပါတယ်။ အခုလို နှုန်းထားအရဆိုရင် လွှတ်တော်သက်တမ်း ၅ နှစ် တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေက ငွေကျပ် သိန်း ၅၀ ရမှာ ဖြစ်ပြီးတော့ ကြားဖြတ် ရွှေးကောက်ပွဲကျမှ ၀င်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကတော့ ကျပ်သိန်း ၃၀ ခန့် ရရှိမှာလည်း ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်လို့ အသေးစိတ် အချက်အလက် သိရအောင် ဗွီအိုအေမြန်မာပိုင်းက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့လည်း ဒီကော်မတီတာဝန်ရှိသူတွေက လက်ခံဖြေကြားခဲ့ခြင်း မရှိခဲ့ပါဘူး။ အခုလို လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံရေးပင်စင်သဘောမျိုး ချီးမြှင့်ငွေပေးဖို့ စီစဉ်နေတဲ့အပေါ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးခိုင်မောင်ရည်က အခုလို သုံးသပ်ပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်တွေ နို်င်ငံရေးခံစားခွင့်ကတော့ ဥပဒေပါ ပြဌာန်းချက်အတိုင်း ခံစားသင့်ပါတယ်။ ခံစားထိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံ့ရဲ့ စီးပွားရေးအခြေအနေအရ တဘက်က ပြန်ကြည့်မယ်ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေက မိမိရတဲ့ ငွေကြေးနဲ့ တဝက်သော်လည်းကောင်း ယူရင်တော့ ဒါ သင့်တယ်လို့ မြင်ရတာပေ့ါနော်။”
ဒီလို တလုံးတခဲတည်း ချီးမြှင့်ငွေပေးတာဟာ နောက်လွှတ်တော်သက်တမ်းမှာ မပါတဲ့သူတွေအတွက်သာ ရည်ရွယ်ပြီးတော့ နောက်လွှတ်တော်သက်တမ်းမှာ ဆက်လက် ထမ်းဆောင်မယ် ကိုယ်စားလှယ်တွေကတော့ နောက်လွှတ်တော်သက်တမ်းမှာ နောက်ဆုံးရရှိခဲ့တဲ့ လစာနဲ့ မြှောက်ပြီး ရရှိမှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒါပေမဲ့ လက်ရှိ နိုင်ငံရေးပင်စင် သဘောအဖြစ်နဲ့ အငြိမ်းစားယူမယ့်သူတွေဟာ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ နောက်ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံချင်ရင် ၀င်ရောက် အရွေးချယ်ခံနိုင်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဦးခို်င်မောင်ရည်ရဲ့အမြင်က -
“နောက်တကြိမ် လွှတ်တော်ကိုယ်စားလှယ် ဆက်မလုပ်ရ ဆိုတာမျိုးက သတ်မှတ်ထားတာ မရှိတဲ့အတွက် ဒုတိယအကြိမ် လွှတ်တော်မှာ ပထမဆုံး ၀န်ကြီးတွေခန့်တဲ့အခါမှာ လုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲက သိပ်မကြာဘဲနဲ့ ဥပဒေ အခု ပြင်လိုက်တာဖြစ်တဲ့အတွက် ဥပဒေပြင်ရင် ဥပဒေက ၃ လအတွင်းမှာ လစ်လပ်တဲ့နေရာကို ပြန်ကျင်းပရမယ်ဆိုရင် လွှတ်တော် စစချင်းမှာပဲ လစ်လပ်တဲ့နေရာတွေ ပေါ်လာရင် စပြီး မကြာခင်မှာပဲ ရွေးကောက်ပွဲ ပြန်ကျင်းပတဲ့အခါမှာဆိုရင် သူက တစ်နှစ်မပြည့်သေးခင်မှာပဲ နိုင်ငံရေးပင်စင် ရပြီးသား တစ်နှစ်မပြည့်သေးခင်မှာပဲ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သွားရင် သူက ပြန်ပြီးတော့မှ လွှတ်တော် နိုင်ငံရေး လစာငွေ၊ လွှတ်တော် ကိုယ်စားလှယ် လစာငွေ ပြန်ရမှာဆိုတော့ သူက အဲဒါကျတော့ နှစ်သီးစားလို ပုံစံ ဖြစ်သွားတယ်ပေါ့နော်။ အဲဒါမျိုးလည်း ဖြစ်သွားနိုင်တဲ့အတွက် နိုင်ငံရေးပင်စင်ယူတယ်ဆိုရင် နောင်တကြိမ် နိုင်ငံရေးလွှတ်တော်ကိုယ်စားလှယ် မလုပ်ဖူးဆိုရင်တော့ ဒါ သင့်တယ်လို့ ပြောရမှာပေါ့။”
အခုလိုမျိုး လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံရေး ပင်စင်သဘောမျိုးပေးဖို့ စီစဉ်တာဟာ တိုင်းပြည်အတွက် ငွေကြေးဖောင်းပွမှုတွေ ဖြစ်သွားနိုင်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက စိုးရိမ်ကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဦးစည်သူအောင်မြင့်က ပြောတာက -
“အဲဒါက မကောင်းဘူး။ ဘာလို့မကောင်းဘူးလဲဆိုတော့ ကိုယ့်အတွက် အခွင့်အရေးကို ကိုယ့်ဘာသာကိုယ် ပြဌာန်းပြီးတော့ ယူတဲ့ဟာ မကောင်းဘူး။ အဲတော့ ငွေကို တွက်ကြည့်လိုက်တော့လည်း သူတို့ယူမယ့်ငွေက အားလုံးပေါင်းလိုက်ရင် ပြည်ထောင်စုလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်နဲ့ ပေါင်းလိုက်ရင် ကျပ်ငွေ ၄ ဘီလီယံလောက်ရှိတယ်။ တကယ်လို့သာ တပ်မတော်သားတွေကိုပါ ပေးမယ်ဆိုရင် ၅ ဘီလီယံလောက် သွားရှိလိမ့်မယ်။ ဆိုတော့ အများကြီးဖြစ်နေတယ်။ ဆိုတော့ ဒီဥစ္စာက ပေးလည်း မပေးသင့်ဘူးပေါ့။ သူတို့က အဲ့လိုမျိုး ၅ မျိုးလောက် လုပ်ရုံနဲ့ ဒီလိုမျိုး တလုံးတခဲတည်း ချီးမြှင့်ငွေတွေ ပေးတဲ့ အလေ့အထ ဖြစ်သွားမယ်ဆိုရင် မကောင်းဘူးပေါ့ ဒါက။”
ဒီကိစ္စအတွက် သတ်မှတ်ထားတဲ့ ပုံစံဖြည့်ပေးဖို့ တောင်းခံလာတာကြောင့် ဖြည့်စွက်ထားပေမယ့်လို့ ဘယ်လိုပုံစံနဲ့ ငွေကြေးပမာဏ ဘယ်လောက်ပေးမယ်ဆိုတာကို မသိရှိရသေးဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။ အခုလိုမျိုး နို်င်ငံရေးပင်စင် ချီးမြှင့်ငွေကြောင့် နောက်အစိုးရသက်တမ်းမှာ ဘဏ္ဍငွေအခက်အခဲနဲ့ ကြံုတွေ့နို်င်တယ်လို့ ဦးခိုင်မောင်ရည်က ပြောပါတယ်။
“လွှတ်တော်ကိုယ်စားလှယ် တလုံးတည်းတခဲတည်း ပေးရမယ်ဆိုတဲ့ မူအရ ပြီးတော့ နောက်အစိုးရမတက်ခင်လေးမှာ ပေးမယ့်သဘောမျိုး ဒီလွှတ်တော်ကိုယ်စားလှယ်တွေ တာဝန်ကုန်ဆုံးတာနဲ့ ချက်ခြင်းပေးမယ့် သဘောမျိုးဖြစ်တဲ့အတွက် ထင်ပါတယ် ဇန်နဝါရီလကုန်နဲ့ ဖေဖော်ဝါရီလဆန်းကို ပေးလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီအတွက် အဲဒီနောက်မှာ တခါတည်း ငွေကြေးက တပြိုင်နက်တည်းနဲ့ ထုတ်သုံးစွဲသလို ဖြစ်လိမ့်မယ်။ နောက်အစိုးရ တက်တဲ့အချိန်မှာ နိုင်ငံတော်ဆီမှာ ဘဏ္ဍာ ဗဟိုဘဏ်မှာပေါ့နော် ငွေကြေးအရ လိုငွေတွေ ပြနေတယ်ဆိုတော့ ပိုက်ဆံနည်းသွားနိုင်တယ်လို့တော့ ကျနော်က အဲ့လို တွေးမိပါတယ်ခင်ဗျ။”
လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်းစားလှယ်တွေ မပါ၀င်ဘဲ အရပ်သား လွှတ်တော်ကိုယ်စားလှယ် ၄၀၀ နီးပါးဟာ ဒီနိုင်ငံရေးပင်စင် ခံစားခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်လွှတ်တော်သက်တမ်းမှာ တာဝန်မထမ်းဆောင်တော့မယ့် တိုင်းဒေသကြီး ကိုယ်စားလှယ်တွေလည်း ဒီခံစားခွင့်ကို ရရှိမှာ ဖြစ်ပါတယ်ခင်ဗျာ။
ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
သက္တမ္းကုန္ လႊတ္ေတာ္အမတ္ေတြကို ခ်ီးျမႇင့္ေငြ ေပးဖို႔စီစဥ္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 15, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment