CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, December 23, 2015
ေလထုညစ္ညမ္းမႈေၾကာင့္ တ႐ုတ္ႏုိင္ငံရွိ ၿမိဳ႕ေပါင္း ၄၀ တြင္ သတိေပးခ်က္မ်ား ထုတ္ျပန္
ေပက်င္း ၊ ၂၃-၁၂-၂၀၁၅
တ႐ုတ္ႏုိင္ငံ၏ ၿမိဳ႕ေတာ္ျဖစ္သည့္ ေပက်င္းၿမိဳ႕ အပါအဝင္ ႏုိင္ငံေျမာက္ပိုင္းရွိ ၿမိဳ႕ေပါင္း ၄ဝ မွတာဝန္ရွိ သူမ်ားသည္ ေလထုညစ္ညမ္းမႈ သတိေပးခ်က္မ်ား ထုတ္ျပန္ ထားေၾကာင္း ေဒသတြင္း သတင္းဌာန က ဒီဇင္ဘာ ၂၂ ရက္တြင္ ေဖာျ္ပထားသည္။
ေပက်င္းၿမိဳ႕ရွိ တာဝန္ရွိ သူမ်ားသည္ ေလထု ညစ္ညမ္းမႈအတြက္ ပထမဆံုး အႀကိမ္ အနီေရာင္အဆင့္ သတိေပးခ်က္ကို ဒီဇင္ဘာ ၇ ရက္တြင္ ထုတ္ျပန္ၿပီး ဒီဇင္ဘာ ၁ဝ ရက္တြင္ ႐ုပ္သိမ္းခဲ့သည္။ ထုိ႔ေနာက္ ဒုတိယ အႀကိမ္ အနီေရာင္အဆင့္ သတိေပးခ်က္ကို ဒီဇင္ဘာ ၁၉ ရက္တြင္ ထုတ္ျပန္ထားကာ ဒီဇင္ဘာ ၂၄ ရက္တြင္ ျပန္လည္ ႐ုပ္သိမ္းဖြယ္ ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ေပက်င္းၿမိဳ႕ သာမက ေပါင္ပင္း၊ ဟန္တန္၊ လန္ဖန္းႏွင့္ ရွင္းၿမိဳ႕ မ်ားတြင္ပါ ေလထု ညစ္ညမ္းမႈ အဆိုးရြားဆံုး အေျခအေန ျဖစ္သည့္ အနီေရာင္အဆင့္ သတိေပးခ်က္ကို ထုတ္ျပန္ ထားျခင္း ျဖစ္ေၾကာင္း ေပက်င္းၿမိဳ႕ သဘာဝ ပတ္ဝန္းက်င္ ေလ့လာ ေစာင့္ၾကည့္ေရး စင္တာ၏ ေျပာၾကားခ်က္ ကိုကိုးကား၍ ဆင္ဟြာ သတင္းဌာနက ေဖာ္ျပထားသည္။
ႏုိင္ငံေျမာက္ပိုင္း ဆိပ္ကမ္းၿမိဳ႕ ျဖစ္သည့္ ထ်န္က်င္းၿမိဳ႕ အပါအဝင္ ၁၃ ၿမိဳ႕ကို လိေမၼာ္ေရာင္ အဆင့္ သတိေပးခ်က္ ထုတ္ျပန္ ထားေၾကာင္း၊ ၁၇ ၿမိဳ႕ကို အဝါေရာင္ အဆင့္ သတိေပးခ်က္ ထုတ္ျပန္ ထားေၾကာင္းႏွင့္ ငါးၿမိဳ႕ကို အျပာေရာင္ အဆင့္ သတိေပးခ်က္ ထုတ္ျပန္ ထားျခင္း ျဖစ္ေၾကာင္း အဆုိပါ စင္တာက ဆက္လက္ ေျပာၾကား ထားသည္။
ပညာရွင္မ်ားက ေလထုညစ္ညမ္းမႈ အနီေရာင္ အဆင့္ ေၾကညာပါက တာဝန္ရွိသူမ်ား အေနျဖင့္ ယာဥ္သံုးစဲြမႈမ်ား ေလွ်ာ့ခ်ေရး၊ စာသင္ေက်ာင္း မ်ားႏွင့္ မူႀကိဳေက်ာင္းမ်ား ေခတၱ ပိတ္ထားျခင္း ႏွင့္ ေလထု ညစ္ညမ္းမႈ မ်ားကို ထုတ္လႊတ္လ်က္ ရွိသည့္ ကုမၸဏီမ်ားကို ယာယီ ပိတ္သိမ္းျခင္း စသည့္ ေလထု ညစ္ညမ္းမႈ ေလ်ာ့က်ေစမည့္ အခ်က္မ်ားကို အလိုအေလ်ာက္ လုပ္ေဆာင္ရမည္ ျဖစ္ေၾကာင္း အဆုိပါ စင္တာက ရွင္းလင္း ေျပာၾကား ထားသည္။
(Pyi Chit Thar)
http://www.pyichitthar.com/
....................
ပေကျင်း ၊ ၂၃-၁၂-၂၀၁၅
တရုတ်နိုင်ငံ၏ မြို့တော်ဖြစ်သည့် ပေကျင်းမြို့ အပါအဝင် နိုင်ငံမြောက်ပိုင်းရှိ မြို့ပေါင်း ၄ဝ မှတာဝန်ရှိ သူများသည် လေထုညစ်ညမ်းမှု သတိပေးချက်များ ထုတ်ပြန် ထားကြောင်း ဒေသတွင်း သတင်းဌာန က ဒီဇင်ဘာ ၂၂ ရက်တွင် ဖောြ်ပထားသည်။
ပေကျင်းမြို့ရှိ တာဝန်ရှိ သူများသည် လေထု ညစ်ညမ်းမှုအတွက် ပထမဆုံး အကြိမ် အနီရောင်အဆင့် သတိပေးချက်ကို ဒီဇင်ဘာ ရ ရက်တွင် ထုတ်ပြန်ပြီး ဒီဇင်ဘာ ၁ဝ ရက်တွင် ရုပ်သိမ်းခဲ့သည်။ ထို့နောက် ဒုတိယ အကြိမ် အနီရောင်အဆင့် သတိပေးချက်ကို ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ထားကာ ဒီဇင်ဘာ ၂၄ ရက်တွင် ပြန်လည် ရုပ်သိမ်းဖွယ် ရှိကြောင်း သိရသည်။
ထို့ပြင် ပေကျင်းမြို့ သာမက ပေါင်ပင်း၊ ဟန်တန်၊ လန်ဖန်းနှင့် ရှင်းမြို့ များတွင်ပါ လေထု ညစ်ညမ်းမှု အဆိုးရွားဆုံး အခြေအနေ ဖြစ်သည့် အနီရောင်အဆင့် သတိပေးချက်ကို ထုတ်ပြန် ထားခြင်း ဖြစ်ကြောင်း ပေကျင်းမြို့ သဘာဝ ပတ်ဝန်းကျင် လေ့လာ စောင့်ကြည့်ရေး စင်တာ၏ ပြောကြားချက် ကိုကိုးကား၍ ဆင်ဟွာ သတင်းဌာနက ဖော်ပြထားသည်။
နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ ဖြစ်သည့် ထျန်ကျင်းမြို့ အပါအဝင် ၁၃ မြို့ကို လိမ္မော်ရောင် အဆင့် သတိပေးချက် ထုတ်ပြန် ထားကြောင်း၊ ၁၇ မြို့ကို အဝါရောင် အဆင့် သတိပေးချက် ထုတ်ပြန် ထားကြောင်းနှင့် ငါးမြို့ကို အပြာရောင် အဆင့် သတိပေးချက် ထုတ်ပြန် ထားခြင်း ဖြစ်ကြောင်း အဆိုပါ စင်တာက ဆက်လက် ပြောကြား ထားသည်။
ပညာရှင်များက လေထုညစ်ညမ်းမှု အနီရောင် အဆင့် ကြေညာပါက တာဝန်ရှိသူများ အနေဖြင့် ယာဉ်သုံးစွဲမှုများ လျှော့ချရေး၊ စာသင်ကျောင်း များနှင့် မူကြိုကျောင်းများ ခေတ္တ ပိတ်ထားခြင်း နှင့် လေထု ညစ်ညမ်းမှု များကို ထုတ်လွှတ်လျက် ရှိသည့် ကုမ္ပဏီများကို ယာယီ ပိတ်သိမ်းခြင်း စသည့် လေထု ညစ်ညမ်းမှု လျော့ကျစေမည့် အချက်များကို အလိုအလျောက် လုပ်ဆောင်ရမည် ဖြစ်ကြောင်း အဆိုပါ စင်တာက ရှင်းလင်း ပြောကြား ထားသည်။
(Pyi Chit Thar)
http://www.pyichitthar.com/
ေလထုညစ္ညမ္းမႈေၾကာင့္ တ႐ုတ္ႏုိင္ငံရွိ ၿမိဳ႕ေပါင္း ၄၀ တြင္ သတိေပးခ်က္မ်ား ထုတ္ျပန္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 23, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment