CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, December 13, 2015
အၿငိမ္းစား ဗုိလ္ခ်ဳပ္မႈးႀကီး သန္းေရႊအား ေလးစားမႈရွိေသာ္လည္း ၾသဇာခံယူသည္ မဟုတ္ေၾကာင္း ဦးရဲထြဋ္ ဆုိ
NLD ပါတီ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အၿငိမ္းစားဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊတို႔ ႏွစ္ဦး၏ ပုဂၢိဳလ္ေရးအရ ေတြ႕ဆုံမႈျဖစ္သည္ဟု ႐ႈျမင္ၿပီး အဆိုပါ ေတြ႕ဆုံမႈေၾကာင့္ NLD ပါတီအား အစိုးရတာဝန္ လႊဲေျပာင္းေရးကို ဩဇာ သက္ေရာက္မည္ မဟုတ္ေၾကာင္း သမၼတဦးသိန္းစိန္၏ ေျပာခြင့္ရ ပုဂၢိဳလ္ ျပည္ေထာင္စု၀န္ႀကီး ဦးရဲထြဋ္က ရန္ကုန္ၿမိဳ႕ ခ်က္ထရီယမ္ဟိုတယ္ တြင္ ျပဳလုပ္ခဲ့သည့္ ျမန္မာ့မီဒီယာဖြံၿဖိဳးတိုးတက္ေရးညီလာခံတြင္ မီဒီယာ မ်ား၏ ေမးျမန္းမႈကို ေျဖဆိုခဲ့သည္ဟု သိရသည္။
“အဲဒီေတြ႕ဆုံမႈေၾကာင့္လည္း ကၽြန္ေတာ္တို႔ရဲ႕ကူးေျပာင္းေရး၊ ၿငိမ္းခ်မ္းစြာ တာဝန္ လႊဲေျပာင္းႏိုင္ေရးကို ဘာမွလာၿပီးေတာ့ ဩဇာသက္ေရာက္မႈလည္း မရွိဘူး။ ေျပာစရာအေၾကာင္းလည္း မရွိဘူး။ ေျပာရင္လည္း ကၽြန္ေတာ္တို႔ က လက္ခံမွာ မဟုတ္ဘူး” ဟု ဦးရဲထြဋ္က ေျပာၾကားခဲ့သည္။
အၿငိမ္းစားဗိုလ္ခ်ဳပ္မႉးႀကီးဦးသန္းေ႐ႊအေနႏွင့္ (တာ၀န္လဲႊေျပာင္းေရး ကိစၥ အတြက္) တစ္စုံတစ္ရာေျပာဆိုရန္ မရွိသကဲ့သို႔ သမၼတ ဦးသိန္းစိန္ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ တို႔ ေတြ႕ဆုံမႈသည္လည္း အၿငိမ္းစား ဗိုလ္ခ်ဳပ္မႉးႀကီး၏ ညႊန္ၾကားမႈ မဟုတ္ေၾကာင္း ဦးရဲထြဋ္က ေျပာၾကားခဲ့သည္။
“ကၽြန္ေတာ္ ပြင့္ပြင့္လင္းလင္း ေျပာမယ္ဗ်ာ။ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊဟာ သူ႕တာဝန္ကေန အၿငိမ္းစားယူသြားၿပီ။ သူဟာ တစ္ခ်ိန္က ကၽြန္ေတာ္ တို႔ကို ေခါင္းေဆာင္ခဲ့သူျဖစ္တာေၾကာင့္ သူ႕ကို ထိုက္သင့္တဲ့ အႀကီး အကဲေဟာင္း တစ္ေယာက္အေနနဲ႔ ေလးစားမႈ ရွိတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ တို႔ သြားေနတဲ့ မူဝါဒကို သူက ၁၈၀ဒီဂရီ ေျပာင္းသြားေအာင္ သူ႕မွာ လုပ္ပိုင္ခြင့္လည္း မရွိဘူး။ လုပ္လည္း ကၽြန္ေတာ္တို႔က လက္ခံမွာ မဟုတ္ဘူး” ဟု ဦးရဲထြဋ္က သတင္းမီဒီယာမ်ားသုိ႔ ရွင္းျပခဲ့သည္။
(The Ladies News)
https://www.facebook.com/News.TheLadies/
..............
NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ နှစ်ဦး၏ ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံမှုဖြစ်သည်ဟု ရှုမြင်ပြီး အဆိုပါ တွေ့ဆုံမှုကြောင့် NLD ပါတီအား အစိုးရတာဝန် လွှဲပြောင်းရေးကို ဩဇာ သက်ရောက်မည် မဟုတ်ကြောင်း သမ္မတဦးသိန်းစိန်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ် တွင် ပြုလုပ်ခဲ့သည့် မြန်မာ့မီဒီယာဖွံဖြိုးတိုးတက်ရေးညီလာခံတွင် မီဒီယာ များ၏ မေးမြန်းမှုကို ဖြေဆိုခဲ့သည်ဟု သိရသည်။
“အဲဒီတွေ့ဆုံမှုကြောင့်လည်း ကျွန်တော်တို့ရဲ့ကူးပြောင်းရေး၊ ငြိမ်းချမ်းစွာ တာဝန် လွှဲပြောင်းနိုင်ရေးကို ဘာမှလာပြီးတော့ ဩဇာသက်ရောက်မှုလည်း မရှိဘူး။ ပြောစရာအကြောင်းလည်း မရှိဘူး။ ပြောရင်လည်း ကျွန်တော်တို့ က လက်ခံမှာ မဟုတ်ဘူး” ဟု ဦးရဲထွဋ်က ပြောကြားခဲ့သည်။
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေအနေနှင့် (တာဝန်လွှဲပြောင်းရေး ကိစ္စ အတွက်) တစ်စုံတစ်ရာပြောဆိုရန် မရှိသကဲ့သို့ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံမှုသည်လည်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး၏ ညွှန်ကြားမှု မဟုတ်ကြောင်း ဦးရဲထွဋ်က ပြောကြားခဲ့သည်။
“ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောမယ်ဗျာ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့တာဝန်ကနေ အငြိမ်းစားယူသွားပြီ။ သူဟာ တစ်ချိန်က ကျွန်တော် တို့ကို ခေါင်းဆောင်ခဲ့သူဖြစ်တာကြောင့် သူ့ကို ထိုက်သင့်တဲ့ အကြီး အကဲဟောင်း တစ်ယောက်အနေနဲ့ လေးစားမှု ရှိတယ်။ ဒါပေမဲ့ ကျွန်တော် တို့ သွားနေတဲ့ မူဝါဒကို သူက ၁၈၀ဒီဂရီ ပြောင်းသွားအောင် သူ့မှာ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ လုပ်လည်း ကျွန်တော်တို့က လက်ခံမှာ မဟုတ်ဘူး” ဟု ဦးရဲထွဋ်က သတင်းမီဒီယာများသို့ ရှင်းပြခဲ့သည်။
(The Ladies News)
https://www.facebook.com/News.TheLadies/
အၿငိမ္းစား ဗုိလ္ခ်ဳပ္မႈးႀကီး သန္းေရႊအား ေလးစားမႈရွိေသာ္လည္း ၾသဇာခံယူသည္ မဟုတ္ေၾကာင္း ဦးရဲထြဋ္ ဆုိ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 13, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment