Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 22, 2015

ကၽြန္ေတာ္တသက္လံုးဂုဏ္ယူေနမယ့္ဒါဏ္ခ်က္မ်ား




ကၽြန္ေတာ္ရန္ကုန္ေဆးရံုႀကီးမွာပဲေဆးဆက္ကုေနပါတယ္။ရန္ကုန္ေဆးရံုႀကီးအေဆာင္၁၁-၁၂၊ဒုတိယထပ္မွာပါ။ဘယ္ေန႔ေဆးရံုကဆင္းရမယ္ဆိုတာေတာ့မသိေသးပါဘူး။ေဆးရံုကဆင္းရင္သာယာဝတီေထာင္ကိုျပန္မွာျဖစ္ပါတယ္။ကၽြန္ေတာ့္အစာအိမ္ပိုးဝင္တဲ့အေျခအေနအရပိုးသတ္ေဆးနဲ႔အစာအိမ္ေဆးေတြကိုႏွစ္ပတ္ျပည့္တဲ့အထိဆက္ေသာက္ရမွာပါ။ေဆးစေသာက္တာကေတာ့ကခုႏွစ္ရက္ရွိေနပါၿပီ။ညာဘက္လက္သန္းနဲ႔ဘယ္ဘက္ေျခမကေတာ့ဒီ(၉)လအတြင္းအရိုးက်ီးေပါင္းတက္ၿပီးျပန္ဆက္သြားပါၿပီ။အရိုးျပန္ဆက္တာပံုစံမမွန္တဲ့အတြက္လက္သန္းေကာက္ေနတာနဲ႔ေျခမအရိုးမွာဖုေနတာေတြကေတာ့ျပန္လုပ္လို႔မရေတာ့ပါဘူး။လက္သန္းနဲ႔လက္သူႂကြယ္ၾကားကအရြတ္ထိခိုက္မိတဲ့အတြက္လက္သူႂကြယ္ကလက္ခလယ္ဘက္ကိုေစာင္းေနၿပီးလက္သန္းကေတာ့ေကာက္ေနပါတယ္။။ခြဲစိတ္ၿပီးအရိုးက်ီးေပါင္းျခစ္ထုတ္လို႔ရေပမယ့္က်ီးေပါင္းျပန္တက္ႏိုင္ေျခရွိတယ္လို႔ဆရာဝန္ကေျပာတဲ့အတြက္မခြဲစိတ္ေတာ့ဘူးလို႔ပဲဆံုးျဖတ္လိုက္ပါတယ္။ဦးေခါင္းေနာက္ဖက္ဇက္ေက်ာနာေနတဲ့အတြက္ဓာတ္မွန္ရိုက္ၾကည့္ရာမွာဇက္အရိုးမွာဒါဏ္ျဖစ္သြားတာေၾကာင့္အဲဒီေနရာမွာလဲက်ီးေပါင္းတက္ေနေၾကာင္းဓာတ္မွန္ဖတ္တဲ့ဆရာဝန္ကေျပာပါတယ္။ေခါင္းမူးတာမ်ိဳးမျဖစ္ေပမယ့္ၾကာၾကာစာဖတ္ရင္ဇက္ေက်ာကနာက်င္လာတတ္ပါတယ္။ဒီေနရာကိုလဲေဆးဆက္လိမ္းရပါဦးမယ္။ခါးနာေနတာကေတာ့ဘာေၾကာင့္ျဖစ္တယ္ဆိုတာအေျဖအတိအက်မသိပါဘူး။ဒီဒါဏ္ရာေတြအရွင္းေပ်ာက္ကင္းဖို႔ကေတာ့မျဖစ္ႏိုင္ဘူးထင္ပါတယ္။ဒီအရိုးထိခိုက္မိထားတဲ့ေနရာေတြကိုခ်က္ခ်င္းကုသခြင့္ရခဲ့မယ္ဆိုရင္ေတာ့ဒီေလာက္ထိျဖစ္လာႏိုင္စရာမရွိပါဘူး။ဖမ္းဆီးခံရၿပီးၿပီးခ်င္းေဆးဝါးကုသခြင့္မရပဲ(၉)အၾကာမွေဆးကုသခြင့္ရတဲ့အတြက္အရင္ကလိုပံုမွန္အေျခအေနကိုမရရွိေတာ့ပါဘူး။ဒါေပမယ့္ကၽြန္ေတာ္ဂုဏ္ယူပါတယ္။တသက္လံုးေသရာပါသြားမယ့္ဒါဏ္ရာေတြကေနာင္မ်ိဳးဆက္ေတြကိုေျပာျပတဲ့အခါသက္ေသေတြျဖစ္လာမွာပါ။ဗမာျပည္မွာကိုယ့္တိုင္းျပည္ကိုယ့္လူမ်ိဳးပညာတတ္ေစခ်င္လို႔ပညာေရးျပဳျပင္ေျပာင္းလဲေပးဖို႔ေတာင္းဆိုတဲ့သူေတြအေပၚအစိုးရရဲ႕တံု႔ျပန္ပံုသမိုင္းျဖစ္ရပ္အမွန္ကိုဒီဒါဏ္ရာေတြကေနာက္မ်ိဳးဆက္ေတြကိုေျပာျပေနပါလိမ့္မယ္။
မင္းေသြးသစ္

Credit : Min Thawe Thit & Aye Aye Khaing
...................
`ကျွန်တော်တသက်လုံးဂုဏ်ယူနေမယ့်ဒါဏ်ချက်များ'
ကျွန်တော်ရန်ကုန်ဆေးရုံကြီးမှာပဲဆေးဆက်ကုနေပါတယ်။ရန်ကုန်ဆေးရုံကြီးအဆောင်၁၁-၁၂၊ဒုတိယထပ်မှာပါ။ဘယ်နေ့ဆေးရုံကဆင်းရမယ်ဆိုတာတော့မသိသေးပါဘူး။ဆေးရုံကဆင်းရင်သာယာဝတီထောင်ကိုပြန်မှာဖြစ်ပါတယ်။ကျွန်တော့်အစာအိမ်ပိုးဝင်တဲ့အခြေအနေအရပိုးသတ်ဆေးနဲ့အစာအိမ်ဆေးတွေကိုနှစ်ပတ်ပြည့်တဲ့အထိဆက်သောက်ရမှာပါ။ဆေးစသောက်တာကတော့ကခုနှစ်ရက်ရှိနေပါပြီ။ညာဘက်လက်သန်းနဲ့ဘယ်ဘက်ခြေမကတော့ဒီ(၉)လအတွင်းအရိုးကျီးပေါင်းတက်ပြီးပြန်ဆက်သွားပါပြီ။အရိုးပြန်ဆက်တာပုံစံမမှန်တဲ့အတွက်လက်သန်းကောက်နေတာနဲ့ခြေမအရိုးမှာဖုနေတာတွေကတော့ပြန်လုပ်လို့မရတော့ပါဘူး။လက်သန်းနဲ့လက်သူကြွယ်ကြားကအရွတ်ထိခိုက်မိတဲ့အတွက်လက်သူကြွယ်ကလက်ခလယ်ဘက်ကိုစောင်းနေပြီးလက်သန်းကတော့ကောက်နေပါတယ်။။ခွဲစိတ်ပြီးအရိုးကျီးပေါင်းခြစ်ထုတ်လို့ရပေမယ့်ကျီးပေါင်းပြန်တက်နိုင်ခြေရှိတယ်လို့ဆရာဝန်ကပြောတဲ့အတွက်မခွဲစိတ်တော့ဘူးလို့ပဲဆုံးဖြတ်လိုက်ပါတယ်။ဦးခေါင်းနောက်ဖက်ဇက်ကျောနာနေတဲ့အတွက်ဓာတ်မှန်ရိုက်ကြည့်ရာမှာဇက်အရိုးမှာဒါဏ်ဖြစ်သွားတာကြောင့်အဲဒီနေရာမှာလဲကျီးပေါင်းတက်နေကြောင်းဓာတ်မှန်ဖတ်တဲ့ဆရာဝန်ကပြောပါတယ်။ခေါင်းမူးတာမျိုးမဖြစ်ပေမယ့်ကြာကြာစာဖတ်ရင်ဇက်ကျောကနာကျင်လာတတ်ပါတယ်။ဒီနေရာကိုလဲဆေးဆက်လိမ်းရပါဦးမယ်။ခါးနာနေတာကတော့ဘာကြောင့်ဖြစ်တယ်ဆိုတာအဖြေအတိအကျမသိပါဘူး။ဒီဒါဏ်ရာတွေအရှင်းပျောက်ကင်းဖို့ကတော့မဖြစ်နိုင်ဘူးထင်ပါတယ်။ဒီအရိုးထိခိုက်မိထားတဲ့နေရာတွေကိုချက်ချင်းကုသခွင့်ရခဲ့မယ်ဆိုရင်တော့ဒီလောက်ထိဖြစ်လာနိုင်စရာမရှိပါဘူး။ဖမ်းဆီးခံရပြီးပြီးချင်းဆေးဝါးကုသခွင့်မရပဲ(၉)အကြာမှဆေးကုသခွင့်ရတဲ့အတွက်အရင်ကလိုပုံမှန်အခြေအနေကိုမရရှိတော့ပါဘူး။ဒါပေမယ့်ကျွန်တော်ဂုဏ်ယူပါတယ်။တသက်လုံးသေရာပါသွားမယ့်ဒါဏ်ရာတွေကနောင်မျိုးဆက်တွေကိုပြောပြတဲ့အခါသက်သေတွေဖြစ်လာမှာပါ။ဗမာပြည်မှာကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးပညာတတ်စေချင်လို့ပညာရေးပြုပြင်ပြောင်းလဲပေးဖို့တောင်းဆိုတဲ့သူတွေအပေါ်အစိုးရရဲ့တုံ့ပြန်ပုံသမိုင်းဖြစ်ရပ်အမှန်ကိုဒီဒါဏ်ရာတွေကနောက်မျိုးဆက်တွေကိုပြောပြနေပါလိမ့်မယ်။
မင်းသွေးသစ်

Credit : Min Thawe Thit & Aye Aye Khaing

No comments:

Post a Comment