Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 21, 2015

လာမည့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ားႏွင့္ ႏုိင္ငံေရး ေဆြးေႏြးပြဲမ်ား၌ လူငယ္ေတြ ပါ၀င္ခြင့္ ရရွိရန္ႏွင့္ ဖြံ႕ၿဖိဳးမႈ ေနာက္က်ေနသည့္ တုိင္းရင္းသား ေဒသမ်ား၏ အခက္အခဲမ်ားကုိ ဦးစားေပး ေျဖရွင္းရန္ လူငယ္စင္တာမွလူငယ္မ်ားႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တုိ႔ ေတြ႔ဆုံေဆြးေႏြး




လာမည့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ားႏွင့္ ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ား၌ လူငယ္ေတြ ပါ၀င္ခြင့္ ရရွိရန္ႏွင့္ ဖြံ႕ၿဖိဳးမႈ ေနာက္က်ေနသည့္ တုိင္းရင္းသား ေဒသမ်ား၏ အခက္အခဲမ်ားကုိ ဦးစားေပး ေျဖရွင္း ေဆာင္ရြက္ေပးရန္ ေရြးေကာက္ပြဲႏုိင္အရ NLD ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႔ဆုံစဥ္ လူငယ္စင္တာမွ လူငယ္မ်ားက တင္ျပေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိသည္။

အမ်ဳိးသားဒီမုိကေရစီ အဖြဲ႔ခ်ဳပ္ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ လူငယ္စင္တာမွ လူငယ္မ်ားသည္ ဒီဇင္ဘာ ၂၁ ရက္ မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ လႊတ္ေတာ္၀န္းအတြင္းရွိ တရားဥပေဒ စုိးမုိးေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရး ေကာ္မတီရုံးခန္း၌ ေတြ႔ဆုံေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

ေနာက္လာမယ့္ အစုိးရ လက္ထက္တြင္ အမ်ဳိးသားလူငယ္ေရးရာ မူ၀ါဒနဲ႔ ပတ္သက္၍ မည္သုိ႔ဆက္လက္ ေဆာင္ရြက္လုိ႔ ရမည္နည္း၊ လူငယ္စင္တာႏွင့္ ပတ္သက္သည့္ အေၾကာင္းအရာမ်ားကုိ
တင္ျပ ေဆြးေႏြးခဲ့ေၾကာင္းလည္း ေဆြးေႏြးပြဲတြင္ ပါ၀င္ခဲ့သည့္ Generation Wave အဖြဲ႔မွ ကုိမုိဃ္းေသြးက ဆုိသည္။

“အေရးတႀကီး အဓိက ေျပာခဲ့တာက လာမယ့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြေပါ့ ႏုိင္ငံေရး ေဆြးေႏြးပြဲေတြမွာ လူငယ္ေတြရဲ႕ ပါ၀င္မႈ အခန္းက႑ကုိ အဲဒါကုိ ကၽြန္ေတာ္တုိ႔ လူငယ္ေတြ ပါ၀င္ခြင့္ရဖုိ႔ဆုိတဲ့ အေၾကာင္းအရာေလးေတြကုိ ေျပာျပေဆြးေႏြးခဲ့တယ္။ ေနာက္ၿပီးေတာ့ တုိင္းရင္းသား လူငယ္ေတြနဲ႔ ပတ္သက္လုိ႔လည္း သူတုိ႔ဘက္မွာ ဖြံ႕ၿဖိဳးမႈ ေနာက္က်ေနတဲ့ ကိစၥေတြ၊ အခက္အခဲ ျဖစ္ေနတဲ့ ကိစၥေတြ အဲဒါေတြကုိ ေနာက္လာမယ့္ အစုိးရလက္ထက္မွာ ဦးစားေပး ေျဖရွင္းသြားဖုိ႔ ဒါေတြကုိ တင္ျပခဲ့တာပါ” ဟု ကုိမုိဃ္းေသြးက မီဒီယာမ်ားကုိ ေျပာၾကားသည္။

ဆက္လက္ၿပီး ကုိမုိဃ္းေသြးက “အန္တီကေတာ့ အဓိကေတာ့ တစ္ဖက္က လူငယ္ေရးရာ မူ၀ါဒဆုိတာ ႏုိင္ငံတုိင္းမွာလည္း ရွိေနတယ္။ လုပ္ရမယ့္ ကိစၥပါ ဒါကုိလည္း သူတုိ႔တက္လာတဲ့ အစုိးရက ဆက္ၿပီးေတာ့ လုပ္ေဆာင္သြားလိမ့္မယ္။ အဲမွာ ကၽြန္ေတာ္တုိ႔ကုိ အထူးေျပာသြားတဲ့ ကိစၥက လူငယ္နဲ႔ ပတ္သက္လုိ႔ရွိရင္ အသက္ သတ္မွတ္ခ်က္ေပါ့ေနာ္ အဲဒါ အေရးႀကီးတယ္ေပါ့။ လူငယ္ဆုိတာက သူရဲ႕ ဒီေျပာၾကားခ်က္အရဆုိရင္ လူငယ္ဆုိတာ အေျပာင္းအလဲကာလတစ္ခုျဖစ္တယ္။ လူငယ္ဆုိတာ တည္တံ့ေနတဲ့ လူတန္းစားတစ္ရပ္ မဟုတ္ဘူး။ ေျပာင္းလဲေနတဲ့ကာလ လူသည္ အရြယ္မေရာက္တဲ့ ဘ၀ကေန လူႀကီးျဖစ္သြားတဲ့ ဘ၀ကုိ သြားတဲ့ အေျပာင္းအလဲျဖစ္တယ္။ အဲေနရာမွာ လူငယ္ဆုိၿပီးေတာ့မွ လူငယ္ေခါင္းေဆာင္ေတြဟာ လူငယ္အဖြဲ႔ေတြမွာ ကုိယ့္အသက္ကုိ အသက္ႀကီးတဲ့အထိ ဒီေနရာႀကီးမွာပဲ အျမဲတမ္း မေနဖုိ႔ ေျပာတယ္။ ဒါ ကၽြန္ေတာ္တုိ႔ အေနနဲ႔လည္း ေလ့လာသင္ယူစရာ အေၾကာင္းအခ်က္လည္း ျဖစ္တယ္ေပါ့။ ဒါမ်ဳိးေတြ ေျပာျပသြားတာ ရွိတယ္။ တုိင္းရင္းသား လူငယ္ေတြနဲ႔ ပတ္သက္လုိ႔ ရွိရင္လည္း ေနာက္ပုိင္းမွာ ၿငိမ္းခ်မ္းေရး အတြက္ဆုိရင္ ျပည္ေထာင္စုစိတ္ ပုိၿပီး ရွိလာေအာင္၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းေတြမွာ ပုိၿပီးေတာ့ ပါ၀င္လာေအာင္ ဒီလုိ ကိစၥမ်ဳိးေတြကုိလည္း ေျပာသြားပါတယ္။ ၿခံဳၿပီးေျပာရမယ္ဆုိရင္ ေရွ႕ဆက္ၿပီးေတာ့မွ အစုိးရသစ္ ေပၚလာတဲ့ အခါၾကရင္ လူငယ္နဲ႔ ပတ္သက္တဲ့ လႈပ္ရွားမႈေတြ၊ လူငယ္နဲ႔ ပတ္သက္တဲ့ ေဆာင္ရြက္ခ်က္ေတြ အမ်ားႀကီး လုပ္သြားဖုိ႔ ေျပာခဲ့ပါတယ္” ဟု ေျပာၾကားသည္။

ေဆြးေႏြးပြဲသုိ႔ တက္ေရာက္ခဲ့သည့္ လူငယ္စင္တာမွ ကုိဒီၿငိမ္းလင္းက ၿငိမ္းခ်မ္းေရးတြင္ လူငယ္မ်ား၏ ပါ၀င္မႈ အခန္းက႑၊ လက္ရွိ လူငယ္မ်ား၏ လႈပ္ရွားေဆာင္ရြက္မႈ၊ လူငယ္စင္တာကိစၥမ်ား၊ တုိင္းရင္းသားလူငယ္မ်ား၏ အခက္အခဲႏွင့္ စိန္ေခၚမႈမ်ား၊ ေဒၚေအာင္ဆန္းစုၾကည္၏ လူငယ္မ်ားအေပၚ ထားရွိသည့္ သေဘာထား အျမင္မ်ားကုိ အဓိကထား ေဆြးေႏြးခဲ့ေၾကာင္း ေျပာၾကားသည္။

“အန္တီက အဓိက လူငယ္ဆုိတာက ေႏွာင္ႀကိဳးေတြကုိ ျဖတ္ထြက္ႏုိင္တဲ့ အေနအထား ရွိတယ္။ ၿပီးေတာ့ ကၽြန္ေတာ္တုိ႔ အေပၚမွာရွိတဲ့ အတိတ္ရဲ႕ အရိပ္ေတြကုိ ဖယ္ခြာႏုိင္တဲ့ အစြမ္းအစလည္းရွိတယ္။ ဒါေပမယ့္ တစ္ဖက္က ဘာျဖစ္လည္းဆုိေတာ့ လူငယ္က အျဖဴထည္ျဖစ္တဲ့ အခါမွာ အေရာင္ဆုိးတာလည္း လြယ္ကူတယ္ဆုိၿပီးေတာ့ ေျပာတယ္။ လူငယ္ေတြ ပါ၀င္ပတ္သက္မႈကုိ လက္ခံတယ္။ ၿပီးေတာ့ လူငယ္ေတြ အေနနဲ႔ ဒီထက္ပုိၿပီးေတာ့ ႀကိဳးစားရမယ္။ ဖက္လုိက္မႈကင္းတဲ့ လူငယ္ျဖစ္ေအာင္ တည္ေဆာက္ယူေပါ့” ဟု ေဒၚေအာင္ဆန္းစုၾကည္က ျပန္လည္ေျပာၾကားေၾကာင္း ကုိဒီၿငိမ္းလင္းက ဆုိသည္။

ၿငိမ္းခ်မ္းေရးကိစၥႏွင့္ ပတ္သက္ၿပီး NLD က လက္ရွိ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္တြင္ ပါ၀င္ပတ္သက္ေနသည့္ ကုိယ္စားလွယ္မ်ားႏွင့္ လူငယ္မ်ား ေတြ႔ဆုံရန္ အစီအစဥ္ရွိေၾကာင္း ကုိဒီၿငိမ္းလင္းက ဆက္လက္ေျပာၾကားသည္။

“လူငယ္ေတြက သူတုိ႔ ပါ၀င္ေဆာင္ရြက္ေနတဲ့ လုပ္ငန္းစဥ္ေတြေပါ့၊ လူငယ္စင္တာဖြဲ႔တဲ့ ကိစၥေတြ၊ ေနာက္ၿငိမ္းခ်မ္းေရး ျဖစ္စဥ္မွာ သူတုိ႔ ပါ၀င္တဲ့ ကိစၥေတြ အဲဒါေတြနဲ ႔ပတ္သက္လုိ႔ ေျပာတယ္။ အဲဒါေတြနဲ႔ ပတ္သက္လုိ႔ ေနာက္တစ္ခါ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆြးေႏြးမယ္။ အခုဟာက အခ်ိန္မရေသးဘူး ဒီေလာက္ပဲ” ဟု ေဆြးေႏြးပြဲသုိ႔ တက္ေရာက္ခဲ့သည့္ NLD ပါတီမွ ဗဟုိအလုပ္အမႈေဆာင္ ေကာ္မတီ၀င္ ဦး၀င္းထိန္က ေျပာၾကားသည္။

http://www.news-eleven.com/politics/လာမည့္-ၿငိမ္းခ်မ္းေရး-ေဆြးေႏြးပြဲမ်ားႏွင့္-ႏုိင္ငံေရး-ေဆြးေႏြးပြဲမ်ား၌-လူငယ္ေတြ-ပါ၀င္ခြင့္

...............................................................


လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ၌ လူငယ်တွေ ပါ၀င်ခွင့် ရရှိရန်နှင့် ဖွံ့ဖြိုးမှု နောက်ကျနေသည့် တိုင်းရင်းသား ဒေသများ၏ အခက်အခဲများကို ဦးစားပေး ဖြေရှင်း ဆောင်ရွက်ပေးရန် ရွေးကောက်ပွဲနိုင်အရ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် လူငယ်စင်တာမှ လူငယ်များက တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်စင်တာမှ လူငယ်များသည် ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော် လွှတ်တော်ဝန်းအတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

နောက်လာမယ့် အစိုးရ လက်ထက်တွင် အမျိုးသားလူငယ်ရေးရာ မူဝါဒနဲ့ ပတ်သက်၍ မည်သို့ဆက်လက် ဆောင်ရွက်လို့ ရမည်နည်း၊ လူငယ်စင်တာနှင့် ပတ်သက်သည့် အကြောင်းအရာများကို
တင်ပြ ဆွေးနွေးခဲ့ကြောင်းလည်း ဆွေးနွေးပွဲတွင် ပါ၀င်ခဲ့သည့် Generation Wave အဖွဲ့မှ ကိုမိုဃ်းသွေးက ဆိုသည်။

“အရေးတကြီး အဓိက ပြောခဲ့တာက လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေပေါ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ လူငယ်တွေရဲ့ ပါ၀င်မှု အခန်းကဏ္ဍကို အဲဒါကို ကျွန်တော်တို့ လူငယ်တွေ ပါ၀င်ခွင့်ရဖို့ဆိုတဲ့ အကြောင်းအရာလေးတွေကို ပြောပြဆွေးနွေးခဲ့တယ်။ နောက်ပြီးတော့ တိုင်းရင်းသား လူငယ်တွေနဲ့ ပတ်သက်လို့လည်း သူတို့ဘက်မှာ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ကိစ္စတွေ၊ အခက်အခဲ ဖြစ်နေတဲ့ ကိစ္စတွေ အဲဒါတွေကို နောက်လာမယ့် အစိုးရလက်ထက်မှာ ဦးစားပေး ဖြေရှင်းသွားဖို့ ဒါတွေကို တင်ပြခဲ့တာပါ” ဟု ကိုမိုဃ်းသွေးက မီဒီယာများကို ပြောကြားသည်။

ဆက်လက်ပြီး ကိုမိုဃ်းသွေးက “အန်တီကတော့ အဓိကတော့ တစ်ဖက်က လူငယ်ရေးရာ မူဝါဒဆိုတာ နိုင်ငံတိုင်းမှာလည်း ရှိနေတယ်။ လုပ်ရမယ့် ကိစ္စပါ ဒါကိုလည်း သူတို့တက်လာတဲ့ အစိုးရက ဆက်ပြီးတော့ လုပ်ဆောင်သွားလိမ့်မယ်။ အဲမှာ ကျွန်တော်တို့ကို အထူးပြောသွားတဲ့ ကိစ္စက လူငယ်နဲ့ ပတ်သက်လို့ရှိရင် အသက် သတ်မှတ်ချက်ပေါ့နော် အဲဒါ အရေးကြီးတယ်ပေါ့။ လူငယ်ဆိုတာက သူရဲ့ ဒီပြောကြားချက်အရဆိုရင် လူငယ်ဆိုတာ အပြောင်းအလဲကာလတစ်ခုဖြစ်တယ်။ လူငယ်ဆိုတာ တည်တံ့နေတဲ့ လူတန်းစားတစ်ရပ် မဟုတ်ဘူး။ ပြောင်းလဲနေတဲ့ကာလ လူသည် အရွယ်မရောက်တဲ့ ဘဝကနေ လူကြီးဖြစ်သွားတဲ့ ဘဝကို သွားတဲ့ အပြောင်းအလဲဖြစ်တယ်။ အဲနေရာမှာ လူငယ်ဆိုပြီးတော့မှ လူငယ်ခေါင်းဆောင်တွေဟာ လူငယ်အဖွဲ့တွေမှာ ကိုယ့်အသက်ကို အသက်ကြီးတဲ့အထိ ဒီနေရာကြီးမှာပဲ အမြဲတမ်း မနေဖို့ ပြောတယ်။ ဒါ ကျွန်တော်တို့ အနေနဲ့လည်း လေ့လာသင်ယူစရာ အကြောင်းအချက်လည်း ဖြစ်တယ်ပေါ့။ ဒါမျိုးတွေ ပြောပြသွားတာ ရှိတယ်။ တိုင်းရင်းသား လူငယ်တွေနဲ့ ပတ်သက်လို့ ရှိရင်လည်း နောက်ပိုင်းမှာ ငြိမ်းချမ်းရေး အတွက်ဆိုရင် ပြည်ထောင်စုစိတ် ပိုပြီး ရှိလာအောင်၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ပိုပြီးတော့ ပါ၀င်လာအောင် ဒီလို ကိစ္စမျိုးတွေကိုလည်း ပြောသွားပါတယ်။ ခြုံပြီးပြောရမယ်ဆိုရင် ရှေ့ဆက်ပြီးတော့မှ အစိုးရသစ် ပေါ်လာတဲ့ အခါကြရင် လူငယ်နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ၊ လူငယ်နဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေ အများကြီး လုပ်သွားဖို့ ပြောခဲ့ပါတယ်” ဟု ပြောကြားသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် လူငယ်စင်တာမှ ကိုဒီငြိမ်းလင်းက ငြိမ်းချမ်းရေးတွင် လူငယ်များ၏ ပါ၀င်မှု အခန်းကဏ္ဍ၊ လက်ရှိ လူငယ်များ၏ လှုပ်ရှားဆောင်ရွက်မှု၊ လူငယ်စင်တာကိစ္စများ၊ တိုင်းရင်းသားလူငယ်များ၏ အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ဒေါ်အောင်ဆန်းစုကြည်၏ လူငယ်များအပေါ် ထားရှိသည့် သဘောထား အမြင်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။

“အန်တီက အဓိက လူငယ်ဆိုတာက နှောင်ကြိုးတွေကို ဖြတ်ထွက်နိုင်တဲ့ အနေအထား ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ အပေါ်မှာရှိတဲ့ အတိတ်ရဲ့ အရိပ်တွေကို ဖယ်ခွာနိုင်တဲ့ အစွမ်းအစလည်းရှိတယ်။ ဒါပေမယ့် တစ်ဖက်က ဘာဖြစ်လည်းဆိုတော့ လူငယ်က အဖြူထည်ဖြစ်တဲ့ အခါမှာ အရောင်ဆိုးတာလည်း လွယ်ကူတယ်ဆိုပြီးတော့ ပြောတယ်။ လူငယ်တွေ ပါ၀င်ပတ်သက်မှုကို လက်ခံတယ်။ ပြီးတော့ လူငယ်တွေ အနေနဲ့ ဒီထက်ပိုပြီးတော့ ကြိုးစားရမယ်။ ဖက်လိုက်မှုကင်းတဲ့ လူငယ်ဖြစ်အောင် တည်ဆောက်ယူပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားကြောင်း ကိုဒီငြိမ်းလင်းက ဆိုသည်။

ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်ပြီး NLD က လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါ၀င်ပတ်သက်နေသည့် ကိုယ်စားလှယ်များနှင့် လူငယ်များ တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ကိုဒီငြိမ်းလင်းက ဆက်လက်ပြောကြားသည်။

“လူငယ်တွေက သူတို့ ပါ၀င်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေပေါ့၊ လူငယ်စင်တာဖွဲ့တဲ့ ကိစ္စတွေ၊ နောက်ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ သူတို့ ပါ၀င်တဲ့ ကိစ္စတွေ အဲဒါတွေနဲ ့ပတ်သက်လို့ ပြောတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ နောက်တစ်ခါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမယ်။ အခုဟာက အချိန်မရသေးဘူး ဒီလောက်ပဲ” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောကြားသည်။

http://www.news-eleven.com/politics/လာမည့်-ငြိမ်းချမ်းရေး-ဆွေးနွေးပွဲများနှင့်-နိုင်ငံရေး-ဆွေးနွေးပွဲများ၌-လူငယ်တွေ-ပါ၀င်ခွင့်

No comments:

Post a Comment