Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 14, 2015

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ကုိ ေလွာင္ေျပာင္သည္ဟု စြပ္စြဲ ခံထားရသူခ်စ္သမီး (ခ) ေခ်ာစႏၵီထြန္း အမႈအား စြဲခ်က္တင္သင့္၊ မတင္သင့္ ယေန႔အမိန္႔ခ်မည္



တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကို ေလွာင္ေျပာင္သည္ဟု စြပ္စြဲခံရကာအီလက္ထေရာနစ္ ဆက္သြယ္ေဆာင္ရြက္ေရး ဥပေဒ ပုဒ္မ ၆၆(ဃ)ျဖင့္တရားစဲြဆိုခံထားရသည့္ မေခ်ာစႏၵီထြန္းကို မအူပင္တရား႐ုံးတြင္ ေအာက္တိုဘာ ၂၇ ရက္က စတင္႐ုံးထုတ္ စစ္ေဆးခဲ့ၿပီး ဒုတိယေျမာက္ ႐ံုးခ်ိန္းတြင္ အသေရဖ်က္မႈ ပုဒ္မ ၅၀၀ကိုပါ ထပ္တိုးစြဲဆိုထားသည့္ အမႈအား ဒီဇင္ဘာ ၁၄ ရက္ (ယေန႔) ခုနစ္ႀကိမ္ေျမာက္႐ံုးခ်ိန္းတြင္ စြဲခ်က္တင္သင့္၊ မတင္သင့္ ႐ံုးထုတ္ စစ္ေဆး အမိန္႔ခ်မည္ျဖစ္ေၾကာင္း သတင္းရရွိရွိသည္။

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ၀တ္ဆင္ထားေသာ ယူနီေဖာင္းသည္ ေဒၚေအာင္ဆန္းစုၾကည္ ၀တ္ဆင္ထားသည့္ ထဘီအေရာင္ႏွင့္ဆင္တူသည္ဟု လူမႈကြန္ရက္စာမ်က္ႏွာ ေပၚတြင္ ေရးသားေဖာ္ျပခဲ့ျခင္းေၾကာင့္ မေခ်ာစႏၵီထြန္းကို တပ္မေတာ္ကိုယ္စား ပုသိမ္အေျခစိုက္အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္မွ ပထမတန္း စစ္ေရးဦးစီးအရာရွိ
ဒုတိယဗိုလ္မွဴးႀကီး ေက်ာ္ထင္က တရားလိုျပဳလုပ္ တရားစဲြဆိုထားျခင္းလည္းျဖစ္သည္။

မအူပင္နည္းပညာ တကၠသိုလ္မွ B.Tech(EC) ျဖင့္ ဘြဲ႕ရထားသူ မေခ်ာစႏၵီထြန္းသည္ မအူပင္ခ႐ိုင္ ေက်ာင္းသား သမဂၢအဖြဲ႕၀င္ေဟာင္း တစ္ဦးျဖစ္ၿပီး ေဖေဖာ္၀ါရီလအတြင္းက ေပၚေပါက္ခဲ့သည့္ ေက်ာင္းသားသပိတ္ စစ္ေၾကာင္းတြင္လိုက္ပါ၍ အမ်ိဳးသားပညာေရး ဥပေဒကို ဆန္႕က်င္ကန္႕ကြက္ခဲ့သူ တစ္ဦးလည္းျဖစ္ေၾကာင္း သိရသည္။ ယင္းေနာက္ ေက်ာင္းသားသမဂၢမွ ႏုတ္ထြက္၍ မအူပင္ၿမိဳ႕နယ္ NLD ပါတီသို႕၀င္ေရာက္ကာ ပါတီေအာင္ႏိုင္ေရး လုပ္ငန္းမ်ား ၀ိုင္း၀န္းကူညီ ေဆာင္ရြက္ေနသူ လည္း ျဖစ္သည္။


(The Ladies News)

https://www.facebook.com/News.TheLadies/
...............



တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို လှောင်ပြောင်သည်ဟု စွပ်စွဲခံရကာအီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့်တရားစွဲဆိုခံထားရသည့် မချောစန္ဒီထွန်းကို မအူပင်တရားရုံးတွင် အောက်တိုဘာ ၂၇ ရက်က စတင်ရုံးထုတ် စစ်ဆေးခဲ့ပြီး ဒုတိယမြောက် ရုံးချိန်းတွင် အသရေဖျက်မှု ပုဒ်မ ၅၀၀ကိုပါ ထပ်တိုးစွဲဆိုထားသည့် အမှုအား ဒီဇင်ဘာ ၁၄ ရက် (ယနေ့) ခုနစ်ကြိမ်မြောက်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့် ရုံးထုတ် စစ်ဆေး အမိန့်ချမည်ဖြစ်ကြောင်း သတင်းရရှိရှိသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၀တ်ဆင်ထားသော ယူနီဖောင်းသည် ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်ထားသည့် ထဘီအရောင်နှင့်ဆင်တူသည်ဟု လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် ရေးသားဖော်ပြခဲ့ခြင်းကြောင့် မချောစန္ဒီထွန်းကို တပ်မတော်ကိုယ်စား ပုသိမ်အခြေစိုက်အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ပထမတန်း စစ်ရေးဦးစီးအရာရှိ
ဒုတိယဗိုလ်မှူးကြီး ကျော်ထင်က တရားလိုပြုလုပ် တရားစွဲဆိုထားခြင်းလည်းဖြစ်သည်။

မအူပင်နည်းပညာ တက္ကသိုလ်မှ B.Tech(EC) ဖြင့် ဘွဲ့ရထားသူ မချောစန္ဒီထွန်းသည် မအူပင်ခရိုင် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းက ပေါ်ပေါက်ခဲ့သည့် ကျောင်းသားသပိတ် စစ်ကြောင်းတွင်လိုက်ပါ၍ အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သူ တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။ ယင်းနောက် ကျောင်းသားသမဂ္ဂမှ နုတ်ထွက်၍ မအူပင်မြို့နယ် NLD ပါတီသို့ဝင်ရောက်ကာ ပါတီအောင်နိုင်ရေး လုပ်ငန်းများ ၀ိုင်းဝန်းကူညီ ဆောင်ရွက်နေသူ လည်း ဖြစ်သည်။


(The Ladies News)

https://www.facebook.com/News.TheLadies/

No comments:

Post a Comment