CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, December 23, 2015
မႏၱေလးၿမိဳ႕တြင္း ဆိုင္ကယ္ ေရွ႕ဘီး၊ ေနာက္ဘီး ေထာင္ ေမာင္းႏွင္မႈမ်ားအား အေရးယူမည္
မႏၱေလးၿမိဳ႕တြင္း အုပ္စုလုိက္ ဆုိင္ကယ္ေရွ႕ဘီး၊ ေနာက္ဘီး ေထာင္ကာ ေမာင္းႏွင္မႈ မ်ားအား တုိင္ၾကားလာပါက ဖမ္းဆီးအေရးယူမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း အမွတ္ ၃ ယာဥ္ထိန္းရဲတပ္ဖြဲ႔ခြဲ (မႏၱေလး) မွ သိရသည္။
“တုိင္ၾကားမႈ ရွိလာရင္ေတာ့ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး၊ နယ္ေျမ ရဲတပ္ဖြဲ႕တို႔နဲ႔ ပူးေပါင္း ဖမ္းဆီးမႈမ်ား ျပဳလုပ္သြားမယ္” ဟု အမွတ္ ၃ ယာဥ္ထိန္းရဲတပ္ဖြဲ႔ခြဲ (မႏၱေလး) တပ္ဖြဲ႕ခြဲမွဴး ဒုရဲမွဴးႀကီးကံသိန္းက ဒီဇင္ဘာ ၂၂ ရက္ေန႔တြင္ ေျပာသည္။
ဆုိင္ကယ္ ေထာင္ေမာင္းႏွင္သူမ်ားမွာ ေက်ာင္းေနရြယ္ လူငယ္မ်ားျဖစ္ေနျခင္း၊ အုပ္စုလုိက္ လုပ္ေဆာင္ျခင္း ေၾကာင့္ ဖမ္းဆီးမႈမ်ား ျပဳလုပ္မည္မဟုတ္ဘဲ ပညာေပးျခင္းမ်ားကိုသာ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း အမွတ္ ၃ ယာဥ္ထိန္းတပ္ဖြဲ႔ခြဲမွဴးရုံးမွ သိရသည္။
“ရဲတပ္ဖြဲ႕ေတြက ထိန္းသိမ္းမႈ လုပ္ေဆာင္တာမ်ိဳးထက္ မိဘေတြကလည္း ကိုယ့္သားသမီးေတြကို အျပင္မွာ ဘယ္လုိ ေနထုိင္ျပဳမူ ေနသလဲဆုိတာ ၾကည့္ၿပီးထိန္းသိမ္းဖို႔ လုိတယ္” ဟု အမွတ္ ၁၄ ယာဥ္ထိန္းရဲ တပ္ဖြဲ႕ခြဲမွဴးရုံး ရဲမွဴးသိန္းဦးက ေျပာသည္။
မႏၱေလးၿမိဳ႕ရွိိ မႏၲေလးတကၠသိုလ္ အ၀င္လမ္း၀န္းက်င္၊ မႏၱေလးတိရစၦာန္ ဥယ်ာဥ္ ၀န္းက်င္၊ ကန္ေတာ္ႀကီး ပတ္လမ္း တစ္ေလွ်ာက္ႏွင့္ လမ္းေနရာ က်ယ္၀န္းေသာ ေနရာမ်ားတြင္ ဆုိင္ ကယ္ေရွ႕ဘီးေထာင္ ေမာင္းႏွင္မႈမ်ားကို ျပဳလုပ္လ်က္ရွိၿပီး အသံဆူညံျခင္းမ်ား ျဖစ္ေပၚလ်က္ ရွိေၾကာင္း ၿမိဳ႕ခံမ်ားထံမွ သိရသည္။
(Ladies News Journal)
https://www.facebook.com/News.TheLadies/
.................
မန္တလေးမြို့တွင်း အုပ်စုလိုက် ဆိုင်ကယ်ရှေ့ဘီး၊ နောက်ဘီး ထောင်ကာ မောင်းနှင်မှု များအား တိုင်ကြားလာပါက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမှတ် ၃ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) မှ သိရသည်။
“တိုင်ကြားမှု ရှိလာရင်တော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နယ်မြေ ရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်း ဖမ်းဆီးမှုများ ပြုလုပ်သွားမယ်” ဟု အမှတ် ၃ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးကံသိန်းက ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ပြောသည်။
ဆိုင်ကယ် ထောင်မောင်းနှင်သူများမှာ ကျောင်းနေရွယ် လူငယ်များဖြစ်နေခြင်း၊ အုပ်စုလိုက် လုပ်ဆောင်ခြင်း ကြောင့် ဖမ်းဆီးမှုများ ပြုလုပ်မည်မဟုတ်ဘဲ ပညာပေးခြင်းများကိုသာ ပြုလုပ်သွားမည် ဖြစ်ကြောင်း အမှတ် ၃ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
“ရဲတပ်ဖွဲ့တွေက ထိန်းသိမ်းမှု လုပ်ဆောင်တာမျိုးထက် မိဘတွေကလည်း ကိုယ့်သားသမီးတွေကို အပြင်မှာ ဘယ်လို နေထိုင်ပြုမူ နေသလဲဆိုတာ ကြည့်ပြီးထိန်းသိမ်းဖို့ လိုတယ်” ဟု အမှတ် ၁၄ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး ရဲမှူးသိန်းဦးက ပြောသည်။
မန္တလေးမြို့ရှိိ မန္တလေးတက္ကသိုလ် အဝင်လမ်းဝန်းကျင်၊ မန္တလေးတိရစ္ဆာန် ဥယျာဉ် ၀န်းကျင်၊ ကန်တော်ကြီး ပတ်လမ်း တစ်လျှောက်နှင့် လမ်းနေရာ ကျယ်ဝန်းသော နေရာများတွင် ဆိုင် ကယ်ရှေ့ဘီးထောင် မောင်းနှင်မှုများကို ပြုလုပ်လျက်ရှိပြီး အသံဆူညံခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း မြို့ခံများထံမှ သိရသည်။
(Ladies News Journal)
https://www.facebook.com/News.TheLadies/
မႏၱေလးၿမိဳ႕တြင္း ဆိုင္ကယ္ ေရွ႕ဘီး၊ ေနာက္ဘီး ေထာင္ ေမာင္းႏွင္မႈမ်ားအား အေရးယူမည္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 23, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment