ေအးမင္း| December 9, 2015 |
က်န္းမာေရး, လိင္ပညာေပး
လိင္ကိစၥမွာ အသက္အရြယ္ကုိ အၿမဲ ခ်ိန္ဆဖို႔လိုပါတယ္
လူေတြ အသက္အရြယ္ရလာတာနဲ႔အမွ် ကိုယ္ခႏၶာကလည္း ေျပာင္းလဲလာပါတယ္။ အဲဒီကေန လိင္ကိစၥ အေပၚ သက္ေရာက္မႈေတြ ရွိလာပါတယ္။ အမ်ားစု လက္ခံထားၾကတာကေတာ့ လူေတြဟာ အသက္အရြယ္ ရလာရင္ လိင္မႈကိစၥလိုမ်ိဳးနဲ႔ ပတ္သက္မႈ နည္းပါးသြားၾကတယ္ဆိုတာပါပဲ။ ဒါေပမယ့္ အဲဒီလိုလည္း အျပည့္ အဝယူဆလို႔ မရႏိုင္ပါဘူး။ အမ်ိဳးသားေတြဆိုရင္ ဖြဲတဆုပ္ကို ႏိုင္ေသးရင္ လိင္ဆက္ဆံႏိုင္ေသးတယ္လို႔လည္း တခ်ိဳ႕က ေျပာ တတ္ၾကပါတယ္။
ဒါကလည္း ယံုတမ္းစကားလိုမ်ိဳးသာ ျဖစ္ပါတယ္။ ထင္ရွားတဲ့ လိင္မႈေရးရာ ကုထံုးပညာရွင္တဦးျဖစ္တဲ့ ေဒါက္တာ Marty Klein ကေတာ့ လူေတြအေနနဲ႔ သူတို႔ရဲ႕ အသက္အရြယ္နဲ႔ လိုက္ေလ်ာညီ ေထြရွိမယ့္ ဘယ္လို အေလ့အထေတြကို က်င့္သံုးသင့္တဲ့အေၾကာင္း Daily Mail မွာေျပာခဲ့ဖူးပါတယ္။ အဓိကကေတာ့ ေျပာင္းလဲလာတဲ့ အေနအထားနဲ႔အညီ လိင္မႈဆိုင္ရာ အသိဉာဏ္ပညာ ရွိရမယ္လို႔ သူကဆိုပါတယ္။
ဘယ္အသက္အရြယ္မွာမဆို စိတ္ခံစားမႈဆိုင္ ရာအေၾကာင္းေတြက လိင္မႈဘဝအေပၚမွာ သက္ေရာက္မႈ ရွိႏိုင္ပါတယ္။ တခ်ိဳ႕ သက္ႀကီးစံုတြဲေတြက အသက္အရြယ္ရလာမွ ပိုၿပီးစိတ္ေက်နပ္စရာ ေကာင္းတဲ့ လိင္မႈဘဝကို ရရွိတယ္လို႔ ေျပာၾကပါတယ္။
တဖက္မွာၾကည့္ျပန္ရင္လည္း အသက္အရြယ္ေၾကာင့္ရွိလာတဲ့ က်န္းမာေရးျပႆနာေတြ၊ ေငြေၾကးကိစၥေတြနဲ႔ တျခားေသာ လူေနမႈပံုစံ အေျပာင္းအလဲေတြေၾကာင့္ စိတ္ဖိစီးမႈကို ခံစားရႏိုင္ပါတယ္။ စိတ္ဖိစီးမႈက ရမၼက္ဆႏၵေတြနဲ႔ လိင္ကိစၥအေပၚ စိတ္ဝင္စားမႈကို ေလ်ာ့က်သြားေစပါတယ္။ တကယ္လို႔ ကိုယ့္ကိုယ္ကိုယ္ စိတ္ဖိစီးမႈရွိေနတယ္၊ စိတ္က်ေနတယ္လို႔ ယူဆရင္ ဆရာဝန္သို႔ မဟုတ္ စိတ္ပညာရွင္နဲ႔ ေတြ႕ဆံုေဆြးေႏြးရမွာ ျဖစ္ပါတယ္။
အသက္ႀကီးလာၿပီဆိုရင္ လိင္ကိစၥဟာ ငယ္ရြယ္စဥ္တုန္းကလိုေတာ့ မဟုတ္ႏိုင္ေတာ့ပါဘူး။ ဒါေပမယ့္ လိင္မႈကိစၥနဲ႔ ခ်စ္သူခ်င္း၊ အိမ္ေထာင္ဖက္ခ်င္း ရင္းႏွီးကြ်မ္းဝင္မႈကေတာ့ ဘဝရဲ႕အေကာင္းဆံုးအစိတ္ အပိုင္းတခုအျဖစ္ ဆက္ၿပီး ရွိေနႏိုင္ပါေသးတယ္။ ဒါေၾကာင့္ က်န္းမာေရးနဲ႔ ေပ်ာ္ရႊင္စရာ လိင္မႈဘဝကို ဆက္လက္ထိန္းသိမ္းထားႏိုင္မယ့္ အခ်က္တခ်ိဳ႕ကို ေဖာ္ျပလိုက္ပါတယ္။
မိမိရဲ႕ အေဖာ္(ခ်စ္သူ သို႔မဟုတ္ အိမ္ေထာင္ဖက္) နဲ႔ စကားေျပာပါ။ လိင္ကိစၥအေၾကာင္းေျပာဖို႔ ခက္ခဲေနမယ္ ဆိုရင္ ေတာင္ ကိုယ့္ရဲ႕ လိုအပ္ခ်က္ေတြ၊ လိုအင္ဆႏၵေတြနဲ႔ စိုးရိမ္မႈေတြကို ပြင့္ပြင့္လင္းလင္း ေျပာဆိုျခင္းက ေပ်ာ္စရာေကာင္းတဲ့ လိင္မႈဘဝကိုေရာပိုမိုၿပီး ရင္းႏွီးကြ်မ္းဝင္မႈကိုပါ ရရွိေစပါတယ္။
ဆရာဝန္နဲ႔ ေဆြးေႏြးတိုင္ပင္ပါ။ ကိုယ့္မွာနာ တာရွည္ေရာဂါမ်ိဳးရွိေနရင္ ဒါမွမဟုတ္ လိင္ဆက္ဆံမႈအေပၚ သက္ေရာက္ ႏိုင္တဲ့ ေဆးဝါးကုသမႈ ခံယူေနရရင္ ဆရာဝန္နဲ႔တိုင္ပင္တာ အေကာင္းဆံုးပါ။ တကယ္လို႔ အမ်ိဳးသားေတြအေနနဲ႔ လိင္အဂၤါ ေတာင့္တင္းမႈကို ထိန္းသိမ္းထားႏိုင္ဖို႔ အခက္အခဲ ရွိ တယ္ဆိုရင္လည္း ဆရာဝန္ကို ဖြင့္ေျပာၿပီးေဆးဝါး ကုသမႈခံယူပါ။
လိင္ကိစၥနဲ႔ ပတ္သက္တဲ့ ကိုယ့္ရဲ႕ဖြင့္ဆိုမႈကို တိုးခ်ဲ႕ပါ။ လိင္ဆက္ဆံျခင္းက လိင္မႈဘဝ သို႔မဟုတ္ အိမ္ေထာင္သုခကို ျဖည့္ဆည္းေပးႏိုင္တဲ့ တခုတည္းေသာနည္းလမ္း ဆိုေပမယ့္ အထိအေတြ႕လိုမ်ိဳး၊ အနမ္းလိုမ်ိဳး အရာေတြကလည္း ရင္းႏွီးကြ်မ္းဝင္မႈကို ျဖစ္ေစႏိုင္ပါတယ္။ အသက္အရြယ္အရ မိမိနဲ႔ မိမိအေဖာ္ၾကားမွာ စြမ္းေဆာင္ႏိုင္ရည္နဲ႔ လိုအင္ ေတြကြာျခားမႈ ရွိမယ္ဆိုရင္လည္း ဒါက ျဖစ္႐ိုးျဖစ္စဥ္သာ ျဖစ္ပါတယ္။ အဲဒီလိုျဖစ္လာခဲ့ရင္ ပြင့္ပြင့္လင္းလင္းနဲ႔ ႏွစ္ဦးႏွစ္ဖက္ ေပ်ာ္ရႊင္မႈ ၊ ရင္းႏွီးမႈကို ရရွိေစႏိုင္မယ့္ နည္းလမ္းသစ္ေတြကို ရွာေဖြရမွာျဖစ္ပါတယ္။
႐ိုးရွင္းတဲ့ အေျပာင္းအလဲေလးေတြကလည္း လိင္မႈဘဝကို တိုးတက္ေကာင္းမြန္ေစႏိုင္ပါတယ္။ လိင္ဆက္ဆံဖို႔ အတြက္ မိမိမွာ စြမ္းအင္အျပည့္ဆံုး ရွိမယ့္အခ်ိန္ကို ေျပာင္းလိုက္ပါ။ ဥပမာ နံနက္ခင္း ျဖစ္ပါတယ္။ ညက ေကာင္းေကာင္း အိပ္ထားတဲ့အတြက္ သင္က နံနက္ခင္းမွာ လန္းဆန္းတက္ၾကြၿပီး အင္အားျပည့္ဝ ေနပါလိမ့္မယ္။ ေန႔တေန႔ရဲ႕အဆံုး ညဘက္လို အခ်ိန္မ်ိဳးဆိုရင္ သင္ကိုယ္တိုင္ျဖစ္ေစ သင့္ရဲ႕အေဖာ္ကိုျဖစ္ေစ စိတ္ဆႏၵႏိုးၾကား တက္ၾကြလာဖို႔အတြက္ အခ်ိန္အမ်ားႀကီးေပးရမွာ ျဖစ္ပါတယ္။ စိတ္လႈပ္ရွားစရာ၊ ရင္ခုန္စရာ ပံုစံအသစ္ေတြ ရွာေဖြၿပီး ေျပာင္းလဲအသံုးျပဳတာမ်ိဳးလည္း ႀကိဳးစားၾကည့္သင့္ပါတယ္။
က်န္းမာတဲ့ လိင္မႈဘဝကို ဆက္လက္ထိန္းသိမ္း ထားႏိုင္ဖို႔အတြက္ ေနာက္ဆံုး အႀကံျပဳလိုတာကေတာ့ ကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္ၿပီး တတ္ႏိုင္သမွ် က်န္းမာေအာင္ေနထိုင္ဖို႔ပါပဲ။ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အာဟာရျပည့္ဝတဲ့ အစားအစာစားပါ။ တက္တက္ၾကြၾကြ ေနထိုင္လႈပ္ရွားပါ။ အရက္အမ်ားႀကီး မေသာက္ပါနဲ႔။ ေဆးလိပ္နဲ႔ မူးယစ္ေဆးကို လံုးဝေရွာင္ရွားပါ။ ဆရာဝန္နဲ႔ မွန္မွန္တိုင္ပင္ေဆြးေႏြးပါ။
Source : www.lifestyles.com
Irrawaddy
..............
အသက်ကြီးပေမယ့် စွမ်းဆောင်ရည် မပျက်စီးစေဖို့
အေးမင်း| December 9, 2015 |
ကျန်းမာရေး, လိင်ပညာပေး
လိင်ကိစ္စမှာ အသက်အရွယ်ကို အမြဲ ချိန်ဆဖို့လိုပါတယ်
လူတွေ အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်ခန္ဓာကလည်း ပြောင်းလဲလာပါတယ်။ အဲဒီကနေ လိင်ကိစ္စ အပေါ် သက်ရောက်မှုတွေ ရှိလာပါတယ်။ အများစု လက်ခံထားကြတာကတော့ လူတွေဟာ အသက်အရွယ် ရလာရင် လိင်မှုကိစ္စလိုမျိုးနဲ့ ပတ်သက်မှု နည်းပါးသွားကြတယ်ဆိုတာပါပဲ။ ဒါပေမယ့် အဲဒီလိုလည်း အပြည့် အဝယူဆလို့ မရနိုင်ပါဘူး။ အမျိုးသားတွေဆိုရင် ဖွဲတဆုပ်ကို နိုင်သေးရင် လိင်ဆက်ဆံနိုင်သေးတယ်လို့လည်း တချို့က ပြော တတ်ကြပါတယ်။
ဒါကလည်း ယုံတမ်းစကားလိုမျိုးသာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ လိင်မှုရေးရာ ကုထုံးပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာ Marty Klein ကတော့ လူတွေအနေနဲ့ သူတို့ရဲ့ အသက်အရွယ်နဲ့ လိုက်လျောညီ ထွေရှိမယ့် ဘယ်လို အလေ့အထတွေကို ကျင့်သုံးသင့်တဲ့အကြောင်း Daily Mail မှာပြောခဲ့ဖူးပါတယ်။ အဓိကကတော့ ပြောင်းလဲလာတဲ့ အနေအထားနဲ့အညီ လိင်မှုဆိုင်ရာ အသိဉာဏ်ပညာ ရှိရမယ်လို့ သူကဆိုပါတယ်။
ဘယ်အသက်အရွယ်မှာမဆို စိတ်ခံစားမှုဆိုင် ရာအကြောင်းတွေက လိင်မှုဘဝအပေါ်မှာ သက်ရောက်မှု ရှိနိုင်ပါတယ်။ တချို့ သက်ကြီးစုံတွဲတွေက အသက်အရွယ်ရလာမှ ပိုပြီးစိတ်ကျေနပ်စရာ ကောင်းတဲ့ လိင်မှုဘဝကို ရရှိတယ်လို့ ပြောကြပါတယ်။
တဖက်မှာကြည့်ပြန်ရင်လည်း အသက်အရွယ်ကြောင့်ရှိလာတဲ့ ကျန်းမာရေးပြဿနာတွေ၊ ငွေကြေးကိစ္စတွေနဲ့ တခြားသော လူနေမှုပုံစံ အပြောင်းအလဲတွေကြောင့် စိတ်ဖိစီးမှုကို ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုက ရမ္မက်ဆန္ဒတွေနဲ့ လိင်ကိစ္စအပေါ် စိတ်ဝင်စားမှုကို လျော့ကျသွားစေပါတယ်။ တကယ်လို့ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးမှုရှိနေတယ်၊ စိတ်ကျနေတယ်လို့ ယူဆရင် ဆရာဝန်သို့ မဟုတ် စိတ်ပညာရှင်နဲ့ တွေ့ဆုံဆွေးနွေးရမှာ ဖြစ်ပါတယ်။
အသက်ကြီးလာပြီဆိုရင် လိင်ကိစ္စဟာ ငယ်ရွယ်စဉ်တုန်းကလိုတော့ မဟုတ်နိုင်တော့ပါဘူး။ ဒါပေမယ့် လိင်မှုကိစ္စနဲ့ ချစ်သူချင်း၊ အိမ်ထောင်ဖက်ချင်း ရင်းနှီးကျွမ်းဝင်မှုကတော့ ဘဝရဲ့အကောင်းဆုံးအစိတ် အပိုင်းတခုအဖြစ် ဆက်ပြီး ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ပျော်ရွှင်စရာ လိင်မှုဘဝကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ့် အချက်တချို့ကို ဖော်ပြလိုက်ပါတယ်။
မိမိရဲ့ အဖော်(ချစ်သူ သို့မဟုတ် အိမ်ထောင်ဖက်) နဲ့ စကားပြောပါ။ လိင်ကိစ္စအကြောင်းပြောဖို့ ခက်ခဲနေမယ် ဆိုရင် တောင် ကိုယ့်ရဲ့ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေနဲ့ စိုးရိမ်မှုတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းက ပျော်စရာကောင်းတဲ့ လိင်မှုဘဝကိုရောပိုမိုပြီး ရင်းနှီးကျွမ်းဝင်မှုကိုပါ ရရှိစေပါတယ်။
ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ ကိုယ့်မှာနာ တာရှည်ရောဂါမျိုးရှိနေရင် ဒါမှမဟုတ် လိင်ဆက်ဆံမှုအပေါ် သက်ရောက် နိုင်တဲ့ ဆေးဝါးကုသမှု ခံယူနေရရင် ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါ။ တကယ်လို့ အမျိုးသားတွေအနေနဲ့ လိင်အင်္ဂါ တောင့်တင်းမှုကို ထိန်းသိမ်းထားနိုင်ဖို့ အခက်အခဲ ရှိ တယ်ဆိုရင်လည်း ဆရာဝန်ကို ဖွင့်ပြောပြီးဆေးဝါး ကုသမှုခံယူပါ။
လိင်ကိစ္စနဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့ဖွင့်ဆိုမှုကို တိုးချဲ့ပါ။ လိင်ဆက်ဆံခြင်းက လိင်မှုဘဝ သို့မဟုတ် အိမ်ထောင်သုခကို ဖြည့်ဆည်းပေးနိုင်တဲ့ တခုတည်းသောနည်းလမ်း ဆိုပေမယ့် အထိအတွေ့လိုမျိုး၊ အနမ်းလိုမျိုး အရာတွေကလည်း ရင်းနှီးကျွမ်းဝင်မှုကို ဖြစ်စေနိုင်ပါတယ်။ အသက်အရွယ်အရ မိမိနဲ့ မိမိအဖော်ကြားမှာ စွမ်းဆောင်နိုင်ရည်နဲ့ လိုအင် တွေကွာခြားမှု ရှိမယ်ဆိုရင်လည်း ဒါက ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာခဲ့ရင် ပွင့်ပွင့်လင်းလင်းနဲ့ နှစ်ဦးနှစ်ဖက် ပျော်ရွှင်မှု ၊ ရင်းနှီးမှုကို ရရှိစေနိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေရမှာဖြစ်ပါတယ်။
ရိုးရှင်းတဲ့ အပြောင်းအလဲလေးတွေကလည်း လိင်မှုဘဝကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ လိင်ဆက်ဆံဖို့ အတွက် မိမိမှာ စွမ်းအင်အပြည့်ဆုံး ရှိမယ့်အချိန်ကို ပြောင်းလိုက်ပါ။ ဥပမာ နံနက်ခင်း ဖြစ်ပါတယ်။ ညက ကောင်းကောင်း အိပ်ထားတဲ့အတွက် သင်က နံနက်ခင်းမှာ လန်းဆန်းတက်ကြွပြီး အင်အားပြည့်ဝ နေပါလိမ့်မယ်။ နေ့တနေ့ရဲ့အဆုံး ညဘက်လို အချိန်မျိုးဆိုရင် သင်ကိုယ်တိုင်ဖြစ်စေ သင့်ရဲ့အဖော်ကိုဖြစ်စေ စိတ်ဆန္ဒနိုးကြား တက်ကြွလာဖို့အတွက် အချိန်အများကြီးပေးရမှာ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာ၊ ရင်ခုန်စရာ ပုံစံအသစ်တွေ ရှာဖွေပြီး ပြောင်းလဲအသုံးပြုတာမျိုးလည်း ကြိုးစားကြည့်သင့်ပါတယ်။
ကျန်းမာတဲ့ လိင်မှုဘဝကို ဆက်လက်ထိန်းသိမ်း ထားနိုင်ဖို့အတွက် နောက်ဆုံး အကြံပြုလိုတာကတော့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပြီး တတ်နိုင်သမျှ ကျန်းမာအောင်နေထိုင်ဖို့ပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရပြည့်ဝတဲ့ အစားအစာစားပါ။ တက်တက်ကြွကြွ နေထိုင်လှုပ်ရှားပါ။ အရက်အများကြီး မသောက်ပါနဲ့။ ဆေးလိပ်နဲ့ မူးယစ်ဆေးကို လုံးဝရှောင်ရှားပါ။ ဆရာဝန်နဲ့ မှန်မှန်တိုင်ပင်ဆွေးနွေးပါ။
Source : www.lifestyles.com
Irrawaddy
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, December 9, 2015
အသက္ႀကီးေပမယ့္ စြမ္းေဆာင္ရည္ မပ်က္စီးေစဖို႔
အသက္ႀကီးေပမယ့္ စြမ္းေဆာင္ရည္ မပ်က္စီးေစဖို႔
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 09, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment