On Mon, 2015-12-21 13:27Issue No.No.954 Monday, December 21, 2015
သိမ်းပိုက်ထားရာ နယ်မြေများမှ တိုင်းရင်းသားများကို သတ်ဖြတ်နေသည့် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့၏ လုပ်ရပ်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအဖြစ် မှတ်တမ်းတင်နိုင်ရန် ဗြိတိန် လွှတ်တော် အမတ်များက တောင်းဆိုခဲ့ကြောင်း သိရသည်။
ဗြိတိန် လွှတ်တော်အမတ် ၆၀ ကျော်က ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ထံ လိပ်မူသည့် စာတစ်စောင် ရေးသားပေးပို့ကာ အိုင်အက်စ်တို့၏ ရက်စက် ကြမ်းကြုတ်မှုများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အနေဖြင့် ကုလသမဂ္ဂက မှတ်တမ်းတင်ရေး တောင်းဆိုပေးရန် တိုက်တွန်းခဲ့ကြသည်။
၁၉၄၈ ခုနှစ်၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ ဆွေးနွေးပွဲတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဆိုသည်မှာ ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်မျိုးဖြင့် တိုင်းပြည်၊ လူမျိုးစု၊ တိုင်းရင်းသား၊ ဘာသာဝင် အဖွဲ့အစည်း တစ်ခုခုကို သတ်ဖြတ်ခြင်းဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။
Ref: BBC
7Daydaily
..................
အိုင်အက်စ်၏ သတ်ဖြတ်မှုများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအဖြစ် မှတ်တမ်းတင်ရန် တောင်းဆို
On Mon, 2015-12-21 13:27Issue No.No.954 Monday, December 21, 2015
သိမ်းပိုက်ထားရာ နယ်မြေများမှ တိုင်းရင်းသားများကို သတ်ဖြတ်နေသည့် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့၏ လုပ်ရပ်များကို အစုလိုက်အပြံုလိုက် သတ်ဖြတ်မှုအဖြစ် မှတ်တမ်းတင်နိုင်ရန် ဗြိတိန် လွှတ်တော် အမတ်များက တောင်းဆိုခဲ့ကြောင်း သိရသည်။
ဗြိတိန် လွှတ်တော်အမတ် ၆၀ ကျော်က ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ထံ လိပ်မူသည့် စာတစ်စောင် ရေးသားပေးပို့ကာ အိုင်အက်စ်တို့၏ ရက်စက် ကြမ်းကြုတ်မှုများကို အစုလိုက် အပြံုလိုက် သတ်ဖြတ်မှု အနေဖြင့် ကုလသမဂ္ဂက မှတ်တမ်းတင်ရေး တောင်းဆိုပေးရန် တိုက်တွန်းခဲ့ကြသည်။
အိုင်အက်စ်တို့သည် ဆီးရီးယားနှင့် အီရတ်ရှိ ၎င်းတို့ သိမ်းပိုက်ထားရာ ဒေသများတွင် ခရစ်ယာန် ဘာသာဝင်များ၊ ယာဇီဒီ အနွယ်ဝင်များကို စနစ်တကျ အကွက်ချ သုတ်သင် သတ်ဖြတ်နေကြောင်း စွပ်စွဲမှုများ ထွက်ပေါ်နေသည်။ အဆိုပါ စစ်သွေးကြွ အဖွဲ့သည် အခြားသော လူနည်းစု တိုင်းရင်းသားများကိုလည်း ဖိနှိပ် သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က သတိပေးထားသည်။
၁၉၄၈ ခုနှစ်၊ အစုလိုက် အပြံုလိုက် သတ်ဖြတ်မှုများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ ဆွေးနွေးပွဲတွင် အစုလိုက် အပြံုလိုက် သတ်ဖြတ်မှု ဆိုသည်မှာ ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်မျိုးဖြင့် တိုင်းပြည်၊ လူမျိုးစု၊ တိုင်းရင်းသား၊ ဘာသာဝင် အဖွဲ့အစည်း တစ်ခုခုကို သတ်ဖြတ်ခြင်းဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။
အိုင်အက်စ်တို့သည် ဆီးရီးယား ပြည်တွင်းစစ်တွင် သမ္မတ ဘာရှာအယ်လ် အာဆတ်ကို တော်လှန်ဆန့်ကျင်သည့် အင်အားစု တစ်ခုအနေဖြင့် စတင်အင်အား ကြီးထွားလာပြီး ထို့နောက်ပိုင်းတွင် ဂျီဟတ် အစွန်းရောက် ဝါဒကို ဆွဲကိုင်ကာ ကမ္ဘာ့အဆိုးယုတ်ဆုံး အကြမ်းဖက် အဖွဲ့တစ်ခုအဖြစ် ရပ်တည်လာခဲ့သည်။
Ref: BBC
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 21, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment