Issue No.
No.950 Thursday, December 17, 2015
မဲဆန္ဒနယ်တစ် နယ်တွင် လွှတ်တော်ကိုယ်စား လှယ်တစ်ဦး လစ်လပ်ပါက လစ် လပ်ပြီး ခြောက်လအတွင်း ကြား ဖြတ်ရွေးကောက်ပွဲကျင်းပပေးရန် ဖြည့်စွက်ပြဋ္ဌာန်းထားသော ဥပ ဒေကြမ်းတစ်ရပ်ကို ပြည်သူ့လွှတ် တော်က အတည်ပြုလိုက်ပြီဖြစ် သည်။
ကိုယ်စားလှယ် လစ်လပ် ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကော်မရှင်သို့ အကြောင်းကြား သည့်နေ့မှ ခြောက်လအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ ပေးရမည်ဟု ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားခြင်း ဖြစ် သည်။
လက်ရှိ ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေဖြစ်သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များဆိုင်ရာ ရွေးကောက်ပွဲဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အထက်ပါအချက်အပါအ ၀င် အချက်သုံးချက်ကို ဖြည့်စွက် ပြင်ဆင်ထားကာ ဒီဇင်ဘာ ၁၆ရက်၌ ပြုလုပ်သည့် ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
‘‘ကိုယ်စားလှယ် လစ်လပ်ခြင်းသည် လွှတ်တော်ပုံမှန်သက် တမ်း မကုန်ဆုံးမီ တစ်နှစ်အတွင်း ဖြစ်ပါက ကြားဖြတ်ရွေးကောက်ပွဲမလုပ်ရဆိုတာလည်း တစ်ချက်ပါတယ်။ ဆိုလိုတာက လွှတ်တော်သက်တမ်း လေးနှစ်ကျော်ရင် ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ရတော့ဘူးဆိုတဲ့ သဘောပေါ့’’ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးရဲထွန်းကပြောသည်။
ယင်းဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော် အခွင့်အရေးကော်မ တီက ရေးဆွဲတင်သွင်းခဲ့ပြီး မူလတင်သွင်းသည် ဥပဒေကြမ်းမှ အချက်အချို့နှင့် စကားလုံးအထားအသိုအချို့ကို ပြင်ဆင်ကာ လွှတ်တော်သို့တင်သွင်း အတည်ပြုချက် ယူခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးစောလှ ထွန်းက ပြောသည်။
‘‘ပြင်တာကတော့ စကားလုံး အထားအသိုပေါ့။ ဥပဒေကြောင်း အရ သွားရတဲ့စကားရပ်တွေ။ နောက်ပြီး တကယ်လုပ်ရမယ့် အဖွဲ့အစည်းနဲ့ ဆွေးနွေးပြီးရလာတဲ့ ပြင်ဆင်ချက်တွေ ဒါတွေကို ပြင်ဆင်ထားတာပါ။ မူလတင်သွင်းတဲ့ ဥပဒေကြမ်းနဲ့တော့ အဓိပ္ပာယ်သက်ရောက်မှု အတူတူပါပဲ’’ဟု ဦးစောလှထွန်းက ပြောသည်။
လွှတ်တော်အခွင့်အရေး ကော်မတီက တင်သွင်းသည့် မူလ ဥပဒေကြမ်းတွင် သုံးလအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ ပေးရမည်ဟု ပါရှိသော်လည်း ကော်မရှင်ဘက်က ယင်းအချိန်ကာလသည် နည်းပါးလွန်းသဖြင့် မဖြစ်နိုင်ကြောင်း ဆွေးနွေးခဲ့၍ ခြောက်လသို့ ပြင်ဆင်သတ်မှတ် ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြော သည်။ ယင်းဥပဒေကြမ်းတွင် လွှတ် တော်ကိုယ်စားလှယ်တစ်ဦးသည် ပြစ်မှုကြောင်းအရ တရားစီရင် ကာ ပြစ်ဒဏ်ကျခံရပါက လွှတ် တော်ကိုယ်စားလှယ်လောင်းအ ဖြစ် ၀င်ရောက်ရွေးချယ်ခံခွင့် မရှိတော့ခြင်း၊ ရွေးကောက်ပွဲကော်မ ရှင်က အရည်အချင်းပျက်ယွင်း ကြောင်း ကြေညာခံရသည့် ကိုယ်စားလှယ်လောင်းသည် နောင်လာမည့် မည်သည့်ရွေးကောက်ပွဲတွင် မဆို ၀င်ရောက်ရွေးချယ်ခံပိုင်ခွင့် မရှိတော့ခြင်း စသည့် ပြင်ဆင်ချက်များကို ထည့်သွင်းရေးဆွဲ ထားသည်။ အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုပြီးနောက် အမျိုးသားလွှတ်တော်၌ ဆွေးနွေးမည်ဖြစ် ကာ လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲပါက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြပြီး အဆုံးအဖြတ်ရယူရမည် ဖြစ်သည်။
7Daydaily
.............
လွှတ်တော်ကိုယ်စားလှယ်တစ်ဦး လစ်လပ်ပါက ခြောက်လအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးရမည်ဟု ပြည်သူ့လွှတ်တော် အတည်ပြု
By
မင်းဟိန်းကျော်

No comments:
Post a Comment