Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 19, 2015

ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၅)

တေန႔တြင္ ေခါင္မိုးေပၚသို႔ ထြက္ေသာ တံခါးပြင့္ေနသည္ကို ေတြ႕ရသည္။ ညီမငယ္ ယြန္အုတ္ အျခားကေလးမ်ားကို ေခၚကာ ျမင္ေနရေသာ ေခါင္မိုးမ်ားကို မ်က္စိတဆံုး လိုက္ၾကည့္ၾကသည္။ က်ဴ းဘား အလုပ္သမားမ်ား ေတြ႕ကာ မိဘမ်ားကို ေခၚသျဖင့္ မိဘမ်ားမွာ ထိန္႔လန္႔ပ်ာပ်ာျဖင့္ ေရာက္လာကာ ကြ်န္မတို႔ကိုေဘးကင္းရာ အိမ္တြင္းထဲ ျပန္ေခၚသြားသည္။

ႏိုင္ငံျခားတြင္ တာဝန္ထမ္းေဆာင္ေနရေသာ သံတမန္ဘဝသည္ ေအးခ်မ္းေပ်ာ္ရႊင္ဖြယ္ရာ ျဖစ္သည္။သို႔ေသာ္ ကင္အီဆြန္းဝါဒကို မျပတ္ရိုက္သြင္းခံရသည္။ ကြ်န္မတို႔ ပထမဆံုး သင္ၾကားရေသာ စကားလံုးမွာ "အတိုင္းမသ္ိ ႀကီးျမတ္ေသာ ေခါင္းေဆာင္ႀကီး ကင္အီဆြန္းကို အထူးေက်းဇူတင္ပါတယ္" ျဖစ္သည္။ အေမရိကန္ ဆိုေသာ ေဝါဟာဒကို မုန္းတီးရန္ သင္ၾကားေပးသျဖင့္ ကေလးငယ္မ်ား အေမရိကန္ကို မုန္းတီးၾကသည္။

"အေမရိကန္သည္ ကြ်န္ေတာ္တို႔၏ ထာဝရရန္သူျဖစ္သည္။ မည္သည့္အခါတြင္မွ် အေမရိကန္ႏွင့္ တမိုးေအာက္ အတူေနရန္ မျဖစ္ႏိုင္" ဟု ေျမာက္ကိုးရီးယားက ေႂ ကြးေၾကာ္ထားသည္။
က်ဴ းဘားတြင္ ေနထိုင္စဥ္ကတည္းက "အေမရိကန္ နယ္ခ်ဲ႕ေတြ မလြဲမေသြ က်ဴ းေက်ာ္ တိုက္ခိုက္လိမ့္မယ္" ဟု အေဖက မၾကာခဏ ေျပာေလ့ရွိသည္။

တခါတြင္ ကြ်န္မတို႔ က်ဴ းဘားပင္လယ္ကမ္းေျခသို႔ ေရာက္ၾကသည္။ မ်က္စိတဆံုး ျမင္ေတြ႕ေနရသည္ံ သဲေသာင္ႏွင့္ပင္လယ္ျပင္တို႔သည္ ကြ်န္မအဖို႔ အိမ္မက္ကမာၻ ေရာက္ေနသလို ခံစားရသည္။ ပင္လယ္၏ တဖက္ကမ္း မႈန္ျပျပျမင္ေနရသည့္ ကုန္းေျမကို လက္ညွိဳ းညႊန္ျပလ်က္ အေဖက
" အဲ့ဒါ အေမရိကန္ပဲ သမိီး ကမာၻေပၚမွာ အဆိုးဆံုးေနရာပဲ" ဟုေျပာသည္။ အေဖ့စကားေၾကာင့္ ကြ်န္မအေၾကာက္ႀကီး ေၾကာက္သြားသည္။ ကြ်န္မ၏ ရာဘာေလွကေလးျဖင့္ ပင္လယ္တြင္ ေမ်ာကာ အေမရိကန္သို႔ ေရာက္သြားပါက ဒုကၡပဲဟု ကေလးေတြး ေတြးမိသည္။ အေမရိကန္ဘက္မွ ေမ်ာပါလာေသာ ပုလင္းခြံမ်ား စည္သြပ္ဘူးခြံတို႔ကိုပင္ ကြ်န္မအလိုလို ထိန္႔လန္႔ေနမိသည္။ အေဖ ထိုသို႔ေျပာၿပီးသည့္ေနာက္တြင္ ပင္လယ္ကမ္းေျခသို႔ သြားရန္ပင္ ခပ္ေၾကာက္ေၾကာက္ ျဖစ္လာသည္။

ကြ်န္မတို႔ က်ဴ းဘားတြင္ ၅ ႏွစ္ခန္႔ၾကာခဲ့သည္။ ၿပံဳးယမ္းသို႔ မေျပာင္းမီ ေမာင္ေလး ဘန္ဆူးကို ေမြးဖြားသည္။ ကြ်န္မတို႔ မျပန္မီ အေမက ကြ်န္မအား ဆံပင္အလွျပင္ဆိုင္သို႔ ေခၚသြားကာ ဆံပင္ညွပ္ေပးသည္။ ေျမာက္ကိုးရီးယားတြင္ ဆံပင္အလွျပင္ရန္ မျဖစ္ႏိုင္ဟု အေမကဆိုသည္။ ထိုစဥ္က အေမဘာကိုဆိုလိုမွန္း ကြ်န္မနားမလည္ခဲ့။
ၿပံဳးယမ္းေရာက္သည့္အခါ ဟတ္ရွင္ အစ္ုိးရမူလတန္း ေက်ာင္းတြင္တက္ရသည္။ ေက်ာင္းတြင္ သေဘာတရားေရး သင္တန္းမ်ားကုိ အျပင္းအထန္ပို႔ခ်သည္။ ေက်ာင္းစာသင္ခ်ိန္သည္ စာသင္ခ်ိန္၏ တဝက္ပင္မရွိ။ အခ်ိန္အမ်ားစုတြင္ အတိုင္းမသိ ႀကီးျမတ္ေသာ ေခါင္းေဆာင္ႀကီး ကင္္အီဆြန္း၏ ဒသာနႏွင့္ဘဝကို သင္ယူၾကရသည္။
ဂ်ပန္မ်ားကို ကင္အီဆြန္းတိုက္ခိုက္ေအာင္ပြဲခံပံုကို သင္ယူၾကသည္။ ဂ်ပန္မ်ား ေတာင္ပံုရာပံု ေသၾကသျဖင့္ အေလာင္းမ်ားကို မသယ္ယူႏိုင္ေတာ့ပဲ အေလာင္းမ်ား၏ ေခါင္းကို ျဖတ္ကာ ဂ်ပန္ျပည္သုိ႔ ျပန္ယူသြားၾကရသည္ဟု ဆိုသည္။ ေက်ာင္းသားအားလံုး သေဘာတရားေရး သင္တန္းမ်ား တက္ၾကရသည္။ သေဘာတရားေရး သင္တန္းမ်ားကို ေက်ာင္းခ်ိန္ျပင္ပတြင္ တက္ေရာက္ၾကရၿပီး သင္တန္းမ်ားကို အင္တိုက္အားတိုက္ သင္ၾကားေပးသျဖင့္ ေက်ာင္းသားမ်ားသည္ ည ၁၀ နာရီေက်ာ္မွ အိမ္ျပန္ေရာက္ၾကသည္။

မူလတန္းေက်ာင္းသို႔ တက္ေရာက္ၿပီး တတိယေျမာက္ႏွစ္တြင္ လူငယ္ပြဲေတာ္ကို သီခ်င္းသီဆိုရန္ ေက်ာင္းသူ ၁၀ ဦး ေရြးခ်ယ္ရာ ကြ်န္မပါသြားသည္။ ထိုပြဲသို႔ ေခါင္းေဆာင္ႀကီး ကင္အီဆြန္းကိုယ္တိုင္ တက္ေရာက္မည္ဟုဆိုသည္။ သီခ်င္းေခါင္းစဥ္မွာ "ေခါင္းေဆာင္ႀကီး ေပးသနားေသာ တူညီဝတ္စံုကို ကြ်ႏု္ပ္တို႔ လြန္စြာျမတ္ႏိုးသည္" သီခ်င္းကို အႀကိမ္ႀကိမ္ ေလ့က်င့္ၾကရသည္။ သီခ်င္းတိုက္ၿပီး အိမ္ျပန္ရန္ ဘက္စ္ကားကို နာရီေပါင္းမ်ားစြာ ေစာင့္ရသည္။ အခ်ိန္ၾကာျမင့္စြာ မတ္တပ္ရပ္ရသျဖင့္ ေျခေထာက္မ်ား ေအးခဲ ေတာင့္တင္းကုန္သည္။ သီခ်င္းတိုက္ေနစဥ္ အိမ္ျပန္ခ်င္ေသာ္လည္း စိတ္ညစ္ညဴ းျခင္း မျဖစ္မိ။ ေခါင္းေဆာင္ႀကီးအတြက္ သီခ်င္း သီဆိုရသည္မွာ ႀကီးမားသည့္ ဂုဏ္ျဒပ္ျဖစ္သည္။

ထိုႏွစ္က ေရႀကီးသျဖင့္ ေျမညီထပ္တြင္ ေနထိုင္သူမ်ားသည္ အေပၚထပ္မ်ားသို႔ ေရြ႕ေျပာင္းကာ အျခားမိသားစုမ်ားႏွင့္ ေပါင္းေနရသည္။ ကေလးမ်ားအဖို႔ မဟာေပ်ာ္ပြဲႀကီး ျဖစ္ေတာ့သည္။ ညစဥ္ညတိုင္း ေခါင္မိုးေပၚတက္ကာ ျဖည္းညင္းစြာ ေလ်ာ့က်ေနေသာ ေရစီးေၾကာင္းကို ၾကည့္ၾကသည္။

ဆက္ရန္
Swam Htet‎မွတ္စုၾကမ္း
December 19, 2015 ·

  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၃၂)
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း(အပိုင္း ၃၁)
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၂၈ )
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၂၇)
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၂၆ )
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၂၄ )
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၂၃)
  • ေျမာက္ကုိရီးယား စပိုင္မယ္ ကင္ယြန္းေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၂၂)
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၂၁ )
  • ေျမာက္ကုိရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း ( အပိုင္း ၂၀ )
  • ေျမာက္ကိုရီးယား စပိုင္မယ္ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၁၉)
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၁၈)
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၁၇ )
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၁၆ )
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း ( အပိုင္း ၁၅)
  • ေျမာက္ကုိရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၁၄)
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၁၃ )
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၁၂)
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၁၁)
  • ေျမာက္ကုိရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၁၀)
  • ေျမာက္ကိုရိီးယား စပိုင္မယ္ ကင္ယြန္းေဟး၏ ဘဝဇာတ္ေၾကာင္း ( အပိုင္း ၉ )
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၈ )
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၇ )
  • ေျမာက္ကိုရီးယားစပိုင္မယ္ ကင္ယြန္းေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၆)
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၅)
  • ေျမာက္ကိုရီးယားစပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၄)
  • ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၃)
  • ေျမာက္ကုိရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၂ )
  • ေျမာက္ကိုရီးယား စပိုင္ဧကရီ(အပိုင္း ၁)                                                                  .............
  • မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း

    အပိုင်း ၅

    တနေ့တွင် ခေါင်မိုးပေါ်သို့ ထွက်သော တံခါးပွင့်နေသည်ကို တွေ့ရသည်။ ညီမငယ် ယွန်အုတ် အခြားကလေးများကို ခေါ်ကာ မြင်နေရသော ခေါင်မိုးများကို မျက်စိတဆုံး လိုက်ကြည့်ကြသည်။ ကျူ းဘား အလုပ်သမားများ တွေ့ကာ မိဘများကို ခေါ်သဖြင့် မိဘများမှာ ထိန့်လန့်ပျာပျာဖြင့် ရောက်လာကာ ကျွန်မတို့ကိုဘေးကင်းရာ အိမ်တွင်းထဲ ပြန်ခေါ်သွားသည်။

    နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေရသော သံတမန်ဘဝသည် အေးချမ်းပျော်ရွှင်ဖွယ်ရာ ဖြစ်သည်။သို့သော် ကင်အီဆွန်းဝါဒကို မပြတ်ရိုက်သွင်းခံရသည်။ ကျွန်မတို့ ပထမဆုံး သင်ကြားရသော စကားလုံးမှာ "အတိုင်းမသ်ိ ကြီးမြတ်သော ခေါင်းဆောင်ကြီး ကင်အီဆွန်းကို အထူးကျေးဇူတင်ပါတယ်" ဖြစ်သည်။ အမေရိကန် ဆိုသော ဝေါဟာဒကို မုန်းတီးရန် သင်ကြားပေးသဖြင့် ကလေးငယ်များ အမေရိကန်ကို မုန်းတီးကြသည်။

    "အမေရိကန်သည် ကျွန်တော်တို့၏ ထာဝရရန်သူဖြစ်သည်။ မည်သည့်အခါတွင်မျှ အမေရိကန်နှင့် တမိုးအောက် အတူနေရန် မဖြစ်နိုင်" ဟု မြောက်ကိုးရီးယားက ေြ ကွးကြော်ထားသည်။
    ကျူ းဘားတွင် နေထိုင်စဉ်ကတည်းက "အမေရိကန် နယ်ချဲ့တွေ မလွဲမသွေ ကျူ းကျော် တိုက်ခိုက်လိမ့်မယ်" ဟု အဖေက မကြာခဏ ပြောလေ့ရှိသည်။

    တခါတွင် ကျွန်မတို့ ကျူ းဘားပင်လယ်ကမ်းခြေသို့ ရောက်ကြသည်။ မျက်စိတဆုံး မြင်တွေ့နေရသည်ံ သဲသောင်နှင့်ပင်လယ်ပြင်တို့သည် ကျွန်မအဖို့ အိမ်မက်ကမ္ဘာ ရောက်နေသလို ခံစားရသည်။ ပင်လယ်၏ တဖက်ကမ်း မှုန်ပြပြမြင်နေရသည့် ကုန်းမြေကို လက်ညှို းညွှန်ပြလျက် အဖေက
    " အဲ့ဒါ အမေရိကန်ပဲ သမိီး ကမ္ဘာပေါ်မှာ အဆိုးဆုံးနေရာပဲ" ဟုပြောသည်။ အဖေ့စကားကြောင့် ကျွန်မအကြောက်ကြီး ကြောက်သွားသည်။ ကျွန်မ၏ ရာဘာလှေကလေးဖြင့် ပင်လယ်တွင် မျောကာ အမေရိကန်သို့ ရောက်သွားပါက ဒုက္ခပဲဟု ကလေးတွေး တွေးမိသည်။ အမေရိကန်ဘက်မှ မျောပါလာသော ပုလင်းခွံများ စည်သွပ်ဘူးခွံတို့ကိုပင် ကျွန်မအလိုလို ထိန့်လန့်နေမိသည်။ အဖေ ထိုသို့ပြောပြီးသည့်နောက်တွင် ပင်လယ်ကမ်းခြေသို့ သွားရန်ပင် ခပ်ကြောက်ကြောက် ဖြစ်လာသည်။

    ကျွန်မတို့ ကျူ းဘားတွင် ၅ နှစ်ခန့်ကြာခဲ့သည်။ ပြုံးယမ်းသို့ မပြောင်းမီ မောင်လေး ဘန်ဆူးကို မွေးဖွားသည်။ ကျွန်မတို့ မပြန်မီ အမေက ကျွန်မအား ဆံပင်အလှပြင်ဆိုင်သို့ ခေါ်သွားကာ ဆံပင်ညှပ်ပေးသည်။ မြောက်ကိုးရီးယားတွင် ဆံပင်အလှပြင်ရန် မဖြစ်နိုင်ဟု အမေကဆိုသည်။ ထိုစဉ်က အမေဘာကိုဆိုလိုမှန်း ကျွန်မနားမလည်ခဲ့။
    ပြံုးယမ်းရောက်သည့်အခါ ဟတ်ရှင် အစ်ုိးရမူလတန်း ကျောင်းတွင်တက်ရသည်။ ကျောင်းတွင် သဘောတရားရေး သင်တန်းများကို အပြင်းအထန်ပို့ချသည်။ ကျောင်းစာသင်ချိန်သည် စာသင်ချိန်၏ တဝက်ပင်မရှိ။ အချိန်အများစုတွင် အတိုင်းမသိ ကြီးမြတ်သော ခေါင်းဆောင်ကြီး ကင််အီဆွန်း၏ ဒသာနနှင့်ဘဝကို သင်ယူကြရသည်။
    ဂျပန်များကို ကင်အီဆွန်းတိုက်ခိုက်အောင်ပွဲခံပုံကို သင်ယူကြသည်။ ဂျပန်များ တောင်ပုံရာပုံ သေကြသဖြင့် အလောင်းများကို မသယ်ယူနိုင်တော့ပဲ အလောင်းများ၏ ခေါင်းကို ဖြတ်ကာ ဂျပန်ပြည်သို့ ပြန်ယူသွားကြရသည်ဟု ဆိုသည်။ ကျောင်းသားအားလုံး သဘောတရားရေး သင်တန်းများ တက်ကြရသည်။ သဘောတရားရေး သင်တန်းများကို ကျောင်းချိန်ပြင်ပတွင် တက်ရောက်ကြရပြီး သင်တန်းများကို အင်တိုက်အားတိုက် သင်ကြားပေးသဖြင့် ကျောင်းသားများသည် ည ၁၀ နာရီကျော်မှ အိမ်ပြန်ရောက်ကြသည်။

    မူလတန်းကျောင်းသို့ တက်ရောက်ပြီး တတိယမြောက်နှစ်တွင် လူငယ်ပွဲတော်ကို သီချင်းသီဆိုရန် ကျောင်းသူ ၁၀ ဦး ရွေးချယ်ရာ ကျွန်မပါသွားသည်။ ထိုပွဲသို့ ခေါင်းဆောင်ကြီး ကင်အီဆွန်းကိုယ်တိုင် တက်ရောက်မည်ဟုဆိုသည်။ သီချင်းခေါင်းစဉ်မှာ "ခေါင်းဆောင်ကြီး ပေးသနားသော တူညီဝတ်စုံကို ကျွနု်ပ်တို့ လွန်စွာမြတ်နိုးသည်" သီချင်းကို အကြိမ်ကြိမ် လေ့ကျင့်ကြရသည်။ သီချင်းတိုက်ပြီး အိမ်ပြန်ရန် ဘက်စ်ကားကို နာရီပေါင်းများစွာ စောင့်ရသည်။ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ရသဖြင့် ခြေထောက်များ အေးခဲ တောင့်တင်းကုန်သည်။ သီချင်းတိုက်နေစဉ် အိမ်ပြန်ချင်သော်လည်း စိတ်ညစ်ညူ းခြင်း မဖြစ်မိ။ ခေါင်းဆောင်ကြီးအတွက် သီချင်း သီဆိုရသည်မှာ ကြီးမားသည့် ဂုဏ်ဒြပ်ဖြစ်သည်။

    ထိုနှစ်က ရေကြီးသဖြင့် မြေညီထပ်တွင် နေထိုင်သူများသည် အပေါ်ထပ်များသို့ ရွေ့ပြောင်းကာ အခြားမိသားစုများနှင့် ပေါင်းနေရသည်။ ကလေးများအဖို့ မဟာပျော်ပွဲကြီး ဖြစ်တော့သည်။ ညစဉ်ညတိုင်း ခေါင်မိုးပေါ်တက်ကာ ဖြည်းညင်းစွာ လျော့ကျနေသော ရေစီးကြောင်းကို ကြည့်ကြသည်။

    ဆက်ရန်
    Swam Htet‎မှတ်စုကြမ်း
    December 19, 2015 ·




    No comments:

    Post a Comment