Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 17, 2015

ထိုင္း ပုစြန္စက္႐ုံရွိ ျမန္မာလုပ္သားမ်ားထံမွ ျဖတ္ေတာက္ခဲ့ေသာ လုပ္အားခ က်ပ္သန္းတစ္ရာေက်ာ္ ျပန္ေပးရေတာ့မည္

Add caption
ေမဇင္ဝင္း

ထုိင္းႏုိင္ငံ မဟာခ်ိဳင္ရွိ ပုစြန္စက္႐ုံတစ္႐ုံသည္ ျမန္မာလုပ္သားမ်ားထံမွ ျဖတ္ေတာက္ခဲ့ေသာလုပ္အားခ က်ပ္သန္းတစ္ရာေက်ာ္ကုိ ဒီဇင္ဘာ ၁၄ ရက္မွစ၍ ျပန္လည္ေပးအပ္ရေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

အဆုိပါ ပုစြန္စက္႐ုံတြင္ ျမန္မာလုပ္သား ၃ဝဝ ဝန္းက်င္ရွိၿပီး အလုပ္ရွင္သည္ ကန္ထ႐ိုက္မွတစ္ဆင့္ ျမန္မာလုပ္သားမ်ားကို ခုိင္းေစေၾကာင္း၊ ထုိသုိ႕ခုိင္းေစရာတြင္ ကန္ထ႐ုိက္က အလုပ္ သမားမ်ားထံမွ ကားခ၊ အခြန္၊ ႏိုင္ငံကူးလက္မွတ္ဖုိးစသျဖင့္ ေငြေၾကးမ်ား ျဖတ္ေတာက္ေၾကာင္း၊ ထိုသုိ႔ျဖတ္ေတာက္မႈေၾကာင့္ အလုပ္သမားမ်ားက မဟာခ်ိဳင္အေျခစုိက္ေရႊ႕ေျပာင္း အလုပ္သမားအခြင့္အေရး ကြန္ရက္ (MWRN ) သို႔ အကူအညီေတာင္းခဲ့ရာ (MWRN ) လုိက္လံကူညီေပးခဲ့သျဖင့္ ယေန႔ (ဒီဇင္ဘာ ၁၄ ) မွစ၍ ထုိေငြမ်ားကို ျပန္လည္ရရွိေတာ့မည္ျဖစ္ေၾကာင္း MWRN ဥကၠ႒ဦးစိန္ေဌးက ေျပာသည္။

”အလုပ္သမားေတြက ကြၽန္ေတာ္တုိ႔ဆီလာအေၾကာင္းၾကားေတာ့ အလုပ္ရွင္နဲ႔ညႇိႏႈိင္းၿပီး သူတို႔ျဖတ္ထားတဲ့ ပိုက္ဆံအကုန္ ျပန္ေပးခိုင္းတာ။ ဒါက ဥပေဒေၾကာင္းအရလုပ္သလို တခ်ိဳ႕အခ်က္ေတြက သူတို႔စက္႐ုံကထိုးထားတဲ့ကုန္သြယ္ေရးက်င့္ဝတ္စာခ်ဳပ္ေတြကိုကိုးကားၿပီး ျပန္ေတာင္းတာမ်ိဳးေပါ့။ ဒါေၾကာင့္ လည္း သူတို႔ အခုလို ျပန္အမ္းေပးတာေပါ့”ဟု ဦးစိန္ေဌးက ေျပာသည္။ ထုိင္းဘတ္ေငြ သုံးသန္း(ျမန္မာေငြ က်ပ္သန္းတစ္ရာေက်ာ္) သည္ အလုပ္သမားမ်ားထံမွ ေလးႏွစ္စာျဖတ္ထားသည့္ေငြပမာဏ ျဖစ္ေၾကာင္း၊ ယေန႕မွစ၍ ဒီဇင္ဘာ ၁၇ ရက္ေန႔အထိ အသုတ္လုိက္ျပန္ေပးရမည္ ျဖစ္ေၾကာင္း သိရသည္။

”အလုပ္ရွင္ဘက္ကလည္း သူတို႔ျဖတ္ထားတဲ့ ဝတ္စံုဖိုးတို႔ နားရက္မွာခိုင္းထားတဲ့လုပ္အားခတို႔ ျပန္ေပးရမယ္” ဟု ၎က ေျပာသည္။ ထုိေငြမ်ား ျပန္လည္ရရွိရန္အတြက္ သုံးလနီးပါးအခ်ိန္ယူညိႇႏိႈင္းခဲ့ရၿပီး အလုပ္ရွင္ႏွင့္ အႀကိမ္ႀကိမ္ေဆြးေႏြးခဲ့ရသည္ဟု ၎က ေျပာသည္။
ထုိင္းရွိစက္႐ုံမ်ားတြင္ ကန္ထ႐ိုက္မ်ားသည္ ျမန္မာလုပ္သားမ်ားအား ထိုသို႔ ေငြေၾကးျဖတ္ေတာက္မႈမ်ားရွိၿပီး MWRN သုိ႔ လာေရာက္အကူအညီေတာင္းခံမႈ ငါးခုခန္႕ရွိၿပီျဖစ္ေၾကာင္း၊ လက္ရွိတြင္လည္း ေရာ္ဘာစက္႐ုံတစ္႐ုံတြင္ ထုိကဲ့သို႕ေသာ ျပႆနာျဖစ္ပြားေနေသာေၾကာင့္ လုိက္လံကူညီေပးေနေၾကာင္း MWRN မွ သိရသည္။

Popular News Journal
..............................
ထိုင်း ပုစွန်စက်ရုံရှိ မြန်မာလုပ်သားများထံမှ ဖြတ်တောက်ခဲ့သော လုပ်အားခ ကျပ်သန်းတစ်ရာကျော် ပြန်ပေးရတော့မည်

မေဇင်ဝင်း

ထိုင်းနိုင်ငံ မဟာချိုင်ရှိ ပုစွန်စက်ရုံတစ်ရုံသည် မြန်မာလုပ်သားများထံမှ ဖြတ်တောက်ခဲ့သောလုပ်အားခ ကျပ်သန်းတစ်ရာကျော်ကို ဒီဇင်ဘာ ၁၄ ရက်မှစ၍ ပြန်လည်ပေးအပ်ရတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုစွန်စက်ရုံတွင် မြန်မာလုပ်သား ၃ဝဝ ဝန်းကျင်ရှိပြီး အလုပ်ရှင်သည် ကန်ထရိုက်မှတစ်ဆင့် မြန်မာလုပ်သားများကို ခိုင်းစေကြောင်း၊ ထိုသို့ခိုင်းစေရာတွင် ကန်ထရိုက်က အလုပ် သမားများထံမှ ကားခ၊ အခွန်၊ နိုင်ငံကူးလက်မှတ်ဖိုးစသဖြင့် ငွေကြေးများ ဖြတ်တောက်ကြောင်း၊ ထိုသို့ဖြတ်တောက်မှုကြောင့် အလုပ်သမားများက မဟာချိုင်အခြေစိုက်ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN ) သို့ အကူအညီတောင်းခဲ့ရာ (MWRN ) လိုက်လံကူညီပေးခဲ့သဖြင့် ယနေ့ (ဒီဇင်ဘာ ၁၄ ) မှစ၍ ထိုငွေများကို ပြန်လည်ရရှိတော့မည်ဖြစ်ကြောင်း MWRN ဥက္ကဋ္ဌဦးစိန်ဌေးက ပြောသည်။

”အလုပ်သမားတွေက ကျွန်တော်တို့ဆီလာအကြောင်းကြားတော့ အလုပ်ရှင်နဲ့ညှိနှိုင်းပြီး သူတို့ဖြတ်ထားတဲ့ ပိုက်ဆံအကုန် ပြန်ပေးခိုင်းတာ။ ဒါက ဥပဒေကြောင်းအရလုပ်သလို တချို့အချက်တွေက သူတို့စက်ရုံကထိုးထားတဲ့ကုန်သွယ်ရေးကျင့်ဝတ်စာချုပ်တွေကိုကိုးကားပြီး ပြန်တောင်းတာမျိုးပေါ့။ ဒါကြောင့် လည်း သူတို့ အခုလို ပြန်အမ်းပေးတာပေါ့”ဟု ဦးစိန်ဌေးက ပြောသည်။ ထိုင်းဘတ်ငွေ သုံးသန်း(မြန်မာငွေ ကျပ်သန်းတစ်ရာကျော်) သည် အလုပ်သမားများထံမှ လေးနှစ်စာဖြတ်ထားသည့်ငွေပမာဏ ဖြစ်ကြောင်း၊ ယနေ့မှစ၍ ဒီဇင်ဘာ ၁၇ ရက်နေ့အထိ အသုတ်လိုက်ပြန်ပေးရမည် ဖြစ်ကြောင်း သိရသည်။

”အလုပ်ရှင်ဘက်ကလည်း သူတို့ဖြတ်ထားတဲ့ ဝတ်စုံဖိုးတို့ နားရက်မှာခိုင်းထားတဲ့လုပ်အားခတို့ ပြန်ပေးရမယ်” ဟု ၎င်းက ပြောသည်။ ထိုငွေများ ပြန်လည်ရရှိရန်အတွက် သုံးလနီးပါးအချိန်ယူညှိနှိုင်းခဲ့ရပြီး အလုပ်ရှင်နှင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ရသည်ဟု ၎င်းက ပြောသည်။
ထိုင်းရှိစက်ရုံများတွင် ကန်ထရိုက်များသည် မြန်မာလုပ်သားများအား ထိုသို့ ငွေကြေးဖြတ်တောက်မှုများရှိပြီး MWRN သို့ လာရောက်အကူအညီတောင်းခံမှု ငါးခုခန့်ရှိပြီဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ရော်ဘာစက်ရုံတစ်ရုံတွင် ထိုကဲ့သို့သော ပြဿနာဖြစ်ပွားနေသောကြောင့် လိုက်လံကူညီပေးနေကြောင်း MWRN မှ သိရသည်။

Popular News Journal

No comments:

Post a Comment