Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 24, 2015

ၿဗိတိန္ မူစလင္မိသားစု အေမရိကန္၀င္ခြင့္ ျငင္းဆန္ခံရ

မူစလင္မိသားစုေတြ ေလယာဥ္ေပၚတက္ဖို႔ တားျမစ္ခံခဲ့ရ Gatwick ေလဆိပ္။

အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယားျပည္နယ္ ေတာင္ပိုင္းကို ခရီးသြားမယ့္ မူစလင္မိသားစုတစုကုိ ေနာက္ဆံုးအခ်ိန္က်မွ သြားလာခြင့္ ပိတ္လိုက္တဲ့အေပၚ အေမရိကန္ျပည္ေထာင္စုကုိ ေစာဒကတက္ဖို႔ ၿဗိတိသွ် လႊတ္ေတာ္အမတ္တဦးက ၀န္ႀကီးခ်ဳပ္ David Cameron ဆီကို စာေရးၿပီး ေတာင္းဆိုလိုက္ပါတယ္။

ဒီဇင္ဘာလ ၁၅ ရက္ေန႔တုန္းက အေမရိကန္ကို သြားဖို႔အတြက္ Gatwick ေလဆိပ္မွာ ေရာက္လာတဲ့ ဖခင္တစ္ဦးနဲ႔ သူရဲ႕ ကေလး ၉ ေယာက္၊ ညီတစ္ေယာက္ စုစုေပါင္း မိသားစု ၁၁ ေယာက္ကို ေလယာဥ္ေပၚ တက္ခြင့္မျပဳဘဲ တားျမစ္ခံခဲ့ရတယ္လို႔ ၀န္ႀကီးခ်ဳပ္ Cameron ဆီကို ေပးပို႔တဲ့စာထဲမွာ လႊတ္ေတာ္အမတ္ Stella Creasy ကေရးထားပါတယ္။ သူဟာ လန္ဒန္အေရွ႕ေျမာက္ဘက္ျခမ္း ကိုယ္စားျပဳ လႊတ္ေတာ္အမတ္ပါ။

အေၾကာင္းျပခ်က္ တစံုတရာမရွိဘဲနဲ႔ အေမရိကန္ကို ၀င္ေရာက္ခြင့္ ျငင္းပယ္ခံရတဲ့ ၿဗိတိန္ႏိုင္ငံက မူစလင္မိသားစုေတြ ပိုၿပီးေတာ့ မ်ားလာတဲ့အေပၚ သူ႔အေနနဲ႔ စိုးရိမ္တယ္လို႔ Creasy က ၿဗိတိန္ သတင္းစာေတြကို ေျပာပါတယ္။

သူတို႔ရဲ႕ မိသားစုက မူစလင္ျဖစ္ေနလို႔ အေမရိကန္ကို ၀င္ေရာက္ခြင့္ ျငင္းပယ္ခံရတာ ျဖစ္တယ္လို႔ သူ႔ရဲ႕အကို၊ အကိုရဲ႕ ကေလး ေတြနဲ႔အတူ ကယ္လီဖိုးနီးယား ေတာင္ဘက္ကိုသြားမယ့္ Mahmood Tariq Mahmood က The Guardian သတင္းစာကို ေျပာပါ တယ္။ အေမရိကန္မွာျဖစ္တဲ့ တိုက္ခိုက္မႈေတြေၾကာင့္ မူစလင္ေတြအကုန္လံုးဟာ ၿခိမ္းေျခာက္သူေတြ ျဖစ္ေနတယ္လို႔ သူတို႔ေတြက ထင္ေနၾကတာျဖစ္ေၾကာင္း Mahmood Tariq Mahmood က ေျပာပါတယ္။ ဒီျဖစ္ရပ္အတြက္ မွတ္ခ်က္ေပးဖို႔ ပန္ၾကားတဲ့ အေပၚ အေမရိကန္ သံ႐ံုးဘက္က တုံ႔ျပန္မလာေသးပါဘူး။


VOA Burmese
http://burmese.voanews.com
................
 မူစလင်မိသားစုတွေ လေယာဉ်ပေါ်တက်ဖို့ တားမြစ်ခံခဲ့ရ Gatwick လေဆိပ်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းကို ခရီးသွားမယ့် မူစလင်မိသားစုတစုကို နောက်ဆုံးအချိန်ကျမှ သွားလာခွင့် ပိတ်လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုကို စောဒကတက်ဖို့ ဗြိတိသျှ လွှတ်တော်အမတ်တဦးက ၀န်ကြီးချုပ် David Cameron ဆီကို စာရေးပြီး တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တုန်းက အမေရိကန်ကို သွားဖို့အတွက် Gatwick လေဆိပ်မှာ ရောက်လာတဲ့ ဖခင်တစ်ဦးနဲ့ သူရဲ့ ကလေး ၉ ယောက်၊ ညီတစ်ယောက် စုစုပေါင်း မိသားစု ၁၁ ယောက်ကို လေယာဉ်ပေါ် တက်ခွင့်မပြုဘဲ တားမြစ်ခံခဲ့ရတယ်လို့ ၀န်ကြီးချုပ် Cameron ဆီကို ပေးပို့တဲ့စာထဲမှာ လွှတ်တော်အမတ် Stella Creasy ကရေးထားပါတယ်။ သူဟာ လန်ဒန်အရှေ့မြောက်ဘက်ခြမ်း ကိုယ်စားပြု လွှတ်တော်အမတ်ပါ။

အကြောင်းပြချက် တစုံတရာမရှိဘဲနဲ့ အမေရိကန်ကို ၀င်ရောက်ခွင့် ငြင်းပယ်ခံရတဲ့ ဗြိတိန်နိုင်ငံက မူစလင်မိသားစုတွေ ပိုပြီးတော့ များလာတဲ့အပေါ် သူ့အနေနဲ့ စိုးရိမ်တယ်လို့ Creasy က ဗြိတိန် သတင်းစာတွေကို ပြောပါတယ်။

သူတို့ရဲ့ မိသားစုက မူစလင်ဖြစ်နေလို့ အမေရိကန်ကို ၀င်ရောက်ခွင့် ငြင်းပယ်ခံရတာ ဖြစ်တယ်လို့ သူ့ရဲ့အကို၊ အကိုရဲ့ ကလေး တွေနဲ့အတူ ကယ်လီဖိုးနီးယား တောင်ဘက်ကိုသွားမယ့် Mahmood Tariq Mahmood က The Guardian သတင်းစာကို ပြောပါ တယ်။ အမေရိကန်မှာဖြစ်တဲ့ တိုက်ခိုက်မှုတွေကြောင့် မူစလင်တွေအကုန်လုံးဟာ ခြိမ်းခြောက်သူတွေ ဖြစ်နေတယ်လို့ သူတို့တွေက ထင်နေကြတာဖြစ်ကြောင်း Mahmood Tariq Mahmood က ပြောပါတယ်။ ဒီဖြစ်ရပ်အတွက် မှတ်ချက်ပေးဖို့ ပန်ကြားတဲ့ အပေါ် အမေရိကန် သံရုံးဘက်က တုံ့ပြန်မလာသေးပါဘူး။


VOA Burmese
http://burmese.voanews.com

No comments:

Post a Comment