ယခုႏွစ္ မယ္စၾကာဝဠာ ၿပိဳင္ပြဲတြင္ ဖိလစ္ပိုင္ ကိုယ္စားျပဳ အလွမယ္ ပီယာအလြန္ဇို ဝုဇ္ဘတ္ခ်္ အႏုိင္ရရွိသြားေသာ္လည္း အစီအစဉ္မွဴး၏ ေၾကညာခ်က္ အမွားေၾကာင့္ အ႐ႈပ္အေထြးအခ်ိဳ႕ ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
ယခုႏွစ္၏ မယ္စၾကာဝဠာ ဆုကို ဖိလစ္ပိုင္ ကိုယ္စားျပဳ အလွမယ္က ဆြတ္ခူး ရရွိခဲ့သည္။ သို႔ေသာ္လည္း အခမ္းအနားမွဴး စတိဗ္ဟာေဗးက ဒုတိယဆုရ ကိုလံဘီယာ အလွမယ္ ေအရီရက္ဒ္နာ ဂူတီရက္ဇ္ အယ္လ္ဗာ႐ိုကို ၿပိဳင္ပြဲ၏ အႏုိင္ရသူအျဖစ္ မွားယြင္း ေၾကညာခဲ့သည္။
စတိဗ္ဟာေဗးက အမည္မွားယြင္း ေၾကညာမိေၾကာင္း ေျပာဆိုေနစဉ္ ဇေဝဇဝါ ျဖစ္ေနသည့္ ကိုလံဘီယာ အလွမယ္။
ဂူတီရက္ဇ္သည္ အလြန္ဝမ္းသာ တုန္လႈပ္ေနဟန္ျဖင့္ စင္ျမင့္ေ႐ွ႕သို႔ ေလွ်ာက္လာၿပီး ၿပီးခဲ့သည့္ႏွစ္ ဆုရွင္ ကိုလံဘီယာ အလွမယ္ေဟာင္းက သူမကို သရဖူႏွင့္ စလြယ္တို႔ကို ဂုဏ္ျပဳ အပ္ႏွင္းခဲ့သည္။ အားလံုးက မယ္စၾကာဝဠာ ဆုကို ကုိလံဘီယာကပင္ ၂ ႏွစ္ဆက္တိုက္ သိမ္းပိုက္သြားၿပီဟု မွတ္ယူထားခ်ိန္တြင္ ဟာေဗးက ၎အေနျဖင့္ ေတာင္းပန္စရာ ရွိေၾကာင္း ေျပာၾကားခဲ့သည္။ ထိုအခ်ိန္ထိ ကိုလံဘီယာ အလွမယ္က ၿပံဳးေပ်ာ္ေနဆဲ ျဖစ္သည္။
ထုိ႔ေနာက္တြင္မွ ဟာေဗးက လူမွား၍ ေၾကညာမိျခင္းျဖစ္ေၾကာင္း၊ အမွန္တကယ္ ေအာင္ႏုိင္ခဲ့သူမွာ ပီယာျဖစ္ေၾကာင္း ေျပာင္းလဲ ေၾကညာခဲ့ရာ ဖိလစ္ပိုင္မယ္ေရာ၊ ကိုလံဘီယာမယ္ပါ အေျခအေန အေျပာင္းအလဲကို မယံုၾကည္ႏုိင္ေလာက္ေအာင္ ျဖစ္သြားသည္။
ကိုလံဘီယာ အလွမယ္ထံ ေပးအပ္ထားသည့္ သရဖူႏွင့္ စလြယ္တို႔ကို ျပန္လည္ သိမ္းယူေနစဉ္။
ဟာေဗးက ယင္းသည္ မိမိ၏ အမွားသက္သက္သာ ျဖစ္ေၾကာင္း၊ အႏုိင္ရသူႏွင့္ ဒုတိယဆုရွင္တို႔၏ အမည္ပါေသာ ကတ္မ်ားကို မွားယြင္း ဖတ္မိခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ယခုျဖစ္ရပ္သည္ အေမရိကန္တြင္ က်င္းပေနသည့္ ၿပိဳင္ပြဲႀကီး၏ အထင္ရွားဆံုး အမွားအယြင္း အခုိက္အတန္႔ တစ္ခုလည္း ျဖစ္သြားသည္။
သရဖူကို ဖိလစ္ပိုင္ အလွမယ္က လက္လႊဲယူၿပီးေနာက္ စိတ္ပ်က္ေနဟန္ရွိသည့္ ကိုလံဘီယာအလွမယ္။
၂၀၁၅ ခုႏွစ္ မယ္စၾကာဝဠာ ၿပိဳင္ပြဲကို ျမန္မာႏုိင္ငံ ကိုယ္စားျပဳ ေမဘရဏီေသာ္ အပါအဝင္ ႏုိင္ငံေပါင္း ၈၀ မွ အလွမယ္မ်ား ပါဝင္ ယွဉ္ၿပိဳင္ခဲ့ၾကသည္။
7day daily
.....................
မယ်စကြာဝဠာ ပြိုင်ပွဲတွင် အနိုင်ရသူနှင့် ဒုတိယ ဆုရှင်တို့၏ အမည်များ မှားကြေညာမိ
ယခုနှစ် မယ်စကြာဝဠာ ပြိုင်ပွဲတွင် ဖိလစ်ပိုင် ကိုယ်စားပြု အလှမယ် ပီယာအလွန်ဇို ဝုဇ်ဘတ်ချ် အနိုင်ရရှိသွားသော်လည်း အစီအစဉ်မှူး၏ ကြေညာချက် အမှားကြောင့် အရှုပ်အထွေးအချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယခုနှစ်၏ မယ်စကြာဝဠာ ဆုကို ဖိလစ်ပိုင် ကိုယ်စားပြု အလှမယ်က ဆွတ်ခူး ရရှိခဲ့သည်။ သို့သော်လည်း အခမ်းအနားမှူး စတိဗ်ဟာဗေးက ဒုတိယဆုရ ကိုလံဘီယာ အလှမယ် အေရီရက်ဒ်နာ ဂူတီရက်ဇ် အယ်လ်ဗာရိုကို ပြိုင်ပွဲ၏ အနိုင်ရသူအဖြစ် မှားယွင်း ကြေညာခဲ့သည်။
စတိဗ်ဟာဗေးက အမည်မှားယွင်း ကြေညာမိကြောင်း ပြောဆိုနေစဉ် ဇဝေဇဝါ ဖြစ်နေသည့် ကိုလံဘီယာ အလှမယ်။
ဂူတီရက်ဇ်သည် အလွန်ဝမ်းသာ တုန်လှုပ်နေဟန်ဖြင့် စင်မြင့်ရှေ့သို့ လျှောက်လာပြီး ပြီးခဲ့သည့်နှစ် ဆုရှင် ကိုလံဘီယာ အလှမယ်ဟောင်းက သူမကို သရဖူနှင့် စလွယ်တို့ကို ဂုဏ်ပြု အပ်နှင်းခဲ့သည်။ အားလုံးက မယ်စကြာဝဠာ ဆုကို ကိုလံဘီယာကပင် ၂ နှစ်ဆက်တိုက် သိမ်းပိုက်သွားပြီဟု မှတ်ယူထားချိန်တွင် ဟာဗေးက ၎င်းအနေဖြင့် တောင်းပန်စရာ ရှိကြောင်း ပြောကြားခဲ့သည်။ ထိုအချိန်ထိ ကိုလံဘီယာ အလှမယ်က ပြုံးပျော်နေဆဲ ဖြစ်သည်။
ထို့နောက်တွင်မှ ဟာဗေးက လူမှား၍ ကြေညာမိခြင်းဖြစ်ကြောင်း၊ အမှန်တကယ် အောင်နိုင်ခဲ့သူမှာ ပီယာဖြစ်ကြောင်း ပြောင်းလဲ ကြေညာခဲ့ရာ ဖိလစ်ပိုင်မယ်ရော၊ ကိုလံဘီယာမယ်ပါ အခြေအနေ အပြောင်းအလဲကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည်။
ကိုလံဘီယာ အလှမယ်ထံ ပေးအပ်ထားသည့် သရဖူနှင့် စလွယ်တို့ကို ပြန်လည် သိမ်းယူနေစဉ်။
ဟာဗေးက ယင်းသည် မိမိ၏ အမှားသက်သက်သာ ဖြစ်ကြောင်း၊ အနိုင်ရသူနှင့် ဒုတိယဆုရှင်တို့၏ အမည်ပါသော ကတ်များကို မှားယွင်း ဖတ်မိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုဖြစ်ရပ်သည် အမေရိကန်တွင် ကျင်းပနေသည့် ပြိုင်ပွဲကြီး၏ အထင်ရှားဆုံး အမှားအယွင်း အခိုက်အတန့် တစ်ခုလည်း ဖြစ်သွားသည်။
သရဖူကို ဖိလစ်ပိုင် အလှမယ်က လက်လွှဲယူပြီးနောက် စိတ်ပျက်နေဟန်ရှိသည့် ကိုလံဘီယာအလှမယ်။
၂၀၁၅ ခုနှစ် မယ်စကြာဝဠာ ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု မေဘရဏီသော် အပါအဝင် နိုင်ငံပေါင်း ၈၀ မှ အလှမယ်များ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။
7day daily
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, December 21, 2015
မယ္စၾကာဝဠာ ၿပိဳင္ပြဲတြင္ အႏုိင္ရသူႏွင့္ ဒုတိယ ဆုရွင္တို႔၏ အမည္မ်ား မွားေၾကညာမိ
မယ္စၾကာဝဠာ ၿပိဳင္ပြဲတြင္ အႏုိင္ရသူႏွင့္ ဒုတိယ ဆုရွင္တို႔၏ အမည္မ်ား မွားေၾကညာမိ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 21, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment