Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 21, 2015

ဆက္ဘလက္တာနဲ႔ ပလာတီနီကို ၈ ႏွစ္ပယ္

အမွားအယြင္း မလုပ္ခဲ့ေၾကာင္း ဘလက္တာ ေျပာ
   
ကမၻာ့ ေဘာလုံး ေလာကမွာ ၾသဇာႀကီးသူေတြ ျဖစ္ၾကတဲ့ ကမၻာ့ေဘာလုံး အဖြဲ႕ခ်ဳပ္ ဥကၠ႒ ဆက္ ဘလက္တာနဲ႔ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒ မီရွဲ ပလာတီနီ တို႔ကို ဖီဖာ က်င့္ဝတ္ေကာ္မီတီက ၈ ႏွစ္ ေဘာလုံး ေလာကကေန တားျမစ္တဲ့ ျပစ္ဒဏ္ခ် လိုက္ပါတယ္။

FIFA ကမၻာ့ ေဘာလုံး အဖြဲ႕ခ်ဳပ္ရဲ့ စုံစမ္း စစ္ေဆးမွု အရ လြန္ခဲ့တဲ့ ၂၀၁၁ ခုႏွစ္က မစၥတာ ပလာတီနီ ကို မစၥတာ ဘလက္တာရဲ့ အတည္ျပဳခ်က္နဲ႔ အေမရိကန္ေဒၚလာ ၂ သန္း ေပးခဲ့တဲ့ ကိစၥမွာ သူတို႔ ႏွစ္ေယာက္စလုံးဟာ က်င့္ဝတ္ စည္းကမ္း ခ်ိဳးေဖာက္ ခဲ့တယ္လို႔ ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

သူတို႔ ႏွစ္ေယာက္လုံးက အမွားအယြင္း တစုံတရာ မလုပ္ခဲ့ေၾကာင္းနဲ႔ အယူခံ ဝင္မယ့္ အေၾကာင္း ေျပာပါတယ္။

သူတို႔ ႏွစ္ေယာက္အေပၚ အခု တားျမစ္ခ်က္ဟာ ခ်က္ခ်င္း လက္ငင္း အက်ိဳး သက္ေရာက္မွု ရွိေစမွာ ျဖစ္ပါတယ္။

အခုလို ပိတ္ပင္လိုက္တဲ့ အတြက္ ကို မစၥတာ ဘလက္တာအေနနဲ႔ အခ်ိန္ကာလ အေတာ္ၾကာေအာင္ ကမၻာ့ ေဘာလုံးအဖြဲ႕ခ်ဳပ္ အုပ္ခ်ဳပ္ေရး အဖြဲ႕မွာ ပါဝင္ခဲ့မွု အဆုံးသတ္ သြားၿပီျဖစ္ပါတယ္။

ဒါ့အျပင္သူ႔ ေနရာမွာဆက္ခံဖို႔မစၥတာပလာတီနီရဲ့ ေမၽွာ္လင့္ခ်က္ေတြလည္း ေပ်ာက္ကြယ္သြားရၿပီျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com

..........................................................

ဆက်ဘလက်တာနဲ့ ပလာတီနီကို ၈ နှစ်ပယ်

ကမ္ဘာ့ ဘောလုံး လောကမှာ သြဇာကြီးသူတွေ ဖြစ်ကြတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆက် ဘလက်တာနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မီရှဲ ပလာတီနီ တို့ကို ဖီဖာ ကျင့်ဝတ်ကော်မီတီက ၈ နှစ် ဘောလုံး လောကကနေ တားမြစ်တဲ့ ပြစ်ဒဏ်ချ လိုက်ပါတယ်။

FIFA ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်ရဲ့ စုံစမ်း စစ်ဆေးမှု အရ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က မစ္စတာ ပလာတီနီ ကို မစ္စတာ ဘလက်တာရဲ့ အတည်ပြုချက်နဲ့ အမေရိကန်ဒေါ်လာ ၂ သန်း ပေးခဲ့တဲ့ ကိစ္စမှာ သူတို့ နှစ်ယောက်စလုံးဟာ ကျင့်ဝတ် စည်းကမ်း ချိုးဖောက် ခဲ့တယ်လို့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်လုံးက အမှားအယွင်း တစုံတရာ မလုပ်ခဲ့ကြောင်းနဲ့ အယူခံ ဝင်မယ့် အကြောင်း ပြောပါတယ်။

သူတို့ နှစ်ယောက်အပေါ် အခု တားမြစ်ချက်ဟာ ချက်ချင်း လက်ငင်း အကျိုး သက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။

အခုလို ပိတ်ပင်လိုက်တဲ့ အတွက် ကို မစ္စတာ ဘလက်တာအနေနဲ့ အချိန်ကာလ အတော်ကြာအောင် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် အုပ်ချုပ်ရေး အဖွဲ့မှာ ပါဝင်ခဲ့မှု အဆုံးသတ် သွားပြီဖြစ်ပါတယ်။

ဒါ့အပြင်သူ့ နေရာမှာဆက်ခံဖို့မစ္စတာပလာတီနီရဲ့ မျှော်လင့်ချက်တွေလည်း ပျောက်ကွယ်သွားရပြီဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com

No comments:

Post a Comment