မြန်မာဆန်စက် (ကျိုက်လတ်မြို့) |
ပြည်တွင်း စပါးဈေး မကြုံစဖူး ဈေးတက်နေတာကြောင့် ထိုင်းနိုင်ငံကနေ ဆန်တင်သွင်းဖို့ စဉ်းစားနေကြတဲ့ အကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းက ပြောဆိုပါတယ်။ နိုင်ငံတွင်း အရန်ဆန် ထားရှိဖို့၊ တပ်မတော် ရိက္ခာဆန်ကို အပြည့်အ၀ ပေးသွင်းဖို့နဲ့ တရုတ်နယ်စပ် ကို တင်ပို့နေတဲ့ ပမာဏကလည်း များတာကြောင့် လက်ရှိ စပါးဈေးကတော့ ကျမယ့် အလားအလာ မရှိသေးဘူလို့လည်း ဆန်စပါး အသိုင်းအ၀ိုင်းက ပြောဆိုပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
စပါးပေါ်ချိန် နှစ်စဉ် ဒီဇင်ဘာလမှ စပါးဈေးကျလေ့ ရှိပေမယ့် ဒီနှစ်မှာတော့ စပါး တင်း ၁၀၀ကို ၆ သိန်းကျော် ဈေးပေါက်နေတာကြောင့် ပြည်တွင်း ဆန်ကုန်သည်တွေ တွက်ခြေမကိုက်ဖြစ်ကြရပြီး ပြည်ပကနေ လုံးတီးဆန် တင်သွင်းဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးနဲ့ ဆန်စပါး လုပ်ငန်းရှင်တွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်တွင်း စပါးဈေးတက်တာကြောင့် ထိုင်းနိုင်ငံကနေ လုံးတီးဆန် တင်သွင်းရေးကို မူအားဖြင့် သဘောတူခဲ့ပေမယ့်လောလောဆယ်တော့ ၀ယ်ယူမယ့် အစီအစဉ် မရှိသေးတဲ့ အကြောင်းလည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းရဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
“စပါးဈေးက မြင့်နေတာပေါ့။ ဆန်ကြမ်း စပါးဈေးက ၆သိန်းနီးပါး ဖြစ်နေတာ့။ သင်္ဘောတင်တဲ့ သူတွေက တွက်ခြေမကိုက်ဘူးပေါ့။ ဆန်စပါးဈေးက ကမ္ဘာမှာတော့ ကျနေတဲ့ အပိုင်းမှာရှိတာပေါ့။ အခုကတော့ လိုအပ်ရင် ထိုင်းဘက်က သွင်းဖို့ မူအားဖြင့် သဘောတူထားပါတယ်။ လောလောဆယ်ကတော့ ချက်ချင်း ကောက်သွင်းမှာတော့ မဟုတ်သေးဘူးပေါ့။ အဓိကကတော့တစ် အစိုးရက ခွင့်ပြုပေးဖို့ လိုတယ်။ နှစ်ကတော့ အခွန်ဘယ်လောက် ကောက်မလဲပေါ့။ ဒီနှစ်ကုန်ပြီဆိုရင်ပဲ အေအီးစီက စတော့မယ်ပေါ့နော်။ စပြီဆိုရင် သူတို့ဆီက ဆန်ဝင်လာရင် ကျွန်တော်တို့ အနေနဲ့က လက်ခံရမယ့် အပိုင်းရှိတယ်။ အဲဒီမှာ အခွန်ကို ဘယ်လောက်ကောက်မလဲ ဆုံးဖြတ်ရမယ့် အပိုင်းရှိတယ်။”
ပြီးခဲ့တဲ့ နှစ်က အစိုးရဘက်က နိုင်ငံအတွက် အရံ ဆန် မထားခဲ့ပေမယ့် ဒီနှစ်မှာ ရာသီဥတု အခြေအနေ အရ အရံ ဆန် ပြန်လည်ထားရှိရေး၊ နောက် အစိုးရသစ် အပြောင်းအလဲ ကာလမှာ တပ်မတော်ကို ပေးသွင်းရမယ့် ရိက္ခာဆန် ပေးသွင်းရမယ့် အခြေအနေတွေကလည်း ပြောင်းလဲလာတာကြောင့် ပြည်တွင်း စပါးဈေးကတော့ ကျဖို့ အလားအလာ မရှိသေးဘူးလို့လည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းရဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
“အခုနေ ဈေးအမြင့်ဖြစ်နေတဲ့အတွက် အရံဆန်သာ ထွက်ဝယ်လိုက်ရင် ဒီထက်ပိုပြီး တွက်သွားနိုင်တယ်။ တက်သွားတဲ့အခါကျရင် စားသုံးသူပြည်သူတွေအတွက် အခက်အခဲဖြစ်လာနိုင်တာကို ချိန်ညှိပြီး စဉ်းစားရမယ်။ တရုတ်ကတော့ ကိုက်သေးတယ်။ သူက အမြတ်အများကြီး မဟုတ်သော်လည်း တရုတ်နယ်စပ်က ယူနန်ပြည်နယ်ကနေ ၀ယ်တဲ့အခါကျတော့ အခြားနိုင်ငံက ၀ယ်သလို သင်္ဘောလမ်းကြောင်း မရှိဘူးပေါ့။ ကားနဲ့ တိုက်ရိုက် ယူနန်ပြည်နယ်ထဲ ပို့တာဆိုတော့ သူတို့က ပိုပေးတာပေါ့။ နောက်တစ်ချက်ကတော့ တပ်မတော် ရိက္ခာပေါ့။ ခုနကပြောတဲ့ ဦးပိုင်တို့ အမ်အီးစီတို့က တင်သွင်းရမယ့် supplier တွေကို ဒီဘက်ဂျက်မတိုင်ခင် သွင်းဖို့ တွန်းအားပေးတာကြောင့်ပေါ့။အရင်တုန်းကတော့ အကြွေးမှတ်ထားကြပြီး၊ နောက်မှ ဖြည်းဖြည်း သွင်းကြတယ်။ အခုကျတော့ အစိုးရအဖွဲ့ အြေ့ပာင်းအလဲနဲ့ ဆိုတော့ စာရင်းစစ်မယ် ဘာညာနဲ့ဆိုတော့ ဒါကလည်း ဒုတိယအချက်အနေနဲ့ဝယ်လိုအားများသွားတဲ့ အကြောင်းဖြစ်တယ်။”
မြန်မာနိုင်ငံ အတွက် အရံဆန်က တန်ချိန် ၁ သောင်း ၄ ထောင်၊ ဆန်အိတ် ၂ သိန်း ၈ သောင်းလိုအပ်မှာ ဖြစ်ပြီး အခုစပါးဈေး တက်နေချိန်မှာတော့ ၀ယ်ယူနိုင်မယ့် အနေအထားမရှိသေးဘဲ နွေစပါးပေါ်ချိန်မှသာ ၀ယ်ယူရမယ့် အနေအထားရှိတယ်လို့လည်း ဆန်စပါး အသိုင်းအ၀ိုင်းက သုံးသပ်ပါတယ်။ လောလောဆယ် အနေအထားမှာတော့ တရုတ်နယ်စပ်ကို တင်ပို့ရောင်းချနေမှုက ဆန်ကြမ်း တတန်ကို ဒေါ်လာ ၄၀၀ နီးပါး ရရှိနေတာကြောင့် ကုန်သည်တွေ အတွက် တွက်ချေကိုက်နေတဲ့ အနေအထား ဖြစ်သလို ပြည်တွင်း စပါးစိုက်တောင်သူတွေ အတွက်လည်း စပါးဈေး အမြင့်ရတာကြောင့် တွက်ချေကိုက်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။ ပြည်တွင်း ဆန်ဈေးကတော့ ငွေကြေးဖောင်းပွမှု တခြားကုန်ပစ္စည်းဈေးတွေနဲ့ လိုက်ပါပြီး ဈေးတက်နေပေမယ့် သိသိသာသာကြီး ဈေးတက်တဲ့ အနေအထား မရှိသေးတဲ့ အကြောင်းလည်း ဆန်စပါး အသိုင်းအ၀ိုင်းက သုံးသပ်ပါတယ်။
သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
..............
ျမန္မာဆန္စက် (ကိုက္လတ်မြို့)
ျပည္တြင်း စပါးစေ်း မကြုံစဖူး စေ်းတက်နေတာကြောင့် ထိုင်းနိုင်ငံကေန ဆန္တင်ြသင်းဖို့ စဉ်းစားနေကြတဲ့ အေကြာင်ျးမန္မာနိုင်ငံ ဆန္စပါးအသင်းကျေပာဆိုပါတယ်။ နိုင်ငံတြင်း အရန္ဆန် ထားရွိဖို့၊ တပ္မေတာ် ရိက္ခာဆန္ကို အျပည့်အ၀ ပေးသြင်းဖို့နဲ့ တရုတ္နယ္စပ် ကို တင္ပို့နေတဲ့ ပမာဏကလည်း မ်ားတာကြောင့် လက်ရွိ စပါးစေ်းကေတာ့ က်မယ့် အလားအလာ မရွိသေးဘူလို့လည်း ဆန္စပါး အသိုင်းအ၀ိုင်းကျေပာဆိုပါတယ်။ မသိဂ င်္ီထိုက် စုစည်းတင်ျပထားပါတယ်။
စပါးပေါ်ခိန် နွစ္စဉ် ဒီဇင္ဘာလမွ စပါးစေ်းက်လေ့ ရွိပေမယ့် ဒီနွစ္မွာတော့ စပါး တင်း ၁၀၀ကို ၆ သိန်းကော်် စေ်းပေါက်နေတာကြောင့်ျပည္တြင်း ဆန္ကုန်သည်တြေ တြက်ျေခမကိုက်ျဖစ်ကြရပြီျးပည္ပကေန လုံးတီးဆန် တင်ြသင်းဖို့ စီးပြားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးနဲ့ ဆန္စပါး လုပ်ငန်းရွင်တြေ ဆြေးနြေးခဲ့ကြတျာဖစ္ပါတယ်။ျပည္တြင်း စပါးစေ်းတက္တာကြောင့် ထိုင်းနိုင်ငံကေန လုံးတီးဆန် တင်ြသင်းရေးကို မူအာျးဖင့် သေဘာတူခဲ့ပေမယ့်လောလောဆယ်တော့ ၀ယ်ယူမယ့် အစီအစဉ် မရွိသေးတဲ့ အေကြာင်းလည်ျးမန္မာနိုင်ငံ ဆန္စပါး အသင်းရဲ့ ဒုတိယ ဥက္ကဌ ဒေါက္တာ စိုးထြန်းကျေပာပါတယ်။
“စပါးစေ်းကျမင့်နေတာပေါ့။ ဆန်ကြမ်း စပါးစေ်းက ၆သိန်းနီးပါျးဖစ်နေတာ့။ သေင်္ဘာတင္တဲ့ သူတြေက တြက်ျေခမကိုက္ဘူးပေါ့။ ဆန္စပါးစေ်းက ကမ္ဘာမွာတော့ က်နေတဲ့ အပိုင်းမွာရွိတာပေါ့။ အခုကေတာ့ လိုအပ်ရင် ထိုင်းဘက္က သြင်းဖို့ မူအာျးဖင့် သေဘာတူထားပါတယ်။ လောလောဆယ္ကေတာ့ ခ်က္ခ်င်း ကောက်ြသင်းမွာတော့ မဟုတ်သေးဘူးပေါ့။ အဓိကကေတာ့တစ် အစိုးရက ခြင့်ျပုပေးဖို့ လိုတယ်။ နွစ္ကေတာ့ အခြန္ဘယ်လောက် ကောက္မလဲပေါ့။ ဒီနွစ္ကုန်ပြီဆိုရင္ပဲ အေအီးစီက စေတာ့မယ်ပေါ့နော်။ စပြီဆိုရင် သူတို့ဆီက ဆန်ဝင္လာရင် ကျန်ြတ္တောို့ အေနနဲ့က လက္ခံရမယ့် အပိုင်းရွိတယ်။ အဲဒီမွာ အခြန္ကို ဘယ်လောက်ကောက္မလဲ ဆုံျးဖတ်ရမယ့် အပိုင်းရွိတယ်။”
ပြီးခဲ့တဲ့ နွစ္က အစိုးရဘက္က နိုင်ငံအတြက် အရံ ဆန် မထားခဲ့ပေမယ့် ဒီနွစ္မွာ ရာသီဥတု အျေခအေန အရ အရံ ဆန်ျပန္လည္ထားရွိရေး၊ နောက် အစိုးရသစ် အျေပာင်းအလဲ ကာလမွာ တပ္မေတ္ကာို ပေးသြင်းရမယ့် ရိက္ခာဆန် ပေးသြင်းရမယ့် အျေခအေနေတြကလည်းျေပာင်းလဲလာတာကြောင့်ျပည္တြင်း စပါးစေ်းကေတာ့ က်ဖို့ အလားအလာ မရွိသေးဘူးလို့လည်ျးမန္မာနိုင်ငံ ဆန္စပါး အသင်းရဲ့ ဒုတိယ ဥက္ကဌ ဒေါက္တာ စိုးထြန်းကျေပာပါတယ်။
“အခုနေ စေ်းအျမင့်ျဖစ်နေတဲ့အတြက် အရံဆန်သာ ထြက်ဝယ္လိုက်ရင် ဒီထက္ပိုပြီး တြက်ြသားနိုင္တယ်။ တက်ြသားတဲ့အခါက်ရင် စားသုံးသျူပည်သူတြေအတြက် အခက်အချဲဖစ္လာနိုင္တာကို ခိန်ညှိပြီး စဉ်းစားရမယ်။ တရုတ္ကေတာ့ ကိုက်သေးတယ်။ သူက အျမတ်အမ်ားကြီး မဟုတ်သ္လောည်း တရုတ္နယ္စပ္က ယူနန်ျပည္နယ္ကေန ၀ယ္တဲ့အခါက်တော့ အျခားနိုင်ငံက ၀ယ်သလို သေင်္ဘာလမ်းကြောင်း မရွိဘူးပေါ့။ ကားနဲ့ တိုက်ရိုက် ယူနန်ျပည္နယ္ထဲ ပို့တာဆိုတော့ သူတို့က ပိုပေးတာပေါ့။ နောက္တစ္ခ်က္ကေတာ့ တပ္မေတာ် ရိက္ခာပေါ့။ ခုနကျေပာတဲ့ ဦးပိုင္တို့ အမ်အီးစီတို့က တင်ြသင်းရမယ့် supplier တြေကို ဒီဘက္ဂ်က္မတိုင္ခင် သြင်းဖို့ တြန်းအားပေးတာကြောင့်ပေါ့။အရင္တုန်းကေတာ့ အေကြးမွတ္ထားကြပြီး၊ နောက္မျွဖည်ျးဖည်း သြင်းကြတယ်။ အခုက်တော့ အစိုးရအဖြဲ့ အျေ့ပာင်းအလဲနဲ့ ဆိုတော့ စာရင်းစစ္မယ် ဘာညာနဲ့ဆိုတော့ ဒါကလည်း ဒုတိယအခ်က်ေအနနဲ့ဝယ္လိုအားမ်ားသြားတဲ့ အေကြာင်ျးဖစ္တယ်။”
ျမန္မာနိုင်ငံ အတြက် အရံဆန္က တန္ခိန် ၁ သောင်း ၄ ထောင်၊ ဆန်အိတ် ၂ သိန်း ၈ သောင်းလိုအပ္မျွာဖစ်ပြီး အခုစပါးစေ်း တက်နေခိန္မွာတော့ ၀ယ်ယူနိုင္မယ့် အေနအထားမရွိသေးဘဲ နေစြပါးပေါ်ခိန္မွသာ ၀ယ်ယူရမယ့် အေနအထားရွိတယ္လို့လည်း ဆန္စပါး အသိုင်းအ၀ိုင်းက သုံးသပ္ပါတယ်။ လောလောဆယ် အေနအထားမွာတော့ တရုတ္နယ္စပ္ကို တင္ပို့ရောင်းခ်နေမှုက ဆန်ကြမ်း တတန္ကို ဒေါ်လာ ၄၀၀ နီးပါး ရရွိနေတာကြောင့် ကုန်သည်တြေ အတြက် တြက်ခ်ေကိုက်နေတဲ့ အေနအထာျးဖစ်သလျိုပည္တြင်း စပါးစိုက်တောင်သူတြေ အတြက္လည်း စပါးစေ်း အျမင့်ရတာကြောင့် တြက်ခ်ေကိုက်နေတဲ့ အေနအထားမွာ ရွိနေပါတယ်။ျပည္တြင်း ဆန်စေ်းကေတာ့ ငြေကြးဖောင်းပြမှု တျခားကုန္ပစ္စည်းစေ်းတြေနဲ့ လိုက္ပါပြီး စေ်းတက်နေပမယ့် သိသိသာသာကြီး စေ်းတက္တဲ့ အေနအထား မရွိသေးတဲ့ အေကြာင်းလည်း ဆန္စပါး အသိုင်းအ၀ိုင်းက သုံးသပ္ပါတယ်။
သိင်္ဂီထိုက် / ဗြီအိုအေ (ျမန္မာပိုင်း)
http://burmese.voanews.com
No comments:
Post a Comment