Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 21, 2015

ေက်ာင္းသားေတြ ႏိုင္ငံျပန္လည္တည္ေဆာက္ေရးမွာ ပါဝင္ခြင့္

လက္ပံတန္းမွာ အမ်ဳိးသားပညာေရးဥပေဒ ျပင္ဆင္ေရး ခ်ီတက္ဆႏၵျပခဲ့ၾကတဲ့ ေက်ာင္းသားေတြ (မတ္လ ၃၊ ၂၀၁၅)

ျမန္မာ့ႏိုင္ငံေရး အေျပာင္းအလဲအတြက္ ေ႐ွ႕တန္းက ပါဝင္ခဲ့ၾကတဲ့ ေက်ာင္းသားေတြကို တိုင္းျပည္ ျပန္လည္တည္ေဆာက္ေရးက႑ေတြမွာ ပါဝင္ခြင့္ေပးသင့္တယ္လို႔ ေက်ာင္းသားေခါင္းေဆာင္ ဗိုလ္ေအာင္ေက်ာ္ က်ဆုံးတဲ့(၇၇)ႏွစ္ျပည့္ေျမာက္ ေန႔မွာ ေက်ာင္းသားေခါင္းေဆာင္ေဟာင္းေတြက
 ေျပာပါတယ္။ အျပည့္အစံုကို ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

အဂၤလိပ္အစုိးရရဲ႕ ပညာေရးစနစ္ကို ဆန္႔က်င္ရာမွာ ဦးေဆာင္ပါဝင္ခဲ့လုိ႔ ျမင္းစီးပုလိပ္ေတြရဲ႕လက္ခ်က္နဲ႔ ၁၉၃၈ ခုႏွစ္ ဒီဇင္ဘာလ ၂၀ ရက္ေန႔ ရန္ကုန္ၿမဳိ့မွာ ေက်ာင္းသားေခါင္းေဆာင္ ဗိုလ္ေအာင္ေက်ာ္ ကြယ္လြန္ခဲ့တာ ခုဆိုရင္ (၇၇)ႏွစ္ျပည့္သြားၿပီျဖစ္ပါတယ္။ အဂၤလိပ္အစုိးရ လက္ထက္ကစၿပီး ျမန္မာႏိုင္ငံမွာ ေက်ာင္းသားလႈပ္႐ွားမႈကို အစိုးရေတြက ႏွိမ္နင္းခဲ့တာပါ။ 

ၿပီးခဲ့တဲ့ မတ္လတုန္းကလဲ ပဲခူးတုိင္း လက္ပံတန္းၿမဳိ႕မွာ အမ်ဳိးသားပညာေရးဥပေဒ ျပင္ဆင္ေရး ခ်ီတက္ဆႏၵျပခဲ့ၾကတဲ့ ေက်ာင္းသားေတြကို အစိုးရက အလုံးအရင္းနဲ႔ ၿဖဳိခြင္းခဲ့ပါတယ္။

တကယ္ေတာ့ ျမန္မာႏုိင္ငံက ေက်ာင္းသားေတြဟာ ေက်ာင္းသားေခါင္းေဆာင္ ဗုိလ္ေအာင္ေက်ာ္ရဲ႕စိတ္ဓါတ္ကုိ ကုိင္စြဲၿပီး ဒီကေန႔အခ်ိန္ထိ တိုင္းျပည္ရဲ႕အက်ဳိး ျပည္သူလူထုအက်ဳိးအတြက္ အေလးထားလုပ္ေဆာင္ခဲ့ၾကတယ္လို႔ ျမင္မိေၾကာင္း ၁၉၇၆ မႈိင္းရာျပည္ တုိက္ပြဲဝင္ ေက်ာင္းသားတဦးျဖစ္ခဲ့သူ ေရွ႕ေန ဦးသိန္းသန္းဦးက ေျပာပါတယ္။

“ဗုိလ္ေအာင္ေက်ာ္က က်ေနာ္တို႔ေရွ႕က လမ္းျပခဲ့တာဗ်ာ။ တိုက္ပြဲ၀င္ရင္းက်ဆံုးသြားတယ္။ ဒါေတာင္မွ ဗုိလ္ေအာင္ေက်ာ္က အဂၤလိပ္ေတြက ေသပါေစလို႔ရိုက္တာမဟုတ္ဘူး။ ျမင္းတပ္နဲ႔ၿဖိဳခြဲေတာ့ ေသြးလြန္ၿပီးေတာ့ ေသသြားတာ။ က်ေနာ္တို႔သမိုင္းမွာေတာ့ ေက်ာင္းသားေခါင္းေဆာင္ ကိုတင္ေမာင္ဦးကို ႀကိဳးေပးသတ္တယ္။ အဲဒီလိုမ်ိဳးေတြ ဆက္တိုက္ျဖစ္ေနတာဟာ အင္မတန္၀မ္းနည္းစရာေကာင္းတယ္။ ဗုိလ္ေအာင္ေက်ာ္က်ဆံုးခဲ့တဲ့ ၇၇ ႏွစ္ ေျမာက္မွာလည္း ဗုိလ္ေအာင္ေက်ာ္တို႔ကိုင္စြဲခဲ့တဲ့ ဒီမိုကေရစီပညာေရး စနစ္တည္ေဆာက္ေရးတိုက္ပြဲႀကီးကို ေနာက္မ်ိဳးဆက္ေက်ာင္းသားေတြက ဆက္လက္တိုက္ပြဲ၀င္ေနစဲပဲျဖစ္တယ္ ဆိုတာကို က်ေနာ္အသိအမွတ္ျပဳေျပာၾကားခ်င္ပါတယ္။”
တိုင္းျပည္ ျပန္လည္တည္ေဆာက္ေရးမွာ ေက်ာင္းသားေတြကို ပါဝင္ခြင့္ေပးသင့္တယ္လို႔ ေရွ႕ေန ဦးသိန္းသန္းဦးက ေျပာပါတယ္။

“က်ေနာ္တို႔က ၁၉၆၂ ကတည္းက စနစ္သစ္ပညာေရးဆိုၿပီးေတာ့ စစ္ကၽြန္ပညာေရးစနစ္ကိုထူေထာင္လာလိုက္တာ ယေန႔အခ်ိန္အထိလည္း က်ေနာ္တို႔က ဒီသံသရာထဲက မလႊတ္ပါဘူး။ လက္ရွိအခ်ိန္မွာေက်ာင္းသားေတြက ဒီမိုကေရစီပညာေရးစနစ္ကို ရိုးရိုးသားသားေတာင္းဆိုတာကို မတရားဖိႏိွပ္ေျခမႈန္းၿပီးေတာ့ ေထာင္ထဲထည့္ထားတယ္။ ဒါလံုး၀မျဖစ္သင့္ဘူး။ အေထြေထြလႊတ္ၿငိမ္းခ်မ္းသာခြင့္ႀကီးေပးၿပီးေတာ့ ေက်ာင္းသားေတြကို စာသင္ခန္းထဲကိုျပန္ခြင့္ေပးၿပီးေတာ့ ႏိုင္ငံေရးလႈပ္ရွားမႈေတြမွာ ပူးေပါင္းပါ၀င္ခြင့္ျပဳသင့္တယ္လို႔ က်ေနာ္ယံုၾကည္တယ္ဗ်ာ။”

အစိုးရက ဖိႏွိပ္မႈေတြလုပ္ေပမယ့္လဲ ေက်ာင္းသားလႈပ္႐ွားမႈေတြကေတာ့ ဆက္႐ွိေနဆဲပါ။ ဒါေပမယ့္ စစ္မွန္တဲ့ ဒီမိုကေရစီ အုပ္ခ်ဳပ္မႈ ေပၚေပါက္လာခ်ိန္ ႏုိင္ငံတည္ေဆာက္ေရးမွာ ေက်ာင္းသားေတြ ရဲ႕ပါဝင္မႈကလဲ ပိုၿပီးပီျပင္လာလိမ့္မယ္လို႔ ၈၈၈၈ ေက်ာင္းသားလႈပ္႐ွားမႈရဲ႕ ေခါင္းေဆာင္တဦးျဖစ္တဲ့ ဦးမင္းေဇယ်က ျမင္ပါတယ္။

“ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးလွဳပ္ရွားမႈသမိုင္းမွာ အရင္ဆံုးစခဲ့တာလည္းေက်ာင္းသားေတြပဲ။ ေခတ္အဆက္ဆက္ႏိုင္ငံေရးလႈပ္ရွားမႈတိုင္းမွာ ေက်ာင္းသားေတြရဲ႕ပါ၀င္မႈအခန္းက႑ျမင့္မားတယ္။ အစဥ္တစိုက္ပါ၀င္ခဲ့တယ္။ အဲဒါကလည္းဘာျဖစ္လို႔လဲဆိုေတာ့ အာဏာရွင္ရဲ႕ အာဏာတည္ျမဲေရးအတြက္ျပည္သူတရပ္လံုးကို ဖိႏိွပ္ ႏိွပ္စက္ေနတဲ့ အခ်ိန္မွာ ေက်ာင္းသားေတြက ဒီအတိုင္းမၾကည့္ႏိုင္လို႔ အမ်ိဳးသားေရးအခန္းက႑၊ ႏိုင္ငံေရးက႑မွာေက်ာင္းသားေတြပါ၀င္ေနရတာ။ အကယ္၍သာ စစ္မွန္ေသာ ဒီမိုကေရစီႏိုင္ငံျဖစ္သြားတဲ့ထိေရာက္သြားၿပီဆိုရင္ေတာ့ ေက်ာင္းသားေတြရဲ႕ စစ္မွန္ေသာအခန္းက႑က ခိုင္ခိုင္မာမာေပၚလာမွာပဲ။”

ေက်ာင္းသားေခါင္းေဆာင္ ဗိုလ္ေအာင္ေက်ာ္ကို ၁၉၁၅ ခုႏွစ္ ဒီဇင္ဘာလ(၂၇)ရက္ေန႔က အဂၤပူ ၿမဳိ့နယ္၊ ႐ုံးဇင္ရြာမွာေမြးဖြားခဲ့တာပါ။ အလယ္တန္းပညာကို ဟသၤာတၿမဳိ႕နယ္ မယ္ဇလီကုန္း အမ်ဳိးသားေက်ာင္းကေန ေအာင္ျမင္ခဲ့ၿပီး အထက္တန္းကိုေတာ့ ဟသၤာၿမဳိ႕ကေန ေအာင္ျမင္ခဲ့ပါတယ္။ ရန္ကုန္ၿမဳိ႕ ဂ်ပ္ဆင္ေကာလိပ္မွာ ဥပစာတန္းတက္ေနတုန္း ေက်ာင္းသားေတြကို ဖိႏွိပ္တဲ့ အဂၤလိပ္အစိုးရကုိ ဆန္႔က်င္တဲ့အေနနဲ႔ ရန္ကုန္အတြင္းဝန္႐ုံးကို ပိတ္ဆုိ႔ဆႏၵျပခ်ိန္ ျမင္းစီးပုလိပ္ေတြရဲ႕႐ိုက္ႏွက္မႈနဲ႔ ေသြးလြန္ၿပီး ကြယ္လြန္ခဲ့ရသူ ျဖစ္ပါတယ္။ 

ကိုဉာဏ္ဝင္းေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.....................

လက်ပံတန်းမှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ချီတက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေ (မတ်လ ၃၊ ၂၀၁၅)

မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ရှေ့တန်းက ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေကို တိုင်းပြည် ပြန်လည်တည်ဆောက်ရေးကဏ္ဍတွေမှာ ပါဝင်ခွင့်ပေးသင့်တယ်လို့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးတဲ့(၇၇)နှစ်ပြည့်မြောက် နေ့မှာ ကျောင်းသားခေါင်းဆောင်ဟောင်းတွေက
 ပြောပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

အင်္ဂလိပ်အစိုးရရဲ့ ပညာရေးစနစ်ကို ဆန့်ကျင်ရာမှာ ဦးဆောင်ပါဝင်ခဲ့လို့ မြင်းစီးပုလိပ်တွေရဲ့လက်ချက်နဲ့ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ရန်ကုန်မြို့မှာ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကွယ်လွန်ခဲ့တာ ခုဆိုရင် (၇၇)နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရ လက်ထက်ကစပြီး မြန်မာနိုင်ငံမှာ ကျောင်းသားလှုပ်ရှားမှုကို အစိုးရတွေက နှိမ်နင်းခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လတုန်းကလဲ ပဲခူးတိုင်း လက်ပံတန်းမြို့မှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ချီတက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို အစိုးရက အလုံးအရင်းနဲ့ ဖြိုခွင်းခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံက ကျောင်းသားတွေဟာ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့စိတ်ဓါတ်ကို ကိုင်စွဲပြီး ဒီကနေ့အချိန်ထိ တိုင်းပြည်ရဲ့အကျိုး ပြည်သူလူထုအကျိုးအတွက် အလေးထားလုပ်ဆောင်ခဲ့ကြတယ်လို့ မြင်မိကြောင်း ၁၉၇၆ မှိုင်းရာပြည် တိုက်ပွဲဝင် ကျောင်းသားတဦးဖြစ်ခဲ့သူ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ဗိုလ်အောင်ကျော်က ကျနော်တို့ရှေ့က လမ်းပြခဲ့တာဗျာ။ တိုက်ပွဲဝင်ရင်းကျဆုံးသွားတယ်။ ဒါတောင်မှ ဗိုလ်အောင်ကျော်က အင်္ဂလိပ်တွေက သေပါစေလို့ရိုက်တာမဟုတ်ဘူး။ မြင်းတပ်နဲ့ဖြိုခွဲတော့ သွေးလွန်ပြီးတော့ သေသွားတာ။ ကျနော်တို့သမိုင်းမှာတော့ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးကို ကြိုးပေးသတ်တယ်။ အဲဒီလိုမျိုးတွေ ဆက်တိုက်ဖြစ်နေတာဟာ အင်မတန်ဝမ်းနည်းစရာကောင်းတယ်။ ဗိုလ်အောင်ကျော်ကျဆုံးခဲ့တဲ့ ရ၇ နှစ် မြောက်မှာလည်း ဗိုလ်အောင်ကျော်တို့ကိုင်စွဲခဲ့တဲ့ ဒီမိုကရေစီပညာရေး စနစ်တည်ဆောက်ရေးတိုက်ပွဲကြီးကို နောက်မျိုးဆက်ကျောင်းသားတွေက ဆက်လက်တိုက်ပွဲဝင်နေစဲပဲဖြစ်တယ် ဆိုတာကို ကျနော်အသိအမှတ်ပြုပြောကြားချင်ပါတယ်။”
တိုင်းပြည် ပြန်လည်တည်ဆောက်ရေးမှာ ကျောင်းသားတွေကို ပါဝင်ခွင့်ပေးသင့်တယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ကျနော်တို့က ၁၉၆၂ ကတည်းက စနစ်သစ်ပညာရေးဆိုပြီးတော့ စစ်ကျွန်ပညာရေးစနစ်ကိုထူထောင်လာလိုက်တာ ယနေ့အချိန်အထိလည်း ကျနော်တို့က ဒီသံသရာထဲက မလွှတ်ပါဘူး။ လက်ရှိအချိန်မှာကျောင်းသားတွေက ဒီမိုကရေစီပညာရေးစနစ်ကို ရိုးရိုးသားသားတောင်းဆိုတာကို မတရားဖိနှိပ်ခြေမှုန်းပြီးတော့ ထောင်ထဲထည့်ထားတယ်။ ဒါလုံးဝမဖြစ်သင့်ဘူး။ အထွေထွေလွှတ်ငြိမ်းချမ်းသာခွင့်ကြီးပေးပြီးတော့ ကျောင်းသားတွေကို စာသင်ခန်းထဲကိုပြန်ခွင့်ပေးပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါ၀င်ခွင့်ပြုသင့်တယ်လို့ ကျနော်ယုံကြည်တယ်ဗျာ။”

အစိုးရက ဖိနှိပ်မှုတွေလုပ်ပေမယ့်လဲ ကျောင်းသားလှုပ်ရှားမှုတွေကတော့ ဆက်ရှိနေဆဲပါ။ ဒါပေမယ့် စစ်မှန်တဲ့ ဒီမိုကရေစီ အုပ်ချုပ်မှု ပေါ်ပေါက်လာချိန် နိုင်ငံတည်ဆောက်ရေးမှာ ကျောင်းသားတွေ ရဲ့ပါဝင်မှုကလဲ ပိုပြီးပီပြင်လာလိမ့်မယ်လို့ ၈၈၈၈ ကျောင်းသားလှုပ်ရှားမှုရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းဇေယျက မြင်ပါတယ်။

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ အရင်ဆုံးစခဲ့တာလည်းကျောင်းသားတွေပဲ။ ခေတ်အဆက်ဆက်နိုင်ငံရေးလှုပ်ရှားမှုတိုင်းမှာ ကျောင်းသားတွေရဲ့ပါ၀င်မှုအခန်းကဏ္ဍမြင့်မားတယ်။ အစဉ်တစိုက်ပါ၀င်ခဲ့တယ်။ အဲဒါကလည်းဘာဖြစ်လို့လဲဆိုတော့ အာဏာရှင်ရဲ့ အာဏာတည်မြဲရေးအတွက်ပြည်သူတရပ်လုံးကို ဖိနှိပ် နှိပ်စက်နေတဲ့ အချိန်မှာ ကျောင်းသားတွေက ဒီအတိုင်းမကြည့်နိုင်လို့ အမျိုးသားရေးအခန်းကဏ္ဍ၊ နိုင်ငံရေးကဏ္ဍမှာကျောင်းသားတွေပါ၀င်နေရတာ။ အကယ်၍သာ စစ်မှန်သော ဒီမိုကရေစီနိုင်ငံဖြစ်သွားတဲ့ထိရောက်သွားပြီဆိုရင်တော့ ကျောင်းသားတွေရဲ့ စစ်မှန်သောအခန်းကဏ္ဍက ခိုင်ခိုင်မာမာပေါ်လာမှာပဲ။”

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို ၁၉၁၅ ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့က အင်္ဂပူ မြို့နယ်၊ ရုံးဇင်ရွာမှာမွေးဖွားခဲ့တာပါ။ အလယ်တန်းပညာကို ဟင်္သာတမြို့နယ် မယ်ဇလီကုန်း အမျိုးသားကျောင်းကနေ အောင်မြင်ခဲ့ပြီး အထက်တန်းကိုတော့ ဟင်္သာမြို့ကနေ အောင်မြင်ခဲ့ပါတယ်။ ရန်ကုန်မြို့ ဂျပ်ဆင်ကောလိပ်မှာ ဥပစာတန်းတက်နေတုန်း ကျောင်းသားတွေကို ဖိနှိပ်တဲ့ အင်္ဂလိပ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်အတွင်းဝန်ရုံးကို ပိတ်ဆို့ဆန္ဒပြချိန် မြင်းစီးပုလိပ်တွေရဲ့ရိုက်နှက်မှုနဲ့ သွေးလွန်ပြီး ကွယ်လွန်ခဲ့ရသူ ဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment