"ထိပ္တိုက္ရင္ဆိုင္ျခင္းကို ထိပ္တိုက္ရင္ဆိုင္ျခင္းျဖင့္ တံု႔ျပန္မည္။ ကလဲ့စားေခ်မႈကို ကလဲ့စားေခ်ျခင္းျဖင့္ တံု႔ျပန္မည္။" ဆိုသည့္ ရဲရဲေတာက္ ပိုစတာမ်ားကို ၿမိဳ႕ေတာ္အႏွံ႔ ေတြ႕ရသည္။ လူႀကီးမ်ားက စစ္ပြဲအတြက္ ျပင္ဆင္ေနၾကခ်ိန္ ကေလးမ်ားအဖို႔ ေပ်ာ္ပြဲရႊင္ပြဲႀကီး ျဖစ္ေနသည္။ ထုပ္ပိုးထားေသာ အစားေသာက္မ်ားကို ကြ်န္မတို႔ ခိုးယူၾကသည္။ လူႀကီးမ်ား အလုပ္မ်ားေနသည္ကို စိတ္ဝင္တစား ေစာင့္ၾကည့္ၾကသည္။ ေလေၾကာင္းသတိေပး ဥၾသဆြဲလ်က္ မီးေမွာင္ခ်ရန္ သတိေပးသည့္အခါ ကြ်န္မတို႔ ေခါင္မိုးေပၚတက္ကာ တၿမိဳ႕လံုးေမွာင္က်သြားသည္ကို ၾကည့္ၾကသည္။ သန္းေခါင္ေက်ာ္တြင္ အခ်က္ေပးဥၾသဆြဲသည့္အခါ ကြ်န္မတို႔သည္ အိပ္ရာမွ လူးလဲထကာ အနီးရွိ ေတာင္ကုန္းတြင္ တူးထားေသာ ဗံုးခိုက်င္းမ်ားဆီသို႔ ေျပးရသည္။
ယင္းသို႔ ျဖစ္ပ်က္ေနစဥ္ ကင္အီဆြန္း၏ လူယံုေတာ္ အႀကံေပး ၂ ဦးျဖစ္သည့္ ဟိုဘြန္ဟက္ ႏွင့္ ကင္ခ်န္ဘြန္ တို႔ ကြပ္မ်က္ခံရသည္။ သူတို႔၏ အမည္မ်ားကို ေက်ာင္းသံုးစာအုပ္မ်ားတြင္ ဖ်က္ပစ္ရန္ အစိုးရက အမိန္႔ထုတ္သည္။ ကြ်န္မတို႔က တညီတၫြတ္တည္း မင္မည္းသုတ္ျခင္းျဖင့္ လည္ေကာင္း ဓားမ်ားျဖင့္ ျဖတ္ထုတ္ျခင္းျဖင့္ လည္ေကာင္း သူတို႔၏အမည္ကို လူစာရင္းမွ ပယ္ဖ်က္လိုက္ၾကသည္။
အဖြဲ႕လိုက္လႈပ္ရွားျခင္းသည္ ပညာသင္ၾကားျခင္းထက္ ပိုမိုအေရးႀကီးသည္။ အခ်ိန္အမ်ားစုကို ေစတနာ့ဝန္ထမ္း လုပ္အားေပးၾကရသည္။ ေႏြရာသီတြင္ အမ်ဴ ိးသမီးမ်ား ေဘာင္းဘီမဝတ္ရဟု ကင္အီဆြန္းက အမိန္႔ထုတ္သည္။ ကေလးငယ္မ်ားသည္ အုပ္စုဖြဲ႕ကာ လမ္းသြားလမ္းလာ အမ်ဴ ိးသမီးမ်ား၏ အဝတ္အစားကို ေသခ်ာစြာ စစ္ေဆးသည္။ ေဘာင္းဘီဝတ္ထားေသာ မိန္းမႏွင့္ ကင္အီဆြန္း၏ အမွတ္တံဆိပ္ တပ္ဆင္ရန္ ေမ့ေလ်ာ့လာေသာ တေယာက္ေယာက္ကို ေတြ႕ပါက အမည္ကို မွတ္သားထားကာ သက္ဆိုင္ရာ အလုပ္သမားေခါင္းေဆာင္ထံ ခ်က္ခ်င္း အေၾကာင္းၾကားသည္။
အေမရိကန္ကို ေခ်မႈန္းရန္ လက္နက္လိုသည္။ ႏိုင္ငံျခားမွ ဝယ္ရမည္ျဖစ္သျဖင့္ တိုင္းျပည္သည္ ႏိုင္ငံျခားေငြ လိုအပ္သည္။ ထို႔ေၾကာင့္ ႏိုင္ငံျခားေငြ ႐ရွိႏိုင္ေသာ သံတိုသံစ ပုလင္းခြံႏွင့္ ျပန္လည္အသံုးျပဳႏိုင္မည့္ ပစၥည္းအတိုအစမ်ားကို လိုက္ေကာက္ရန္ ကေလးမ်ားကို ၫႊန္ၾကားထားသည္။
ကေလးငယ္တေယာက္ကို မည္မွ်အေရအတြက္ ရရွိရမည္ဟု ခြဲတမ္းခ်ေပးထားသည္။ ခြဲတမ္းမျပည့္ပါက အမ်ားေရွ႕တြင္ သတိေပးႀကိမ္းေမာင္းခံရသည္။ ကေလးမ်ားသည္ သူ႔ထက္ငါ အၿပိဳင္ ႀကိဳးစား ပစၥည္းေကာက္ၾကသည္။
ယုန္သားေရႏွင့္ေခြးသားေရတို႔ ရွာခိုင္းသည္။ ေလာက္ေကာင္လည္း ရွာခိုင္းသည္။ ေလာက္ေကာင္ ရွာခိုင္းျခင္းကို ယေန႔ထိ ကြ်န္မ နားမလည္ႏိုင္ပါ။ ေလာက္မ်ားကို အမ်ားသံုးအိမ္သာ မစင္ပံုမ်ားတြင္ ေတြ႕ရသည္။ ကြ်န္မတို႔သည္ အႏိုင္မခံ အရံႈးမေပး မစင္ပံုထဲမွ ေလာက္ေကာင္မ်ားကို အလုအယက္ ယူၾကသည္။
မစင္မ်ားကို စုပံုထားၿပီး ေျမၾသဇာအျဖစ္ အသံုးျပဳရန္ လယ္သမားမ်ားထံ ပို႔ေပးသည္။ ေပးပို႔ႏိုင္ေသာ ပမာဏ ႏွင့္ မစင္အရည္အေသြးေပၚၾကည့္လ်က္ မစင္စုေဆာင္းေပးႏိုင္သူအား အဆင့္သတ္မွတ္ေပးသည္။ အစားအစာခြဲတမ္း လတ္မွတ္မ်ား ခ်ေပးေသာအခါ သတ္မွတ္ေပးခဲ့ေသာ အဆင့္အလိုက္ ခံစားခြင့္ရၾကသည္။
အခက္ခဲဆံုးအလုပ္မွာ ပန္းခူးရသည့္ အလုပ္ျဖစ္သည္။ ၿပံဳးယမ္းၿမိဳ႕ေပၚတြင္ ေျမာက္ျမားလွစြာေသာ ေခါင္းေဆာင္ႀကီး ကင္အီဆြန္း၏ ရုပ္တုမ်ားေရွ႕တြင္ တန္ဆာဆင္ရန္ ပန္းအမ်ားအျပား လိုအပ္သည္။ ၿပံဳးယမ္းတြင္ ပန္းဆိုင္မရွိ။ ထိုအခါ ပန္းၿခံေစာင့္ကို လာဘ္ထိုးရေတာ့သည္။ တေန႔တေန႔ ကြ်န္မတို႔ ေဆာင္ရြက္ရသည္မွာ မ်ားျပားလြန္းသည္။ ေက်ာင္းအားရက္တြင္ မိဘမ်ားႏွင့္ အခ်ိန္မျဖဳန္းႏိုင္။ လူငယ္အဖြဲ႕လုပ္ငန္းမ်ားႏွင့္ နပန္းလံုးၾကရသည္။
ကေလးဘဝ အမွတ္တရ အျဖစ္အပ်က္မွာ ရုပ္ရွင္တြင္ ပါဝင္ သရုပ္ေဆာင္ရျခင္းျဖစ္သည္။ ရုပ္ရွင္တြင္ ပါဝင္ သရုပ္ေဆာင္ရန္ ေယာက်ာ္းေလးႏွင့္ မိန္းကေလး သရုပ္ေဆာင္ ရွာေနသူသည္ တေန႔တြင္ ေက်ာင္းသို႔ေရာက္လာသည္။ ရုပ္ရွင္၏ အမည္မွာ ဆိုရွယ္လစ္ အမိေျမကို ရွာေဖြေတြ႕ရွိခဲ့ေသာ ေယာင္ဆူးႏွင့္ ေယာင္အုတ္ ျဖစ္သည္။ အေနာက္ပံုစံျဖင့္ဆိုလွ်င္ အေတာ္ပင္ ခြက်ေသာ ေခါင္းစဥ္ျဖစ္သည္။ မည္သို႔ပင္ဆိုေစကာမႈ ေယာင္အုတ္အျဖစ္ ကြ်န္မပါဝင္သရုပ္ေဆာင္ရသည္ကို မ်ားစြာႏွစ္သက္မိသည္။
ဒရာမာ အနံ႔အသက္ ထည့္ထားေသာ အတံုးလိုက္အတစ္လိုက္ ဝါဒျဖန္႔ရုပ္ရွင္ျဖစ္သည္။ ကိုးရီးယား ၂ ျခမ္းကြဲရသည့္ အက်ဴ ိးဆက္အျဖစ္္ မိသားစုကြဲကြာရေသာ ဇာတ္လမ္းျဖစ္သည္။ ေျမာက္ကိုရီးယားစစ္သားကို လက္ခံခိုလံႈခြင့္ေပးသည့္ မိခင္ကို အေမရိကန္စစ္သားမ်ားက ဖမ္းဆီးေခၚေဆာင္သြားသည္ႏွင့္ အဆံုးသတ္ထားသည္။
၁၉၈၄ ခုနစ္တြင္ ၂မိနစ္စာ အမုန္းတရား ဇာတ္ကား ရံုတင္ျပသသည္။ ရုပ္ရွင္တပြဲၿပီးသည့္ အခါတိုင္း ပရိတ္သတ္က အေမရိကန္ကို ဆန္႔က်င္ေသာအားျဖင့္ လက္ထဲတြင္ ရွိသမွ် ပစၥည္းမ်ားျဖင့္ ပိတ္ကားကို ပစ္ေပါက္ၾကသည္။
ထိုစဥ္က ကြ်န္မသည္ ငယ္ရြယ္လြန္းသည့္အတြက္ သေဘာတရားေရးမ်ားက္ုိ နားမလည္ခဲ့။ ကြ်န္မမွတ္မိေနသည္မွာ ရုပ္ရွင္ရိုက္ကူးရာမွ ျပန္လာသည့္ ကြ်န္မကို ေက်ာင္းက သူရဲေကာင္းသဖြယ္ ႀကိဳဆိုၾကသည္။ ရုပ္ရွင္ရံုတင္သည့္အခါ ကြ်န္မသည္ ထင္ေပၚေက်ာ္ၾကားလာသည္။ လူအုပ္ၾကားတြင္ ကြ်န္မအား လူတိုင္းက မွတ္မိၾကသည္။ ရုပ္ရွင္ထဲမွ ကြ်န္မ၏ဇာတ္ရုပ္နာမည္ ေယာင္အုတ္ ဟုေခၚကာ ကြ်န္မကို ႏႈတ္ဆက္ၾကသည္။
ဆက္ရန္
Swam Htet
December 20, 2015 ·
.....................မြောက်ကိုရီးယားစပိုင်မယ် ကင်ယွန်းဟေး၏ ဘဝဇာတ်ကြောင်း
အပိုင်း ၆
ရေကျသွားပြီ မကြာမီ အမေရိကန်နှင့် စစ်ဖြစ်တော့မည်ဆိုသည့် ကောလဟာလ ပျံလွင့်လာသည်။ ပြူ ဘာလို ထောက်လှမ်းရေးသင်္ဘောအား မြောက်ကိုရီးယားက ဖမ်းဆီးလိုက်ခြင်းအတွက် အမေရိကန်က လက်တုံပြန်လာမည်ကို စိုးရိမ်နေကြသည်။ ပြုံးယမ်းတွင် မိသားစုများသည် အဝတ်အထည်နှင့် စားနပ်ရိက္ခာများ ထုပ်ပိုးကာ လိုအပ်ပါက မြို့ကို စွန့်ခွာနိုင်ရန် ပြင်ဆင်ထားကြသည်။
"ထိပ်တိုက်ရင်ဆိုင်ခြင်းကို ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် တုံ့ပြန်မည်။ ကလဲ့စားချေမှုကို ကလဲ့စားချေခြင်းဖြင့် တုံ့ပြန်မည်။" ဆိုသည့် ရဲရဲတောက် ပိုစတာများကို မြို့တော်အနှံ့ တွေ့ရသည်။ လူကြီးများက စစ်ပွဲအတွက် ပြင်ဆင်နေကြချိန် ကလေးများအဖို့ ပျော်ပွဲရွှင်ပွဲကြီး ဖြစ်နေသည်။ ထုပ်ပိုးထားသော အစားသောက်များကို ကျွန်မတို့ ခိုးယူကြသည်။ လူကြီးများ အလုပ်များနေသည်ကို စိတ်ဝင်တစား စောင့်ကြည့်ကြသည်။ လေကြောင်းသတိပေး ဥသြဆွဲလျက် မီးမှောင်ချရန် သတိပေးသည့်အခါ ကျွန်မတို့ ခေါင်မိုးပေါ်တက်ကာ တမြို့လုံးမှောင်ကျသွားသည်ကို ကြည့်ကြသည်။ သန်းခေါင်ကျော်တွင် အချက်ပေးဥသြဆွဲသည့်အခါ ကျွန်မတို့သည် အိပ်ရာမှ လူးလဲထကာ အနီးရှိ တောင်ကုန်းတွင် တူးထားသော ဗုံးခိုကျင်းများဆီသို့ ပြေးရသည်။
ယင်းသို့ ဖြစ်ပျက်နေစဉ် ကင်အီဆွန်း၏ လူယုံတော် အကြံပေး ၂ ဦးဖြစ်သည့် ဟိုဘွန်ဟက် နှင့် ကင်ချန်ဘွန် တို့ ကွပ်မျက်ခံရသည်။ သူတို့၏ အမည်များကို ကျောင်းသုံးစာအုပ်များတွင် ဖျက်ပစ်ရန် အစိုးရက အမိန့်ထုတ်သည်။ ကျွန်မတို့က တညီတညွတ်တည်း မင်မည်းသုတ်ခြင်းဖြင့် လည်ကောင်း ဓားများဖြင့် ဖြတ်ထုတ်ခြင်းဖြင့် လည်ကောင်း သူတို့၏အမည်ကို လူစာရင်းမှ ပယ်ဖျက်လိုက်ကြသည်။
အဖွဲ့လိုက်လှုပ်ရှားခြင်းသည် ပညာသင်ကြားခြင်းထက် ပိုမိုအရေးကြီးသည်။ အချိန်အများစုကို စေတနာ့ဝန်ထမ်း လုပ်အားပေးကြရသည်။ နွေရာသီတွင် အမျူ ိးသမီးများ ဘောင်းဘီမဝတ်ရဟု ကင်အီဆွန်းက အမိန့်ထုတ်သည်။ ကလေးငယ်များသည် အုပ်စုဖွဲ့ကာ လမ်းသွားလမ်းလာ အမျူ ိးသမီးများ၏ အဝတ်အစားကို သေချာစွာ စစ်ဆေးသည်။ ဘောင်းဘီဝတ်ထားသော မိန်းမနှင့် ကင်အီဆွန်း၏ အမှတ်တံဆိပ် တပ်ဆင်ရန် မေ့လျော့လာသော တယောက်ယောက်ကို တွေ့ပါက အမည်ကို မှတ်သားထားကာ သက်ဆိုင်ရာ အလုပ်သမားခေါင်းဆောင်ထံ ချက်ချင်း အကြောင်းကြားသည်။
အမေရိကန်ကို ချေမှုန်းရန် လက်နက်လိုသည်။ နိုင်ငံခြားမှ ဝယ်ရမည်ဖြစ်သဖြင့် တိုင်းပြည်သည် နိုင်ငံခြားငွေ လိုအပ်သည်။ ထို့ကြောင့် နိုင်ငံခြားငွေ ရရှိနိုင်သော သံတိုသံစ ပုလင်းခွံနှင့် ပြန်လည်အသုံးပြုနိုင်မည့် ပစ္စည်းအတိုအစများကို လိုက်ကောက်ရန် ကလေးများကို ညွှန်ကြားထားသည်။
ကလေးငယ်တယောက်ကို မည်မျှအရေအတွက် ရရှိရမည်ဟု ခွဲတမ်းချပေးထားသည်။ ခွဲတမ်းမပြည့်ပါက အများရှေ့တွင် သတိပေးကြိမ်းမောင်းခံရသည်။ ကလေးများသည် သူ့ထက်ငါ အပြိုင် ကြိုးစား ပစ္စည်းကောက်ကြသည်။
ယုန်သားရေနှင့်ခွေးသားရေတို့ ရှာခိုင်းသည်။ လောက်ကောင်လည်း ရှာခိုင်းသည်။ လောက်ကောင် ရှာခိုင်းခြင်းကို ယနေ့ထိ ကျွန်မ နားမလည်နိုင်ပါ။ လောက်များကို အများသုံးအိမ်သာ မစင်ပုံများတွင် တွေ့ရသည်။ ကျွန်မတို့သည် အနိုင်မခံ အရှုံးမပေး မစင်ပုံထဲမှ လောက်ကောင်များကို အလုအယက် ယူကြသည်။
မစင်များကို စုပုံထားပြီး မြေသြဇာအဖြစ် အသုံးပြုရန် လယ်သမားများထံ ပို့ပေးသည်။ ပေးပို့နိုင်သော ပမာဏ နှင့် မစင်အရည်အသွေးပေါ်ကြည့်လျက် မစင်စုဆောင်းပေးနိုင်သူအား အဆင့်သတ်မှတ်ပေးသည်။ အစားအစာခွဲတမ်း လတ်မှတ်များ ချပေးသောအခါ သတ်မှတ်ပေးခဲ့သော အဆင့်အလိုက် ခံစားခွင့်ရကြသည်။
အခက်ခဲဆုံးအလုပ်မှာ ပန်းခူးရသည့် အလုပ်ဖြစ်သည်။ ပြံုးယမ်းမြို့ပေါ်တွင် မြောက်မြားလှစွာသော ခေါင်းဆောင်ကြီး ကင်အီဆွန်း၏ ရုပ်တုများရှေ့တွင် တန်ဆာဆင်ရန် ပန်းအများအပြား လိုအပ်သည်။ ပြံုးယမ်းတွင် ပန်းဆိုင်မရှိ။ ထိုအခါ ပန်းခြံစောင့်ကို လာဘ်ထိုးရတော့သည်။ တနေ့တနေ့ ကျွန်မတို့ ဆောင်ရွက်ရသည်မှာ များပြားလွန်းသည်။ ကျောင်းအားရက်တွင် မိဘများနှင့် အချိန်မဖြုန်းနိုင်။ လူငယ်အဖွဲ့လုပ်ငန်းများနှင့် နပန်းလုံးကြရသည်။
ကလေးဘဝ အမှတ်တရ အဖြစ်အပျက်မှာ ရုပ်ရှင်တွင် ပါဝင် သရုပ်ဆောင်ရခြင်းဖြစ်သည်။ ရုပ်ရှင်တွင် ပါဝင် သရုပ်ဆောင်ရန် ယောကျာ်းလေးနှင့် မိန်းကလေး သရုပ်ဆောင် ရှာနေသူသည် တနေ့တွင် ကျောင်းသို့ရောက်လာသည်။ ရုပ်ရှင်၏ အမည်မှာ ဆိုရှယ်လစ် အမိမြေကို ရှာဖွေတွေ့ရှိခဲ့သော ယောင်ဆူးနှင့် ယောင်အုတ် ဖြစ်သည်။ အနောက်ပုံစံဖြင့်ဆိုလျှင် အတော်ပင် ခွကျသော ခေါင်းစဉ်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမှု ယောင်အုတ်အဖြစ် ကျွန်မပါဝင်သရုပ်ဆောင်ရသည်ကို များစွာနှစ်သက်မိသည်။
ဒရာမာ အနံ့အသက် ထည့်ထားသော အတုံးလိုက်အတစ်လိုက် ဝါဒဖြန့်ရုပ်ရှင်ဖြစ်သည်။ ကိုးရီးယား ၂ ခြမ်းကွဲရသည့် အကျူ ိးဆက်အဖြစ်် မိသားစုကွဲကွာရသော ဇာတ်လမ်းဖြစ်သည်။ မြောက်ကိုရီးယားစစ်သားကို လက်ခံခိုလှုံခွင့်ပေးသည့် မိခင်ကို အမေရိကန်စစ်သားများက ဖမ်းဆီးခေါ်ဆောင်သွားသည်နှင့် အဆုံးသတ်ထားသည်။
၁၉၈၄ ခုနစ်တွင် ၂မိနစ်စာ အမုန်းတရား ဇာတ်ကား ရုံတင်ပြသသည်။ ရုပ်ရှင်တပွဲပြီးသည့် အခါတိုင်း ပရိတ်သတ်က အမေရိကန်ကို ဆန့်ကျင်သောအားဖြင့် လက်ထဲတွင် ရှိသမျှ ပစ္စည်းများဖြင့် ပိတ်ကားကို ပစ်ပေါက်ကြသည်။
ထိုစဉ်က ကျွန်မသည် ငယ်ရွယ်လွန်းသည့်အတွက် သဘောတရားရေးများက်ုိ နားမလည်ခဲ့။ ကျွန်မမှတ်မိနေသည်မှာ ရုပ်ရှင်ရိုက်ကူးရာမှ ပြန်လာသည့် ကျွန်မကို ကျောင်းက သူရဲကောင်းသဖွယ် ကြိုဆိုကြသည်။ ရုပ်ရှင်ရုံတင်သည့်အခါ ကျွန်မသည် ထင်ပေါ်ကျော်ကြားလာသည်။ လူအုပ်ကြားတွင် ကျွန်မအား လူတိုင်းက မှတ်မိကြသည်။ ရုပ်ရှင်ထဲမှ ကျွန်မ၏ဇာတ်ရုပ်နာမည် ယောင်အုတ် ဟုခေါ်ကာ ကျွန်မကို နှုတ်ဆက်ကြသည်။
ဆက်ရန်
Swam Htetမှတ်စုကြမ်း
December 20, 2015 ·
No comments:
Post a Comment