CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, December 25, 2015
ကရင္ဖခင္ကို ပစ္သတ္သူ ေထာင္ဒဏ္ ၂၂ ႏွစ္ ျပစ္ဒဏ္က်
ဝစ္စကြန္ဆင္ျပည္နယ္၊ မယ္လ္ေဝါ့ကီးၿမိဳ႕ေန ကရင္မိသားစုတစ္ခု၏ ေနအိမ္ကို ဝင္ေရာက္လုယက္စဥ္၊ အိမ္ေထာင္ဦးစီး ဖခင္ကို ေသနတ္ျဖင့္ ပစ္သျဖင့္ ေသဆံုးခဲ့ရသည့္ အမႈ၏ တရားခံအား ဒီဇင္ဘာ ၁၇ ရက္၊ ၾကာသပေတးေန႔တြင္ တရား႐ံုးမွ ေထာင္ဒဏ္ ၂၂ ႏွစ္ ျပစ္ဒဏ္စီရင္လိုက္ပါသည္။ တရားခံ မစ္ကီ ဆင္ဂရက္သ္သည္ ေထာင္ဒဏ္ ႏွစ္ေစ့ၿပီး ျပန္လြတ္လာလွ်င္လည္း ေနာက္ထပ္ ၁၅ ႏွစ္ ဆက္လက္ ေစာင့္ၾကည့္ခံရေစရန္ တရားသူႀကီးက အမိန္႔ခ်မွတ္ခဲ့သည္။
လုယက္ေသာ လူဆိုးမ်ားက သားႀကီး၏ လည္ပင္းကို ေသနတ္ျဖင့္ ေထာက္ထားပံု မိခင္က ျပန္လည္ သ႐ုပ္ျပေနျခင္း ျဖစ္ပါသည္။ (ပံုႀကီးၾကည့္ရန္ ကလစ္ခ္ လုပ္ပါ။)လုယက္ေသာ လူဆိုးမ်ားက သားႀကီး၏ လည္ပင္းကို ေသနတ္ျဖင့္ ေထာက္ထားပံု မိခင္က ျပန္လည္ သ႐ုပ္ျပေနျခင္း ျဖစ္ပါသည္။ (ပံုႀကီးၾကည့္ရန္ ကလစ္ခ္ လုပ္ပါ။)အသက္ ၂၁ ႏွစ္ရွိ မစ္ကီ ဆင္းဂရက္သ္ႏွင့္ အေပါင္းပါတစ္ဦးတို႔သည္ ဇူလိုင္ ၂၅ ရက္၊ ၾကာသပေတးေန႔ နံနက္ေစာပိုင္းတြင္ ကရင္မိသားစု အိမ္ကို လုယက္ရန္ လာေရာက္ခဲ့ၾကသည္။ တံခါး လူေခၚဘဲလ္သံေၾကာင့္ လာၾကည့္ေသာ အသက္ ၁၁ ႏွစ္ရွိ သားႀကီးကို လူဆိုးႏွစ္ဦးက အယံုသြင္းလွည့္ျဖား၍ တံခါးဖြင့္ခိုင္းသည္။ အိမ္ထဲသို႔ ဝင္ႏိုင္ေသာအခါ သားျဖစ္သူ၏ ေမးေစ့ေအာက္ကို ေသနတ္ျဖင့္ ေထာက္၍ အိမ္ထဲတြင္ ေငြႏွင့္ အဖိုးတန္ ပစၥည္းမ်ားကို ရွာေဖြၾကသည္။
သို႔ေသာ္ ဘာမွ် မေတြ႕ေသာအခါ မီးဖိုထဲတြင္ နံနက္စာ ခ်က္ျပဳတ္ေနေသာ မိဘႏွစ္ဦးထံသို႔ သားကို ေသနတ္ျဖင့္ ေတ့လ်က္ ေခၚသြားကာ ေငြေပးရန္ လူဆိုးႏွစ္ဦးက ၿခိမ္းေျခာက္ ေတာင္းဆိုၾကပါသည္။
သား၏ အသက္အႏၲရာယ္ကို ကာကြယ္ရန္ အသက္ ၄၈ ႏွစ္ရွိ ဖခင္ျဖစ္သူ ေဂ်႐ိုက ေသနတ္ကိုင္ထားေသာ မစ္ကီ ဆင္းဂရက္သ္ကို ခုန္အုပ္ၿပီး ေသနတ္ကို ဆြဲဖယ္ရန္ ႀကိဳးစားသည္။ တရားခံက ေသနတ္ျဖင့္ ပစ္ေသာေၾကာင့္ ဖခင္၏ ရင္ဘတ္ကို က်ည္ဆံထိကာ ပြဲခ်င္းၿပီး ေသဆံုးခဲ့ရျခင္း ျဖစ္သည္။
လူဆိုးႏွစ္ဦး ထြက္ေျပးလြတ္ေျမာက္သြားေသာ္လည္း လံုျခံဳေရးဗီဒီယိုမွ သဲလြန္စျဖင့္ တရားခံ ဆင္းဂရက္သ္ကို ေနာက္သံုးရက္အၾကာတြင္ ရဲက ဖမ္းမိခဲ့ပါသည္။
ထိုင္း-ျမန္မာနယ္စပ္ ဒုကၡသည္စခန္းမွ ၂၀၁၁ ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံသို႔ ေျပာင္းေ႐ႊ႕လာေသာ ကရင္မိသားစုသည္ ေဂ်႐ိုႏွင့္ဇနီး၊ အသက္ ၅ ႏွစ္၊ ၇ ႏွစ္၊ ၉ ႏွစ္ႏွင့္ ၁၁ ႏွစ္ရွိ သားသမီး ေလးဦး၊ ေဂ်႐ို၏ မိဘႏွစ္ဦးတို႔ အတူေနထိုင္ေနၾကသည္။ ေဂ်႐ိုသည္ ကာဂီးလ္ အသားထုပ္ပိုးစက္႐ံုတြင္ အလုပ္လုပ္ကိုင္ေနရာမွ ယမန္ႏွစ္က စက္႐ံုပိတ္လိုက္ေသာေၾကာင့္ မိသားစု ၆ ဦးႏွင့္ မိဘႏွစ္ပါးတို႔ျဖင့္ အလုပ္လက္မဲ့ ျဖစ္ေနရပါသည္။
တရား႐ံုးတြင္ မစ္ကီ ဆင္းဂရက္သ္က ၎တို႔သည္ ေငြလိုခ်င္၍ ဓားျပတိုက္ျခင္းသာ ျဖစ္ၿပီး လူသတ္ရန္ ရည္႐ြယ္ခ်က္ မရွိေၾကာင္း၊ က်ဴးလြန္မိေသာ ျပစ္မႈအတြက္ ေနာင္တရ ဝမ္းနည္းမိေၾကာင္း ထြက္ဆိုကာ အျပစ္ကို ဝန္ခံခဲ့ပါသည္။
http://kabarthit.com/index.php?option=com_content&view=article&id=818:2015-12-24-02-45-55&catid=8:2013-10-13-17-09-02&Itemid=214
...........................................................................
ကရင်ဖခင်ကို ပစ်သတ်သူ ထောင်ဒဏ် ၂၂ နှစ် ပြစ်ဒဏ်ကျ
ဝစ်စကွန်ဆင်ပြည်နယ်၊ မယ်လ်ဝေါ့ကီးမြို့နေ ကရင်မိသားစုတစ်ခု၏ နေအိမ်ကို ဝင်ရောက်လုယက်စဉ်၊ အိမ်ထောင်ဦးစီး ဖခင်ကို သေနတ်ဖြင့် ပစ်သဖြင့် သေဆုံးခဲ့ရသည့် အမှု၏ တရားခံအား ဒီဇင်ဘာ ၁၇ ရက်၊ ကြာသပတေးနေ့တွင် တရားရုံးမှ ထောင်ဒဏ် ၂၂ နှစ် ပြစ်ဒဏ်စီရင်လိုက်ပါသည်။ တရားခံ မစ်ကီ ဆင်ဂရက်သ်သည် ထောင်ဒဏ် နှစ်စေ့ပြီး ပြန်လွတ်လာလျှင်လည်း နောက်ထပ် ၁၅ နှစ် ဆက်လက် စောင့်ကြည့်ခံရစေရန် တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။
လုယက်သော လူဆိုးများက သားကြီး၏ လည်ပင်းကို သေနတ်ဖြင့် ထောက်ထားပုံ မိခင်က ပြန်လည် သရုပ်ပြနေခြင်း ဖြစ်ပါသည်။ (ပုံကြီးကြည့်ရန် ကလစ်ခ် လုပ်ပါ။)လုယက်သော လူဆိုးများက သားကြီး၏ လည်ပင်းကို သေနတ်ဖြင့် ထောက်ထားပုံ မိခင်က ပြန်လည် သရုပ်ပြနေခြင်း ဖြစ်ပါသည်။ (ပုံကြီးကြည့်ရန် ကလစ်ခ် လုပ်ပါ။)အသက် ၂၁ နှစ်ရှိ မစ်ကီ ဆင်းဂရက်သ်နှင့် အပေါင်းပါတစ်ဦးတို့သည် ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့ နံနက်စောပိုင်းတွင် ကရင်မိသားစု အိမ်ကို လုယက်ရန် လာရောက်ခဲ့ကြသည်။ တံခါး လူခေါ်ဘဲလ်သံကြောင့် လာကြည့်သော အသက် ၁၁ နှစ်ရှိ သားကြီးကို လူဆိုးနှစ်ဦးက အယုံသွင်းလှည့်ဖြား၍ တံခါးဖွင့်ခိုင်းသည်။ အိမ်ထဲသို့ ဝင်နိုင်သောအခါ သားဖြစ်သူ၏ မေးစေ့အောက်ကို သေနတ်ဖြင့် ထောက်၍ အိမ်ထဲတွင် ငွေနှင့် အဖိုးတန် ပစ္စည်းများကို ရှာဖွေကြသည်။
သို့သော် ဘာမျှ မတွေ့သောအခါ မီးဖိုထဲတွင် နံနက်စာ ချက်ပြုတ်နေသော မိဘနှစ်ဦးထံသို့ သားကို သေနတ်ဖြင့် တေ့လျက် ခေါ်သွားကာ ငွေပေးရန် လူဆိုးနှစ်ဦးက ခြိမ်းခြောက် တောင်းဆိုကြပါသည်။
သား၏ အသက်အန္တရာယ်ကို ကာကွယ်ရန် အသက် ၄၈ နှစ်ရှိ ဖခင်ဖြစ်သူ ဂျေရိုက သေနတ်ကိုင်ထားသော မစ်ကီ ဆင်းဂရက်သ်ကို ခုန်အုပ်ပြီး သေနတ်ကို ဆွဲဖယ်ရန် ကြိုးစားသည်။ တရားခံက သေနတ်ဖြင့် ပစ်သောကြောင့် ဖခင်၏ ရင်ဘတ်ကို ကျည်ဆံထိကာ ပွဲချင်းပြီး သေဆုံးခဲ့ရခြင်း ဖြစ်သည်။
လူဆိုးနှစ်ဦး ထွက်ပြေးလွတ်မြောက်သွားသော်လည်း လုံခြုံရေးဗီဒီယိုမှ သဲလွန်စဖြင့် တရားခံ ဆင်းဂရက်သ်ကို နောက်သုံးရက်အကြာတွင် ရဲက ဖမ်းမိခဲ့ပါသည်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှ ၂၀၁၁ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့လာသော ကရင်မိသားစုသည် ဂျေရိုနှင့်ဇနီး၊ အသက် ၅ နှစ်၊ ရ နှစ်၊ ၉ နှစ်နှင့် ၁၁ နှစ်ရှိ သားသမီး လေးဦး၊ ဂျေရို၏ မိဘနှစ်ဦးတို့ အတူနေထိုင်နေကြသည်။ ဂျေရိုသည် ကာဂီးလ် အသားထုပ်ပိုးစက်ရုံတွင် အလုပ်လုပ်ကိုင်နေရာမှ ယမန်နှစ်က စက်ရုံပိတ်လိုက်သောကြောင့် မိသားစု ၆ ဦးနှင့် မိဘနှစ်ပါးတို့ဖြင့် အလုပ်လက်မဲ့ ဖြစ်နေရပါသည်။
တရားရုံးတွင် မစ်ကီ ဆင်းဂရက်သ်က ၎င်းတို့သည် ငွေလိုချင်၍ ဓားပြတိုက်ခြင်းသာ ဖြစ်ပြီး လူသတ်ရန် ရည်ရွယ်ချက် မရှိကြောင်း၊ ကျူးလွန်မိသော ပြစ်မှုအတွက် နောင်တရ ဝမ်းနည်းမိကြောင်း ထွက်ဆိုကာ အပြစ်ကို ဝန်ခံခဲ့ပါသည်။
http://kabarthit.com/index.php?option=com_content&view=article&id=818:2015-12-24-02-45-55&catid=8:2013-10-13-17-09-02&Itemid=214
ကရင္ဖခင္ကို ပစ္သတ္သူ ေထာင္ဒဏ္ ၂၂ ႏွစ္ ျပစ္ဒဏ္က်
Reviewed by MP4 YoU
on
December 25, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment