Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 21, 2015

သတင္းမီဒီယာ က႑ ဘာေတြ ျပင္ဖို႔လိုမလဲ

သတင္းမီဒီယာ ေလာက အတြက္ စိန္ေခၚမွု တစ္ရပ္ ျဖစ္လာ နိုင္

ျမန္မာ နိုင္ငံ အေျပာင္းအလဲ အတြက္ အျခား က႑ေတြလိုပဲ အေရးပါတဲ့ မီဒီယာ က႑မွာ မၾကာခင္ အေျပာင္းအလဲ ၾကဳံေတြ႕ရမွာေတြနဲ႔ ပါတ္သက္လို႔ ရန္ကုန္ သတင္းစာ ပညာေက်ာင္း က ဒါရိုက္တာ ဦးရဲနိုင္မိုး ကို ဆက္သြယ္ ေမးျမန္း ထားပါတယ္။

အရင္ အစိုးရေခတ္ ကလို မဟုတ္ေတာ့ဘဲ လူႀကိဳက္မ်ားတဲ့ အစိုးရ တက္လာမွာ ျဖစ္တဲ့ အတြက္ သတင္းမီဒီယာ ေလာက အတြက္ စိန္ေခၚမွု တစ္ရပ္ ျဖစ္လာ နိုင္တယ္လို႔ ဆိုပါတယ္။

တစ္ခ်ိန္လုံး ဒီမိုကေရစီကို ေတာင္းဆို လာခဲ့တဲ့ ေနာက္တက္လာမဲ့ အစိုးရ အေနနဲ႔ သတင္းမီဒီယာ လြတ္လပ္ခြင့္ ျပဳမယ္လို႔ ေမၽွာ္လင့္ေၾကာင္း ဦးရဲနိုင္မိုး က ဘီဘီစီ ကို ေျပာပါတယ္။

ျပန္ၾကားေရး ဝန္ႀကီးဌာနကို အစိုးရ အသစ္ အေနနဲ႔ ဘယ္လို ကိုင္တြယ္မလဲ ဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းၿပီး ဒီမိုကေရစီ နိုင္ငံေတြမွာ ဆိုရင္ ျပန္ၾကာေရး ဝန္ႀကီးဌာန ဆိုတာ မရွိဘူးလို႔လည္း သူက ဆက္ေျပာပါတယ္။

ေန႔စဥ္ သတင္းစာေတြကို ပုဂၢလိကပိုင္ ျဖစ္ေအာင္ လုပ္နိုင္မလား ဒါ့အျပင္ ႐ုပ္ျမင္ သံၾကား လုပ္ငန္းေတြကို လူထု ဝန္ေဆာင္မွု လုပ္ငန္းေတြ အေနနဲ႔ လုပ္ကိုင္မလား ဆိုတာေတြကိုလည္း ေစာင့္ၾကည့္ရမယ္လို႔ ဆိုပါတယ္။

ေရဒီယို နဲ႔ ပုံႏွိပ္မီဒီယာ လုပ္ငန္းေတြ မွန္မွန္ကန္ကန္ ဖြံ့ၿဖိဳးဖို႔ အတြက္ လုပ္ေဆာင္ရမွာ ျဖစ္ၿပီး ေက်းလက္ ေဒသက တိုင္းရင္းသား ဘာသာ စကားနဲ႔ ထုတ္လႊင့္မယ့္ community radio ေတြ အထိ ဖန္တီး ေပးဖို႔လည္း လိုတယ္လို႔ ေျပာပါတယ္။

တပ္မေတာ္ နဲ႔ အစိုးရ အၾကား ထိပ္တိုက္ ေတြ႕ဖို႔ ျဖစ္လာ နိုင္တဲ့ သတင္းေတြ ေရးသား ရာမွာ သတင္းမီဒီယာ ေတြ ဘက္က အေထာက္အထားေတြ သတင္း အရင္းအျမစ္ေတြကို အေသအခ်ာ ေလ့လာၿပီး မွ ေရးၾကဖို႔လည္း လိုမယ္လို႔ ေျပာပါတယ္။

သတင္းမီဒီယာ ေကာင္စီဟာ လိုအပ္ရင္ ျပန္ၾကားေရး ဝန္ႀကီးဌာန နဲ႔ ညႇိႏွိုင္း ေဆြးေႏြး ရမယ္လို႔ နည္း ဥပေဒမွာ ပါရွိေနတာဟာ သတင္း မီဒီယာ ေကာင္စီ နဲ႔ သိပ္ၿပီး လြတ္လပ္မွု မရွိဘူး ျဖစ္ေနတဲ့ အတြက္ အစိုးရသစ္ အေနနဲ႔ ျပင္ဆင္ ရမယ့္ အခ်က္ တစ္ခု ျဖစ္တယ္လို႔ ဦးရဲနိုင္မိုးက ေျပာၾကား သြားပါတယ္။

BBC Burmese
http://www.bbc.com/burmese
..............

သတင်းမီဒီယာ လောက အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာ နိုင်

မြန်မာ နိုင်ငံ အပြောင်းအလဲ အတွက် အခြား ကဏ္ဍတွေလိုပဲ အရေးပါတဲ့ မီဒီယာ ကဏ္ဍမှာ မကြာခင် အပြောင်းအလဲ ကြုံတွေ့ရမှာတွေနဲ့ ပါတ်သက်လို့ ရန်ကုန် သတင်းစာ ပညာကျောင်း က ဒါရိုက်တာ ဦးရဲနိုင်မိုး ကို ဆက်သွယ် မေးမြန်း ထားပါတယ်။

အရင် အစိုးရခေတ် ကလို မဟုတ်တော့ဘဲ လူကြိုက်များတဲ့ အစိုးရ တက်လာမှာ ဖြစ်တဲ့ အတွက် သတင်းမီဒီယာ လောက အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။

တစ်ချိန်လုံး ဒီမိုကရေစီကို တောင်းဆို လာခဲ့တဲ့ နောက်တက်လာမဲ့ အစိုးရ အနေနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် ပြုမယ်လို့ မျှော်လင့်ကြောင်း ဦးရဲနိုင်မိုး က ဘီဘီစီ ကို ပြောပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာနကို အစိုးရ အသစ် အနေနဲ့ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပြီး ဒီမိုကရေစီ နိုင်ငံတွေမှာ ဆိုရင် ပြန်ကြာရေး ဝန်ကြီးဌာန ဆိုတာ မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

နေ့စဉ် သတင်းစာတွေကို ပုဂ္ဂလိကပိုင် ဖြစ်အောင် လုပ်နိုင်မလား ဒါ့အပြင် ရုပ်မြင် သံကြား လုပ်ငန်းတွေကို လူထု ဝန်ဆောင်မှု လုပ်ငန်းတွေ အနေနဲ့ လုပ်ကိုင်မလား ဆိုတာတွေကိုလည်း စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

ရေဒီယို နဲ့ ပုံနှိပ်မီဒီယာ လုပ်ငန်းတွေ မှန်မှန်ကန်ကန် ဖွံ့ဖြိုးဖို့ အတွက် လုပ်ဆောင်ရမှာ ဖြစ်ပြီး ကျေးလက် ဒေသက တိုင်းရင်းသား ဘာသာ စကားနဲ့ ထုတ်လွှင့်မယ့် community radio တွေ အထိ ဖန်တီး ပေးဖို့လည်း လိုတယ်လို့ ပြောပါတယ်။

တပ်မတော် နဲ့ အစိုးရ အကြား ထိပ်တိုက် တွေ့ဖို့ ဖြစ်လာ နိုင်တဲ့ သတင်းတွေ ရေးသား ရာမှာ သတင်းမီဒီယာ တွေ ဘက်က အထောက်အထားတွေ သတင်း အရင်းအမြစ်တွေကို အသေအချာ လေ့လာပြီး မှ ရေးကြဖို့လည်း လိုမယ်လို့ ပြောပါတယ်။

သတင်းမီဒီယာ ကောင်စီဟာ လိုအပ်ရင် ပြန်ကြားရေး ဝန်ကြီးဌာန နဲ့ ညှိနှိုင်း ဆွေးနွေး ရမယ်လို့ နည်း ဥပဒေမှာ ပါရှိနေတာဟာ သတင်း မီဒီယာ ကောင်စီ နဲ့ သိပ်ပြီး လွတ်လပ်မှု မရှိဘူး ဖြစ်နေတဲ့ အတွက် အစိုးရသစ် အနေနဲ့ ပြင်ဆင် ရမယ့် အချက် တစ်ခု ဖြစ်တယ်လို့ ဦးရဲနိုင်မိုးက ပြောကြား သွားပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment