ဂ်ပန္နဲ႔ တရုတ္ အျငင္းပြားဖြယ္ ေရျပင္ |
အာရွ စီးပြားေရး အင္အားႀကီး ဂ်ပန္နဲ႔ တရုတ္ ႏွစ္ႏုိင္ငံၾကား ကာလရွည္ ပိုင္ဆိုင္မႈ အျငင္းပြားေနတဲ႔ အေရွ႕တရုတ္ ပင္လယ္ျပင္ အတြင္းက လူမေနတဲ႔ ကြ်န္းစုေတြ အနီးမွာ လက္နက္တပ္ဆင္ထားတဲ႔ တရုတ္ ကမ္းေျခေစာင့္တပ္က ေရယာဥ္ တစင္းကို ေတြ႔ရွိခဲ႔ရတယ္လို႔ ဂ်ပန္က ေျပာဆိုပါတယ္။
ဂ်ပန္ဘက္က Senkaku လို႔ ေခၚၿပီး တရုတ္ဘက္က Diaoyu လို႔ ေခၚတဲ႔ ပိုင္ဆိုင္မႈ အျငင္းပြားေနတဲ႔ ကြ်န္းစုေတြနားမွာ သေဘာၤတစင္း ခုတ္ေမာင္းေနတဲ႔ ဓာတ္ပံုကို ဒီကေန႔ အဂၤါေန႔မွာ ဂ်ပန္ ကမ္းေျခေစာင့္တပ္က ထုတ္ျပန္လုိက္တာ ျဖစ္ပါတယ္။
ပိုင္ဆိုင္မႈ အျငင္းပြားေနတဲ႔ ကြ်န္းစုေတြ အနီးမွာ လက္နက္ တပ္ဆင္ထားတဲ႔ တရုတ္ ကမ္းေျခေစာင့္တပ္က သေဘာၤတစင္း ခုတ္ေမာင္းေနတာ ပထမဆံုး အႀကိမ္ ျဖစ္တယ္လို႔ ဂ်ပန္ ကမ္းေျခေစာင့္တပ္ရဲ႕ ေျပာခြင့္ရ အမ်ိဳးသမီးက ေျပာပါတယ္။
ဒီေဒသတ၀ိုက္မွာ တျခား တရုတ္ သေဘာၤ သံုးစင္းတို႔လည္း ခုတ္ေမာင္းေနတာကို ေတြ႔ခဲ႔႔ပါတယ္။ ဂ်ပန္တို႔က သူတို႔ ေရပိုင္နက္လို႔ သတ္မွတ္ထားတဲ႔ ေဒသကို ခ်ိဳးေဖာက္၀င္ေရာက္တဲ႔ အထိေတာ့တရုတ္ သေဘာၤေတြနီးနီးကပ္ကပ္ ခုတ္ေမာင္းခဲ႔တာ မရွိပါဘူး။
VOA Burmese
http://burmese.voanews.com
..............
ဂျပန်နဲ့ တရုတ် အငြင်းပွားဖွယ် ရေပြင်
အာရှ စီးပွားရေး အင်အားကြီး ဂျပန်နဲ့ တရုတ် နှစ်နိုင်ငံကြား ကာလရှည် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အရှေ့တရုတ် ပင်လယ်ပြင် အတွင်းက လူမနေတဲ့ ကျွန်းစုတွေ အနီးမှာ လက်နက်တပ်ဆင်ထားတဲ့ တရုတ် ကမ်းခြေစောင့်တပ်က ရေယာဉ် တစင်းကို တွေ့ရှိခဲ့ရတယ်လို့ ဂျပန်က ပြောဆိုပါတယ်။
ဂျပန်ဘက်က Senkaku လို့ ခေါ်ပြီး တရုတ်ဘက်က Diaoyu လို့ ခေါ်တဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းစုတွေနားမှာ သဘောင်္တစင်း ခုတ်မောင်းနေတဲ့ ဓာတ်ပုံကို ဒီကနေ့ အင်္ဂါနေ့မှာ ဂျပန် ကမ်းခြေစောင့်တပ်က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းစုတွေ အနီးမှာ လက်နက် တပ်ဆင်ထားတဲ့ တရုတ် ကမ်းခြေစောင့်တပ်က သဘောင်္တစင်း ခုတ်မောင်းနေတာ ပထမဆုံး အကြိမ် ဖြစ်တယ်လို့ ဂျပန် ကမ်းခြေစောင့်တပ်ရဲ့ ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။
ဒီဒေသတဝိုက်မှာ တခြား တရုတ် သဘောင်္ သုံးစင်းတို့လည်း ခုတ်မောင်းနေတာကို တွေ့ခဲ့့ပါတယ်။ ဂျပန်တို့က သူတို့ ရေပိုင်နက်လို့ သတ်မှတ်ထားတဲ့ ဒေသကို ချိုးဖောက်ဝင်ရောက်တဲ့ အထိတော့တရုတ် သဘောင်္တွေနီးနီးကပ်ကပ် ခုတ်မောင်းခဲ့တာ မရှိပါဘူး။
VOA Burmese
http://burmese.voanews.com
No comments:
Post a Comment