CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, December 18, 2015
တရားမ၀င္ သစ္ထုတ္လုပ္မႈမ်ား ကာကြယ္တားဆီးျခင္း စီမံကိန္းကို အမွန္တကယ္ ထိေရာက္ေအာင္ မေဆာက္ရြက္ႏိုင္ေသးဟု ဆို
အမ်ိဳးသားစီမံကိန္းတြင္ တရားမ၀င္ သစ္ထုတ္လုပ္မႈမ်ား ကာကြယ္တားဆီးျခင္း စီမံကိန္း ထည့္ထားေသာ္လည္း အမွန္တကယ္ ထိေရာက္ေအာင္မေဆာင္ရြက္ ႏိုင္ေသးေၾကာင္း၊ ႏိုင္ငံေတာ္ အစိုးရအေနျဖင့္လည္း ခ်မွတ္ထားသည့္ ဥပေဒမ်ား အတိုင္း ႏိုင္ငံသား/ႏိုင္ငံျခားသား မခြဲျခားဘဲျပတ္ျပတ္သားသား အေရးယူ ေဆာင္ရြက္ သင့္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚစႏၵာမင္းက ေျပာသည္။
ပထမအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ၁၃ ႀကိမ္ေျမာက္ ပုံမွန္ အစည္းအေဝး ၁၅ ရက္ေျမာက္ေန႔တြင္ ျပည္ေထာင္စု အစိုးရအဖြဲ႕မွ ေပးပို႔ေသာ ၂ဝ၁၅-၂ဝ၁၆ဘ႑ာ ေရးႏွစ္ ပထမ ေျခာက္လပတ္ အမ်ဳိးသား စီမံကိန္း ေဆာင္ရြက္မႈ အစီရင္ခံစာအေပၚ စီမံကိန္းမ်ားႏွင့္ ဘ႑ာေရး ဖြံ႕ၿဖိဳးတိုးတက္မႈပူးေပါင္းေကာ္မတီ၏ စိစစ္ေလ့လာ ေတြ႕ရွိခ်က္ အစီရင္ခံစာႏွင့္ ပတ္သက္၍ ေဒၚစႏၵာမင္းက ၀င္ေရာက္ ေဆြးေႏြးရာတြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
လြန္ခဲ့သည့္ ငါးႏွစ္တာ ကာလမွစကာ ႏွစ္စဥ္ သစ္ေတာဖုံးလႊမ္းမႈ ၂ ရာခိုင္ႏႈန္း ေပ်ာက္ဆုံးေနကာ တရားမ၀င္ သစ္ခိုးထုတ္မႈေၾကာင့္ သစ္ေတာျပဳန္းတီးမႈႏႈန္း အမ်ားဆုံး စာရင္းတြင္ ျမန္မာႏိုင္ငံသည္ ဘရာဇီးႏွင့္ အင္ဒိုနီးရွား ႏိုင္ငံၿပီးလွ်င္ တတိယေနရာတြင္ ေရာက္ေနသည္ဟု FAO က ေဖာ္ျပေၾကာင္းေဒၚစႏၵာမင္းက ေျပာသည္။
ျပည္ပကုန္သြယ္မႈ အေျခအေန၌ အမ်ားဆုံး တင္ပို႕ခဲ့သည့္ ကုန္ပစၥည္းမ်ားထဲတြင္ သစ္ေတာထြက္ ပစၥည္းမ်ားအတြက္ ရရွိေငြ က်ပ္သန္းေပါင္း ၁၀၂,၃၅၃.၀က်ပ္သန္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ အခြန္ေကာက္ခံ ရရွိမႈကို ေဖာ္ျပထားရာတြင္ သစ္ေတာက႑အတြက္ေဆာင္ရြက္ခဲ့ေသာ စီမံကိန္းမွာ ျပည္ပသို႕ သစ္အလုံးလိုက္ တင္ပို႕မႈကို ရပ္ဆိုင္းၿပီး ပထမ ေျခာက္လပတ္ အတြင္း ႏိုင္ငံပိုင္အခန္းမွကၽြန္း ၁၅,၆၂၉ ကုဗတန္ႏွင့္ သစ္မာ ၃၆,၉၉၈ ကုဗတန္ ထုတ္လုပ္ သည္ဟု ေဖာ္ျပထားသည္။ သို႕ေသာ္ FAO ၏ ေဖာ္ျပခ်က္တြင္ ၂၀၁၀အစိုးရအသစ္ တာ၀န္ယူစဥ္ ပထမႏွစ္မွစ၍ ပဥၥမႏွစ္အထိ စုစုေပါင္း သစ္တန္ခ်ိန္ ၆၄ သိန္းေက်ာ္ ထုတ္လုပ္ခြင့္ ျပဳခဲ့ေၾကာင္း တရားမ၀င္ ခိုးထုတ္သည့္သစ္မ်ားမွာ ၁၅ ႏွစ္အတြင္း သစ္ပင္ေပါင္း သန္း ၃၀ ေက်ာ္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္ဟု ေဒၚစႏၵာမင္းက ဆက္လက္ ေျပာၾကားသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာ ၁၄ ရက္က ျပည္ေထာင္စု လႊတ္ေတာ္သို႕တင္သြင္းခဲ့သည့္ စီမံကိန္းမ်ားႏွင့္ ဘ႑ာေရး ဖြံ႕ၿဖိဳးတိုးတက္မႈ ပူးေပါင္းေကာ္မတီ၏ ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္ ပထမ ေျခာက္လပတ္ အမ်ိဳးသားစီမံကိန္း အစီရင္ခံစာတြင္ သစ္ေတာ က႑၊ သတၱဳက႑မ်ားတြင္ တရားလြန္ ေဆာင္ရြက္ေနမႈမ်ားကိုႏိုင္ငံေတာ္ အစိုးရ အေနျဖင့္ ျပတ္ျပတ္သားသားျဖင့္ ဥပေဒမ်ားအတိုင္း အေရးယူ ေဆာင္ရြက္သင့္ ေၾကာင္း၊ ယခု အေျခအေနတြင္သစ္လံုးသာ ခိုးထုတ္သည္ မဟုတ္ဘဲ သစ္ျမစ္ပါ တူးေဖာ္ေၾကာင္း၊ သစ္ျမစ္၏ ေအာက္တြင္ ေတြ႕ရေသာ ဓာတ္သတၱဳမ်ားကိုပါ ဆက္လက္တူးေဖာ္ေနသည္မ်ားကို ျပင္းျပင္းထန္ထန္ ကာကြယ္တားဆီးသင့္ ေၾကာင္း ေဖာ္ျပခဲ့သည္။
တရားမ၀င္ သစ္ထုတ္လုပ္မႈေၾကာင့္ ေထာင္ဒဏ္ တစ္သက္တစ္ကၽြန္း ခ်မွတ္ခံထား ရသည့္ တ႐ုတ္ႏိုင္ငံသား ၁၅၅ဦးကိုႏိုင္ငံေတာ္အစိုးရကႏွစ္ႏုိင္ငံခ်စ္ၾကည္ေရး၊ ႏုိင္ငံအခ်င္းခ်င္း မိတ္၀တ္မပ်က္ ဆက္ဆံေရးတုိ႔ကို ေရွး႐ႈေသာ အားျဖင့္ဟုဆိုကာ ၿပီးခဲ့သည့္ ဇူလိုင္ ၃၀ရက္က လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးခဲ့ဖူးသည္။
( The Ladies News )
https://www.facebook.com/News.TheLadies/
...................
အမျိုးသားစီမံကိန်းတွင် တရားမဝင် သစ်ထုတ်လုပ်မှုများ ကာကွယ်တားဆီးခြင်း စီမံကိန်း ထည့်ထားသော်လည်း အမှန်တကယ် ထိရောက်အောင်မဆောင်ရွက် နိုင်သေးကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း ချမှတ်ထားသည့် ဥပဒေများ အတိုင်း နိုင်ငံသား/နိုင်ငံခြားသား မခွဲခြားဘဲပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက် သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာ ရေးနှစ် ပထမ ခြောက်လပတ် အမျိုးသား စီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာအပေါ် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းကော်မတီ၏ စိစစ်လေ့လာ တွေ့ရှိချက် အစီရင်ခံစာနှင့် ပတ်သက်၍ ဒေါ်စန္ဒာမင်းက ၀င်ရောက် ဆွေးနွေးရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ငါးနှစ်တာ ကာလမှစကာ နှစ်စဉ် သစ်တောဖုံးလွှမ်းမှု ၂ ရာခိုင်နှုန်း ပျောက်ဆုံးနေကာ တရားမဝင် သစ်ခိုးထုတ်မှုကြောင့် သစ်တောပြုန်းတီးမှုနှုန်း အများဆုံး စာရင်းတွင် မြန်မာနိုင်ငံသည် ဘရာဇီးနှင့် အင်ဒိုနီးရှား နိုင်ငံပြီးလျှင် တတိယနေရာတွင် ရောက်နေသည်ဟု FAO က ဖော်ပြကြောင်းဒေါ်စန္ဒာမင်းက ပြောသည်။
ပြည်ပကုန်သွယ်မှု အခြေအနေ၌ အများဆုံး တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများထဲတွင် သစ်တောထွက် ပစ္စည်းများအတွက် ရရှိငွေ ကျပ်သန်းပေါင်း ၁၀၂,၃၅၃.၀ကျပ်သန်းဖြစ်ကြောင်း ဖော်ပြထားသည်။ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အခွန်ကောက်ခံ ရရှိမှုကို ဖော်ပြထားရာတွင် သစ်တောကဏ္ဍအတွက်ဆောင်ရွက်ခဲ့သော စီမံကိန်းမှာ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းပြီး ပထမ ခြောက်လပတ် အတွင်း နိုင်ငံပိုင်အခန်းမှကျွန်း ၁၅,၆၂၉ ကုဗတန်နှင့် သစ်မာ ၃၆,၉၉၈ ကုဗတန် ထုတ်လုပ် သည်ဟု ဖော်ပြထားသည်။ သို့သော် FAO ၏ ဖော်ပြချက်တွင် ၂၀၁၀အစိုးရအသစ် တာဝန်ယူစဉ် ပထမနှစ်မှစ၍ ပဥ္စမနှစ်အထိ စုစုပေါင်း သစ်တန်ချိန် ၆၄ သိန်းကျော် ထုတ်လုပ်ခွင့် ပြုခဲ့ကြောင်း တရားမဝင် ခိုးထုတ်သည့်သစ်များမှာ ၁၅ နှစ်အတွင်း သစ်ပင်ပေါင်း သန်း ၃၀ ကျော်ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ဒေါ်စန္ဒာမင်းက ဆက်လက် ပြောကြားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်က ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းခဲ့သည့် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အမျိုးသားစီမံကိန်း အစီရင်ခံစာတွင် သစ်တော ကဏ္ဍ၊ သတ္တုကဏ္ဍများတွင် တရားလွန် ဆောင်ရွက်နေမှုများကိုနိုင်ငံတော် အစိုးရ အနေဖြင့် ပြတ်ပြတ်သားသားဖြင့် ဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်သင့် ကြောင်း၊ ယခု အခြေအနေတွင်သစ်လုံးသာ ခိုးထုတ်သည် မဟုတ်ဘဲ သစ်မြစ်ပါ တူးဖော်ကြောင်း၊ သစ်မြစ်၏ အောက်တွင် တွေ့ရသော ဓာတ်သတ္တုများကိုပါ ဆက်လက်တူးဖော်နေသည်များကို ပြင်းပြင်းထန်ထန် ကာကွယ်တားဆီးသင့် ကြောင်း ဖော်ပြခဲ့သည်။
တရားမဝင် သစ်ထုတ်လုပ်မှုကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထား ရသည့် တရုတ်နိုင်ငံသား ၁၅၅ဦးကိုနိုင်ငံတော်အစိုးရကနှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသော အားဖြင့်ဟုဆိုကာ ပြီးခဲ့သည့် ဇူလိုင် ၃၀ရက်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ဖူးသည်။
( The Ladies News )
https://www.facebook.com/News.TheLadies/
တရားမ၀င္ သစ္ထုတ္လုပ္မႈမ်ား ကာကြယ္တားဆီးျခင္း စီမံကိန္းကို အမွန္တကယ္ ထိေရာက္ေအာင္ မေဆာက္ရြက္ႏိုင္ေသးဟု ဆို
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 18, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment