"ထိုင္ပါဦး သမီးရယ္။ သမီးဟာ တေန႔က်ရင္ သာမန္ အိမ္ရွင္မတေယာက္ ျဖစ္လာမယ္။ သမီးရဲ႕ သားသမီးေတြကို ေကာင္းေကာင္းမြန္မြန္ ေစာင့္ေရွာက္တဲ့ မိခင္ေကာင္း ျဖစ္မယ္။ အဲဒီလိုပဲ အေဖတို႔က သမီးဘဝကို ေမွ်ာ္လင့္ထားခဲ့တယ္"
သူက စကားေျပာေနသည္ကို ခနရပ္လိုက္ၿပီးမွ
"ဘာပဲျဖစ္ျဖစ္ ဘဝကို ရင္ႏွီးျမဳပ္ႏွံၿပီး တိုင္းျပည္အတြက္ ထမ္းေဆာင္ရတယ္ဆိုတာ ႀကီးမားတဲ့ ဂုဏ္ျဒပ္တခုပါ။ သမီးတခုေတာ့ အၿမဲသတိရေနပါ။ သမီးကို ေသတြင္းထဲ ပစ္ခ်လိုက္သည့္တိုင္ စိတ္ကို တည္တည္ၿငိမ္ၿငိမ္ထားရင္ သမီးအသက္ မဆံုးႏိုင္ဘူး ဆိုတာပဲ"
အေမက ငိုခ်လိုက္သည္။ ကြ်န္မ အခန္းသို႔ လာခဲ့သည္။ ေမာင္ႏွမ တစ္စု ငယ္ငယ္က ရိုက္ကူးခဲ့ေသာ ဓာတ္ပံုမ်ားကို ၾကည့္ကာ အတူတကြ ေပ်ာ္ရႊင္ခဲ့ရသည့္ ေန႔မ်ားကို ျပန္လည္အမွတ္ရၾကသည္။ ကြ်န္မ အိမ္ကို မစြန္႔ခြာခ်င္။ သားသမီးတိုင္းသည္ တေန႔ေန႔ တခ်ိန္ခ်ိန္ မိဘ၏ ရင္ခြင္ကို စြန္႔ခြာထြက္သြားၾကသည္သာ။ ကြ်န္မ၏ ထြက္ခြာျခင္းသည္ ေကာင္းေသာထြက္ခြာျခင္း ဂုဏ္ျဒပ္ႀကီးမားစြာ ထြက္ခြာျခင္းဟူ၍ အားတင္း ေအာက္ေမ့လုိက္သည္။ ေနာက္္တေန႔နံနက္တြင္ ကြ်န္မ အိပ္ရာမွ ေစာေစာႏိုးသည္။ နံနက္စာဝုိင္းသည္ တိတ္ဆိတ္ေနသည္။ ငိုထားျခင္းေၾကာင့္ အေမ့မ်က္လံုးမ်ား နီရဲမို႔အစ္ေနသည္။
၁၀ နာရီတြင္ ေအးဂ်င့္ေခ်ာင္ ေရာက္လာသည္။ သူက အေဖ့ကို ႏႈတ္ဆက္ရင္း "သမီးအတြက္ မစိုးရိမ္ပါနဲ႔။ ပါတီက လိုအပ္တာအားလံုးကို ျဖည့္ဆည္းေပးမွာပါ။ ခင္ပြန္းေကာင္းရေအာင္ေတာင္ ပါတီက ရွာေပးအံုးမွာ"ဟုေျပာသည္။
အေဖက "ေက်းဇူးတင္ပါတယ္ဗ်ာ။ သမီးေၾကာင့္ ကြ်န္ေတာ္တု႔္ိ မိသားစု ဂုဏ္တက္ရပါတယ္။ ကြ်န္ေတာ္တို႔ သူ႔အတြက္ မစိုးရိမ္ပါဘူး။ ပါတီကို ကြ်န္ေတာ္ ေက်းဇူးမ်ားစြာတင္ပါတယ္"
ကြ်န္မ အိမ္က ထြက္လာေသာေန႔ကို ယေန႔တိုင္ ျပက္ျပက္ထင္ထင္ မွတ္မိေနသည္။ ဝမ္းနည္းေသာ မ်က္လံုးမ်ားျဖင့္ ၾကည့္ေနေသာ အေဖ့ကို မေမ့ႏိုင္။ အေမႏွင့္ညီမတို႔က ငိုေနၾကသည္။ ေမာင္ငယ္တဦးတည္းသာ ရႊင္ရႊင္ျပျပရွိေနသည္။ တဦးခ်င္းက ကြ်န္မကို ႏႈတ္ဆက္ေနသည္။ သူတို႔၏ ႏႈတ္ဆက္သံမ်ားကို ယေန႔တိုင္ၾကားေယာင္ဆဲ
ကင္အုတ္ဟြာ(သို႔မဟုတ္)ကင္ယြန္ေဟး
ကားသည္ ၿပံဳးယမ္းဆင္ေျခဖံုးတြင္ ေျပးလႊားေနသည္။ ကားေပၚတြင္ လိုက္ပါေနရသည္ကို စိတ္ႀကီးဝင္ေနမိသည္။ ကေလးမ်ားကို ျဖတ္သြားတိုင္း ကင္းေထာက္မ်ား အေလးျပဳသကဲ့သို႔ သူတို႔က ကြ်န္မတု႔ိကို အေလးျပဳသည္။ ၿမိဳ႕အထြက္တြင္ ကင္းဂိတ္ရွိသည္။ ကင္းဂိတ္သည္ ကြ်န္မတို႔ကားအား အစစ္အေဆးမရွိ လက္ေဝွ႔ယမ္းျပကာ သြားခြင့္ျပဳသည္။
ကားသည္ ၿပံဳးယမ္းၿမိဳ႕သို႔ ဦးတည္ကာ သြားေနရာမွ အရွိန္ေလ်ာ့ခ်လိုက္ၿပီး ဦးတည္ခ်က္ ေျပာင္းသြားသည္။ ေတာင္ေပၚ ေျမသားလမ္းျဖစ္သည္။ ခဏအၾကာတြင္ ကင္းဂိတ္သို႔ ေရာက္သည္။ ကင္းသမားက အေလးျပဳၿပီး ဆက္သြားခြင့္ျပဳသည္။ ထိုမွ လြန္ေသာ္ ငံုးေမြးျမဴ ေရးၿခံကို ေတြ႕ရၿပီး အေတာ္ပင္ ႀကီးမားေသာ အေဆာက္အအံုတခုကို ထပ္ေတြ႕ရသည္။ လမ္းသည္ ပိုမိုသီးသန္႔ျဖစ္လာသည္။
"မင္း ဒီလိုေနရာမ်ဴ ိးကို ေရာက္ဖူးလား။ ညဆိုရင္ ေတာင္ေပၚက က်ားေတြ ဆင္းလာတတ္တယ္"
သူ၏ ေျခာက္လွန္႔ေသာ ေလသံကို ကြ်န္မမႀကိဳက္။ သူ႔ကို ဘုၾကည့္ ၾကည့္လိုက္ေသာ္လည္း သတိျပဳမိပံု မေပၚ။
"ခုခ်ိန္က စၿပီး မင္းရဲ႕ နာမည္အရင္းကို မသံုးရေတာ့ဘူး။ မင္းနာမည္ဟာ ကင္အုတ္ဟြာ ျဖစ္သြားၿပီ။ အဲ့ဒါကိုမေမ့နဲ႔။ ဘယ္လိုအေျခအေနမွာပဲ ျဖစ္ျဖစ္ မင္းရဲ႕နာမည္အရင္းကို မေဖာ္ျပရဘူး။ အသ္ိမိတ္ေဆြ အသစ္ေတြ႕တဲ့အခါ အမည္ရင္းကို မေျပာျပရဘူး။"
ကားသည္ အေဆာက္အအံုမ်ား အစီအရီရွိေသာ ေနရာတြင္ ရပ္လိုက္သည္။ အသက္ငါးဆယ္ခန္႔
အမ်ဴ ိးသမီး တစ္ဦး ကြ်န္မတို႔အား ရပ္ေစာင့္ေနသည္။ သူမက ကြ်န္မေနရာမယ့္ အခန္းကို လိုက္ျပသည္။ အခန္းႏွင့္တြဲလ်က္ ေရခ်ဴ ိးေႂ ကြဇလံုပါေသာ ေရခ်ဴ ိးခန္း နွင့္ ကြ်န္မအတြက္ အဝတ္အစားသစ္မ်ားကို ေတြ႕ရသည္။
ေရခ်ဴ ိးရင္း ကြ်န္မေရာက္ရွိေနေသာ အေျခအေနကို ျပန္သံုးသပ္မိသည္။ ေရခ်ဴ ိးၿပီးသည္ႏွင့္ အိပ္ရာသို႔ တန္းဝင္သည္။ သို႔ေသာ္ အိပ္မေပ်ာ္ႏိုင္ ေလတိုက္ေနေသာ အသံက ေျခာက္ျခားစရာ။ ညသည္ အထီးက်န္လြန္းလွသည္။ တေယာက္တည္းရွိေနျခင္းက ကြ်န္မကို ေျခာက္လွန္႔ေနသည္။ မိုးမလင္းမွီ ကြ်န္မ အိပ္ေပ်ာ္သြားသည္။
နံနက္စာသည္ သိုက္ၿမိဳက္ျပည့္စံုလွသည္။ က်ဴ းဘားမွ ျပန္လာၿပီးကတည္းက အေကာင္းဆံုး နံနက္စာကို စားရျခင္းျဖစ္သည္။ ၾကက္ဥေၾကာ္ ေပါင္မုန္႔မီးကင္ ေထာပတ္ အာလူး တို႔ျဖစ္သည္။ ေပါင္မုန္႔ဂ်ံဴ သားမွာ လြန္စြာ ႏူးညံၿပီး ထိုကဲ့သို႔ ေပါင္မုန္႔မ်ဴ ိး ၿပံဳးယမ္းတြင္ မရႏိုင္။ ဤမွ် ေကာင္းမြန္စြာ စားေသာက္ေနရျခင္းကို ကြ်န္မရွက္မိသည္။
နံနက္စာစားၿပီးေသာအခါ သင္တန္းကာလ တေလွ်ာက္လံုး ကြ်န္မႏွင့္ တခန္းတည္း ေနရမည့္ အခန္းေဖာ္ကို မိတ္ဆက္ေပးသည္။ သူသည္ အၿမဲၿပံဳးေနၿပီး မ်က္လံုးရြဲႀကီးမ်ား ပိုင္ရွင္ ကင္ဆြတ္ေဟး ျဖစ္သည္။ ကြ်န္မထက္ ၁ ႏွစ္ငယ္ၿပီး လာမည့္ႏွစ္မ်ားတြင္ ညီမသဖြယ္ အရင္းႏွီးဆံုးသူငယ္ခ်င္း ျဖစ္လာမည္လာသည္။
အထူးေအးဂ်င့္ေခ်ာင္ ဝင္လာၿပီး ကြ်န္မတို႔ကို ႏႈတ္ဆက္သည္။ "ငါတို႔ စည္းကမ္းပိုင္းနဲ႔ ပတ္သတ္ၿပီး ေျပာၾကရေအာင္။ ေန႔အခ်ိန္မွာ မင္းတို႔ဟာ အေဆာက္အအံုျပင္ပ ထြက္ခြင့္မရွိဘူူး။ ညအခ်ိန္မွာေတာ့ အျပင္ထြက္ၿပီး နည္းနည္းပါးပါး လမ္းေလွ်ာက္ႏိုင္တယ္။ မင္းတို႔ အျပင္ထြက္ရင္ ထမင္းခ်က္ကို အသိေပးရမယ္။ အျပင္က ေရာက္လာတဲ့ ပစၥည္းပို႔တဲ့လူ ယာဥ္ေမာင္းစတဲ့ လူေတြနဲ႔ မေတြ႕ေအာင္ ေရွာင္ရမယ္။ အျပင္ထြက္တဲ့အခါမွာ ငါတို႔ေပးထားမယ့္ ေနကာမ်က္မွန္ မ်က္ႏွာဖံုးတို႔ကို တပ္ထားရမယ္။ တေယာက္ေယာက္နဲ႔ ေတြ႕ရင္ ကြယ္ထားႏိုင္ေအာင္ ထီးယူၿပီးမွ အျပင္ထြက္ရမယ္။ နံနက္စာကို ၈နာရီမွာ အၿပီးစားထားရမယ္။ စာသင္ခန္းမသြားခင္ ကင္အီဆြန္းရဲ႕ လက္ေရြးစင္စာစုနဲ႔ ေတာ္လွန္ေရးလႈပ္ရွားမႈ သမုိင္းေတြကို နာရီဝက္ဖတ္ရမယ္။ ရွင္းတယ္ေနာ္။"
ေန႔လယ္ပိုင္းတြင္ ဒုဝန္ႀကီး ကန္ ဆိုသူ ေရာက္လာသည္။ အရပ္မနိမ့္မျမင့္ မ်က္ႏွာဝိုင္းဝိုင္း အဆိပ္ေငြ႕သန္းေနေသာ မ်က္လံုးပိုင္ရွင္ျဖစ္သည္။ စာၾကည့္တိုက္ထဲတြင္ ကြ်န္မတို႔ သူႏွင့္ မ်က္ႏွာခ်င္းဆိုင္ ထိုင္ၾကသည္။ သူက စကားမခံပဲ တံုးတံုးတိတိပင္ "မင္းတို႔ သိတဲ့တိုင္းပဲ ပါတီရဲ႕ ရည္မွန္းခ်က္က အခုမ်ဴ ိးဆက္အတြင္းမွာ ကိုးရီးယား ၂ ႏိုင္ငံေပါင္းစည္းေရးပဲ။ ဒီအတြက္ မင္းတို႔ ၂ ေယာက္ဟာ ထိပ္တန္းစပိုင္ေတြ ျဖစ္လာဖို႔ ငါတို႔ေမွ်ာ္လင့္ထားတယ္။လူေပါင္းမ်ားစြာထဲကမွ မင္းတို႔ကို ေရြးထားတာျဖစ္တဲ့အတြက္ ငါတို႔ကို စိတ္ပ်က္ေအာင္ လုပ္မယ္မထင္ဘူး။"
သူက ေခတၱမွ်ရပ္ကာ ဆက္ေျပာသည္။
"ရက္အနည္းငယ္ၾကာတဲ့အခါ မင္းတို႔ကို ထိပ္တန္းစပိုင္ေက်ာင္းကို ပို႔မယ္။ အဲ့ဒီေက်ာင္းဟာ ထိပ္တန္းစပိုင္ေတြကို ေမြးထုတ္ေပးေနတဲ့ ေက်ာင္းပဲ။"
"ကြ်န္မတို႔ မက်ရံႈးေစရပါဘူး" ကြ်န္မတို႔ ၿပိဳင္တူေျပာလိုက္သည္။
"ေထာက္လွမ္းေရးမွာ မိန္းကေလးေတြကို ငါတို႔ဘာေၾကာင့္ သံုးလဲ သိလား။ မင္းတို႔က ဆြဲေဆာင္ႏိုင္လို႔ သံုးတာ။ လိုအပ္ရင္ မင္းတို႔ ခႏၶာကိုယ္ကို ခ်ေရာင္းပစ္ရမယ္။ မင္းတို႔ ႏိုင္ငံျခားတိုင္းျပည္မွာ တရားဝင္ေနထိုင္ရေတာ့မယ္ ဆိုရင္ ငါတို႔ေရြးခ်ယ္ေပးတဲ့လူကို လက္ထပ္ရမယ္။ မင္းတို႔ ဒါကို သေဘာေပါက္ခံယူထားရမယ္"
ကြ်န္မတို႔ ဘာမွ ျပန္မေျပာျဖစ္ေသာ္လည္း တုန္လႈပ္ေျခာက္ျခားသြားသည္။ ရင္ထဲ၌လည္း ေအာ္ဂလီဆန္သြားသည္။
ထိုေန႔ည ကြ်န္မတို႔ ကုတင္ေပၚ လွဲေနစဥ္ ကြ်န္မက "သူငယ္ခ်င္း ဆြတ္ေဟး မင္းခႏၶာကိုယ္ကို သူစိမ္းေယာက်ာ္းလက္ထဲ အပ္ႏိုင္ပါ့မလား။"
"မသိေတာ့ဘူးကြာ။ မင္းဆိုရင္ေကာ"
"ငါလည္း မသိပါဘူးကြာ"
သူက "ငါတို႔မွာ ေရြးခ်ယ္ခြင့္မွ မရွိတာ"
သူ႔စကားသံထဲတြင္ ခါးသီးရြံရွာမႈတို႔ ပါေနသည္။ ကြ်န္မက ပ်ဴ ိ႕အန္ခ်င္သည္။
ဆက္ရန္
Swam Htetမွတ္စုၾကမ္း
December 23, 2015 ·
...............
မြောက်ကိုရိီးယား စပိုင်မယ် ကင်ယွန်းဟေး၏ ဘဝဇာတ်ကြောင်း
အပိုင်း ၉
ကျွန်မသတင်းကို ကြားလိုက်ရသည့်အခါ ကြက်သေသေသွားသည်။ မေးခွန်းတခုတည်းကို ထပ်ခါထပ်ခါမေးသည်။ ကျွန်မ၏အဖြေကို နားမလည့်အလား ဘာမျှပြန်မပြောပဲ ထိုင်နေပြီး နောက်ဆုံးတွင် အဖေက
"ထိုင်ပါဦး သမီးရယ်။ သမီးဟာ တနေ့ကျရင် သာမန် အိမ်ရှင်မတယောက် ဖြစ်လာမယ်။ သမီးရဲ့ သားသမီးတွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်တဲ့ မိခင်ကောင်း ဖြစ်မယ်။ အဲဒီလိုပဲ အဖေတို့က သမီးဘဝကို မျှော်လင့်ထားခဲ့တယ်"
သူက စကားပြောနေသည်ကို ခနရပ်လိုက်ပြီးမှ
"ဘာပဲဖြစ်ဖြစ် ဘဝကို ရင်နှီးမြုပ်နှံပြီး တိုင်းပြည်အတွက် ထမ်းဆောင်ရတယ်ဆိုတာ ကြီးမားတဲ့ ဂုဏ်ဒြပ်တခုပါ။ သမီးတခုတော့ အမြဲသတိရနေပါ။ သမီးကို သေတွင်းထဲ ပစ်ချလိုက်သည့်တိုင် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားရင် သမီးအသက် မဆုံးနိုင်ဘူး ဆိုတာပဲ"
အမေက ငိုချလိုက်သည်။ ကျွန်မ အခန်းသို့ လာခဲ့သည်။ မောင်နှမ တစ်စု ငယ်ငယ်က ရိုက်ကူးခဲ့သော ဓာတ်ပုံများကို ကြည့်ကာ အတူတကွ ပျော်ရွှင်ခဲ့ရသည့် နေ့များကို ပြန်လည်အမှတ်ရကြသည်။ ကျွန်မ အိမ်ကို မစွန့်ခွာချင်။ သားသမီးတိုင်းသည် တနေ့နေ့ တချိန်ချိန် မိဘ၏ ရင်ခွင်ကို စွန့်ခွာထွက်သွားကြသည်သာ။ ကျွန်မ၏ ထွက်ခွာခြင်းသည် ကောင်းသောထွက်ခွာခြင်း ဂုဏ်ဒြပ်ကြီးမားစွာ ထွက်ခွာခြင်းဟူ၍ အားတင်း အောက်မေ့လိုက်သည်။ နောက််တနေ့နံနက်တွင် ကျွန်မ အိပ်ရာမှ စောစောနိုးသည်။ နံနက်စာဝိုင်းသည် တိတ်ဆိတ်နေသည်။ ငိုထားခြင်းကြောင့် အမေ့မျက်လုံးများ နီရဲမို့အစ်နေသည်။
၁၀ နာရီတွင် အေးဂျင့်ချောင် ရောက်လာသည်။ သူက အဖေ့ကို နှုတ်ဆက်ရင်း "သမီးအတွက် မစိုးရိမ်ပါနဲ့။ ပါတီက လိုအပ်တာအားလုံးကို ဖြည့်ဆည်းပေးမှာပါ။ ခင်ပွန်းကောင်းရအောင်တောင် ပါတီက ရှာပေးအုံးမှာ"ဟုပြောသည်။
အဖေက "ကျေးဇူးတင်ပါတယ်ဗျာ။ သမီးကြောင့် ကျွန်တော်တု့်ိ မိသားစု ဂုဏ်တက်ရပါတယ်။ ကျွန်တော်တို့ သူ့အတွက် မစိုးရိမ်ပါဘူး။ ပါတီကို ကျွန်တော် ကျေးဇူးများစွာတင်ပါတယ်"
ကျွန်မ အိမ်က ထွက်လာသောနေ့ကို ယနေ့တိုင် ပြက်ပြက်ထင်ထင် မှတ်မိနေသည်။ ဝမ်းနည်းသော မျက်လုံးများဖြင့် ကြည့်နေသော အဖေ့ကို မမေ့နိုင်။ အမေနှင့်ညီမတို့က ငိုနေကြသည်။ မောင်ငယ်တဦးတည်းသာ ရွှင်ရွှင်ပြပြရှိနေသည်။ တဦးချင်းက ကျွန်မကို နှုတ်ဆက်နေသည်။ သူတို့၏ နှုတ်ဆက်သံများကို ယနေ့တိုင်ကြားယောင်ဆဲ
ကင်အုတ်ဟွာ(သို့မဟုတ်)ကင်ယွန်ဟေး
ကားသည် ပြုံးယမ်းဆင်ခြေဖုံးတွင် ပြေးလွှားနေသည်။ ကားပေါ်တွင် လိုက်ပါနေရသည်ကို စိတ်ကြီးဝင်နေမိသည်။ ကလေးများကို ဖြတ်သွားတိုင်း ကင်းထောက်များ အလေးပြုသကဲ့သို့ သူတို့က ကျွန်မတို့ကို အလေးပြုသည်။ မြို့အထွက်တွင် ကင်းဂိတ်ရှိသည်။ ကင်းဂိတ်သည် ကျွန်မတို့ကားအား အစစ်အဆေးမရှိ လက်ဝှေ့ယမ်းပြကာ သွားခွင့်ပြုသည်။
ကားသည် ပြံုးယမ်းမြို့သို့ ဦးတည်ကာ သွားနေရာမှ အရှိန်လျော့ချလိုက်ပြီး ဦးတည်ချက် ပြောင်းသွားသည်။ တောင်ပေါ် မြေသားလမ်းဖြစ်သည်။ ခဏအကြာတွင် ကင်းဂိတ်သို့ ရောက်သည်။ ကင်းသမားက အလေးပြုပြီး ဆက်သွားခွင့်ပြုသည်။ ထိုမှ လွန်သော် ငုံးမွေးမြူ ရေးခြံကို တွေ့ရပြီး အတော်ပင် ကြီးမားသော အဆောက်အအုံတခုကို ထပ်တွေ့ရသည်။ လမ်းသည် ပိုမိုသီးသန့်ဖြစ်လာသည်။
"မင်း ဒီလိုနေရာမျူ ိးကို ရောက်ဖူးလား။ ညဆိုရင် တောင်ပေါ်က ကျားတွေ ဆင်းလာတတ်တယ်"
သူ၏ ခြောက်လှန့်သော လေသံကို ကျွန်မမကြိုက်။ သူ့ကို ဘုကြည့် ကြည့်လိုက်သော်လည်း သတိပြုမိပုံ မပေါ်။
"ခုချိန်က စပြီး မင်းရဲ့ နာမည်အရင်းကို မသုံးရတော့ဘူး။ မင်းနာမည်ဟာ ကင်အုတ်ဟွာ ဖြစ်သွားပြီ။ အဲ့ဒါကိုမမေ့နဲ့။ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် မင်းရဲ့နာမည်အရင်းကို မဖော်ပြရဘူး။ အသ်ိမိတ်ဆွေ အသစ်တွေ့တဲ့အခါ အမည်ရင်းကို မပြောပြရဘူး။"
ကားသည် အဆောက်အအုံများ အစီအရီရှိသော နေရာတွင် ရပ်လိုက်သည်။ အသက်ငါးဆယ်ခန့်
အမျူ ိးသမီး တစ်ဦး ကျွန်မတို့အား ရပ်စောင့်နေသည်။ သူမက ကျွန်မနေရာမယ့် အခန်းကို လိုက်ပြသည်။ အခန်းနှင့်တွဲလျက် ရေချူ ိးေြ ကွဇလုံပါသော ရေချူ ိးခန်း နှင့် ကျွန်မအတွက် အဝတ်အစားသစ်များကို တွေ့ရသည်။
ရေချူ ိးရင်း ကျွန်မရောက်ရှိနေသော အခြေအနေကို ပြန်သုံးသပ်မိသည်။ ရေချူ ိးပြီးသည်နှင့် အိပ်ရာသို့ တန်းဝင်သည်။ သို့သော် အိပ်မပျော်နိုင် လေတိုက်နေသော အသံက ခြောက်ခြားစရာ။ ညသည် အထီးကျန်လွန်းလှသည်။ တယောက်တည်းရှိနေခြင်းက ကျွန်မကို ခြောက်လှန့်နေသည်။ မိုးမလင်းမှီ ကျွန်မ အိပ်ပျော်သွားသည်။
နံနက်စာသည် သိုက်မြိုက်ပြည့်စုံလှသည်။ ကျူ းဘားမှ ပြန်လာပြီးကတည်းက အကောင်းဆုံး နံနက်စာကို စားရခြင်းဖြစ်သည်။ ကြက်ဥကြော် ပေါင်မုန့်မီးကင် ထောပတ် အာလူး တို့ဖြစ်သည်။ ပေါင်မုန့်ဂျံူ သားမှာ လွန်စွာ နူးညံပြီး ထိုကဲ့သို့ ပေါင်မုန့်မျူ ိး ပြံုးယမ်းတွင် မရနိုင်။ ဤမျှ ကောင်းမွန်စွာ စားသောက်နေရခြင်းကို ကျွန်မရှက်မိသည်။
နံနက်စာစားပြီးသောအခါ သင်တန်းကာလ တလျှောက်လုံး ကျွန်မနှင့် တခန်းတည်း နေရမည့် အခန်းဖော်ကို မိတ်ဆက်ပေးသည်။ သူသည် အမြဲပြံုးနေပြီး မျက်လုံးရွဲကြီးများ ပိုင်ရှင် ကင်ဆွတ်ဟေး ဖြစ်သည်။ ကျွန်မထက် ၁ နှစ်ငယ်ပြီး လာမည့်နှစ်များတွင် ညီမသဖွယ် အရင်းနှီးဆုံးသူငယ်ချင်း ဖြစ်လာမည်လာသည်။
အထူးအေးဂျင့်ချောင် ဝင်လာပြီး ကျွန်မတို့ကို နှုတ်ဆက်သည်။ "ငါတို့ စည်းကမ်းပိုင်းနဲ့ ပတ်သတ်ပြီး ပြောကြရအောင်။ နေ့အချိန်မှာ မင်းတို့ဟာ အဆောက်အအုံပြင်ပ ထွက်ခွင့်မရှိဘူူး။ ညအချိန်မှာတော့ အပြင်ထွက်ပြီး နည်းနည်းပါးပါး လမ်းလျှောက်နိုင်တယ်။ မင်းတို့ အပြင်ထွက်ရင် ထမင်းချက်ကို အသိပေးရမယ်။ အပြင်က ရောက်လာတဲ့ ပစ္စည်းပို့တဲ့လူ ယာဉ်မောင်းစတဲ့ လူတွေနဲ့ မတွေ့အောင် ရှောင်ရမယ်။ အပြင်ထွက်တဲ့အခါမှာ ငါတို့ပေးထားမယ့် နေကာမျက်မှန် မျက်နှာဖုံးတို့ကို တပ်ထားရမယ်။ တယောက်ယောက်နဲ့ တွေ့ရင် ကွယ်ထားနိုင်အောင် ထီးယူပြီးမှ အပြင်ထွက်ရမယ်။ နံနက်စာကို ၈နာရီမှာ အပြီးစားထားရမယ်။ စာသင်ခန်းမသွားခင် ကင်အီဆွန်းရဲ့ လက်ရွေးစင်စာစုနဲ့ တော်လှန်ရေးလှုပ်ရှားမှု သမိုင်းတွေကို နာရီဝက်ဖတ်ရမယ်။ ရှင်းတယ်နော်။"
နေ့လယ်ပိုင်းတွင် ဒုဝန်ကြီး ကန် ဆိုသူ ရောက်လာသည်။ အရပ်မနိမ့်မမြင့် မျက်နှာဝိုင်းဝိုင်း အဆိပ်ငွေ့သန်းနေသော မျက်လုံးပိုင်ရှင်ဖြစ်သည်။ စာကြည့်တိုက်ထဲတွင် ကျွန်မတို့ သူနှင့် မျက်နှာချင်းဆိုင် ထိုင်ကြသည်။ သူက စကားမခံပဲ တုံးတုံးတိတိပင် "မင်းတို့ သိတဲ့တိုင်းပဲ ပါတီရဲ့ ရည်မှန်းချက်က အခုမျူ ိးဆက်အတွင်းမှာ ကိုးရီးယား ၂ နိုင်ငံပေါင်းစည်းရေးပဲ။ ဒီအတွက် မင်းတို့ ၂ ယောက်ဟာ ထိပ်တန်းစပိုင်တွေ ဖြစ်လာဖို့ ငါတို့မျှော်လင့်ထားတယ်။လူပေါင်းများစွာထဲကမှ မင်းတို့ကို ရွေးထားတာဖြစ်တဲ့အတွက် ငါတို့ကို စိတ်ပျက်အောင် လုပ်မယ်မထင်ဘူး။"
သူက ခေတ္တမျှရပ်ကာ ဆက်ပြောသည်။
"ရက်အနည်းငယ်ကြာတဲ့အခါ မင်းတို့ကို ထိပ်တန်းစပိုင်ကျောင်းကို ပို့မယ်။ အဲ့ဒီကျောင်းဟာ ထိပ်တန်းစပိုင်တွေကို မွေးထုတ်ပေးနေတဲ့ ကျောင်းပဲ။"
"ကျွန်မတို့ မကျရှုံးစေရပါဘူး" ကျွန်မတို့ ပြိုင်တူပြောလိုက်သည်။
"ထောက်လှမ်းရေးမှာ မိန်းကလေးတွေကို ငါတို့ဘာကြောင့် သုံးလဲ သိလား။ မင်းတို့က ဆွဲဆောင်နိုင်လို့ သုံးတာ။ လိုအပ်ရင် မင်းတို့ ခန္ဓာကိုယ်ကို ချရောင်းပစ်ရမယ်။ မင်းတို့ နိုင်ငံခြားတိုင်းပြည်မှာ တရားဝင်နေထိုင်ရတော့မယ် ဆိုရင် ငါတို့ရွေးချယ်ပေးတဲ့လူကို လက်ထပ်ရမယ်။ မင်းတို့ ဒါကို သဘောပေါက်ခံယူထားရမယ်"
ကျွန်မတို့ ဘာမှ ပြန်မပြောဖြစ်သော်လည်း တုန်လှုပ်ခြောက်ခြားသွားသည်။ ရင်ထဲ၌လည်း အော်ဂလီဆန်သွားသည်။
ထိုနေ့ည ကျွန်မတို့ ကုတင်ပေါ် လှဲနေစဉ် ကျွန်မက "သူငယ်ချင်း ဆွတ်ဟေး မင်းခန္ဓာကိုယ်ကို သူစိမ်းယောကျာ်းလက်ထဲ အပ်နိုင်ပါ့မလား။"
"မသိတော့ဘူးကွာ။ မင်းဆိုရင်ကော"
"ငါလည်း မသိပါဘူးကွာ"
သူက "ငါတို့မှာ ရွေးချယ်ခွင့်မှ မရှိတာ"
သူ့စကားသံထဲတွင် ခါးသီးရွံရှာမှုတို့ ပါနေသည်။ ကျွန်မက ပျူ ိ့အန်ချင်သည်။
ဆက်ရန်
Swam Htetမှတ်စုကြမ်း
December 23, 2015 ·
No comments:
Post a Comment