သင်ဟာ ကျောင်းသား တစ်ယောက် ဖြစ်ပြီး နှာဗူးထ ချင်တယ်ဆိုရင်တော့ ဗြိတိန် နိုင်ငံ က နော့တင်ဟမ်
မြို့ ကိုသွားပါ။
နော့တင်ဟမ် မြို့ ဟာ ဗြိတိန်နိုင်ငံမှာ တဏှာစိတ် အပြင်းထန်ဆုံး တက္ကသိုလ် တွေရှိတဲ့ မြို့  ဖြစ်တယ်လို့ ShagAtUni.com ကဖော်ပြလိုက်ပါတယ်။လိင်မှု ကိစ္စတွေကို ရေးသားဖော်ပြတဲ့ ၀က်ဘ်ဆိုက် တစ်ခုဟာ သူတို့ ၀က်ဘ်ဆိုက်ကို နေ့စဉ် လူဝင်တဲ့ နေရာတွေကို လေ့လာခဲ့ရာမှာ နော့တင်ဟမ်မြို့  ကျောင်းသားပေါင်း ၁၄၇၇ ယောက် နဲ့ ထိပ်ဆုံး က ဦးဆောင်နေတာကိုတွေ့ ရပါတယ်။
ထို ၀က်ဘ်ဆိုက်ကို တည်ထောင်ခဲ့တာကတော့ အသက် ၂၂ နှစ်အရွယ် Tom Thurlow ဖြစ်ပြီး သူကတော့ နော့တင်ဟမ် မြို့ ထိပ်ဆုံးမှာရောက်နေတာကို မအံ့သြခဲ့မိဘူးလို့ ဆိုပါတယ်။ လိဒ် မြို့ ကတော့ ဒုတိယ နေရာမှာ ရပ်တည်နေပြီး တတိယ ကတော့ ထူးဆန်းစွာနဲ့ Oxford ဖြစ်နေခဲ့ပါတယ်။
Thurlow ဟာ ၂၀၁၂ခုနှစ်မှာ ShagAtUni ဆိုတဲ့ ၀က်ဘ်ဆိုက် ကို တည်ထောင်ခဲ့ပြီး ကျောင်းသားတွေအတွက် လိင်မှု ဆိုင်ရာ အကြောင်းအရာတွေကို ရေးသားဖော်ပြခဲ့ပြီး လုံခြုံပြီး အန္တရာယ် မရှိတဲ့ လိင်ဆက်ဆံ မှုတွေဖြစ်စေဖို့လည်း အသိပညာပေးဖော်ပြတဲ့ ၀က်ဘ်ဆိုက်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Metro
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, December 19, 2015
ဗြိတိန် နိုင်ငံ ရဲ့ နှာဗူးအထဆုံး ကျောင်းသားတွေရှိတဲ့ မြို့ 
ဗြိတိန် နိုင်ငံ ရဲ့ နှာဗူးအထဆုံး ကျောင်းသားတွေရှိတဲ့ မြို့ 
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 19, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment