Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 15, 2015

၂၀၁၅ ခုႏွစ္အတြင္း ျပည္ပအလုပ္အကိုင္ ရွာေဖြေရးေအဂ်င္စီ ၁၂ ခု အေရးယူခံရ


၂၀၁၅ ခုႏွစ္အတြင္း အလုပ္သမား၊ အလုပ္အကိုင္ႏွင့္ လူမႈဖူလံုေရးရာ ဝန္ႀကီးဌာနမွ သတ္မွတ္ထားသည့္ စည္းကမ္း ခ်ိဳးေဖာက္ေသာ ျပည္ပအလုပ္အကိုင္ ရွာေဖြေရး ေအဂ်င္စီ ၁၂ ခုကို အေရးယူထားေၾကာင္း အလုပ္သမားဝန္ႀကီးဌာန လက္ေအာက္ရွိ ျမန္မာႏိုင္ငံ ျပည္ပ အလုပ္အကိုင္ ရွာေဖြေရး ေအဂ်င္စီ အသင္းခ်ဳပ္ထံမွ သိရွိရသည္။

ျပည္ပ အလုပ္အကိုင္ ရွာေဖြေရးေအဂ်င္စီ ၁၂ ခုမွာ ျပည္ပသို႔ လုပ္သားေစလႊတ္ရာ တြင္ ဝန္ႀကီးဌာနႏွင့္ အသင္းခ်ဳပ္ထံသို႔ တင္ျပခဲ့ျခင္းမရွိဘဲ တရားမဝင္ ေစလႊတ္ျခင္း၊လုပ္သားစာရင္း လိမ္လည္ျခင္း စသည့္အခ်က္မ်ားေၾကာင့္ အေရးယူထားျခင္း ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ျပည္ပအလုပ္အကိုင္ ရွာေဖြေရးေအဂ်င္စီ အသင္းခ်ဳပ္မွ အတြင္းေရးမွဴး ဦးေက်ာ္ထင္ေက်ာ္က ေျပာသည္။

“ဒီျပသ၁နာ မႀကံဳေအာင္ စည္းကမ္းရွိေအာင္ ထိန္းသိမ္းေပးတဲ႔ သေဘာပါ။ ေနာက္လဲ လုပ္ငန္းလိုင္စင္ ေလွ်ာက္ထားရင္ ေသခ်ာစိစစ္ၿပီးမွ ေပးေတာ့မယ္။ အလုပ္သမားေတြအတြက္ နစ္နာမႈေတြ မရွိေအာင္လို႔ပါ” ဟု ဦးေက်ာ္ထင္ေက်ာ္က ေျပာသည္။

၂၀၁၅ ခုႏွစ္ ဇန္နဝါရီလမွ ဒီဇင္ဘာအထိ စိစစ္ၿပီးေနာက္ ျပည္ပအလုပ္အကိုင္ ရွာေဖြေရး ဝန္ေဆာင္မႈေအဂ်င္စီ ၁၂ ခုကို သံုးလ (သို႔) ေျခာက္လအထိ လိုင္စင္ပိတ္သိမ္းကာ အေရးယူထားျခင္း ျဖစ္ေၾကာင္း သိရသည္။ထို႔အျပင္ အလုပ္သမားမ်ား တရားဝင္ ေစလႊတ္ႏိုင္ေရးအတြက္ ျပည္ပအလုပ္အကိုင္ ေအဂ်င္စီ ေလွ်ာက္ထားမည့္ ကုမၸဏီမ်ားကို စိစစ္ေပးႏိုင္မည့္ ေကာ္မတီတစ္ရပ္ ဖြဲ႔စည္းထားၿပီး အေရးယူ ေဆာင္ရြက္ႏိုင္ရန္ အလုပ္သမား၊အလုပ္အကိုင္ႏွင့္ လူမႈဖူလံုေရး ဝန္ႀကီးဌာနႏွင့္ ျမန္မာႏိုင္ငံ ျပည္ပအလုပ္အကိုင္ ရွာေဖြေရး ေအဂ်င္စီ အသင္းခ်ဳပ္ တို႔ ပူးေပါင္း ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

၂၀၁၄ ခုႏွစ္ အတြင္းကလည္း အလုပ္သမား၊ အလုပ္အကိုင္ႏွင့္ လူမႈဖူလံုေရးရာ ဝန္ႀကီးဌာနမွ သတ္မွတ္ထားသည့္ စည္းကမ္းခ်က္မ်ားကို ေဖာက္ဖ်က္သည့္ ျပည္ပ အလုပ္အကိုင္ ရွာေဖြေရးေအဂ်င္စီ ၄၀ ေက်ာ္ကို အေရးယူမႈ ျပဳလုပ္ခဲ့ေသး သည္။

“တစ္ႏွစ္ထက္ တစ္ႏွစ္ ေလ်ာ့က်လာတာ ကြ်န္ေတာ္တို႔အတြက္ ဝမ္းသာစရာ တစ္ခုပါပဲ။ ျပည္ပကို အလုပ္လုပ္ဖို႔ ထြက္ခြာတဲ့အခါ ကြ်န္ေတာ္တို႔အတြက္ အဓိက အားကိုးရာက ေအဂ်င္စီပါ။ ေအဂ်င္စီက မမွန္ကန္ဘူးဆိုရင္ ကြ်န္ေတာ္တို႔ အတြက္ အခြင့္အေရးေတြ အမ်ားႀကီး ဆံုး႐ႈံးနစ္နာႏိုင္တယ္ ” ဟု စင္ကာပူႏိုင္ငံတြင္အလုပ္လုပ္ကိုင္ ေနသည့္ ဦးသန္းႏိုင္က ေျပာသည္။

လက္ရွိတြင္ လုိင္စင္ရ ျပည္တြင္း၊ ျပည္ပ အလုပ္အကိုင္ ရွာေဖြေရး ေအဂ်င္စီ ၂၀၀ ေက်ာ္ရွိေနၿပီး ေလွ်ာက္လႊာ တင္ထားသည့္ လုပ္ငန္းေပါင္း ၂၀ ေက်ာ္ ရွိေနေၾကာင္းျမန္မာ ျပည္ပ အလုပ္အကိုင္ ရွာေဖြေရး လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ထံမွ သိရသည္။

( The Ladies News Journal )

https://www.facebook.com/News.TheLadies/
........................



၂၀၁၅ ခုနှစ်အတွင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးရာ ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်း ချိုးဖောက်သော ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ၁၂ ခုကို အရေးယူထားကြောင်း အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အသင်းချုပ်ထံမှ သိရှိရသည်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ၁၂ ခုမှာ ပြည်ပသို့ လုပ်သားစေလွှတ်ရာ တွင် ဝန်ကြီးဌာနနှင့် အသင်းချုပ်ထံသို့ တင်ပြခဲ့ခြင်းမရှိဘဲ တရားမဝင် စေလွှတ်ခြင်း၊လုပ်သားစာရင်း လိမ်လည်ခြင်း စသည့်အချက်များကြောင့် အရေးယူထားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ အသင်းချုပ်မှ အတွင်းရေးမှူး ဦးကျော်ထင်ကျော်က ပြောသည်။

“ဒီပြသ၁နာ မကြုံအောင် စည်းကမ်းရှိအောင် ထိန်းသိမ်းပေးတဲ့ သဘောပါ။ နောက်လဲ လုပ်ငန်းလိုင်စင် လျှောက်ထားရင် သေချာစိစစ်ပြီးမှ ပေးတော့မယ်။ အလုပ်သမားတွေအတွက် နစ်နာမှုတွေ မရှိအောင်လို့ပါ” ဟု ဦးကျော်ထင်ကျော်က ပြောသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာအထိ စိစစ်ပြီးနောက် ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှုအေဂျင်စီ ၁၂ ခုကို သုံးလ (သို့) ခြောက်လအထိ လိုင်စင်ပိတ်သိမ်းကာ အရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။ထို့အပြင် အလုပ်သမားများ တရားဝင် စေလွှတ်နိုင်ရေးအတွက် ပြည်ပအလုပ်အကိုင် အေဂျင်စီ လျှောက်ထားမည့် ကုမ္ပဏီများကို စိစစ်ပေးနိုင်မည့် ကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး အရေးယူ ဆောင်ရွက်နိုင်ရန် အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အသင်းချုပ် တို့ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် အတွင်းကလည်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးရာ ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်သည့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ၄၀ ကျော်ကို အရေးယူမှု ပြုလုပ်ခဲ့သေး သည်။

“တစ်နှစ်ထက် တစ်နှစ် လျော့ကျလာတာ ကျွန်တော်တို့အတွက် ဝမ်းသာစရာ တစ်ခုပါပဲ။ ပြည်ပကို အလုပ်လုပ်ဖို့ ထွက်ခွာတဲ့အခါ ကျွန်တော်တို့အတွက် အဓိက အားကိုးရာက အေဂျင်စီပါ။ အေဂျင်စီက မမှန်ကန်ဘူးဆိုရင် ကျွန်တော်တို့ အတွက် အခွင့်အရေးတွေ အများကြီး ဆုံးရှုံးနစ်နာနိုင်တယ် ” ဟု စင်ကာပူနိုင်ငံတွင်အလုပ်လုပ်ကိုင် နေသည့် ဦးသန်းနိုင်က ပြောသည်။

လက်ရှိတွင် လိုင်စင်ရ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ၂၀၀ ကျော်ရှိနေပြီး လျှောက်လွှာ တင်ထားသည့် လုပ်ငန်းပေါင်း ၂၀ ကျော် ရှိနေကြောင်းမြန်မာ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။

( The Ladies News Journal )

https://www.facebook.com/News.TheLadies/

No comments:

Post a Comment