ဆြတ္ေဟးသည္ ကြ်န္မေနာက္ မလွမ္းမကမ္းမွ ေျပးေနသည္။ သူမမ်က္လံုးတြင္ ခိုင္ၿမဲေသာ သႏၷိဌာန္ကုိ ျမင္ရသည္။ သူမက ေရွ႕တူရႈသုိ႔သာ စိုက္ၾကည့္ေနသည္။ ကြ်န္မက "သူငယ္ခ်င္း ဆြတ္ေဟး သိပ္မက်န္ေတာ့ဘူး။ ငါတို႔ေရာက္ေတာ့မယ္။" ဟု အားေပးလိုက္သည္။ ေျပာမယ့္သာ ေျပာလိုက္ရသည္ ပန္းတိုင္သည္ ဘယ္ဆီေနမွန္း ကြ်န္မကိုယ္တိုင္ပင္ မသ္ိ။ ပင္ပန္းလြန္းမက ပင္ပန္းလာသည့္အတြက္ စိတ္ေလ်ာ့ကာ နားလိုက္ေတာ့မည္ဟု စိတ္ကူးလိုက္သည္။ သို႔ေသာ္ မလွမ္းမကမ္းတြင္ ပန္းဝင္ၿပီးသူမ်ား ပန္းတိုင္တြင္ စုရံုးေနသည္ကို ေတြ႕ရသျဖင့္ ဆက္ေျပးသည္။ ပန္းတိုင္အေရာက္တြင္ အေမာစို႔ လဲက်သြားသည္။ ဆြတ္ေဟးလည္း ကြ်န္မႏွင့္အတူ ပန္းဝင္သည္။ ခ်ိန္မွတ္ဒိုင္က ၂ နာရီ ၄ မိနစ္ ၂၇ စကၠန္႔ ဟု ေအာ္လိုက္သည္။
မွတ္တမ္းတင္ေနသည့္ သင္တန္းဆရာက "၉၃ ဒသမ ၅ မွတ္ ရတယ္"
ဆြတ္ေဟးက"သူငယ္ခ်င္း မင္းအားမေပးခဲ့ဘူးဆိုရင္ ငါပန္းတိုင္ကို ေရာက္လာမွာ မဟုတ္ဘူး"
"ငါလည္း ဒီလိုပါပဲကြာ" ပက္လက္လွန္လွဲေနရာမွ ကြ်န္မက ေျပာလိုက္ျခင္းျဖစ္သည္။ ေကာင္းကင္သည္ ၾကည္လင္ျပာလဲ့ေနသည္။ ဦးေခါင္းတြင္း၌ ေသြးက တဒိတ္ဒိတ္ တိုးေနသည္။ သင္တန္းဆရာ ေရာက္လာၿပီး "လွဲမေနနဲ႔ေလ။ ႏွလံုးကို ဒုကၡေပးလိမ့္မယ္။ ထၿပီး လမ္းေလ်ွာက္လိုက္ပါ။ ခဏေနရင္ ေကာင္းသြားလိမ့္မယ္" ဟုေျပာသည္။ ကြ်န္မ ထလမ္းေလ်ွာက္သည္။ ယခုခ်ိန္အထိ ကြ်န္မတို႔ အပါအဝင္ ၈ ဦးသာ ပန္းဝင္ခဲ့ၿပီး ၃ ဦး ပန္းမဝင္ခဲ့ဟု သိရသည္။
နံနက္ ၉ နာရီ စြန္းစြန္းသာ ရွိေသးသည္။ ထိုေန႔အတြက္ မ်ားစြာက်န္ေနေသးသည္။ သင္တန္းဆရာက ကြ်န္မတို႔အား ေရခ်ဴ ိး အဝတ္အစားလဲၾကရန္ႏွင့္ ယူနီေဖာင္းဝတ္ၿပီး အားကစားရံုသို႔ ၁၀ နာရီလာေရာက္ သတင္းပို႔ရန္ေျပာသည္။ ဆရာသည္ သင္တန္းသားမ်ားႏွင့္အတူ ၁၀ မိုင္ခန္႔ေျပးၿပီးေသာ္လည္း ေမာပန္းပံုမေပါက္။ အသက္ရႈမွာလည္း ပံုမွန္ျဖစ္သည္။
ကြ်န္မႏွင့္ ဆြတ္ေဟးတို႔ အေဆာင္သို႔ ျပန္လာသည္။သူ႔အား အရင္ေရခ်ဴ ိးခိုင္းၿပီးမွ ကြ်န္မ ဝင္ခ်ဴ ိးသည္။ ေရေႏြးစိမ္ကာ အခ်ိန္ၾကာၾကာ ကြ်န္မ ေရခ်ဴ ိးသည္။ လူက လန္းဆန္းလာေသာ္လည္း ၁၀မိုင္ ေျပးထားသည့္အတြက္ ႏြမ္းနယ္မႈက မေပ်ာက္။ အဝတ္အစားလဲၿပီး လိေမၼာ္ရည္ကို ဖန္ခြက္အႀကီးႀကီးထဲ ထည့္ေသာက္ကာ အားကစားရံုသို႔ ထြက္လာသည္။
အားကစားရံု တည္ေဆာက္ထားပံုမွာ အနံတိုတိုႏွင့္ အလ်ားရွည္သည္။ ကြ်မ္းဘား အားကစားရံု ၂ ရံု အေလးမခန္း ေရကူးကန္ ႏွင့္ ကိုယ္ခံပညာ ေလ့က်င့္ခန္းတို႔ ပါဝင္သည္။ ကိုယ္ခံပညာခန္းသည္ ေလးေထာင္စပ္စပ္ျဖစ္ၿပီး ေလးဘက္ေလးတန္ ၾကည့္မွန္မ်ား နရံအျပည့္ ကပ္ထားသည္။
၁၀ နာရီထိုးရန္ မိနစ္အနည္းငယ္ လိုေသးသျဖင့္ ကြ်န္မသည္ အျခားသင္တန္းသားမ်ားႏွင့္ ကိုယ္လက္ဆန္႔ကာ အေညာင္းေျဖသည္။
၁၀ နာရီ အတိတြင္ သင္တန္းဆရာ ေရာက္လာၿပီး
"အေလးမခန္းကို သြားၾကမယ္။ မင္းတို႔ ပက္လက္အေနအထားနဲ႔ အေလးခ်ိန္ ဘယ္ေလာက္ကို ဘယ္နႀကိမ္ မႏိုင္လဲဆိုတာ ဆန္းစစ္မယ္"
အေလးမခန္း ေရာက္ေသာအခါ ဆရာက "ရဲေဘာ္ အုတ္ဟြာ စလုပ္မယ္"
ကြ်န္မ အနည္းငယ္ တုန္လႈပ္သြားသည္။ အေလးမ်ားထားေသာ စင္အနီးတြင္ လူထြားႀကီး ၂ဦး အကူညီေပးရန္ ေစာင့္ေနသည္။ ကြ်န္မ ေလ့က်င့္ခဲ့စဥ္က ၅၀ ျဖစ္ေသာ္လည္း "၇၅ ကီလိုကို စမ္းၾကည့္မယ္" ဟုေျပာၿပီး အေလးမခံုေပၚ လွဲခ်လိုက္သည္။ သံေခ်ာင္းတဖက္တခ်က္တြင္ ၇၅ ကီလို(ေပါင္၁၅၀) လူထြားႀကီးက ထည့္ေပးၿပီး ေခါင္းရင္းဘက္တြင္ တင္ထားသည္။ ထိုအေလးခ်ိန္သည္ ကြ်န္မကဲ့သို႔ ခႏၶာကိုယ္
အခ်ဴ ိးအဆက္ ရွိသူအတြက္ အနည္းငယ္မ်ားသည္။ ကြ်န္မ အမ်ားဆံုး မခဲ့ဖူးသည္မွာ ကီလို ၇၀ သာ ျဖစ္သည္။
အသက္ကို ျပင္းျပင္းရႈသြင္းၿပီး ေအာက္စီဂ်င္ မ်ားႏိုင္သမွ် မ်ားမ်ားကို ေသြးေၾကာမ်ားဆီသို႔ ပို႔လႊတ္လိုက္သည္။ အေလးထည့္ထားေသာ ဘားတန္းကို လွဲေနသည့္ အေနအထားမွ လွမ္းယူသည္။ သံဘားတန္းကို ၿမဲၿမဲဆုပ္ထားၿပီး ညာသံေပးကာ အေလးကို ေျမွာက္တင္လိုက္သည္။ ခဏၾကာ ေျမွာက္တင္ထားၿပီးမွ ရင္ဘတ္ေပၚသ္ု႔ိ ညင္သာစြာ ခ်သည္။ ရွိသမွ် အားကို စုစည္းကာ ေလကိုမႈတ္ထုတ္ၿပီး ေနာက္တႀကိမ္ မတင္သည္။ လမ္းတဝက္တြင္ ရပ္တန္႔သြားသည္။ ညာသံေပးၿပီး ေဆာင့္တြန္းလိုက္ရာ အေပၚသို႔ ေရာက္သြားသည္။ လူထြားႀကီး ၂ ဦးက အေလးဘားတန္းကို ကြ်န္မ လက္တြင္းမွ ယူကာ စင္ေပၚတင္လိုက္သည္။ သင္တန္းသားမ်ားက လက္ခုပ္ၾသဘာ ေပးၾကသည္။
သင္တန္းဆရာက "ေတာ္တယ္ေဟ့။ ၉၆မွတ္ရတယ္ ။ ထပ္လုပ္ဦးမလား"
"မလုပ္ေတာ့ပါဘူး"
"ေကာင္းၿပီ ေနာက္တေယာက္။ ဆြတ္ေဟးအလွည့္။"
ဆြတ္ေဟး ၆၂ ကီလို မႏိုင္သည္။ ၉၂ မွတ္ရသည္။ သင္တန္းသား ကင္ဘြန္း သည္ ကီလို ၂၀၀ မႏိုင္သျဖင့္ ေဘာနပ္ ၁၀ မွတ္ထပ္ရသျဖင့္ သူ၏ စုစုေပါင္း အမွတ္မွာ ၁၁၀ ျဖစ္သည္။
ေနာက္ထပ္ အေလးမ ေလ့က်င့္ခန္း တခုႏွင္း ကြ်မ္းဘား ေလ့က်င့္ခန္းတို႔ကို ဆန္းစစ္သည္။ ေန႔လယ္တြင္ ဆန္းစစ္မႈမ်ားကို ရပ္နားၿပီး သင္တန္းသားမ်ားကို ေန႔လယ္စာ စားခြင့္ေပးသည္။ ထိုေန႔က ကြ်န္မတို႔အား ေန႔လယ္စာ ပမာဏကို ရာရွင္ ၂ ဆ ေပးသည္။ သို႔ေသာ္ ပင္ပန္းလွသျဖင့္ စားၿပီးေသာ္လည္း အာသာမေျပ။ ကြ်န္မႏွင့္ ဆြတ္ေဟးတို႔သည္ ခုတင္ေပၚတြင္ မိနစ္ ၂၀ ၾကာ လွဲေနၾကသည္။ သူမက ေျခေထာက္ကို ႏွိပ္ႏွယ္ရင္း "ငါတို႔ကို ဒီေလာက္ေမာင္းလိမ့္မယ္ မထင္ဘူး။ ေသခ်င္ေစာ္ကို နံေနတာပဲ"
"ဒါေတာင္ အစပဲရွိေသးတယ္။ ငါ ဒီကို ေရာက္ခါစကဆိုရင္ တမိုင္ေတာင္ မေျပးႏိုင္ဘူး။" ကြ်န္မက ေျပာသည္။
"နင္ကေတာ္ေသးတာေပါ့။ ငါက တမ္ုိင္ေတာင္ လမ္းမေလွ်ာက္ႏိုင္ခဲ့တာ"
မြန္းလြဲ ၁ နာရီတြင္ ကြ်န္မတို႔ အားကစားရံုထဲသို႔ ျပန္ေရာက္ေနၾကသည္။ ကိုယ္ခံပညာ ေလ့က်င့္ေရး အခန္းထဲတြင္ ျဖစ္သည္။ ဂ်ဴ ဒို ကစားသမားကဲ့သို႔ ဝတ္ရံုမ်ားကို ဝတ္ထားၾကသည္။ ထိုဝတ္စံုကို ကိုးရီးယား ဘာသာျဖင့္ ဂ်စ္(Ghis) ဟုေခၚသည္။ ကိုးရီးယား ကိုယ္ခံပညာရပ္ အမ်ဴ ိးမ်ဴ ိးျဖစ္သည့္ တိုက္ကြမ္ဒို(Tae Kwan Do) တန္ဆူဒို (Tung Soo Do) ဟတ္ကီဒို (Hapkido) တို႔မွ ထုတ္ႏုတ္ထားသည့္ သင္ခန္းစာမ်ားကို ကြ်န္မတို႔ ေလ့က်င့္ခဲ့ရသည္။ ထိုကိုယ္ခံပညာရပ္မ်ားသည္ ပံုစံတူမ်ား ျဖစ္သည္။ ယင္းတို႔အနက္မွ ေကာင္းႏိုးရာရာတို႔ကုိ ထုတ္ႏုတ္ေပါင္းစပ္လ်က္ နည္းသစ္ထြင္ထားသည္။ ထိုနည္းသစ္တြင္ ကြ်မ္းက်င္မႈအဆင့္တို႔ကို ခါးပန္းႀကိဳး အေရာင္မ်ားျဖင့္ ခြဲထားသည္။ လက္သင္စမ်ားအတြက္ အျဖဴ ထိုမွတက္ေသာ္ အဝါ အစိမ္း အျပာ အနီ ႏွင့္ အညိဳ တို႔ျဖစ္သည္။ ဆရာအဆင့္မ်ားသည္ အနက္ေရာင္ ခါးပန္းႀကိဳးမ်ားကို စည္းၾကသည္။ အနက္တြင္ အဆင့္(ဒန္) ဆယ္ဆင့္ ရွိသည္။
ဆရာအဆင့္ ခါးပန္းႀကိဳးအနက္ ရထားသူ အနည္းငယ္သာ အသက္ရွင္လ်က္ ရွိၾကသည္။ ကြ်န္မတို႔ ဆရာ ကိုင္ခြ်န္ သည္ ခါးပန္းႀကိဳးအနက္ ပဥၥမအဆင့္ရထားသူ ျဖစ္သည္။ သူ၏ လက္ေထာက္ ၂ ေယာက္ျဖစ္ေသာ ယန္လြီ ႏွင့္ ခန္ခ်ီ တို႔မွာ အ႒မ အဆင့္မ်ား ျဖစ္သည္။ ၃ ႏွစ္တာ သက္ယူၿပီးေနာက္ ကြ်န္မတို႔သည္ ခါးပန္းႀကိဳး အနက္ ဒႆ မအဆင့္ ရထားၾကသည္။ သင္တန္းဆရာႏွင့္ ဆရာမသည္ ခါးပန္းႀကိဳးအနက္ နဝမအဆင့္ ရထားသူမ်ား ျဖစ္သည္။
ကြ်န္မတို႔ ေသြးပူေလ့က်င့္ခန္း လုပ္ၿပီးေသာအခါ သင္တန္းဆရာက သင္တန္းသားမ်ားကို ခန္းမအတြင္းသို႔ ေခၚသြားသည္။ ထိပ္ဆံုးတြင္ သင္တန္းဆရာ ဆရာမ ကိုယ္ခံပညာဆရာ လက္ေထာက္ဆရာ ၂ ေယာက္က ထိုင္ၾကသည္။
"အမ်ဴ ိးသားေတြ ဆီးစပ္မွာေတာ့ အကာကြယ္အျပားေတြ တပ္ထားေပးတယ္။ တျခား ဘာအကာအကြယ္မွ မပါဘူး။ မတိုက္ခိုက္ရဘူးလို႔ ကန္႔သတ္ထားတဲ့ ေနရာမရွိဘူး။ ေျခဖ်ားကေန ေခါင္းအဆံုး ႀကိဳက္တဲ့ေနရာ တိုက္ခိုက္ႏိုင္တယ္။ ဒါေပမယ့္ ကိုယ့္ရဲ႕ တိုက္ခိုက္မႈ ျပင္းအားကို ဘယ္ေလာက္ ထိန္းခ်ဴ ပ္ႏိုင္လဲ ဆိုတာကို ၾကည့္ၿပီး အမွတ္အမ်ားဆံုးေပးမယ္။ တမင္ရည္ရြယ္ၿပီး
အရိုးက်ဴ ိးေအာင္ လုပ္ရင္ေတာ့ ထုတ္ပစ္လံရမယ္။ အခု ဆရာ ယန္လြီ နဲ႔ စၾကမယ္"
ဆက္ရန္
Swam Htetမွတ္စုၾကမ္း
December 26, 2015 ·
................
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း
အပိုင်း ၁၂
၈ ကီလိုမီတာကို လွန်လာပြီးနောက် ကျွန်မအဆုတ်များ လောင်ကျွမ်းနေသည်ဟု ခံစားမိသည်။ ထို့ကြောင့် အသက်ရှုနှုန်းကို ပြင်လိုက်ရသည်။ ခြေလှမ်း ၃ လှမ်းတွင် တကြိမ် အသက်ရှုရသည်။ အသက်ရှုရန် ခက်ခဲလာသည့်အတွက် ခြေ ၂ လှမ်းတွင် တကြိမ် အသက်ရှုရပြန်သည်။
ဆွတ်ဟေးသည် ကျွန်မနောက် မလှမ်းမကမ်းမှ ပြေးနေသည်။ သူမမျက်လုံးတွင် ခိုင်မြဲသော သန္နိဌာန်ကို မြင်ရသည်။ သူမက ရှေ့တူရှုသို့သာ စိုက်ကြည့်နေသည်။ ကျွန်မက "သူငယ်ချင်း ဆွတ်ဟေး သိပ်မကျန်တော့ဘူး။ ငါတို့ရောက်တော့မယ်။" ဟု အားပေးလိုက်သည်။ ပြောမယ့်သာ ပြောလိုက်ရသည် ပန်းတိုင်သည် ဘယ်ဆီနေမှန်း ကျွန်မကိုယ်တိုင်ပင် မသ်ိ။ ပင်ပန်းလွန်းမက ပင်ပန်းလာသည့်အတွက် စိတ်လျော့ကာ နားလိုက်တော့မည်ဟု စိတ်ကူးလိုက်သည်။ သို့သော် မလှမ်းမကမ်းတွင် ပန်းဝင်ပြီးသူများ ပန်းတိုင်တွင် စုရုံးနေသည်ကို တွေ့ရသဖြင့် ဆက်ပြေးသည်။ ပန်းတိုင်အရောက်တွင် အမောစို့ လဲကျသွားသည်။ ဆွတ်ဟေးလည်း ကျွန်မနှင့်အတူ ပန်းဝင်သည်။ ချိန်မှတ်ဒိုင်က ၂ နာရီ ၄ မိနစ် ၂၇ စက္ကန့် ဟု အော်လိုက်သည်။
မှတ်တမ်းတင်နေသည့် သင်တန်းဆရာက "၉၃ ဒသမ ၅ မှတ် ရတယ်"
ဆွတ်ဟေးက"သူငယ်ချင်း မင်းအားမပေးခဲ့ဘူးဆိုရင် ငါပန်းတိုင်ကို ရောက်လာမှာ မဟုတ်ဘူး"
"ငါလည်း ဒီလိုပါပဲကွာ" ပက်လက်လှန်လှဲနေရာမှ ကျွန်မက ပြောလိုက်ခြင်းဖြစ်သည်။ ကောင်းကင်သည် ကြည်လင်ပြာလဲ့နေသည်။ ဦးခေါင်းတွင်း၌ သွေးက တဒိတ်ဒိတ် တိုးနေသည်။ သင်တန်းဆရာ ရောက်လာပြီး "လှဲမနေနဲ့လေ။ နှလုံးကို ဒုက္ခပေးလိမ့်မယ်။ ထပြီး လမ်းလျှောက်လိုက်ပါ။ ခဏနေရင် ကောင်းသွားလိမ့်မယ်" ဟုပြောသည်။ ကျွန်မ ထလမ်းလျှောက်သည်။ ယခုချိန်အထိ ကျွန်မတို့ အပါအဝင် ၈ ဦးသာ ပန်းဝင်ခဲ့ပြီး ၃ ဦး ပန်းမဝင်ခဲ့ဟု သိရသည်။
နံနက် ၉ နာရီ စွန်းစွန်းသာ ရှိသေးသည်။ ထိုနေ့အတွက် များစွာကျန်နေသေးသည်။ သင်တန်းဆရာက ကျွန်မတို့အား ရေချူ ိး အဝတ်အစားလဲကြရန်နှင့် ယူနီဖောင်းဝတ်ပြီး အားကစားရုံသို့ ၁၀ နာရီလာရောက် သတင်းပို့ရန်ပြောသည်။ ဆရာသည် သင်တန်းသားများနှင့်အတူ ၁၀ မိုင်ခန့်ပြေးပြီးသော်လည်း မောပန်းပုံမပေါက်။ အသက်ရှုမှာလည်း ပုံမှန်ဖြစ်သည်။
ကျွန်မနှင့် ဆွတ်ဟေးတို့ အဆောင်သို့ ပြန်လာသည်။သူ့အား အရင်ရေချူ ိးခိုင်းပြီးမှ ကျွန်မ ဝင်ချူ ိးသည်။ ရေနွေးစိမ်ကာ အချိန်ကြာကြာ ကျွန်မ ရေချူ ိးသည်။ လူက လန်းဆန်းလာသော်လည်း ၁၀မိုင် ပြေးထားသည့်အတွက် နွမ်းနယ်မှုက မပျောက်။ အဝတ်အစားလဲပြီး လိမ္မော်ရည်ကို ဖန်ခွက်အကြီးကြီးထဲ ထည့်သောက်ကာ အားကစားရုံသို့ ထွက်လာသည်။
အားကစားရုံ တည်ဆောက်ထားပုံမှာ အနံတိုတိုနှင့် အလျားရှည်သည်။ ကျွမ်းဘား အားကစားရုံ ၂ ရုံ အလေးမခန်း ရေကူးကန် နှင့် ကိုယ်ခံပညာ လေ့ကျင့်ခန်းတို့ ပါဝင်သည်။ ကိုယ်ခံပညာခန်းသည် လေးထောင်စပ်စပ်ဖြစ်ပြီး လေးဘက်လေးတန် ကြည့်မှန်များ နရံအပြည့် ကပ်ထားသည်။
၁၀ နာရီထိုးရန် မိနစ်အနည်းငယ် လိုသေးသဖြင့် ကျွန်မသည် အခြားသင်တန်းသားများနှင့် ကိုယ်လက်ဆန့်ကာ အညောင်းဖြေသည်။
၁၀ နာရီ အတိတွင် သင်တန်းဆရာ ရောက်လာပြီး
"အလေးမခန်းကို သွားကြမယ်။ မင်းတို့ ပက်လက်အနေအထားနဲ့ အလေးချိန် ဘယ်လောက်ကို ဘယ်နကြိမ် မနိုင်လဲဆိုတာ ဆန်းစစ်မယ်"
အလေးမခန်း ရောက်သောအခါ ဆရာက "ရဲဘော် အုတ်ဟွာ စလုပ်မယ်"
ကျွန်မ အနည်းငယ် တုန်လှုပ်သွားသည်။ အလေးများထားသော စင်အနီးတွင် လူထွားကြီး ၂ဦး အကူညီပေးရန် စောင့်နေသည်။ ကျွန်မ လေ့ကျင့်ခဲ့စဉ်က ၅၀ ဖြစ်သော်လည်း "၇၅ ကီလိုကို စမ်းကြည့်မယ်" ဟုပြောပြီး အလေးမခုံပေါ် လှဲချလိုက်သည်။ သံချောင်းတဖက်တချက်တွင် ရ၅ ကီလို(ပေါင်၁၅၀) လူထွားကြီးက ထည့်ပေးပြီး ခေါင်းရင်းဘက်တွင် တင်ထားသည်။ ထိုအလေးချိန်သည် ကျွန်မကဲ့သို့ ခန္ဓာကိုယ်
အချူ ိးအဆက် ရှိသူအတွက် အနည်းငယ်များသည်။ ကျွန်မ အများဆုံး မခဲ့ဖူးသည်မှာ ကီလို ရ၀ သာ ဖြစ်သည်။
အသက်ကို ပြင်းပြင်းရှုသွင်းပြီး အောက်စီဂျင် များနိုင်သမျှ များများကို သွေးကြောများဆီသို့ ပို့လွှတ်လိုက်သည်။ အလေးထည့်ထားသော ဘားတန်းကို လှဲနေသည့် အနေအထားမှ လှမ်းယူသည်။ သံဘားတန်းကို မြဲမြဲဆုပ်ထားပြီး ညာသံပေးကာ အလေးကို မြှောက်တင်လိုက်သည်။ ခဏကြာ မြှောက်တင်ထားပြီးမှ ရင်ဘတ်ပေါ်သ်ု့ိ ညင်သာစွာ ချသည်။ ရှိသမျှ အားကို စုစည်းကာ လေကိုမှုတ်ထုတ်ပြီး နောက်တကြိမ် မတင်သည်။ လမ်းတဝက်တွင် ရပ်တန့်သွားသည်။ ညာသံပေးပြီး ဆောင့်တွန်းလိုက်ရာ အပေါ်သို့ ရောက်သွားသည်။ လူထွားကြီး ၂ ဦးက အလေးဘားတန်းကို ကျွန်မ လက်တွင်းမှ ယူကာ စင်ပေါ်တင်လိုက်သည်။ သင်တန်းသားများက လက်ခုပ်သြဘာ ပေးကြသည်။
သင်တန်းဆရာက "တော်တယ်ဟေ့။ ၉၆မှတ်ရတယ် ။ ထပ်လုပ်ဦးမလား"
"မလုပ်တော့ပါဘူး"
"ကောင်းပြီ နောက်တယောက်။ ဆွတ်ဟေးအလှည့်။"
ဆွတ်ဟေး ၆၂ ကီလို မနိုင်သည်။ ၉၂ မှတ်ရသည်။ သင်တန်းသား ကင်ဘွန်း သည် ကီလို ၂၀၀ မနိုင်သဖြင့် ဘောနပ် ၁၀ မှတ်ထပ်ရသဖြင့် သူ၏ စုစုပေါင်း အမှတ်မှာ ၁၁၀ ဖြစ်သည်။
နောက်ထပ် အလေးမ လေ့ကျင့်ခန်း တခုနှင်း ကျွမ်းဘား လေ့ကျင့်ခန်းတို့ကို ဆန်းစစ်သည်။ နေ့လယ်တွင် ဆန်းစစ်မှုများကို ရပ်နားပြီး သင်တန်းသားများကို နေ့လယ်စာ စားခွင့်ပေးသည်။ ထိုနေ့က ကျွန်မတို့အား နေ့လယ်စာ ပမာဏကို ရာရှင် ၂ ဆ ပေးသည်။ သို့သော် ပင်ပန်းလှသဖြင့် စားပြီးသော်လည်း အာသာမပြေ။ ကျွန်မနှင့် ဆွတ်ဟေးတို့သည် ခုတင်ပေါ်တွင် မိနစ် ၂၀ ကြာ လှဲနေကြသည်။ သူမက ခြေထောက်ကို နှိပ်နှယ်ရင်း "ငါတို့ကို ဒီလောက်မောင်းလိမ့်မယ် မထင်ဘူး။ သေချင်စော်ကို နံနေတာပဲ"
"ဒါတောင် အစပဲရှိသေးတယ်။ ငါ ဒီကို ရောက်ခါစကဆိုရင် တမိုင်တောင် မပြေးနိုင်ဘူး။" ကျွန်မက ပြောသည်။
"နင်ကတော်သေးတာပေါ့။ ငါက တမ်ုိင်တောင် လမ်းမလျှောက်နိုင်ခဲ့တာ"
မွန်းလွဲ ၁ နာရီတွင် ကျွန်မတို့ အားကစားရုံထဲသို့ ပြန်ရောက်နေကြသည်။ ကိုယ်ခံပညာ လေ့ကျင့်ရေး အခန်းထဲတွင် ဖြစ်သည်။ ဂျူ ဒို ကစားသမားကဲ့သို့ ဝတ်ရုံများကို ဝတ်ထားကြသည်။ ထိုဝတ်စုံကို ကိုးရီးယား ဘာသာဖြင့် ဂျစ်(Ghis) ဟုခေါ်သည်။ ကိုးရီးယား ကိုယ်ခံပညာရပ် အမျူ ိးမျူ ိးဖြစ်သည့် တိုက်ကွမ်ဒို(Tae Kwan Do) တန်ဆူဒို (Tung Soo Do) ဟတ်ကီဒို (Hapkido) တို့မှ ထုတ်နုတ်ထားသည့် သင်ခန်းစာများကို ကျွန်မတို့ လေ့ကျင့်ခဲ့ရသည်။ ထိုကိုယ်ခံပညာရပ်များသည် ပုံစံတူများ ဖြစ်သည်။ ယင်းတို့အနက်မှ ကောင်းနိုးရာရာတို့ကို ထုတ်နုတ်ပေါင်းစပ်လျက် နည်းသစ်ထွင်ထားသည်။ ထိုနည်းသစ်တွင် ကျွမ်းကျင်မှုအဆင့်တို့ကို ခါးပန်းကြိုး အရောင်များဖြင့် ခွဲထားသည်။ လက်သင်စများအတွက် အဖြူ ထိုမှတက်သော် အဝါ အစိမ်း အပြာ အနီ နှင့် အညို တို့ဖြစ်သည်။ ဆရာအဆင့်များသည် အနက်ရောင် ခါးပန်းကြိုးများကို စည်းကြသည်။ အနက်တွင် အဆင့်(ဒန်) ဆယ်ဆင့် ရှိသည်။
ဆရာအဆင့် ခါးပန်းကြိုးအနက် ရထားသူ အနည်းငယ်သာ အသက်ရှင်လျက် ရှိကြသည်။ ကျွန်မတို့ ဆရာ ကိုင်ချွန် သည် ခါးပန်းကြိုးအနက် ပဥ္စမအဆင့်ရထားသူ ဖြစ်သည်။ သူ၏ လက်ထောက် ၂ ယောက်ဖြစ်သော ယန်လွီ နှင့် ခန်ချီ တို့မှာ အဋ္ဌမ အဆင့်များ ဖြစ်သည်။ ၃ နှစ်တာ သက်ယူပြီးနောက် ကျွန်မတို့သည် ခါးပန်းကြိုး အနက် ဒဿ မအဆင့် ရထားကြသည်။ သင်တန်းဆရာနှင့် ဆရာမသည် ခါးပန်းကြိုးအနက် နဝမအဆင့် ရထားသူများ ဖြစ်သည်။
ကျွန်မတို့ သွေးပူလေ့ကျင့်ခန်း လုပ်ပြီးသောအခါ သင်တန်းဆရာက သင်တန်းသားများကို ခန်းမအတွင်းသို့ ခေါ်သွားသည်။ ထိပ်ဆုံးတွင် သင်တန်းဆရာ ဆရာမ ကိုယ်ခံပညာဆရာ လက်ထောက်ဆရာ ၂ ယောက်က ထိုင်ကြသည်။
"အမျူ ိးသားတွေ ဆီးစပ်မှာတော့ အကာကွယ်အပြားတွေ တပ်ထားပေးတယ်။ တခြား ဘာအကာအကွယ်မှ မပါဘူး။ မတိုက်ခိုက်ရဘူးလို့ ကန့်သတ်ထားတဲ့ နေရာမရှိဘူး။ ခြေဖျားကနေ ခေါင်းအဆုံး ကြိုက်တဲ့နေရာ တိုက်ခိုက်နိုင်တယ်။ ဒါပေမယ့် ကိုယ့်ရဲ့ တိုက်ခိုက်မှု ပြင်းအားကို ဘယ်လောက် ထိန်းချူ ပ်နိုင်လဲ ဆိုတာကို ကြည့်ပြီး အမှတ်အများဆုံးပေးမယ်။ တမင်ရည်ရွယ်ပြီး
အရိုးကျူ ိးအောင် လုပ်ရင်တော့ ထုတ်ပစ်လံရမယ်။ အခု ဆရာ ယန်လွီ နဲ့ စကြမယ်"
ဆက်ရန်
Swam Htetမှတ်စုကြမ်း
December 26, 2015 ·
No comments:
Post a Comment