အိႏၵိယေလေၾကာင္းလုိင္းမွ ဝန္ထမ္းတစ္ဦးသည္ ေလယာဥ္အင္ဂ်င္ထဲ ညပ္ပါသြားရာမွ အသက္ဆံုး႐ံႈးခဲ့ေၾကာင္း သတင္းရရွိသည္။
မြမ္ဘိုင္းမွ ဟိုင္ဒါဘတ္ဒ္သို႔ ဦးတည္ပ်ံသန္းမည့္ ေလယာဥ္ခရီးစဥ္အမွတ္ AI619တြင္ ယခုလို ဆိုးရြားသည့္ မေတာ္တဆမႈ ေပၚေပါက္ခဲ့ျခင္းဟု သိရသည္။ ဒီဇင္ဘာ ၁၆ ရက္က ျဖစ္ရပ္သည္ ကံဆိုးလြန္းသည့္ ခၽြတ္ေခ်ာ္တိမ္းေစာင္းမႈတစ္ရပ္ဟု ေလေၾကာင္းလိုင္း ဥကၠ႒ အက္ရွ္ဝါနီ လိုဟာနီက ေျပာၾကားခဲ့ေသာ္လည္း မည္သို႔မည္ပံု ျဖစ္ခဲ့သည္ကို အတိအက် မသိရေသးဟု ဆိုုသည္။
“ဒီဝမ္းနည္းစရာ ကိစၥအတြက္ ကၽြန္ေတာ္တုိ႔ အရမ္းစိတ္မေကာင္းျဖစ္ရပါတယ္။ အခုေတာ့ ျဖစ္စဥ္ကို ကၽြန္ေတာ္တုိ႔ စံုစမ္းေနပါတယ္”ဟု ၎က သတင္းထုတ္ျပန္ခဲ့သည္။
Times of India သတင္းစာက အိႏၵိယေလေၾကာင္းလုိင္း တာဝန္ရွိသူတစ္ဦး၏ အဆိုကို ကိုးကား ေဖာ္ျပခဲ့ရာ၌ ခ်ာထရာပတၱီ ရွီဗာဂ်ီ ေလဆိပ္အတြင္း ေလယာဥ္ရပ္နားထားစဉ္ တြဲဖက္ေလယာဉ္မွဴးက အင္ဂ်င္စက္ကို ႏိႈးလုိက္ေၾကာင္း၊ ေသဆံုးသည့္ အမႈထမ္းသည္ ကံဆိုးစြာျဖင့္ ထိုအခ်ိန္တြင္ အင္ဂ်င္စက္ အနီး၌ ရွိေနခဲ့ေၾကာင္း ေဖာ္ျပခဲ့သည္။
“ေလယာဉ္ထြက္ခါနီးမွာ ဒီဝန္ထမ္းက ဘာလို႔ အင္ဂ်င္စက္နား ေရာက္ေနသလဲဆိုတာကို ခုခ်ိန္မွာ ကၽြန္ေတာ္တို႔ လံုးဝ အေျဖရွာမရေသးဘူး။ ကၽြန္ေတာ္တုိ႔က ဘယ္သူ႔တာဝန္ပ်က္ကြက္မႈလဲဆိုတာကို စံုစမ္းစစ္ေဆးေနပါတယ္။ ၿပီးေတာ့ အဲဒီအခ်ိန္မွာ အင္ဂ်င္ကို တကယ္ပဲ စက္ႏိႈးသင့္ရဲ႕လားဆိုတာကိုလည္း ဆန္းစစ္ေနပါတယ္”ဟု လိုဟာနီက ဆိုသည္။ ၎က ေသဆံုးသူ၏ မိသားစုမ်ားထံ လိပ္မူၿပီးလည္း ဝမ္းနည္းစကား ေျပာၾကားသြားခဲ့သည္။
7day daily
..............
အိန္ဒိယတွင် လေယာဉ်အင်ဂျင်ထဲ ညပ်သွားသဖြင့် လေယာဉ်ဝန်ထမ်းတစ်ဦး သေဆုံး
အိန္ဒိယလေကြောင်းလိုင်းမှ ဝန်ထမ်းတစ်ဦးသည် လေယာဉ်အင်ဂျင်ထဲ ညပ်ပါသွားရာမှ အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
မွမ်ဘိုင်းမှ ဟိုင်ဒါဘတ်ဒ်သို့ ဦးတည်ပျံသန်းမည့် လေယာဉ်ခရီးစဉ်အမှတ် AI619တွင် ယခုလို ဆိုးရွားသည့် မတော်တဆမှု ပေါ်ပေါက်ခဲ့ခြင်းဟု သိရသည်။ ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ရပ်သည် ကံဆိုးလွန်းသည့် ချွတ်ချော်တိမ်းစောင်းမှုတစ်ရပ်ဟု လေကြောင်းလိုင်း ဥက္ကဋ္ဌ အက်ရှ်ဝါနီ လိုဟာနီက ပြောကြားခဲ့သော်လည်း မည်သို့မည်ပုံ ဖြစ်ခဲ့သည်ကို အတိအကျ မသိရသေးဟု ဆိုုသည်။
“ဒီဝမ်းနည်းစရာ ကိစ္စအတွက် ကျွန်တော်တို့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ အခုတော့ ဖြစ်စဉ်ကို ကျွန်တော်တို့ စုံစမ်းနေပါတယ်”ဟု ၎င်းက သတင်းထုတ်ပြန်ခဲ့သည်။
Times of India သတင်းစာက အိန္ဒိယလေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦး၏ အဆိုကို ကိုးကား ဖော်ပြခဲ့ရာ၌ ချာထရာပတ္တီ ရှီဗာဂျီ လေဆိပ်အတွင်း လေယာဉ်ရပ်နားထားစဉ် တွဲဖက်လေယာဉ်မှူးက အင်ဂျင်စက်ကို နှိုးလိုက်ကြောင်း၊ သေဆုံးသည့် အမှုထမ်းသည် ကံဆိုးစွာဖြင့် ထိုအချိန်တွင် အင်ဂျင်စက် အနီး၌ ရှိနေခဲ့ကြောင်း ဖော်ပြခဲ့သည်။
“လေယာဉ်ထွက်ခါနီးမှာ ဒီဝန်ထမ်းက ဘာလို့ အင်ဂျင်စက်နား ရောက်နေသလဲဆိုတာကို ခုချိန်မှာ ကျွန်တော်တို့ လုံးဝ အဖြေရှာမရသေးဘူး။ ကျွန်တော်တို့က ဘယ်သူ့တာဝန်ပျက်ကွက်မှုလဲဆိုတာကို စုံစမ်းစစ်ဆေးနေပါတယ်။ ပြီးတော့ အဲဒီအချိန်မှာ အင်ဂျင်ကို တကယ်ပဲ စက်နှိုးသင့်ရဲ့လားဆိုတာကိုလည်း ဆန်းစစ်နေပါတယ်”ဟု လိုဟာနီက ဆိုသည်။ ၎င်းက သေဆုံးသူ၏ မိသားစုများထံ လိပ်မူပြီးလည်း ဝမ်းနည်းစကား ပြောကြားသွားခဲ့သည်။
7day daily
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, December 17, 2015
အိႏိၵယတြင္ ေလယာဉ္အင္ဂ်င္ထဲ ညပ္သြားသျဖင့္ ေလယာဉ္ဝန္ထမ္းတစ္ဦး ေသဆံုး
အိႏိၵယတြင္ ေလယာဉ္အင္ဂ်င္ထဲ ညပ္သြားသျဖင့္ ေလယာဉ္ဝန္ထမ္းတစ္ဦး ေသဆံုး
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 17, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment