ျပည္ေထာင္စု လႊတ္ေတာ္ သက္တမ္း ၅ ႏွစ္အတြင္း လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ၾကသူမ်ားကို ႏိုင္ငံေရးပင္စင္ကဲ့သို႔ တလံုး တခဲတည္း ခ်ီးျမင့္ေငြ ေပးအပ္ရန္ ျပည္ေထာင္စု လႊတ္ေတာ္က စီစဥ္ေနသည့္အေပၚ ႏိုင္ငံေရးအသိုင္းအ၀ိုင္းတြင္ သေဘာထားကြဲလြဲလ်က္ ရွိသည္။
ျပည္သူ႔ လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဆိုင္ရာ ဥပေဒ၊ နည္းဥပေဒမ်ားအရ လႊတ္ေတာ္ကိုယ္စားလွယ္တဦးလွ်င္ က်ပ္သိန္း ၅၀ ကို ႏုိင္ငံေရး ပင္စင္အျဖစ္ ခံစားခြင့္ ရရွိမည္ဟု ျဖစ္ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ဧရာ၀တီသို႔ ေျပာသည္။
ယင္းႏုိင္ငံေရး ပင္စင္ကို ၂၀၁၅ ေရြးေကာက္ပြဲ အႏုိင္ရရွိထားၿပီး လက္ရွိ လႊတ္ေတာ္တက္ေနသူမ်ားအပါအ၀င္ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားပါ ရရွိမည္ဟု သိရသည္။
ေျမပံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက“လႊတ္ေတာ္ဆိုင္ရာ ဥပေဒေတြမွာ အခြင့္အေရး၊ လစာ၊ စရိတ္ ခ်ီးျမင့္ေငြဆိုတာ ပါတယ္။ ဥပေဒအရ ေပးတာဆိုေတာ့ ယူလို႔ရတယ္။ တုိင္းျပည္ဆင္းရဲေနတဲ့ အခ်ိန္မွာ အခုလို ယူရသလားဆိုရင္ေတာ့ ဒီ ၅ ႏွစ္စာအတြက္ တခါတည္းရတာ။ တျခား ပင္စင္ေတြလို လတိုင္းထုတ္လု႔ိရတာ မဟုတ္ဘူး။ မလိုခ်င္ရင္ေတာ့ လွဴပစ္လုိက္ၾကေပါ့။ ဒါက တဦးခ်င္းစီရဲ႕ ခံစားခ်က္နဲ႔ပဲဆိုင္တယ္”ဟု ေျပာသည္။
ပင္စင္ေပးမည္ဆိုပါက ဥပေဒအရ မွတ္ပံုတင္ထားသည့္ ေလဘာ(အလုပ္သမား)႐ံုးတခု ရွိရမည္ျဖစ္ၿပီး ယင္း႐ံုးမွသာ ပင္စင္ေပးခြင့္ရွိေၾကာင္း၊ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားကို ႏုိင္ငံေရး ပင္စင္ေပးျခင္းေၾကာင့္ ကုန္ေစ်းႏႈန္းျမင့္တင္လာ၍ ေငြေၾကးေဖာင္းပြမည္ကို စိုးရိမ္ေၾကာင္း တရားလႊတ္ေတာ္ ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ဧရာ၀တီသို႔ ေျပာသည္။
ဦးေရာဘတ္စန္းေအာင္က“လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ဘာလုပ္ခဲ့လို႔ ႏုိင္ငံေရး ပင္စင္ေပးမွာလဲ။ ဘယ္က ပိုက္ဆံနဲ႔ ေပးမွာလဲ။ ျပည္သူေတြက ဆင္းရဲ ေနတဲ့အခ်ိန္မွာ သူတို႔ ဒီလို မလုပ္သင့္ဘူး။ ေပးရင္ေပး ေထာင္ေတြတန္းေတြက်ၿပီး ဘ၀ပ်က္၊ က်န္းမာေရးေတြ ဆံုး႐ံႈးခဲ့တဲ့ ႏုိင္ငံေရး အက်ဥ္းသားေဟာင္း ေတြကို ေပးသင့္တယ္။ တုိင္းျပည္ကို တကယ္ခ်စ္တဲ့သူကေတာ့ ဒီႏုိင္ငံေရးပင္စင္ကို ယူမွာ မဟုတ္ဘူးလို႔႔ က်ေနာ္ နားလည္တယ္”ဟု ေျပာသည္။
လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားအတြက္ လစာ၊ စရိတ္ ခ်ီးျမင့္ေငြမ်ားမွာ ဥပေဒအရ ရွိေသာ္လည္း ႏုိင္ငံေရး ပင္စင္ လက္ခံ/မခံမွာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္(NLD)၏ ဆံုးျဖတ္ခ်က္အေပၚတြင္ မူတည္ေၾကာင္း၊ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား လစာ ခ်ီးျမင့္ေငြ တုိးျမင့္စဥ္ကလည္း NLD က ကန္႔ကြက္ ခဲ့ေၾကာင္း NLD မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးမင္းသူက ေျပာသည္။
ဦးမင္းသူက“ဒီကိစၥက လႊတ္ေတာ္မွာ တုိင္းရင္းသားေတြ၊ အသက္အရြယ္ႀကီးရင့္ေနၿပီ ျဖစ္တဲ့ ကိုယ္စားလွယ္ေတြ အတြက္ေတာ့ မေျပာခ်င္ဘူး။ ေျပာခ်င္ တာက တိုင္းျပည္ဒီေလာက္ ဆင္းရဲေနတဲ့အခ်ိန္မွာ ဒီခံစားခြင့္ေတြကို မူအားျဖင့္ အဖြဲ႕ခ်ဳပ္(NLD)ကလည္း လက္ခံမွာ မဟုတ္ဘူး။ ဒီခံစားခြင့္ေတြနဲ႔ ပတ္သက္ၿပီး ဥပေဒတရပ္ရပ္ကို ေသေသခ်ာခ်ာ ျပ႒ာန္းသင့္တယ္လို႔ ျမင္တယ္။ အခုလည္း က်ေနာ္တို႔ရတဲ့ ပိုက္ဆံေတြက ျပည္သူေတြဆီက ရတာျဖစ္တဲ့အတြက္ လွဴေနရတာပဲ”ဟု ေျပာသည္။
ႏုိင္ငံေရးပင္စင္ကိစၥအတြက္ သတ္မွတ္ပံုစံ ျဖည့္စြက္ေပးရန္ႏွင့္ လက္မွတ္ထိုးေပးရန္ လႊတ္ေတာ္က ေတာင္းဆိုထားေသာ္လည္း ေသခ်ာစြာ မရွင္းလင္း ေသးေၾကာင္း လႊတ္ေတာ္ အသိုင္းအ၀ိုင္းက ေျပာသည္။
ဦးေန၀င္း ဦးေဆာင္ခဲ့သည့္ ျမန္မာျပည္ ဆိုရွယ္လစ္ လမ္းစဥ္ပါတီ(မဆလ)ေခတ္တြင္ ႏုိင္ငံေရးပင္စင္ရွိခဲ့ၿပီး ယင္းပင္စင္မွာ ျပည္သူလူထုကို ၀န္ထုတ္၀န္ပိုး ျဖစ္ေစသျဖင့္ ႏုိင္ငံေရးပင္စင္ ဆိုသည္မွာ မရွိသင့္ေၾကာင္း ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္မွ ေျပာေရးဆိုခြင့္ရွိသူ ဦးစိုင္းညႊန္႔လြင္က ေျပာသည္။
ဦးစိုင္းညႊန္႔လြင္က“အခုပင္စင္ကိစၥမွာ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြအေနနဲ႔ ယူ/မယူကေတာ့ ပါတီအေနနဲ႔ က်ေနာ္မေျပာခ်င္ဘူး”ဟု ေျပာသည္။
မဆလေခတ္က ပါတီက ႏုိင္ငံေတာ္ကို ဦးေဆာင္သျဖင့္ အနည္းဆံုး ပါတီ၀င္ ၄ ႏွစ္ သက္တမ္းရွိသူမ်ားကို ရပ္ကြက္အဆင့္အထိ ႏုိင္ငံေရး ပင္စင္ေပးခဲ့ၿပီး ယခုခ်ိန္အထိလည္း ခံစားခြင့္ရရွိေနေၾကာင္း၊ ႏိုင္ငံေရး ပင္စင္ေပၚေပါက္လာျခင္းမွာ ၁၉၈၀ ခုႏွစ္တြင္ ဂိုဏ္းေပါင္းစံု သံဃာ့အစည္းအေ၀းႀကီး ေအာင္ျမင္သည့္ အထိမ္းအမွတ္အျဖစ္ လြတ္လပ္ေရး ေမာ္ကြန္း၀င္မ်ားကို ႏုိင္ငံေရးပင္စင္ ခ်ီးျမင့္ေငြေပးရာမွ ျဖစ္ေၾကာင္းသိရသည္။
Irrawaddy
...............
လွှတ်တော် ကိုယ်စားလှယ်များ နိုင်ငံရေးပင်စင် ခံစားခွင့်အပေါ် သဘောထားကွဲလွဲ
ပြည်ထောင်စု လွှတ်တော် သက်တမ်း ၅ နှစ်အတွင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများကို နိုင်ငံရေးပင်စင်ကဲ့သို့ တလုံး တခဲတည်း ချီးမြင့်ငွေ ပေးအပ်ရန် ပြည်ထောင်စု လွှတ်တော်က စီစဉ်နေသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းတွင် သဘောထားကွဲလွဲလျက် ရှိသည်။
ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ လွှတ်တော်ကိုယ်စားလှယ်တဦးလျှင် ကျပ်သိန်း ၅၀ ကို နိုင်ငံရေး ပင်စင်အဖြစ် ခံစားခွင့် ရရှိမည်ဟု ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။
ယင်းနိုင်ငံရေး ပင်စင်ကို ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိထားပြီး လက်ရှိ လွှတ်တော်တက်နေသူများအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များပါ ရရှိမည်ဟု သိရသည်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက“လွှတ်တော်ဆိုင်ရာ ဥပဒေတွေမှာ အခွင့်အရေး၊ လစာ၊ စရိတ် ချီးမြင့်ငွေဆိုတာ ပါတယ်။ ဥပဒေအရ ပေးတာဆိုတော့ ယူလို့ရတယ်။ တိုင်းပြည်ဆင်းရဲနေတဲ့ အချိန်မှာ အခုလို ယူရသလားဆိုရင်တော့ ဒီ ၅ နှစ်စာအတွက် တခါတည်းရတာ။ တခြား ပင်စင်တွေလို လတိုင်းထုတ်လို့ရတာ မဟုတ်ဘူး။ မလိုချင်ရင်တော့ လှူပစ်လိုက်ကြပေါ့။ ဒါက တဦးချင်းစီရဲ့ ခံစားချက်နဲ့ပဲဆိုင်တယ်”ဟု ပြောသည်။
ပင်စင်ပေးမည်ဆိုပါက ဥပဒေအရ မှတ်ပုံတင်ထားသည့် လေဘာ(အလုပ်သမား)ရုံးတခု ရှိရမည်ဖြစ်ပြီး ယင်းရုံးမှသာ ပင်စင်ပေးခွင့်ရှိကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များကို နိုင်ငံရေး ပင်စင်ပေးခြင်းကြောင့် ကုန်စျေးနှုန်းမြင့်တင်လာ၍ ငွေကြေးဖောင်းပွမည်ကို စိုးရိမ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဧရာဝတီသို့ ပြောသည်။
ဦးရောဘတ်စန်းအောင်က“လွှတ်တော် ကိုယ်စားလှယ်တွေက ဘာလုပ်ခဲ့လို့ နိုင်ငံရေး ပင်စင်ပေးမှာလဲ။ ဘယ်က ပိုက်ဆံနဲ့ ပေးမှာလဲ။ ပြည်သူတွေက ဆင်းရဲ နေတဲ့အချိန်မှာ သူတို့ ဒီလို မလုပ်သင့်ဘူး။ ပေးရင်ပေး ထောင်တွေတန်းတွေကျပြီး ဘဝပျက်၊ ကျန်းမာရေးတွေ ဆုံးရှုံးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တွေကို ပေးသင့်တယ်။ တိုင်းပြည်ကို တကယ်ချစ်တဲ့သူကတော့ ဒီနိုင်ငံရေးပင်စင်ကို ယူမှာ မဟုတ်ဘူးလို့့ ကျနော် နားလည်တယ်”ဟု ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်များအတွက် လစာ၊ စရိတ် ချီးမြင့်ငွေများမှာ ဥပဒေအရ ရှိသော်လည်း နိုင်ငံရေး ပင်စင် လက်ခံ/မခံမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ လစာ ချီးမြင့်ငွေ တိုးမြင့်စဉ်ကလည်း NLD က ကန့်ကွက် ခဲ့ကြောင်း NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
ဦးမင်းသူက“ဒီကိစ္စက လွှတ်တော်မှာ တိုင်းရင်းသားတွေ၊ အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်တဲ့ ကိုယ်စားလှယ်တွေ အတွက်တော့ မပြောချင်ဘူး။ ပြောချင် တာက တိုင်းပြည်ဒီလောက် ဆင်းရဲနေတဲ့အချိန်မှာ ဒီခံစားခွင့်တွေကို မူအားဖြင့် အဖွဲ့ချုပ်(NLD)ကလည်း လက်ခံမှာ မဟုတ်ဘူး။ ဒီခံစားခွင့်တွေနဲ့ ပတ်သက်ပြီး ဥပဒေတရပ်ရပ်ကို သေသေချာချာ ပြဋ္ဌာန်းသင့်တယ်လို့ မြင်တယ်။ အခုလည်း ကျနော်တို့ရတဲ့ ပိုက်ဆံတွေက ပြည်သူတွေဆီက ရတာဖြစ်တဲ့အတွက် လှူနေရတာပဲ”ဟု ပြောသည်။
နိုင်ငံရေးပင်စင်ကိစ္စအတွက် သတ်မှတ်ပုံစံ ဖြည့်စွက်ပေးရန်နှင့် လက်မှတ်ထိုးပေးရန် လွှတ်တော်က တောင်းဆိုထားသော်လည်း သေချာစွာ မရှင်းလင်း သေးကြောင်း လွှတ်တော် အသိုင်းအဝိုင်းက ပြောသည်။
ဦးနေဝင်း ဦးဆောင်ခဲ့သည့် မြန်မာပြည် ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ)ခေတ်တွင် နိုင်ငံရေးပင်စင်ရှိခဲ့ပြီး ယင်းပင်စင်မှာ ပြည်သူလူထုကို ၀န်ထုတ်ဝန်ပိုး ဖြစ်စေသဖြင့် နိုင်ငံရေးပင်စင် ဆိုသည်မှာ မရှိသင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်က ပြောသည်။
ဦးစိုင်းညွှန့်လွင်က“အခုပင်စင်ကိစ္စမှာ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ယူ/မယူကတော့ ပါတီအနေနဲ့ ကျနော်မပြောချင်ဘူး”ဟု ပြောသည်။
မဆလခေတ်က ပါတီက နိုင်ငံတော်ကို ဦးဆောင်သဖြင့် အနည်းဆုံး ပါတီဝင် ၄ နှစ် သက်တမ်းရှိသူများကို ရပ်ကွက်အဆင့်အထိ နိုင်ငံရေး ပင်စင်ပေးခဲ့ပြီး ယခုချိန်အထိလည်း ခံစားခွင့်ရရှိနေကြောင်း၊ နိုင်ငံရေး ပင်စင်ပေါ်ပေါက်လာခြင်းမှာ ၁၉၈၀ ခုနှစ်တွင် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေး မော်ကွန်းဝင်များကို နိုင်ငံရေးပင်စင် ချီးမြင့်ငွေပေးရာမှ ဖြစ်ကြောင်းသိရသည်။
Irrawaddy
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, December 15, 2015
လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ႏုိင္ငံေရးပင္စင္ ခံစားခြင့္အေပၚ သေဘာထားကြဲလြဲ
လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ႏုိင္ငံေရးပင္စင္ ခံစားခြင့္အေပၚ သေဘာထားကြဲလြဲ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 15, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment